အခွန် မတင်းကျပ်မီ မြေကွက်ကြီးအချို့ ထုတ်ရောင်း

အခွန် မတင်းကျပ်မီ မြေကွက်ကြီးအချို့ ထုတ်ရောင်း - Property News in Myanmar from iMyanmarHouse.com
5 Aug 2014 3:52 pm တွင် တင်ခဲ့သည်
2090 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေရောင်းဝယ်ငှားဆိုင်ရာ အခွန်ကို စိစစ်ကြပ်မတ်တော့မယ် ဆိုတာကြောင့် လက်ရှိဈေးမြင့်နေတဲ့ အချိန်မှာ အခွန်လည်းလွတ်အောင် မြေကွက်ကြီးတွေကို ထုတ်ရောင်းသူတချို့ ရှိလာတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

'လက်ရှိမှာတော့ အိမ်ခြံမြေဈေးကွက်က အကျဘက်တော့ မသွားသေးဘူး၊ ဈေးက အဆမတန်မြင့်ထားတော့ ပြန်ကျဖို့ သွားနေတာကြောင့် ဈေးကောင်းရနေတဲ့ အချိန်မှာ အခွန်တွေလာရင် လွတ်အောင်ဆိုပြီး ထုတ်ရောင်းကြတာတွေ ရှိတယ်' လို့ ရွှေစံမြတ်အကျိုးဆောင်မှ ဦးမျိုးချစ်က ပြောပါတယ်။

အရင်ကတော့ ဘိုးဘွားပိုင်မြေကွက်တွေ၊ သိန်းထောင်ကျော်တန်မြေကွက်တွေကို ပြည်ပလုပ်ငန်းရှင်တွေကို ငှားတာမျိုးနဲ့ ရင်းနှီးမြှုပ်နှံထားကြတယ်။ အခုတော့ အခွန်နဲ့ပတ်သတ်ပြီး ပုံစံပြောင်းလဲလာတာကြောင့် ပြန်ထုတ်ရောင်းကြတာလို့လည်း သုံးသပ်ကြပါတယ်။ မြေအကျယ်ပေ ၈၀ x ပေ ၁၀၀၊ ပေ ၁၀၀ ပတ်လည်စတဲ့ မြေကွက်ကျယ်ကြီးတွေ၊ ပြည်လမ်းမ၊ ရွှေတောင်ကြားလမ်း စတဲ့ ဆိတ်ငြိပ်ရပ်ကွက်တွေမှာ အရင်က ထုတ်မရောင်းတဲ့ မြေကွက်တချို့ သည်လပိုင်းမှာ ကျပ်သိန်း ၃၀,၀၀၀၊ သိန်း ၂၀,၀၀၀ ကျော် စတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းဖို့ အကျိုးဆောင်တွေကို အပ်နှံတာတွေ ရှိလာတယ်လို့ သိရတယ်။

ဆိပ်ကမ်းသာလမ်းရှိ အကျိုးဆောင် ဦးအောင်ကျော်က 'အခွန်မလိုက်ခင် ဦးအောင် ရောင်းကြတာ၊ အားလုံးက အပြောင်းအလဲတွေကို စောင့်ကြည့်နေကြတာ၊ လက်ရှိမှာ မြေဈေးက ဈေးကောင်းဖြစ်နေတဲ့ အချိန်၊ အခွန်သာ တကယ်လိုက်လာရင် ဈေးပြန်ကျဖို့လဲ ဖြစ်နိုင်နေတော့ ထုတ်ရောင်းကြတာ' လို့ သုံးသပ်ပြောဆိုပါတယ်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံထားသူတွေက ထုတ်ရောင်းတယ်။ ၀င်ငွေရလမ်း မပြနိုင်တဲ့သူတွေ ငွေမည်းရှိတဲ့ သူတွေက ၀ယ်ကြတယ်။ ပြည်ပကလည်း လာဝယ်ကြတာတွေ ရှိတယ်လို့ ဆိုတယ်။ လက်ရှိမှာ အိမ်ခြံမြေဈေးက ငြိမ်နေပေမယ့် ၇၅ ရာခိုင်နှုန်းလောက်က ဈေးကျဖို့များနေတယ်လို့ အကျိုးဆောင်အချို့က သုံးသပ်ကြတယ်။

'ဈေးကွက်မှာ အကွက်ကြီးတွေ ထုတ်ရောင်းနေကြတယ်ဆိုတာက တကယ်အပြောင်းအလဲ သတ်မှတ်ချက်တွေ ရှိလာတော့မှ အကုန်လုံးက ထုတ်ရောင်းရင် ပြုံပြီးရောင်းမထွက်ဘဲ ရှိမှာစိုးလို့ ကြိုရောင်းကြတာ' လို့ ၀ါရင့်အကျိုးဆောင် ဦးမောင်မောင်က သူ့အမြင် ပြောပါတယ်။

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီးမားလာ...

မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး...

MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service