ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးဂိုဒေါင်အသစ်တည်ဆောက်ခြင်းအပါအ၀င် စာသင်ခန်းမအကြီးစားပြုပြင်ခြင်းများ ယခုနှ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးဂိုဒေါင်အသစ်တည်ဆောက်ခြင်းအပါအ၀င် စာသင်ခန်းမအကြီးစားပြုပြင်ခြင်းများ ယခုနှ - Property News in Myanmar from iMyanmarHouse.com
17 Jul 2014 3:07 pm တွင် တင်ခဲ့သည်
741 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ယခုဘဏ္ဍာနှစ်အတွင်း ဆေးဂိုဒေါင်အသစ်တည်ဆောက်ခြင်းအပါအ၀င် စာသင်ခန်းမအကြီးစားပြုပြင်မွမ်းမံခြင်းများ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပထမအဆင့်အနေဖြင့် လုပ်ငန်းကြီးကိုးခုကို ပြည်တွင်းရှိ တင်ဒါကုမ္ပဏီကိုးခုဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လုပ်ငန်းများအနက် ဆေးကုသဆောင်များအား အကြီးစားမွမ်းမံပြင်ဆင်ခြင်းလုပ်ငန်းများ၊ OT Complex, Imaging Complex ပါဝင်သော တိုးချဲ့ငါးထပ်ဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းများ၊ ဆေးရုံကြီးပင်မဆောင်ဝင်းအတွင်း ကားပါကင်၊ မြေစိုက်ဆိုင်းဘုတ် စိုက်ထူခြင်းလုပ်ငန်းများ၊ လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်းများ စသည်တို့ပါဝင်ကြောင်းလည်း သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အစိုးရမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရေးအတွက် ကျပ်သန်းပေါင်း ၄ ဒသမ ၅ ဘီလျံ ထပ်မံအသုံးပြုသွားရန်သတ်မှတ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၅ ဘီလျံ အသုံးပြုခွင့်ပေးခဲ့ကြောင်းနှင့် ဆေးရုံကြီးပင်မဆောင်အား အခြမ်းလိုက်ပြုပြင်မည်ဖြစ်ပြီး ပင်မဆောင်တစ်ခုလုံးပြုပြင်စရိတ်မှာ ကျပ်သန်းပေါင်း နှစ်ထောင်ကျော်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့်တင်ရာတွင် ဆေးရုံကြီးပင်မဆောင်အား ရှေးမူမပျက်ပြုပြင်မည်ဖြစ်ပြီး ဆေးရုံကြီးတိုးချဲ့ဆောင်များသို့ လူနာများအားလုံး ပြောင်းရွှေ့ပြီးပါက ပင်မဆောင်နောက်ဘက်ခြမ်းကို စတင်ပြင်ဆင်သွားမည်ဖြစ်ကြောင်းနှင့် အခြမ်းလိုက်ပြုပြင်ခြင်းသည် အလွှာလိုက်ပြုပြင်ခြင်းထက် အသံ၊ အမှုန်၊ လူရှုပ်ထွေးမှု စသည့်ဘေးထွက်ဆိုးကျိုးများ လျော့နည်းစေကြောင်းလည်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ၁၈၇၂ ခုနှစ်တွင် ယခုဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်ရှိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်မြေကွက်တွင် ကျွန်းသားဖြင့် အဆောက်အအုံဆောက်လုပ်ပြီး ၁၈၇၃ ခုနှစ်တွင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးကို စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၀၅ ခုနှစ် မေ ၆ ရက်တွင် ပင်မဆောင်ကို လက်ရှိနေရာတွင် အုတ်မြစ်ချတည်ဆောက်ခဲ့ရာ ၁၉၁၁ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း၊ မြေညီထပ်အပါအ၀င် လေးထပ်အဆောက်အအုံဖြစ်ပြီး ခုတင် ၃၄၂ လုံးဆံ့ ဆေးရုံကြီးအဖြစ် ရူပီးငွေ သိန်း ၄၀ ကျော် ကျခံတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်အပြီးတွင် ၅၄၆ ခုတင်ဆံ့အဖြစ်လည်းကောင်း၊ ၁၉၆၂ ခုနှစ်တွင် ခုတင် ၁၅၀၀ ဆံ့ဆေးရုံအဖြစ် အထူးဆေးကုသဆောင်များကို ဆောက်လုပ်ကာ တိုးချဲ့ဖွင့်လှစ်ခဲ့ကြောင်းနှင့် လက်ရှိတွင် ခုတင် ၁၃၅၀ သာ အသုံးပြုလျက်ရှိပြီး ဆေးရုံကြီးတွင် အထူးပြုဘာသာရပ်ဆိုင်ရာဌာန ၂၇ ခု၊ အရေးပေါ်လူနာလက်ခံဌာန ခုနစ်ခုရှိကြောင်း သိရသည်။

Credit :Yangon News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service