ဘရစ်တ်နီ စပီးယား မနေရဲသောစံအိမ်၊ ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ၂ ဦး သေဆုံးခဲ့သည့် သရဲခြောက်သော စံအိမ်ကြီး

ဘရစ်တ်နီ စပီးယား မနေရဲသောစံအိမ်၊ ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ၂ ဦး သေဆုံးခဲ့သည့် သရဲခြောက်သော စံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
13 Jun 2022 11:48 am တွင် တင်ခဲ့သည်
7282 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာကျော်အဆိုတော် ဘရစ်တ်နီ စပီးယား မနေရဲသောကြောင့် ပြန်လည်ရောင်းထုတ်ခဲ့သော လော့စ်အိန်ဂျလိမှ စံအိမ်ကြီးတွင် ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီနှင့် ခင်ပွန်းဖြစ်သူတို့ ဆန်းကြယ်စွာ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ကြသည်။

ဘရစ်နီ မာဖီ (Brittany Murphy) (မွေး-၁၉၇၇) သည် အမေရိကန်ရုပ်ရှင်မင်းသမီး၊ အဆိုတော်တစ်ဦး ဖြစ်သည်။

သောက်ဆေးများကို အလွန်အကျွံသုံးစွဲကာ သွေးအားနည်းရာမှတဆင့် အဆုပ်ရောင်ရောဂါဖြင့် ကွယ်လွန်သည်ဟု မှတ်ချက်ပြုထားသည်။

ဘရစ်နီး မာဖီသည် လော့စ်အိန်ဂျလိမြို့၊ Hollywood Hills အရပ်ရှိ စံအိမ်ကို ကမ္ဘာကျော်အဆိုတော် ဘရစ်နီ စပီးယားစ်ထံမှ ၂၀၀၃ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သူမတို့နှစ်ဦးလုံး အဆိုပါစံအိမ်ကြီးတွင် ထူးဆန်းသည့်ဖြစ်ရပ်များ ကြုံတွေ့ခဲ့ကြသည်။

ဘရစ်နီ မာဖီသည် ဘရစ်နီ စပီးယားစ်ထံမှ ဝယ်ယူထားသော ဟောလိဝုဟေးလ်စံအိမ်တွင် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်၌ ကွယ်လွန်ခဲ့ကာ ကွယ်လွန်ချိန်တွင် အသက် ၃၂ နှစ်သာ ရှိသေးသည်။

ဘရစ်နီ မာဖီကွယ်လွန်ပြီး ၅ လအကြာတွင် သူ၏ခင်ပွန်းဖြစ်သူ ဆိုင်မင် မွန်းဂျက် (Simon Monjack) ကိုလည်း ထိုစံအိမ်တွင် သေဆုံးလျက် တွေ့ခဲ့ကြသည်။

၎င်းတို့၏ တုန်လှုပ်ဖွယ်သေဆုံးမှုများနောက်ပိုင်း စံအိမ်ကြီးတွင် ထူးဆန်းသောဖြစ်ရပ်များ ဆက်လက်ဖြစ်ပွားခဲ့သည်။

ဘရစ်နီး မာဖီ၏ ဘဝနှင့် ရုတ်တရက်သေဆုံးမှုတို့အကြောင်းကို HBO Max ရုပ်သံလိုင်းတွင် What Happened, Brittany Murphy? ဟူသောအမည်ဖြင့် documentary တစ်ခု ထုတ်လွှင့်ပြသဖူးသည်။

ဘရစ်နီး မာဖီသည် ပရိဘောဂအပြည့်အစုံဖြင့် ထိုစံအိမ်ကို ၂၀၀၃ ခုနှစ်အတွင်း ဘရစ်နီ စပီးယားစ်ထံမှ ကန်ဒေါ်လာ ၃ ဒသမ ၈၅ သန်းဖြင့် ဝယ်ယူခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။

ဘရစ်နီ မာဖီသည် ထိုစံအိမ်တွင် ခင်ပွန်းဖြစ်သူ မွန်းဂျက်နှင့်အတူ မကွယ်လွန်မီအထိ နေထိုင်သွားခဲ့သည်မှာ ၆ နှစ် မပြည့်ခဲ့။

ဘရစ်နီမာဖီနှင့် မွန်းဂျက်တို့သည် ၂၀၀၇ ခုနှစ်တွင် လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။

(ဘရစ်နီ မာဖီသေဆုံးမှု)

၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက် မနက်ပိုင်းတွင် ဘရစ်နီ မာဖီသည် စံအိမ်၏ ပင်မရေချိုးခန်းအတွင်း သေဆုံးသွားခဲ့သည်။

ဘရစ်နီ မာဖီသည် တုပ်ကွေးရောဂါလက္ခဏာမျိုး ရက်အနည်းငယ် ခံစားနေခဲ့ရပြီးနောက် ထိုနေ့ မနက် ၈ နာရီခန့်တွင် ရေချိုးခန်းအတွင်း လဲကျသွားခဲ့ခြင်းဖြစ်သည်။

