ဆောက်လုပ်ရေးလုပ်ငန်းများ ­ ­Pile စနစ်ကို အသုံးပြုလာ

ဆောက်လုပ်ရေးလုပ်ငန်းများ ­ ­Pile စနစ်ကို အသုံးပြုလာ - Property News in Myanmar from iMyanmarHouse.com
30 May 2014 10:19 am တွင် တင်ခဲ့သည်
2046 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် Pile Foundation ­စနစ်ကို တွင်ကျယ်စွာ အသုံးပြုလာ ကြကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

”­ ­Pile စနစ်က အချိန်ကုန်သက်သာတယ်။ ငွေကုန်ကြေးကျတော့များတယ်။ ဒါပေမယ့် ရေရှည်ခံနိုင် ဝန်ကို ကြည့်မယ်ဆိုရင်တော့ ကောင်းတယ်။ အခုနောက်ပိုင်း အထပ်မြင့်တွေမှာ အသုံးများလာတယ်” ဟု မြရောင်ခြယ် ဆောက်လုပ်ရေးကုမ္ပဏီမှ ဒါရိုက်တာ ဦးပိုင်စိုးရကျော်က ပြောသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ­ ­Pile စနစ်အသုံးပြုပြီး အဆောက်အအုံ ဆောက်လုပ် ခြင်းများမှာ ယခင်ကတည်းက ရှိသော်လည်း အစိုးရလုပ်ငန်းများတွင်သာအသုံးပြုမှုများသည်။ ပုဂ္ဂလိက ဆောက်လုပ်ရေး လုပ်ငန်းများတွင်မူယခုနှစ်ပိုင်းမှသာ ပိုမိုတွင်ကျယ်စွာအသုံးပြုလာကြကြောင်း သိရသည်။ အဆိုပါ ­ ­Pile စနစ်လုပ်ငန်း လုပ်ကိုင်သူများစွာ ရှိသော်လည်း အရည်အသွေးစံနှုန်းပြည့်မီသည့် ­ ­Pile လုပ် ငန်းလုပ်ကိုင်သည့် ကုမ္ပဏီများနှင့်ချိတ်ဆက်နိုင်ဖို့ လိုအပ်ကြောင်း GEO-TECH PILE ကုမ္ပဏီမှ သိရသည်။

”အဆောက်အအုံတစ်ခုဆောက်လုပ်ဖို့အတွက် ­Pile စနစ်နဲ့ ဆောက်တာကတော့ အဆောက်အအုံ အနာဂတ်အတွက် သေချာတယ်” ဟု GEO-TECH PILE ကုမ္ပဏီမှ CEO Mr. A HUSSEIN VORA က ပြောသည်။

မြန်မာနိုင်ငံ၏ အထပ်မြင့်ဆောက်လုပ်ရေးလုပ်ငန်းများတွင်အဆောက်အအုံတစ်ခု၏ ခံနိုင်ဝန်ကို အာမခံပေးနိုင်မည့် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီပြီး အရည်အသွေးပြည့်မီသော Pile Foundation စနစ်ကို အသုံးပြုရန် ပိုမိုလိုအပ်လာသည်။

လာမည့် ၂ဝ၁၅ ခုနှစ်၏ အာဆီယံအသိုက်အဝန်းတွင် အဆိုပါစနစ်သည် မရှိမဖြစ်လိုအပ်ကြောင်း သိရ သည်။

”နိုင်ငံတကာက ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ Foundation အတွက် Pile စနစ်ကိုဘဲ အသုံးကြ တယ်” ဟု ဦးပိုင်စိုးရကျော်က ပြောသည်။

