ရန်ကုန်မြို့တွင် မြို့ပြအိမ်ရာစီမံကိန်း၊ အဆင့်မြင့် ယာဉ်ရပ်နားစခန်းများနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်

ရန်ကုန်မြို့တွင် မြို့ပြအိမ်ရာစီမံကိန်း၊ အဆင့်မြင့် ယာဉ်ရပ်နားစခန်းများနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန် - Property News in Myanmar from iMyanmarHouse.com
18 Aug 2014 10:48 am တွင် တင်ခဲ့သည်
1373 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် မြို့ပြစီမံကိန်း၊ အဆင့်မြင့်ယာဉ်ရပ်နား စခန်းများနှင့် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများ ထပ်မံအကောင်အထည် ဖော်ရန်အတွက် တင်ဒါခေါ်ယူခဲ့ရာ တင်ဒါတင်သွင်းထားသူ ၆၅ ဦးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

အဆိုပါ စီမံကိန်းများကို ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ မြောက်ဥက္ကလာပ၊ ဒဂုံမြို့သစ်နှင့် ကမာရွတ်မြို့နယ်တို့တွင် အကျိုးတူ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အကောင်အထည်ဖော်မည့် စီမံကိန်းများမှာ ဗိုလ်တထောင်မြို့နယ် ကုန်သည် လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ဝ၆၈ ဧက ၊ ဗိုလ်တထောင်မြို့နယ် ၄၅ လမ်းရှိ မြေဧရိယာ ၂ ဒသမ ၅၆၁ ဧက တို့တွင် မြို့ပြအိမ်ရာစီမံကိန်းနှင့် ယာဉ်ရပ် နားစခန်း၊ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီး လမ်းရှိ မြေဧရိယာ ဝ ဒသမ ၃၆၄ ဧကနှင့် မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံ ပုလဲလမ်းနှင့် ဟံသာဝတီလမ်းထောင့်ရှိ မြေဧရိ ယာ ၁ဝ ဒသမ ၉၃ ဧကခန့်တွင် မြို့ပြအိမ်ရာစီမံကိန်းများ၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ရာဇာဓိရာဇ်လမ်းရှိ မြေဧရိယာ ၄ဝ ဒသမ ၄၉၃ ဧကခန့်တွင် မြို့ပြအိမ်ရာစီမံ ကိန်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြေဧရိယာ ၁၁ ဧကခန့်တွင် တန်ဖိုးမျှတအိမ်ရာစီမံကိန်း၊ ကမာရွတ်မြို့နယ် လှည်းတန်းလမ်းနှင့် ထန်းတပင်လမ်းထောင့်ရှိ မြေဧရိယာ ဝ ဒသမ ၁ဝ၃ ဧကတွင် အဆင့်မြင့် ယာဉ်ရပ်နားစခန်း အဆောက်အအုံများ တည်ဆောက်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန် ထားသည်။

အဆိုပါစီမံကိန်းများအနက် ရန်ကုန်မြို့လယ် ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းထောင့်ရှိ မြေဧရိယာ ၃ ဒသမ ဝ၆၈ ဧကတွင် အကောင်အထည်ဖော်မည့် မြို့ပြအိမ်ရာနှင့် ယာဉ်ရပ်နားစခန်း စီမံကိန်းအတွက် တင်ဒါတင်သွင်း ထားသူမှာ ၃ဝ ကျော်ဖြင့် အများဆုံးဖြစ်နေပြီး တင်ဒါတင်သွင်းထားသည့်သူများကို ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါစီမံကိန်းများ အကောင်အထည် ဖော်ရန်အတွက် တင်ဒါတင်သွင်းမှု အာမခံ စပေါ်ငွေအဖြစ် အမေရိကန်ဒေါ်လာ ငါးသောင်းမှ တစ်သိန်းကြားရှိ ဘဏ်အာမခံများ တင်သွင်းထားရပြီး၊ တင်ဒါတင်သွင်း ထားသူများအနက်မှ လုပ်ကိုင်ခွင့် ရရှိသူများကို မကြာမီရွေးချယ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင် လက်ရှိတန်ဖိုးမျှတ အိမ်ရာစီမံကိန်းများအဖြစ် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် ဗိုလ်ဗထူးစီမံကိန်း၊ ဗိုလ်မင်းရောင်စီမံကိန်းများကို ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်းအကောင်အထည် ဖော်လျက်ရှိပြီး အဆင့်မြင့် ယာဉ်ရပ်နားစခန်းကို မင်္ဂလာမွန်ဈေးအနီးတွင် တည်ဆောက်နေသည်ဟု သိရသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service