အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ

အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ - Property News in Myanmar from iMyanmarHouse.com
17 Apr 2025 9:55 am တွင် တင်ခဲ့သည်
622 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ဝါရှင်တန်ဒီစီတွင် ကန်ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Meta တည်ထောင်သူ ဘီလျံနာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာသည်။

ဒေါ်နယ်ထရမ့် သမ္မတပြန်ဖြစ်လာသည့် ဒုတိယသက်တမ်းကာလတွင် နည်းပညာနယ်မှ သူဌေးကြီးများ ဝါရှင်တန် ဒီစီ၌ ခြေကုပ်ယူလာမှုများ များပြားလာနေရာ Mark Zuckerberg လည်း ပါဝင်လာသည်။

Mark Zuckerberg ယခုဝယ်ယူလိုက်သော နေအိမ်မှာ အိမ်ဖြူတော်မှ ၁၅ မိနစ်ခရီးသာ ဝေးကွာပြီး Naval Observatory ဝန်းအတွင်းရှိ ဒုသမ္မတ JD Vance ၏ အိမ်တော်သို့ လမ်းလျှောက်သွားရုံဖြင့် ရောက်သည်။

Politico ၏ ဖော်ပြချက်အရ ဒီလာဝယ်အခြေစိုက် LLC တစ်ခုမှတဆင့် ငွေသားဖြင့် ပေးချေကာ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဝါရှင်တန်ဒီစီ၏သမိုင်းတွင် တတိယမြောက် ဈေးအကြီးဆုံးအိမ်ခြံမြေအရောင်းအဝယ် ဖြစ်ခဲ့သည်။

 

(▲ အိမ်ဖြူတော်မှ ၁၅ မိနစ်ခရီးသာ ဝေးကွာသော ကန်ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Meta ၏ စီအီးအို Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာသည်။ ဓာတ်ပုံ-Anice Hoachlander)

 

 

 

(▲ အဆိုပါစံအိမ်ကို ဒီလာဝယ်အခြေစိုက် LLC တစ်ခုမှတဆင့် ငွေသားဖြင့် ပေးချေကာ ယခုနှစ် မတ်လ အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Meta ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက အတည်ပြု ပြောကြားသည်။ ဓာတ်ပုံ-Rod Lankey Jr)

  

(▲ ယခုစံအိမ်နေရာတွင် ယခင်က ကန်ဒေါ်လာ ၅ ဒသမ ၁၅ သန်းတန် အိမ်တစ်လုံး ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဖြိုဖျက်ခဲ့သည်။ ယင်းနောက် ဗိသုကာပညာရှင် Robert M. Gurney က ဒီဇိုင်းရေးဆွဲပေးကာ ဆောက်လုပ်ခဲ့ပြီး အကျယ်အဝန်း စတုရန်းပေ ၁၅၄၀၀ ရှိသည်။ ဓာတ်ပုံ- Anice Hoachlander) 

(▲ Meta သည် မူဝါဒရေးရာနှင့် ပတ်သက်ပြီး ဆောင်ရွက်ဖွယ်ရှိသည်များကို ဆက်လက်အကောင်အထည် ဖော်နေချိန်တွင် Zuckerberg မှာ ဝါရှင်တန်ဒီစီတွင် အချိန်အတန်ကြာ နေထိုင်ရဖွယ်ရှိကြောင်း Meta ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အတည်ပြုသည်။ )

နယူးယောက်ပို့စ် သတင်းဌာနက ကြည့်ရှုခွင့်ရခဲ့သော ဆောက်လုပ်ရေးမှတ်တမ်းများအရ စံအိမ်အတွင်း အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၇ ခန်း၊ မီးဖိုဆောင် ၂ ခုနှင့် မီးလင်းဖို ၃ ခုတို့ ပါဝင်ကြောင်းသိရသည်။

 

(▲ လင်းလင်းချင်းချင်းရှိသော စံအိမ်ဖြစ်ပြီး ယခုအခါ Outdoor amenities များဖြစ်သော ဘတ်စ်ကက်ဘောကွင်းနှင့် ရေကူးကန်ဘေးအိမ်တို့လည်း ပါဝင်လာသည်။ ဓာတ်ပုံ- Anice Hoachlander)

  

(▲ စံအိမ်အတွင်း အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၇ ခန်း ပါဝင်သည်။ ဓာတ်ပုံ- Anice Hoachlander) 

 

 

(▲ ဒေါ်နယ်ထရမ့်၏ ဒုတိယမြောက် သမ္မတ သက်တမ်းကာလအတွင်း ဝါရှင်တန်ဒီစီသို့ အခြေချလာသည့် သူဌေးကြီးများ များပြားလာချိန်တွင် Zuckerberg ကလည်း ယခုနေအိမ် ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ ဓာတ်ပုံ-REUTERS)

 

 

(▲ Massachusetts Avenue Heights အရပ်တွင် တည်ရှိပြီး ခြံဝန်းအကျယ်မှာ ၁ ဧကနီးပါး ရှိသည်။ ဓာတ်ပုံ- Anice Hoachlander)

 

(▲ စံအိမ်အတွင်း မှန်များကာရံထားသော လူသွားလမ်းများ ပါဝင်သည်။ ဓာတ်ပုံ- Anice Hoachlander)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com 

Ref: Mark Zuckerberg identified as the buyer of a $23M DC mansion located minutes from the White House Photo Credit- Anice Hoachlander, Reuters, Rod Lankey Jr

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကြေးနီနဲ့ ပြုလုပ်ထားတဲ့ ရေဘူးကို သုံးခြင်းရဲ့ ကောင်းကျိုးများ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service