ဘရစ်နီ မာဖီတို့ ဇနီးမောင်နှံနှင့်အတူနေထိုင်သော သူမ၏မိခင် ရှာရွန်က 911 သို့ ဖုန်းခေါ်အကြောင်းကြားခဲ့သည်။

ဘရစ်နီ မာဖီအား Cedars-Sinai ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ ဆေးရုံရောက်ချိန်တွင် သေဆုံးနေပြီဖြစ်ကြောင်း ဆရာဝန်တို့က ပြော၏။

လော့စ်အိန်ဂျလိခရိုင် သေမှုသေခင်းအရာရှိ Ed Winter က ကောက်ချက်ဆွဲသည်ကား ဘရစ်နီ မာဖီ သေဆုံးရခြင်းမှာ ဆရာဝန်သောက်ခိုင်းသည့်ဆေးနှင့် အလွယ်တကူ ဝယ်ယူနိုင်သည့် အကိုက်အခဲပျောက်ဆေး၊ အဖျားပျောက်ဆေးတို့ကဲ့သို့ OTC ဆေးများ အဆိပ်သင့်၍ သွေးအားနည်းခြင်းနှင့် မကုသဘဲထားသည့် နမိုးနီးယားတို့ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ကောက်ချက်ချသည်။

သူမ၏ ခန္ဓာကိုယ်အတွင်း တရားမဝင်ဆေးဝါးဓာတ်များ မတွေ့ရှိဟု ဆိုသည်။

(ခင်ပွန်းဖြစ်သူ သေဆုံးမှု)

၂၀၁၀ ပြည့်နှစ်၊ မေလ ၂၃ ရက်နေ့သို့ ရောက်သောအခါ သားမက်ဖြစ်သူမှာလည်း နေအိမ်အတွင်း ခေါ်မရဖြစ်နေသည်ကို ရှာရွန်တွေ့ခဲ့ပြန်သည်။

နေအိမ်သို့ အရေးပေါ်ခေါ်ယူခဲ့သော LAFD အဖွဲ့ရောက်လာသောအခါ အသက် ၄၀ အရွယ်ရှိ မွန်းဂျက်မှာ သေဆုံးနေပြီဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူ မာဖီနည်းတူ ဆိုင်မင် မွန်းဂျက်မှာလည်း ပြင်းထန်သော နမိုးနီးယား၊ ပြင်းထန်သော သွေးအားနည်းရောဂါတို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကနဦးခန့်မှန်းခဲ့သည်မှာ ဘရစ်နီ မာဖီတို့ စုံတွဲသေဆုံးခဲ့ကြသည်မှာ နေအိမ်အတွင်းစွဲကပ်နေသော မှိုများကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။ ထိုယူဆချက်ကို သေမှုသေခင်းရုံးက လက်မခံချေ။

သို့သော် ထိုယူဆချက်မှန်ဖွယ်ရှိသော သတင်းတစ်ခုကို ဆိုင်မင် မွန်းဂျက်၏ မိခင် လင်ဒါ မွန်းဂျက်က Daily Mail သတင်းဌာနသို့ ၂၀၁၃ ခုနှစ်အတွင်း ပြောပြခဲ့သည်။

၎င်း၏ သားဖြစ်သူ မသေမီ နေအိမ်အတွင်း မှိုများ အလွန်များပြားစွာစွဲကပ်နေကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

ဆိုင်မွန် မသေဆုံးမီတွင် သူ၏ အရေပြားထဲမှ အရာဝတ္ထုများ တိုးထွက်နေသည်ဟု ထင်ယောင်မှားမှုမျိုး ခံစားခဲ့ရကြောင်း မိခင်ဖြစ်သူက Daily Mail သို့ ပြောပြသည်။

ဘရစ်နီ စပီးယားစ်နှင့် မာဖီတို့နှစ်ဦးလုံး အဆိုပါစံအိမ်သည် တစုံတရာ မူမမှန်သည်များ ရှိနေကြောင်း ယူဆခဲ့ကြသည်။

(ဘရစ်တ်နီ စပီးယား နေထိုင်ခဲ့စဉ်ကာလ)

စံအိမ်တည်နေရာမှာ Sunset Strip ၏ ထိပ်၊ Rising Glen လမ်းတွင် တည်ရှိသည်။

ဘရစ်နီ စပီးယား ယခုစံအိမ်တွင် နေထိုင်ခဲ့ချိန်က ဂျပ်စတင် တင်းဘားလိတ်နှင့် ချစ်ကြိုက်နေစဉ် ကာလဖြစ်သည်။

ဘရစ်နီ စပီးယားနေထိုင်စဉ်ကာလအတွင်း ပရလောကသားတို့နှင့် တွေ့ကြုံရမှုဖြစ်ပေါ်ခဲ့ရာမှတဆင့် ယခုအိမ်ကြီးကို စွန့်ခွာကျောခိုင်းလိုက်ကာ မည်သည့်အခါမျှ ပြန်မလာခဲ့တော့။