ယခုလက်ရှိ မြန်မာနိုင်ငံတွင်နိုင်ငံခြားမှ လာရောက် ရင်းနှီးမြှုပ်နှံကြသော ဆောက်လုပ်ရေးလုပ်ငန်း များ၌ Pile Foundation စနစ်ကိုအသုံးပြုကြကြောင်း သိရသည်။ Pile စနစ်ဆိုရာတွင် အထပ်မြင့် ၁၃ ထပ် အထိကို RC Pile စနစ်ဖြင့် ဆောက်လုပ်ကြပြီး ၁၃ ထပ်ထက် အမြင့်ဆောက်လုပ်ခြင်းများကို Bored Pile စနစ်ဖြင့် ဆောက်လုပ်ကြကြောင်းသိရသည်။ အဆောက်အအုံ အထပ်အမြင့်များတွင်မက မြေထိန်းနံရံလုပ် ငန်းများ၊ ဆိပ်ကမ်းဆောက်လုပ်ခြင်းလုပ်ငန်းများ၊ လမ်း၊ တံတားနှင့်အဆင့်မြင့်လေဆိပ် ဆောက်လုပ်ခြင်း လုပ်ငန်းများတွင်လည်း အဆိုပါ Pile စနစ်ကို အသုံးပြုကြကြောင်းသိရသည်။

”အထပ်မြင့်ကြီးတွေမှမဟုတ်ဘဲ အဆောက်အအုံ ဆောက်တဲ့အခါမှာ ရေရှည်ခိုင်ခံ့မှုရှိဖို့အတွက် ဒီစနစ် ကတော့ အကောင်းဆုံးပဲ။ နိုင်ငံခြားမှာဆို တစ်ထပ်အဆောက်အအုံမှာတောင် ခံနိုင်ဝန်ကိုကြည့်ပြီး Pile စနစ်ကို အသုံးပြုကြတယ်”ဟု Mr.A HUSSEIN VORA က ပြောသည်။

အဆိုပါစနစ်ကို လယ်ယာမြေများ၊ ကမ်းနားမြေများ၊ မြေပျော့၊ မြေညံ့များ၌ အသုံးပြုသင့်ကြောင်း၊ လက်ရှိ RC Pile စနစ် အသုံးပြုရာတွင် Pile ချောင်းများ အရည်အသွေးပြည့်မီရန်လိုအပ်ကြောင်း သိရသည်။ Bored Pile စနစ်ကို အသုံးပြုရာ၌ကျင်းတူးပြီး ဘိလပ်မြေဖြင့် Pile ချောင်း ပြုလုပ်ရသည်။ ယင်းပြုလုပ် သည့်နေရာမှာ အရည်အသွေးပြည့်မီပြီး တွက်ချက်ထားသည့် စကေးအတိုင်း ပြုလုပ်နိုင်ရန် လိုအပ်ကြောင်း သိရသည်။

လက်ရှိတွင် ရတနာအိမ်ရာစီမံကိန်း၊ ဧရာဝဏ်အိမ်ရာ စီမံကိန်း၊ သီလဝါစီမံကိန်းနှင့် မင်္ဂလာဒုံရှိ ဆောက်လုပ်ရေး စီမံကိန်းများတွင်ယင်းစနစ်ကို အသုံးပြုလျက်ရှိကြောင်း၊ ထို့ပြင် ပဲခူးလေဆိပ် စီမံကိန်းတွင် လည်း Bored Pile စနစ်ကို အဓိကထား အသုံးပြုလျက်ရှိကြောင်း သိရသည်။

ယင်းစနစ်အား အသုံးပြုခြင်းအားဖြင့် အဆောက်အအုံတစ်ခုသည် ရာသီဥတုဒဏ်၊ ခံနိုင်ဝန်အား၊ အဆောက်အအုံတွင် အသုံးပြုမည့်အလေးချိန်တို့ကို အသေးစိတ်တွက်ချက်ကာ ဆောက်လုပ်ခြင်းဖြစ်သည့် အတွက် အဆောက်အအုံ၏ အနာဂတ်သည် ရေရှည်အကျိုးရှိနိုင်မည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ ခေတ်နှင့်အညီ Pile စနစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေ သည့် ကုမ္ပဏီများစွာရှိပြီး ၎င်းစနစ် လုပ်ကိုင်သည့် နိုင်ငံတကာအဆင့်မီကုမ္ပဏီများ ရှိသကဲ့သို့ လုပ်ငန်း သဘောတရား နားမလည်သည့် ကုမ္ပဏီများလည်း ရှိနေကြောင်းသိရသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး...
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ကံထမ်းလာတာ မမြင်ရ ! ခဲခြစ်ထီကနေ ဒေါ်လာ ၁ သန်း ထီပေါက်သွားတဲ့ အိမ်ရာမဲ့အမျိုးသား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service