အိမ်ခြံမြေဈေးကစားသူများကို ပိုင်ဆိုင်မှုအခွန်ကောက်ရန် အကြံပြု

အိမ်ခြံမြေဈေးကစားသူများကို ပိုင်ဆိုင်မှုအခွန်ကောက်ရန် အကြံပြု - Property News in Myanmar from iMyanmarHouse.com
13 Jun 2014 4:38 pm တွင် တင်ခဲ့သည်
761 ကြိမ် ကြည့်ရှု့ပြီး
မြေဈေးနှုန်း မတည်ငြိမ်စေရန်ဈေးကစားနေသူများအတွက် ပိုင်ဆိုင်မှု အခွန် (Property Tex) ပေါ်ပေါက်လာစေရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များထံသို့ အကြံပြုသွားမည် ဖြစ်ကြောင်း သမ္မတ ရုံး (၂) မှ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ပြောသည်။

ကျင်းပဆဲ ပြည်သူ့လွှတ်တော်ဒသမ ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ မြေဈေးနှုန်းများ အဆမ တန်ကြီးမြင့်နေမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အခက်အခဲဖြစ်စေပြီး မြေဈေးနှုန်း ကြီးမြင့်နေမှုကို ပိုင်ဆိုင်မှုအခွန် ကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိမရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း၏ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးကပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပိုင်ဆိုင်မှုအခွန် (Property Tex)ဆိုသည်မှာ မြေဖြစ်စေ၊ အဆောက်အအုံဖြစ်စေ၊ မြေနှင့်အဆောက် အအုံဖြစ်စေ ၎င်းတို့၏နှစ်စဉ် တန်ဖိုးအပေါ်၌ သတ်မှတ်ထားသည့် ရာခိုင်နှုန်းဖြင့် ကောက်ခံသော အခွန်ဖြစ်ပြီး ထိုအခွန်ကို ဒေသအစိုးရများကကောက်ခံကာ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အသုံးပြုရန် ကောက်ခံ လျက်ရှိကြောင်း ၎င်းက ပြောသည်။

”မြန်မာနိုင်ငံမှာ နိုင်ငံသားတစ်ဦးအနေနဲ့ မြေကွက် မည်ရွေ့မည်မျှသာ ဝယ်ယူပိုင်ဆိုင်ခွင့်ရှိသည်ဟု ဥပဒေတစ်ရပ်အနေနဲ့ ပြဋ္ဌာန်းထားချက် မရှိတဲ့အတွက် ငွေရှင်ကြေးရှင်များ၊ ချမ်းသာတဲ့သူများ၊ငွေကြေးအထိုက် အလျောက်ရှိပြီး ဝယ်ရောင်းပြုသူများက မြေကွက်များကို ကုန်ပစ္စည်းသဖွယ် အကျိုးအမြတ်အတွက် ဝယ်ယူရင်း နှီးမြှုပ်နှံခြင်း၊ ဈေးကစားခြင်းတို့ကြောင့် မြေယာဈေးဟာ မတည်မငြိမ်ဖြစ်ပြီး အဆမတန် ဈေးနှုန်းကြီးမြင့်နေတာ ကိုတွေ့ရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့ပြင် အိမ်ခြံမြေများကို တရားဝင် မှတ်ပုံတင် စာချုပ်စာတမ်းဖြင့်ဝယ်ယူ၍ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့် ခွဲရေး ဌာနခွဲတွင် မြေအမည် ပြောင်းခြင်း၊ အိမ်အခွန်ဌာနသို့ အမည်ပြောင်းခြင်းများ ဆောင်ရွက်ပါကမြို့တော် စည်ပင်သာယာရေးကော်မတီက မြေခွန်၊ အိမ်ခွန်များ စည်းကြပ် ကောက်ခံလျက် ရှိကြောင်း၊ အချို့သော ငွေရှင်ကြေးရှင်များ၊ မြေပွဲစားများသည် မြေယာကွက်များကိုတရားဝင် အရောင်းအဝယ် မှတ်ပုံတင် စာချုပ်စာ တမ်း ပြုလုပ်ခြင်း မရှိဘဲ မြေကွက်ပိုင်ရှင်များထံမှ General Power, Special Power များဖြင့်ဝယ်ယူထား မှုကြောင့် နိုင်ငံတော်အတွက် အခွန်အခ နစ်နာပြီး မြို့ပြဖွံ့ဖြိုးတိုးတက်မှု မရှိသည့်အပြင်အိမ်ခြံမြေဈေး နှုန်းများမှာ တည်ငြိမ်မှုမရှိဘဲ ဈေးနှုန်းကြီးမြင့်လာကြောင်းဝန်ကြီးက ဆက်လက်ပြောသည်။

”­မြေယာ အများအပြား ပိုင်ဆိုင်ထားပြီး မြေကို ကုန်စည်တစ်ခုလိုရောင်းဝယ်ပြီးတော့မြေဈေးနှုန်းမတည် မငြိမ်ဖြစ်အောင် ဈေးကစားနေသူတွေအတွက်တော့ နိုင်ငံတကာမှာ ပိုင်ဆိုင်မှုအခွန်ကောက်ခံတဲ့နည်းစနစ် တွေကို လေ့လာပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသအလိုက်လုပ်ငန်းရှင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ အပြန်အလှန်ဆွေးနွေးပြီး ဒေသအလိုက်ကိုက်ညီတဲ့ ပိုင်ဆိုင်မှု အခွန် (Property Tex) အခွန်ကောက်စနစ်ပေါ်ပေါက်လာဖို့ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များကို အကြံပြုသွားမှာ ဖြစ်ပြီးတော့ ဥပဒေပြုရန်လိုအပ်ပါက ဘဏ္ဍာရေးဝန်ကြီးဌာနက ဆက်လက်ဆောင်ရွက်သွားမှာ ပါ” ­ဟု ၎င်းက ပြောကြားသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

INNO CITY Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service