ဘရစ်နီ စပီးယားစ်၏ မိတ်ကပ်ပညာရှင် Julianne Kaye က We Need to talk about Britney အမည်ရှိ ဗွီဒီယိုဖိုင်တစ်ခုတွင် ပြောခဲ့ဖူးသည်မှာ ထိုစဉ်က စပီးယားစ်က မိမိအားခေါ်ခဲ့ကြောင်း၊ မိမိ၏ သူငယ်ချင်းတစ်ဦးကိုလည်း စပီးယားစ်အား ဂျပန်ကုထုံးတစ်မျိုးဖြစ်သော Reiki ကုထုံး (လက်ဝါးဖြင့် သပ်ကာ စွမ်းအင်ပေးသည့် ကုထုံး) ဖြင့် ကုသပေးနေသည့်အချိန်ဖြစ်ကြောင်း၊ စပီးယားစ်သည် ပါတီပွဲများ မကြာခဏကျင်းပလေ့ရှိသဖြင့် အနားယူရန်လိုသည်ဟု မိမိက ယူဆကြောင်း၊ စပီးယားစ်က ဘုရားထံ ကျိန်ဆိုပြီး ပြောကြားသည်မှာ နေအိမ်အတွင်းသို့ မကောင်းဆိုးရွားများဝင်လာပြီး လှေကားမှ တွန်းချရန် ကြိုးစားကြသည်ဟု ပြောကြောင်း Kaye က ဗွီဒီယိုဖိုင်ထဲတွင် ပြောသည်။

ထိုအချိန်မှစပြီး ဘရစ်နေ စပီးယားစ်သည် ထိုစံအိမ်မှ ထွက်လာကာ Casa Del Mar အမည်ရှိ ဟိုတယ်တွင် သွားရောက်တည်းခိုနေထိုင်ကာ ထိုအိမ်သို့ လုံးဝမပြန်တော့ချေ။

“ငါရူးနေပြီလို့ နင်ထင်လိမ့်မယ်။ ငါမရူးပါဘူး။ ငါ ..ဘာတွေတွေ့ခဲ့ရတယ်ဆိုတာ ငါသိတယ်။ ငါဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ငါသိပါတယ်”ဟု ဘရစ်နီ စပီးယားက ပြောသည်။

(ဘရစ်နေ စပီးယားစ် အချစ်ရေး)

ဘရစ်နေ စပီးယားစ်သည် ပြီးခဲ့သော ဇွန်လ ၉ ရက်က အီရန်လူမျိုး Sam Asghari နှင့် လက်ထပ်ပွဲ ကျင်းပခဲ့ရာ ပဲရစ် ဟီလ်တန်၊ ဆလီနာဂိုမက်၊ မက်ဒေါနား၊ ဒရူးဘယ်ရီမိုးတို့အပြင် အခြားသော ဟောလိဝုဒ်ထိပ်သီး အကျော်အမော်များစွာ တက်ရောက်ခဲ့ကြသည်။

(ဘရစ်နီ မာဖီက စံအိမ်ကြီးကို မုန်းတီးခဲ့)

ဘရစ်နေ မာဖီကမူ သရဲ တစ္ဆေများ စံအိမ်အတွင်း တွေ့သည်ဟု ပြောဆိုဖူးခြင်းမရှိချေ။ သို့သော် သူမသည်လည်း နေအိမ်နှင့် ပတ်သက်ပြီး တစုံတရာ မူမမှန်သည်ကို ခံစားသိရှိခဲ့ဖွယ်ရသည်။

ဘရစ်နေ မာဖီ သေဆုံးပြီးနောက် Hollywood Reporter သတင်းဌာနက ခင်ပွန်းဖြစ်သူ ဆင်မွန် မွန်းဂျက်အား တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဇနီးဖြစ်သူက ယခုစံအိမ်ကြီးအား မည်သို့ဖြစ်စေ ကျောခိုင်းရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

“သူက ဒီ Rising Glen အိမ်ကြီးကို လုံးဝမုန်းတာ။ အိမ်ပြန်တဲ့အချိန်တိုင်း ကျွန်တော့်ဇနီး အမြဲပြောလေ့ရှိတာက ကိုရေ…Beverly Hills ဟိုတယ်မှာပဲ နေကြရအောင်နော်လို့ အမြဲပြောတယ်။ ကျွန်တော်ပြန်ပြောတတ်တာက ချစ်ရေ…လက်တွေ့ဆန်ရမယ်လေ။ တို့မှာ စတုရန်းပေ ၁၀၀၀၀ ကျယ်တဲ့ တို့အိမ်ကြီး ရှိတယ်လေ။ အဲဒီမှာ ငါတို့ နေရမှာပေါ့ ”ဟု ဆိုင်မင် မွန်းဂျက်က ပြောသည်။

ဘရစ်နီ မာဖီသည် သူသေဆုံးခဲ့ရာ ရေချိုးခန်းအတွင်း အချိန်ကြာမြင့်စွာ နေထိုင်လေ့ရှိကြောင်း၊ ထိုနေရာတွင် မဂ္ဂဇင်းများဖတ်ခြင်း၊ သီချင်းဆိုခြင်း၊ ကဗျာရေးခြင်းများ ပြုလုပ်လေ့ရှိသည်ဟု ခင်ပွန်းဖြစ်သူက ပြောသည်။

