ဘရစ်တ်နီ စပီးယားကို သရဲများက လှေကားမှ တွန်းချသောကြောင့် ထွက်ပြေးခဲ့ရသော စံအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်တ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့သော သရဲခြောက်သည့်စံအိမ်ကြီး ကန်ဒေါ်လာ ၂ သန်းဈေးလျှော့ကာ အရောင်းဈေးကွက်ဝင်လာ

ဘရစ်တ်နီ စပီးယားကို သရဲများက လှေကားမှ တွန်းချသောကြောင့် ထွက်ပြေးခဲ့ရသော စံအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်တ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့သော သရဲခြောက်သည့်စံအိမ်ကြီး ကန်ဒေါ်လာ ၂ သန်းဈေးလျှော့ကာ အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
4 Apr 2025 9:53 am တွင် တင်ခဲ့သည်
375 ကြိမ် ကြည့်ရှု့ပြီး

ရုပ်ရှင်မင်းသမီး ဘရစ်တ်နီး မာဖီ အသက် ၃၂ နှစ်အရွယ်တွင် သေဆုံးမှု ဖြစ်ပွားခဲ့သော လော့စ်အိန်ဂျလိစံအိမ်မှာ တစ်နှစ်တာ ကာလအတွင်း တတိယအကြိမ်အဖြစ် အရောင်းဈေးကွက်သို့ ပြန်ရောက်လာသည်။

ယခုအခါတွင်မူ မူရင်းခေါ်ဈေးအောက် ကန်ဒေါ်လာ ၂ သန်း ဈေးလျှော့ပေးထားသည်။ ဘရစ်တ်နီး မာဖီသည် “Girl, Interrupted”, “Clueless” , “Uptown Girls” အစရှိသော ရုပ်ရှင်ဇာတ်ကားများဖြင့် လူသိများသူ ဖြစ်သည်။

ဘရစ်တ်နီး မာဖီသည် ယခုစံအိမ်သို့ ပြောင်းရွှေ့နေထိုင်ပြီး ၆ နှစ်အကြာ ၂၀၀၀ ပြည့်နှစ်အတွင်း အိမ်ထဲတွင် သေဆုံးသွားခြင်းဖြစ်သည်။

ဘရစ်တ်နီး မာဖီသေဆုံးပြီး ၅ လအကြာတွင် ခင်ပွန်းဖြစ်သူ ဆိုင်မင် မွန်းဂျက်ခ်မှာလည်း နေအိမ်အတွင်း ဆန်းကြယ်စွာ သေဆုံးသွားပြန်သည်။

ရုပ်ရှင်မင်းသမီး မာဖီ သေဆုံးရခြင်း၏ အကြောင်းရင်းမှာ မကုသဘဲ ထားသည့် နမိုးနီးယား၊ သွေးအားနည်းရောဂါ၊ အလွယ်တကူ ဝယ်ယူရရှိနိုင်သည့် OTC ဆေးများ အလွန်အကျွံသောက်သုံးမှု တို့ကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ကောက်ချက်ဆွဲခဲ့သည်။

ခင်ပွန်းဖြစ်သူ ဆိုင်မင်မှာလည်း အလားတူ အခြေအနေမျိုးဖြင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

[ မှတ်ချက်။ ဘရစ်တ်နီ စပီးယားကို သရဲများ ခြောက်လှန့်ခဲ့ပုံနှင့် ဘရစ်တ်နီး မာဖီတို့ ဇနီးမောင်နှံ သေဆုံးခဲ့ပုံများအကြောင်းကို အောက်ဖော်ပြပါ သတင်းဆောင်းပါးတွင် အပြည့်အစုံ ဖတ်ရှုနိုင်ပါသည်။ ]

(► ဘရစ်တ်နီ စပီးယား မနေရဲသောစံအိမ်၊ ဘရစ်တ်နီး မာဖီတို့ ဇနီးမောင်နှံ ၂ ဦး သေဆုံးခဲ့သည့် သရဲခြောက်သော စံအိမ်ကြီး

https://www.imyanmarhouse.com/news/read/1020037

 

