ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ - Property News in Myanmar from iMyanmarHouse.com
17 Apr 2025 9:47 am တွင် တင်ခဲ့သည်
1646 ကြိမ် ကြည့်ရှု့ပြီး

((အဆိုတော် ကောင်းဟွေးရိုင်း၏ အချက်အလက်များ))

● အမည် - ကောင်းဟွေးရိုင်း (Kong Huayrai) ● ထိုင်းအဆိုတော် ၊ ရုပ်ရှင်သရုပ်ဆောင် ● မွေး- ၁၉၈၇ ခုနှစ်၊ ဧပြီလ ၁ ရက် (အသက် ၃၈ နှစ်) ● မွေးဖွားသည့်ဒေသ- ထိုင်းနိုင်ငံ၊ Wanon Niwat ခရိုင် ● အရပ်အမြင့်- ၁ ဒသမ ၆၅ မီတာ (၅ ပေ ၅ လက်မ)

ထိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံပြိုကျမှုများ ဖြစ်ပွားခဲ့ရာ မိန်းကလေးတစ်ဦး၏ ဖခင်ဖြစ်သူမှာ သေဆုံးသွားခဲ့ပြီး မိခင်မှာ အဆောက်အအုံထဲတွင် ပိတ်မိနေဆဲဖြစ်ကာ ကယ်ထုတ်ရန် စောင့်စားနေရသည်။

၎င်းတွင် အသက် ၇ နှစ်အရွယ် မောင်လေးနှင့် သက်ကြီးရွယ်အို အဘွားဖြစ်သူတို့ရှိသည်။

မိဘများမရှိတော့သော အခြေအနေတွင် လူမမယ် ကလေးငယ်နှင့် အိုမင်းမစွမ်းအဘွားတို့ကို စောင့်ရှောက်ရမည့် တာဝန်မှာ အသက် ၁၉ နှစ်သာရှိသေးသော မိန်းကလေး၏ ပုခုံးပေါ်သို့ ရောက်လာသည်။

ထိုင်းနာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ထိုမိန်းကလေးကို သမီးအဖြစ် မွေးစားကာ ဘဝတလျှောက်လုံး စောင့်ရှောက်ပေးသွားမည်ဟု ကြေညာလာရာ ထိုင်းလူမှုကွန်ရက်သုံးစွဲသူတို့အကြား များစွာပျံ့နှံ့ဂယက်ရိုက်နေသည်။

ကောင်းဟွေးရိုင်းသည် ယခင်ကလည်း အတိဒုက္ခရောက်နေသည့် ကလေးငယ်တစ်ဦးကို မွေးစားခဲ့ဖူးသည်။

၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ၊ Khon Kaen ပြည်နယ်ရှိ လမ်းဆုံတစ်ခုတွင် ဖိနပ်မပါ ခြေဗလာဖြင့် ပန်းကုံးများရောင်းကာ နာမကျန်းဖြစ်နေသော အဘွားနှင့် ညီမငယ်တို့ကို ရှာဖွေကျွေးမွေးနေသည့် ၄ တန်းကျောင်းသားကလေး တီလီကို ကောင်းဟွေးရိုင်း အမှတ်မထင် တွေ့ရှိခဲ့သည်။

တီလီသည် မိခင်ကြီး ရုတ်တရက်ကွယ်လွန်သွားပြီးနောက် အိပ်ယာထဲလဲနေသော အဘွားနှင့် ညီမငယ်တို့ကို ပန်းရောင်းကာ ရှာကျွေးနေရသူ ဖြစ်သည်။

တီလီက ကောင်းဟွေးရိုင်းကို မြင်လိုက်သည်နှင့် နာမည်ကြီးတစ်ယောက်မှန်း ချက်ချင်းသိသည်။

ကောင်းဟွေးရိုင်းက တီလီ၏ ပန်းကုံးအားလုံးကို ဝယ်ယူလိုက်ပြီး အိမ်ပြန်အနားယူရန် ပြောခဲ့ရာ တီလီမှာ များစွာ အံ့သြစိတ်လှုပ်ရှားခဲ့ရသည်။

ယင်းနောက်ပိုင်း ကောင်းဟွေးရိုင်းသည် တီလီ့ထံ ပြန်လည်သွားရောက်ခဲ့ကာ ဖိနပ်သစ်တစ်ရံနှင့် Scooter တစ်စင်း ဝယ်ပေးခဲ့သည်။

ထိုစဉ်က လူမှုကွန်ရက်တွင် ကောင်းဟွေးရိုင်း ရေးသားဖော်ပြခဲ့သည်မှာ “ကျွန်တော် တီလီနဲ့ ပတ်သက်ပြီး မပြောဖြစ်တာ ကြာပြီ။ ပန်းရောင်းတာရပ်ပြီး ကျောင်းစာကိုပဲ အာရုံစိုက်ဖို့ အခု သူ့ကို ပြောခဲ့ပါတယ်။ ငွေအတွက်ကတော့ သူ့အဖေက သူဌေးပါ” ဟု ဆိုသည်။

ကောင်းဟွေးရိုင်းက ကွန်မန့်တွင် ရှင်းပြသည်မှာ တီလီသည် အဘွားဖြစ်သူနှင့် နေထိုင်နေဆဲဖြစ်ကြောင်း၊ ကြွယ်ဝချမ်းသာသောဖခင်ဆိုသည်မှာ မိမိကိုယ်ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း၊ တီလီအတွက် မိမိပံ့ပိုးကူညီ သွားမည်ဖြစ်ကြောင်း ပြောသည်။

တီလီကို တွေ့နေကျ လမ်းဆုံတွင် မတွေ့သည်မှာ အတော်ကြာပြီဖြစ်ကြောင်း များစွာသောသူတို့က မှတ်ချက်ပြုသည်။

ကောင်းဟွေးရိုင်း၏ ပရိသတ်တို့က သူ၏ စာနာမှုနှင့် ရက်ရောမှုတို့ကို ချီးကျူးသည့်အပြင် တီလီ၏ ချစ်စရာကောင်းအောင် နေထိုင်တတ်မှုကိုလည်း ချီးကျူးကြသည်။

ထို့နောက် ထိုကလေးငယ်၏ ဘဝသစ်အတွက် ဝမ်းမြောက်ကြောင်း မှတ်ချက်ပြုကြသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thai star Kong Huayrai becomes ‘rich father’ to boy in need

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service