(စံအိမ်ကြီး၏ နောက်ဆုံးအခြေအနေများ)

ဘရစ်နီ မာဖီနှင့် ဆိုင်မင် မွန်းဂျက်တို့ စုံတွဲ ဆန်းကြယ်စွာ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားခဲ့ကြပြီးနောက် စံအိမ်ကြီးမှာ အကြိမ်ရေများစွာ လက်ပြောင်းလက်လွှဲဖြစ်ခဲ့သည်။

အိမ်ခြံမြေမှတ်တမ်းများအရ ရှာရွန်က ဝယ်လက်ရှာမရသောကြောင့် ၂၀၁၁ ခုနှစ်တွင် များစွာအရှုံးခံကာ ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းဖြင့် ရောင်းချခဲ့သည်။

၂၀၁၃ ခုနှစ်တွင် စံအိမ်ကြီးကို ဖျက်သိမ်းကာ အိမ်ခြံမြေ developer တို့က ကျယ်ပြောသော ခေတ်ပြိုင်အဆောက်အအုံတစ်ခုအဖြစ် ဆောက်လုပ်ခဲ့ကြသည်။

ထို့နောက် ၂၀၁၇ ခုနှစ်တွင် ကန်ဒေါ်လာ ၁၄ ဒသမ ၅၃ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ရာ ထိုအချိန်တွင် စံအိမ်မှာ ဘရစ်နီ စပီးယားစ်နေထိုင်ခဲ့စဉ်နှင့် ပုံသဏ္ဍာန်မတူတော့ချေ။

နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်းကဖြစ်ပြီး ကန်ဒေါ်လာ ၁၁ ဒသမ ၅၉ သန်းဖြင့် ရောင်းဝယ်ခဲ့ခြင်း ဖြစ်သည်။

စံအိမ်သစ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၉၄၀၀ ရှိပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၈ ခန်းပါသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The Dark History Behind Brittany Murphy's Home — Plus, What Happened to It After She Died There (people)

 

[Zawgyi]

ဘရစ္တ္နီ စပီးယား မေနရဲေသာစံအိမ္၊ ဘရစ္နီး မာဖီတို႔ ဇနီးေမာင္ႏွံ ၂ ဦး ေသဆံုးခဲ့သည့္ သရဲေျခာက္ေသာ စံအိမ္ၾကီး

ကမၻာေက်ာ္အဆိုေတာ္ ဘရစ္တ္နီ စပီးယား မေနရဲေသာေၾကာင့္ ျပန္လည္ေရာင္းထုတ္ခဲ့ေသာ ေလာ့စ္အိန္ဂ်လိမွ စံအိမ္ၾကီးတြင္ ေဟာလိဝုဒ္ရုပ္ရွင္မင္းသမီး ဘရစ္နီး မာဖီႏွင့္ ခင္ပြန္းျဖစ္သူတို႔ ဆန္းၾကယ္စြာ ေရွ႕ဆင့္ေနာက္ဆင့္ ေသဆံုးသြားခဲ့ၾကသည္။

ဘရစ္နီ မာဖီ (Brittany Murphy) (ေမြး-၁၉၇၇) သည္ အေမရိကန္ရုပ္ရွင္မင္းသမီး၊ အဆိုေတာ္တစ္ဦး ျဖစ္သည္။

ေသာက္ေဆးမ်ားကို အလြန္အကၽြံသံုးစြဲကာ ေသြးအားနည္းရာမွတဆင့္ အဆုပ္ေရာင္ေရာဂါျဖင့္ ကြယ္လြန္သည္ဟု မွတ္ခ်က္ျပဳထားသည္။

ဘရစ္နီး မာဖီသည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hollywood Hills အရပ္ရွိ စံအိမ္ကို ကမၻာေက်ာ္အဆိုေတာ္ ဘရစ္နီ စပီးယားစ္ထံမွ ၂၀၀၃ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္ျပီး သူမတို႔ႏွစ္ဦးလံုး အဆိုပါစံအိမ္ၾကီးတြင္ ထူးဆန္းသည့္ျဖစ္ရပ္မ်ား ၾကံဳေတြ႔ခဲ့ၾကသည္။

ဘရစ္နီ မာဖီသည္ ဘရစ္နီ စပီးယားစ္ထံမွ ဝယ္ယူထားေသာ ေဟာလိဝုေဟးလ္စံအိမ္တြင္ ၂၀၀၉ ခုႏွစ္၊ ဒီဇင္ဘာလ ၂၀ ရက္၌ ကြယ္လြန္ခဲ့ကာ ကြယ္လြန္ခ်ိန္တြင္ အသက္ ၃၂ ႏွစ္သာ ရွိေသးသည္။

ဘရစ္နီ မာဖီကြယ္လြန္ျပီး ၅ လအၾကာတြင္ သူ၏ခင္ပြန္းျဖစ္သူ ဆိုင္မင္ မြန္းဂ်က္ (Simon Monjack) ကိုလည္း ထိုစံအိမ္တြင္ ေသဆံုးလ်က္ ေတြ႔ခဲ့ၾကသည္။

