ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
10 Apr 2025 9:37 am တွင် တင်ခဲ့သည်
486 ကြိမ် ကြည့်ရှု့ပြီး

အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်တောင်ပိုင်းတွင် တချိန်က ဘီလ်ဂိတ် ပိုင်ဆိုင်ခဲ့ဖူးသော စံအိမ်ကြီးတစ်လုံး ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။

Martin County ၏ မှတ်တမ်းများအရ ဘီလ်ဂိတ်၏ ကုမ္ပဏီတစ်ခုဖြစ်သော Front Range Investment Holdings LLC သည် Jupiter Island ရှိ စံအိမ်ကို ၂၀၀၉ ခုနှစ်အတွင်း ကန်ဒေါ်လာ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်တွင် အဆိုပါစံအိမ်ကို စီးပွားရေးလုပ်ငန်းရှင် John Textor ထံ ကန်ဒေါ်လာ ၄ သန်းဖြင့် အရှုံးခံ ရောင်းချခဲ့သည်။

Textor သည် digital media လောကတွင် ကာလကြာရှည် လုပ်ကိုင်ခဲ့သူဖြစ်ပြီး Fubo TV ၏ အမှုဆောင် ဥက္ကဌအဖြစ် ၂၀၁၈ မှ ၂၀၂၀ ပြည့်နှစ်အထိ လုပ်ကိုင်ခဲ့သည်။

လက်ရှိအားဖြင့် Textor သည် Eagle Football Holdings Limited ၏ ဥက္ကဌဖြစ်သည့်အပြင် ဘောလုံးကလပ် များဖြစ်သော Rio de Jeneiro ရှိ Botafogo ၊ လန်ဒန်ရှိ ခရစ္စတယ်ပဲလေ့စ်၊ ဘရပ်ဆဲရှိ RWT Molenbeek နှင့် ပြင်သစ်နိုင်ငံ၊ လိုင်ယွန်ရှိ Olympique Lyonnais တို့၏ ထိပ်တန်းရှယ်ယာရှင်တစ်ဦးလည်း ဖြစ်သည်။

(▲ ယခုစံအိမ်မှာ ဖလော်ရီဒါ၏ နာမည်ကျော် Intracoastal Waterway မှ ရေပြင်နှင့် ထိစပ်မှု ကမ်းခြေ ပေ ၂၀၀ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-Steven Martine Photography Inc / ONE Sotheby’s International Realty)

 

စံအိမ်မှာ တစ်ထပ်အိမ်ဖြစ်ပြီး အကျယ်အဝန်း စတုရန်းပေ ၉၅၀၀ နီးပါးရှိကာ အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၇ ခန်း ပါဝင်သည်။

တစ်အိမ်လုံးအပြည့် ဖြန့်ကျက်ထားသော စပီကာစနစ်၊ Lutron Lighting စနစ်တို့ ထည့်သွင်းထားပြီး နေအိမ်နေရာအများစုတွင် စကျင်ကျောက်ပြားများ ခင်းကျင်းထားသည်။ အရောင်းဈေးကွက်တင်ပေးသူမှာ ONE Sotheby’s International Realty မှ အကျိုးဆောင် Susan Hemmes ဖြစ်သည်။

ဖလော်ရီဒါရှိ နေအိမ်အများစုမှာ outdoor ရေကူးကန်များ ပါဝင်သော်လည်း ယခုအိမ်တွင် indoor ရေကူးကန်နှင့် ရေပူစိမ်ကန်တို့ ရှိသည်။

Indoor ရေကူးကန်တွင် သစ်သားမျက်နှာကြက်များ သုံးထားပြီး နောက်ဘက်ခြံဝန်းဆီသို့ ပေါက်သည်။

နောက်ဘက်ခြံဝန်းတွင် အမိုးရှိသောနေရာနှင့် အမိုးမရှိသော နားနေ နေရာများရှိကာ outdoor မီးဖိုဆောင် တစ်ခုလည်း ထားရှိသည်။

(▲ နေအိမ်အတွင်း indoor ရေကူးကန်နှင့် ရေပူစိမ်ကန်တို့ ရှိသည်။ ဓာတ်ပုံ-Steven Martine Photography Inc / ONE Sotheby’s International Realty)

ခြံနောက်ဘက်မှတဆင့် ရေပြင်ဆီသို့ ရောက်နိုင်ပြီး ရေစပ်တွင် ဆိပ်ခံတစ်ခုနှင့် နေစွမ်းအင်သုံး မီးစနစ်တို့ ရှိသည်။

အခြား feature များအနေဖြင့် ကား ဆယ်စင်းဆန့် ကားဂိုဒေါင်၊ EV အားသွင်းစက်နှင့် ခြင်ထိန်းချုပ်ရေးစနစ်တို့ ရှိသည်။

ဂျူပီတာကျွန်းသည် ဂျူပီတာမြို့၏ တောင်ဘက်တွင် တည်ရှိပြီး ဖလော်ရီဒါတောင်ပိုင်း၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ နေထိုင်သောနေရာတစ်ခုလည်း ဖြစ်သည်။

Textor ၏ ယခုစံအိမ်မှာ လက်ရှိဈေးကွက်ဝင်နေသော ကန်ဒေါ်လာ သန်း ၂၀ အထက် နေအိမ် ၁၀ လုံးတွင် တစ်ခုအပါအဝင်ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bill Gates’s Former South Florida House Hits the Market for $23.5 Million Photo Credit- Steven Martine Photography Inc / ONE Sotheby’s International Realty

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service