 

(► ဘရစ်တ်နီ စပီးယား မနေရဲသောစံအိမ်၊ ဘရစ်တ်နီး မာဖီတို့ ဇနီးမောင်နှံ ၂ ဦး သေဆုံးခဲ့သည့် သရဲခြောက်သော စံအိမ်ကြီး)

ဘရစ်တ်နီး မာဖီတို့ ဇနီးမောင်နှံ ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ရမှုနှင့် စပ်လျဉ်းပြီး အမျိုးမျိုးအဖုံဖုံ ထင်ကြေးပေး ပြောဆိုကြမှုများ ရှိသည်။

အဆိုပါ့ စံအိမ်သည် ယခင်က အဆိုတော် ဘရစ်တ်နီ စပီးယား နေထိုင်ခဲ့သောစံအိမ်ဖြစ်ပြီး သရဲများက လှေကားပေါ်မှ တွန်းချခြင်းခံခဲ့ရသောကြောင့် ဘရစ်တ်နီ စပီးယားသည် အဆိုပါစံအိမ်မှ ထွက်ပြေးခဲ့ကာ မည်သည့်အခါမှ ပြန်မလာတော့ချေ။

အဆိုပါ အနိဋ္ဌာရုံ သမိုင်းကြောင်းများကြောင့် စံအိမ်ရောင်းမထွက်နိုင်ဖြစ်နေခြင်းလည်း ဖြစ်နိုင်သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လကတည်းက ကန်ဒေါ်လာ ၁၈ ဒသမ ၉၉ သန်းဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့သော်လည်း ရောင်းမထွက်ဘဲ ဈေးကွက်သို့ ဝင်ချည်၊ ထွက်ချည် အကြိမ်ကြိမ် ဖြစ်နေခဲ့သည်။

 

(▲ ရုပ်ရှင်မင်းသမီး ဘရစ်တ်နီး မာဖီနှင့် ခင်ပွန်းဖြစ်သူ ဆိုင်မင် မွန်းဂျက်တို့ ဆက်တိုက်သေဆုံး ခဲ့သော သရဲခြောက်သည့် လော့စ်အိန်ဂျလိ စံအိမ်ကြီးသည် တစ်နှစ်တာအတွင်း တတိယအကြိမ် မြောက် အရောင်းဈေးကွက်ဝင်လာပြီး ယခုအခါ ဒေါ်လာ ၂ သန်းဈေးလျှော့ပေးထားသည်။ ဓာတ်ပုံ-M.Tran/ FilmMagic)

 

 

(▲ ဘရစ်တ်နီး မာဖီက ယခုအိမ်ကို ပေါ့ပ်ကြယ်ပွင့် ဘရစ်တ်နီ စပီးယားထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဘရစ်တ်နီ စပီးယားက ယခုအိမ်ကြီးတွင် မနေရဲတော့သောကြောင့် ရောင်းထုတ်သွားခြင်း ဖြစ်သည်။ ဓာတ်ပုံ-Kevin Winter/ Getty Images)

 

 

(▲ ဘရစ်တ်နီး မာဖီက ဤစံအိမ်ကို ၂၀၀၃ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Realtor)

 

 

(▲ ရုပ်ရှင်မင်းသမီး ဘရစ်တ်နီး မာဖီ သေဆုံးချိန်က နေအိမ်အပြင်ဘက်တွင် ရဲတပ်ဖွဲ့ဝင်များကို တွေ့ခဲ့ရပုံ။ ဓာတ်ပုံ-Chris Wolf/ FilmMagic)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mansion Where Brittany Murphy Died and Britney Spears Was ‘Attacked by Bad Spirits’ Returns to the Market at $2 Million Discount Photo Credit- Chris Wolf/ FilmMagic, Kevin Winter/ Getty Images, M.Tran/ FilmMagic

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service