၎တို႔၏ တုန္လႈပ္ဖြယ္ေသဆံုးမႈမ်ားေနာက္ပိုင္း စံအိမ္ၾကီးတြင္ ထူးဆန္းေသာျဖစ္ရပ္မ်ား ဆက္လက္ျဖစ္ပြားခဲ့သည္။

ဘရစ္နီး မာဖီ၏ ဘဝႏွင့္ ရုတ္တရက္ေသဆံုးမႈတို႔အေၾကာင္းကို HBO Max ရုပ္သံလိုင္းတြင္ What Happened, Brittany Murphy? ဟူေသာအမည္ျဖင့္ documentary တစ္ခု ထုတ္လႊင့္ျပသဖူးသည္။

ဘရစ္နီး မာဖီသည္ ပရိေဘာဂအျပည့္အစံုျဖင့္ ထုိစံအိမ္ကို ၂၀၀၃ ခုႏွစ္အတြင္း ဘရစ္နီ စပီးယားစ္ထံမွ ကန္ေဒၚလာ ၃ ဒသမ ၈၅ သန္းျဖင့္ ဝယ္ယူခဲ့ေၾကာင္း အိမ္ျခံေျမမွတ္တမ္းမ်ားတြင္ ေဖာ္ျပသည္။

ဘရစ္နီ မာဖီသည္ ထိုစံအိမ္တြင္ ခင္ပြန္းျဖစ္သူ မြန္းဂ်က္ႏွင့္အတူ မကြယ္လြန္မီအထိ ေနထိုင္သြားခဲ့သည္မွာ ၆ ႏွစ္ မျပည့္ခဲ့။

ဘရစ္နီမာဖီႏွင့္ မြန္းဂ်က္တို႔သည္ ၂၀၀၇ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကျခင္း ျဖစ္သည္။

(ဘရစ္နီ မာဖီေသဆံုးမႈ)

၂၀၀၉ ခုႏွစ္၊ ဒီဇင္ဘာလ ၂၀ ရက္ မနက္ပိုင္းတြင္ ဘရစ္နီ မာဖီသည္ စံအိမ္၏ ပင္မေရခ်ဳိးခန္းအတြင္း ေသဆံုးသြားခဲ့သည္။

ဘရစ္နီ မာဖီသည္ တုပ္ေကြးေရာဂါလကၡဏာမ်ဳိး ရက္အနည္းငယ္ ခံစားေနခဲ့ရျပီးေနာက္ ထိုေန႔ မနက္ ၈ နာရီခန္႔တြင္ ေရခ်ဳိးခန္းအတြင္း လဲက်သြားခဲ့ျခင္းျဖစ္သည္။

ဘရစ္နီ မာဖီတို႔ ဇနီးေမာင္ႏွံႏွင့္အတူေနထိုင္ေသာ သူမ၏မိခင္ ရွာရြန္က 911 သုိ႔ ဖုန္းေခၚအေၾကာင္းၾကားခဲ့သည္။

ဘရစ္နီ မာဖီအား Cedars-Sinai ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ရာ ေဆးရံုေရာက္ခ်ိန္တြင္ ေသဆံုးေနျပီျဖစ္ေၾကာင္း ဆရာဝန္တို႔က ေျပာ၏။

ေလာ့စ္အိန္ဂ်လိခရိုင္ ေသမႈေသခင္းအရာရွိ Ed Winter က ေကာက္ခ်က္ဆြဲသည္ကား ဘရစ္နီ မာဖီ ေသဆံုးရျခင္းမွာ ဆရာဝန္ေသာက္ခိုင္းသည့္ေဆးႏွင့္ အလြယ္တကူ ဝယ္ယူႏိုင္သည့္ အကိုက္အခဲေပ်ာက္ေဆး၊ အဖ်ားေပ်ာက္ေဆးတို႔ကဲ့သို႔ OTC ေဆးမ်ား အဆိပ္သင့္၍ ေသြးအားနည္းျခင္းႏွင့္ မကုသဘဲထားသည့္ နမိုးနီးယားတို႔ေၾကာင့္ ေသဆံုးျခင္းျဖစ္ေၾကာင္း ေကာက္ခ်က္ခ်သည္။

သူမ၏ ခႏၶာကိုယ္အတြင္း တရားမဝင္ေဆးဝါးဓာတ္မ်ား မေတြ႔ရွိဟု ဆိုသည္။

(ခင္ပြန္းျဖစ္သူ ေသဆံုးမႈ)

၂၀၁၀ ျပည့္ႏွစ္၊ ေမလ ၂၃ ရက္ေန႔သို႔ ေရာက္ေသာအခါ သားမက္ျဖစ္သူမွာလည္း ေနအိမ္အတြင္း ေခၚမရျဖစ္ေနသည္ကို ရွာရြန္ေတြ႔ခဲ့ျပန္သည္။ ေနအိမ္သို႔ အေရးေပၚေခၚယူခဲ့ေသာ LAFD အဖြဲ႔ေရာက္လာေသာအခါ အသက္ ၄၀ အရြယ္ရွိ မြန္းဂ်က္မွာ ေသဆံုးေနျပီျဖစ္ေၾကာင္း သိရသည္။

ဇနီးျဖစ္သူ မာဖီနည္းတူ ဆိုင္မင္ မြန္းဂ်က္မွာလည္း ျပင္းထန္ေသာ နမိုးနီးယား၊ ျပင္းထန္ေသာ ေသြးအားနည္းေရာဂါတို႔ျဖင့္ ေသဆံုးခဲ့ျခင္းျဖစ္သည္ဟု ဆိုသည္။

ကနဦးခန္႔မွန္းခဲ့သည္မွာ ဘရစ္နီ မာဖီတို႔ စံုတြဲေသဆံုးခဲ့ၾကသည္မွာ ေနအိမ္အတြင္းစြဲကပ္ေနေသာ မိႈမ်ားေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ခန္႔မွန္းခဲ့ၾကသည္။ ထိုယူဆခ်က္ကို ေသမႈေသခင္းရံုးက လက္မခံေခ်။

သို႔ေသာ္ ထိုယူဆခ်က္မွန္ဖြယ္ရွိေသာ သတင္းတစ္ခုကို ဆိုင္မင္ မြန္းဂ်က္၏ မိခင္ လင္ဒါ မြန္းဂ်က္က Daily Mail သတင္းဌာနသို႔ ၂၀၁၃ ခုႏွစ္အတြင္း ေျပာျပခဲ့သည္။

၎၏ သားျဖစ္သူ မေသမီ ေနအိမ္အတြင္း မႈိမ်ား အလြန္မ်ားျပားစြာစြဲကပ္ေနေၾကာင္း ေျပာခဲ့သည္ဟု ဆိုသည္။

ဆိုင္မြန္ မေသဆံုးမီတြင္ သူ၏ အေရျပားထဲမွ အရာဝတၳဳမ်ား တိုးထြက္ေနသည္ဟု ထင္ေယာင္မွားမႈမ်ဳိး ခံစားခဲ့ရေၾကာင္း မိခင္ျဖစ္သူက Daily Mail သို႔ ေျပာျပသည္။

ဘရစ္နီ စပီးယားစ္ႏွင့္ မာဖီတို႔ႏွစ္ဦးလံုး အဆိုပါစံအိမ္သည္ တစံုတရာ မူမမွန္သည္မ်ား ရွိေနေၾကာင္း ယူဆခဲ့ၾကသည္။

(ဘရစ္တ္နီ စပီးယား ေနထိုင္ခဲ့စဥ္ကာလ)

စံအိမ္တည္ေနရာမွာ Sunset Strip ၏ ထိပ္၊ Rising Glen လမ္းတြင္ တည္ရွိသည္။

ဘရစ္နီ စပီးယား ယခုစံအိမ္တြင္ ေနထိုင္ခဲ့ခ်ိန္က ဂ်ပ္စတင္ တင္းဘားလိတ္ႏွင့္ ခ်စ္ၾကိဳက္ေနစဥ္ ကာလျဖစ္သည္။

ဘရစ္နီ စပီးယားေနထိုင္စဥ္ကာလအတြင္း ပရေလာကသားတို႔ႏွင့္ ေတြ႔ၾကံဳရမႈျဖစ္ေပၚခဲ့ရာမွတဆင့္ ယခုအိမ္ၾကီးကို စြန္႔ခြာေက်ာခိုင္းလိုက္ကာ မည္သည့္အခါမွ် ျပန္မလာခဲ့ေတာ့။

ဘရစ္နီ စပီးယားစ္၏ မိတ္ကပ္ပညာရွင္ Julianne Kaye က We Need to talk about Britney အမည္ရွိ ဗီြဒီယိုဖိုင္တစ္ခုတြင္ ေျပာခဲ့ဖူးသည္မွာ ထိုစဥ္က စပီးယားစ္က မိမိအားေခၚခဲ့ေၾကာင္း၊ မိမိ၏ သူငယ္ခ်င္းတစ္ဦးကိုလည္း စပီးယားစ္အား ဂ်ပန္ကုထံုးတစ္မ်ဳိးျဖစ္ေသာ Reiki ကုထံုး (လက္ဝါးျဖင့္ သပ္ကာ စြမ္းအင္ေပးသည့္ ကုထံုး) ျဖင့္ ကုသေပးေနသည့္အခ်ိန္ျဖစ္ေၾကာင္း၊ စပီးယားစ္သည္ ပါတီပြဲမ်ား မၾကာခဏက်င္းပေလ့ရွိသျဖင့္ အနားယူရန္လိုသည္ဟု မိမိက ယူဆေၾကာင္း၊ စပီးယားစ္က ဘုရားထံ က်ိန္ဆိုျပီး ေျပာၾကားသည္မွာ ေနအိမ္အတြင္းသို႔ မေကာင္းဆိုးရြားမ်ားဝင္လာျပီး ေလွကားမွ တြန္းခ်ရန္ ၾကိဳးစားၾကသည္ဟု ေျပာေၾကာင္း Kaye က ဗြီဒီယိုဖိုင္ထဲတြင္ ေျပာသည္။

ထိုအခ်ိိန္မွစျပီး ဘရစ္ေန စပီးယားစ္သည္ ထိုစံအိမ္မွ ထြက္လာကာ Casa Del Mar အမည္ရွိ ဟိုတယ္တြင္ သြားေရာက္တည္းခိုေနထိုင္ကာ ထိုအိမ္သို႔ လံုးဝမျပန္ေတာ့ေခ်။

“ငါရူးေနျပီလို႔ နင္ထင္လိမ့္မယ္။ ငါမရူးပါဘူး။ ငါ ..ဘာေတြေတြ႔ခဲ့ရတယ္ဆိုတာ ငါသိတယ္။ ငါဘယ္လိုခံစားခဲ့ရတယ္ဆိုတာ ငါသိပါတယ္”ဟု ဘရစ္နီ စပီးယားက ေျပာသည္။

(ဘရစ္ေန စပီးယားစ္ အခ်စ္ေရး)

ဘရစ္ေန စပီးယားစ္သည္ ျပီးခဲ့ေသာ ဇြန္လ ၉ ရက္က အီရန္လူမ်ဳိး Sam Asghari ႏွင့္ လက္ထပ္ပြဲ က်င္းပခဲ့ရာ ပဲရစ္ ဟီလ္တန္၊ ဆလီနာဂိုမက္၊ မက္ေဒါနား၊ ဒရူးဘယ္ရီမိုးတို႔အျပင္ အျခားေသာ ေဟာလိဝုဒ္ထိပ္သီး အေက်ာ္အေမာ္မ်ားစြာ တက္ေရာက္ခဲ့ၾကသည္။

(ဘရစ္နီ မာဖီက စံအိမ္ၾကီးကို မုန္းတီးခဲ့)

ဘရစ္ေန မာဖီကမူ သရဲ တေစၦမ်ား စံအိမ္အတြင္း ေတြ႔သည္ဟု ေျပာဆိုဖူးျခင္းမရွိေခ်။ သို႔ေသာ္ သူမသည္လည္း ေနအိမ္ႏွင့္ ပတ္သက္ျပီး တစံုတရာ မူမမွန္သည္ကို ခံစားသိရွိခဲ့ဖြယ္ရသည္။

ဘရစ္ေန မာဖီ ေသဆံုးျပီးေနာက္ Hollywood Reporter သတင္းဌာနက ခင္ပြန္းျဖစ္သူ ဆင္မြန္ မြန္းဂ်က္အား ေတြ႔ဆံုေမးျမန္းခဲ့ရာတြင္ ဇနီးျဖစ္သူက ယခုစံအိမ္ၾကီးအား မည္သို႔ျဖစ္ေစ ေက်ာခိုင္းရန္ ၾကိဳးစားခဲ့သည္ဟု ဆိုသည္။

“သူက ဒီ Rising Glen အိမ္ၾကီးကို လံုးဝမုန္းတာ။ အိမ္ျပန္တဲ့အခ်ိန္တိုင္း ကၽြန္ေတာ့္ဇနီး အျမဲေျပာေလ့ရွိတာက ကိုေရ…Beverly Hills ဟိုတယ္မွာပဲ ေနၾကရေအာင္ေနာ္လို႔ အျမဲေျပာတယ္။ ကၽြန္ေတာ္ျပန္ေျပာတတ္တာက ခ်စ္ေရ…လက္ေတြ႔ဆန္ရမယ္ေလ။ တို႔မွာ စတုရန္းေပ ၁၀၀၀၀ က်ယ္တဲ့ တို႔အိမ္ၾကီး ရွိိတယ္ေလ။ အဲဒီမွာ ငါတို႔ ေနရမွာေပါ့ ”ဟု ဆိုင္မင္ မြန္းဂ်က္က ေျပာသည္။

ဘရစ္နီ မာဖီသည္ သူေသဆံုးခဲ့ရာ ေရခ်ဳိးခန္းအတြင္း အခ်ိန္ၾကာျမင့္စြာ ေနထိုင္ေလ့ရွိေၾကာင္း၊ ထိုေနရာတြင္ မဂၢဇင္းမ်ားဖတ္ျခင္း၊ သီခ်င္းဆိုျခင္း၊ ကဗ်ာေရးျခင္းမ်ား ျပဳလုပ္ေလ့ရွိသည္ဟု ခင္ပြန္းျဖစ္သူက ေျပာသည္။

(စံအိမ္ၾကီး၏ ေနာက္ဆံုးအေျခအေနမ်ား)

ဘရစ္နီ မာဖီႏွင့္ ဆိုင္မင္ မြန္းဂ်က္တို႔ စံုတြဲ ဆန္းၾကယ္စြာ ေရွ႕ဆင့္ေနာက္ဆင့္ ေသဆံုးသြားခဲ့ၾကျပီးေနာက္ စံအိမ္ၾကီးမွာ အၾကိမ္ေရမ်ားစြာ လက္ေျပာင္းလက္လႊဲျဖစ္ခဲ့သည္။

အိမ္ျခံေျမမွတ္တမ္းမ်ားအရ ရွာရြန္က ဝယ္လက္ရွာမရေသာေၾကာင့္ ၂၀၁၁ ခုႏွစ္တြင္ မ်ားစြာအရံႈးခံကာ ကန္ေဒၚလာ ၂ ဒသမ ၇ သန္းျဖင့္ ေရာင္းခ်ခဲ့သည္။

၂၀၁၃ ခုႏွစ္တြင္ စံအိမ္ၾကီးကို ဖ်က္သိမ္းကာ အိမ္ျခံေျမ developer တို႔က က်ယ္ေျပာေသာ ေခတ္ျပိဳင္အေဆာက္အအံုတစ္ခုအျဖစ္ ေဆာက္လုပ္ခဲ့ၾကသည္။

ထို႔ေနာက္ ၂၀၁၇ ခုႏွစ္တြင္ ကန္ေဒၚလာ ၁၄ ဒသမ ၅၃ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ရာ ထိုအခ်ိန္တြင္ စံအိမ္မွာ ဘရစ္နီ စပီးယားစ္ေနထိုင္ခဲ့စဥ္ႏွင့္ ပံုသ႑ာန္မတူေတာ့ေခ်။

ေနာက္ဆံုးအေရာင္းအဝယ္ျဖစ္ခဲ့သည္မွာ ၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလအတြင္းကျဖစ္ျပီး ကန္ေဒၚလာ ၁၁ ဒသမ ၅၉ သန္းျဖင့္ ေရာင္းဝယ္ခဲ့ျခင္း ျဖစ္သည္။

စံအိမ္သစ္၏ အက်ယ္အဝန္းမွာ စတုရန္းေပ ၉၄၀၀ ရွိျပီး အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၈ ခန္းပါသည္။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The Dark History Behind Brittany Murphy's Home — Plus, What Happened to It After She Died There (people)

 

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ...
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ပြည်တွင်းအခေါက်ရွှေဈေး တစ်ကျပ်သား လျှင် (၄၇) သိန်း ဝန်းကျင်ဖြင့် ဈေးကွက်ပိတ်
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
ထိုင်းနိုင်ငံ၏ ဆောင်ကရန်ပွဲတော်ကို ယူနက်စကိုက ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ပွဲတော်အဖြစ် သတ်မှတ်ခံရမှုအား အောင်ပွဲခံသည့်အနေဖြင့် ယခုန...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
မူကက်ရှ်အမ်ဘာနီ၏ သမီး အီရှာအမ်ဘာနီက လော့စ်အိန်ဂျလိစံအိမ်ကို ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့ စုံတွဲထံ ကန်ဒေါ်လာ (၆၁) သန်းဖြင့် ရောင်းချ...
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
သင်္ကြန်ကာလ ရထားလက်မှတ် လက်ကျန်မရှိ အကုန်ရောင်းပြီး
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
နယ်စပ်ကုန်သွယ်မှုရပ်တန့်နေခြင်းကြောင့် ဆောက်လုပ်ရေးကုန်စည်အချို့ ပစ္စည်းရှားလာ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက် ၃၁ နှစ်အရွယ် သြစထရီးယားနိုင်ငံသား မာ့ခ် မိတ်စကစ်ဇ်မှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၃၉ ဒသမ ၆ ဘီလီယံဖ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
အခြေချ နေထိုင်ခွင့်ရရှိရေး လျှောက်ထားရန် အလွယ်ကူဆုံး (၅) နိုင်ငံ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
မျက်လုံးနဲ့ကြည့်ရုံတင် ကြောက်မက်ဖွယ်ရာ ငလျင်လှုပ်ခတ်မှုအများဆုံး ဂျပန်နိုင်ငံ၏ ရိုလာကိုစတာ တံတား
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အမေရိကန်တွင် ၁၉၉၁ ခုနှစ်က ဝယ်ထားခဲ့သော မြေကွက်သို့ သွားရောက်ကြည့်ရှုသော ဆရာဝန်မှာ သူ၏ မြေကွက်တွင် ဒေါ်လာ ၁ ဒသမ ၅ သန်းတန်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အခေါက်ရွှေဈေး တစ်ကျပ်သားလျှင် (၄၄) သိန်း ဖြင့်စံချိန်တင်မြင့်တက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အမေရိကန်တွင် လူဦးရေ ၃၀၀၀ သာရှိသော တိတ်ဆိတ်သည့်မြို့ကလေးတွင် ထီစုထိုးသောအုပ်စု ကန်ဒေါ်လာ သန်း ၁၅၇၀ Jackpot ဆုကြီး ထီပေါက်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
မြို့နယ် (၅) ခုအတွက် ရေဂါလံ ၂ သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောင်မှုပြီးစီး
bkk-projects
kalaw-garden-valley

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service