အဝတ်ဟောင်းတွေသုံးပြီး တမူထူးခြားစွာ ဖန်တီးလို့ရတဲ့ အိမ်တွင်းသုံး ပစ္စည်း (၆) မျိုး

အဝတ်ဟောင်းတွေသုံးပြီး တမူထူးခြားစွာ ဖန်တီးလို့ရတဲ့ အိမ်တွင်းသုံး ပစ္စည်း (၆) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
15 Mar 2025 12:24 pm တွင် တင်ခဲ့သည်
465 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အပူပိုင်းရာသီဥတုဖြစ်တဲ့ မြန်မာနိုင်ငံမှာ ချည်ထည်ပိုးထည်တွေက ဝတ်ဆင်ရတာပေါ့ပါးလွတ်လပ်သလို ရာသီဥတုနဲ့လည်း ကိုက်ညီမှုရှိတာကြောင့် လူကြိုက်များတဲ့အဝတ်အထည်တစ်မျိုးဖြစ်ပါတယ်။ အခုလို သူတို့ရဲ့ အသုံးဝင်မှုတွေအပြင် အဝတ်အထည်ဟောင်းတွေ၊ ချည်ထည်ပိုးထည်ဟောင်းတွေကိုသုံးပြီး တမူထူးခြားတဲ့ အိမ်တွင်းအလှဆင်တဲ့ပုံစံလေးတွေကို ပြုလုပ်နိုင်ပါသေးတယ်။ အဝတ်အထည်ဟောင်းတွေကို အသုံးပြုပြီး အိမ်တွင်းအလှဆင်ခြင်းက ပတ်ဝန်းကျင်ကိုထိန်းသိမ်းရာရောက်သလို ကိုယ်ပိုင်လက်ရာနဲ့ အလှဆင် ပြင်ဆင်မှုတွေကို လုပ်ဆောင်နိုင်ပါသေးတယ်။ ဒီနေ့အကြောင်းအရာလေးမှာတော့ အဝတ်အထည်ဟောင်းတွေကို သုံးပြီး တစ်မူထူးခြားတဲ့ DIY အိမ်အလှဆင်အိုင်ဒီယာလေး (၆)ခုအကြောင်းလေ့လာရမှာ ဖြစ်ပါတယ်။

အလှပန်းအိုး

အလှပန်းအိုးတွေဆိုတာ အိမ်ရဲ့ဘယ်နေရာမှာမဆိုထားလို့ရပြီး နေရာအများကြီးမယူတဲ့ အလှဆင်ပစ္စည်းတစ်ခုပဲ ဖြစ်ပါတယ်။

အကယ်၍ ကိုယ့်ဆီမှာ အထည်ဟောင်းတွေနဲ့ ပန်းအိုးတွေရှိမယ်ဆိုရင် အဲ့တာတွေကို သုံးပြီး အိမ်ကိုအလှဆင်ပေးနိုင်မယ့် အလှပန်းအိုးတစ်ခုကို လွယ်လွယ်ကူကူပဲ ဖန်တီးနိုင်ပါတယ်။ အထည်ဟောင်းတစ်ခုကို အစိတ်အပိုင်း သေးသေးလေးတွေဖြစ်အောင် ညှပ်ပစ်လိုက်ပြီး ညှပ်ထားတဲ့ အပိုင်းအစတွေကို အတူ ရောမွှေပစ်လိုက်ပါ။ ညှပ်ထားတဲ့အစိတ်အပိုင်းတွေကို ကော်သုံးပြီး ပန်းအိုးပေါ်မှာ တစ်ခုပြီးတစ်ခု သေချာလိုက်ကပ်ပေးပြီး ခြောက်သွားအောင် အချိန်ခဏစောင့်ပေးပါ။

 

ပန်းအိုးပေါ်မှာကပ်ထားတဲ့ အပိုင်းအစလေးတွေ ခြောက်သွားပြီဆိုရင်တော့ အရောင်အသွးစုံလင်တဲ့ပန်းအိုးလေးထဲကို ပန်းလေးတွေထိုးပြီး အိမ်ရဲ့တစ်နေရာရာမှာ အလှဆင်လို့ရပါပြီ။ နောက်တစ်နည်းကတော့ ကိုယ့်ဆီမှာ အကြည်ရောင် ဖန်ပန်းအိုး ဒါမှမဟုတ် အရောင်မဆိုးထားတဲ့ ပန်းထိုးတဲ့အိုးတွေရှိမယ်ဆိုရင် အထည်ဟောင်းတချို့နဲ့ ရစ်ပတ်အလှဆင်ပေးပြီး အမြင်ဆန်းဆန်းလေးဖြစ်စေနိုင်တဲ့ အလှဆင်ပန်းအိုးတွေအဖြစ် ပြောင်းလဲနိုင်ပါ သေးတယ်။

 

နံရံကပ် ပန်းချီ

အဝတ်အထည်ဟောင်းတွေကိုသုံးပြီး နောက်ထပ်ဖန်တီးလို့ရတဲ့ အရာကတော့ နံရံကပ် ပန်းချီတွေပဲဖြစ်ပါတယ်။

နံရံကပ်ပန်းချီတွေက ကိုယ်ပိုင်ဒီဇိုင်းဖန်တီးပြီး အိမ်ကိုအလှဆင်နိုင်သလို အဝတ်အထည်ဟောင်းတွေလို အသုံးမလိုတော့တဲ့စွန့်ပစ်ပစ္စည်းတွေကိုပါ တစ်ချိန်တည်းမှာပဲ လျော့ချပေးနိုင်တာမျိုးကို လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။

ဥပမာပြောရမယ်ဆိုရင် အဝတ်အထည်ဟောင်းတွေကိုသုံးပြီး ကိုယ့်စိတ်ကြိုက် အလှဆင်ထားတဲ့ နံရံကပ် ပန်းချီ တစ်ခုကိုဖန်တီးနိုင်ပါတယ်။ မတူညီတဲ့ အစိတ်အပိုင်းတွေအဖြစ် အထည်စတွေကိုညှပ်လိုက်ပြီးတော့ ပန်းချီဘောင်ထဲမှာ (သို့) အောက်ခံဘောင်ပေါ်မှာနေရာချထားလိုက်ပါ။ အဝတ်ကပ်တဲ့ကော် (သို့) double tape တွေကိုသုံးပြီး အပိုင်းအစတွေကို နေရာတစ်ကျဖြစ်အောင်လုပ်လိုက်ပြီး လှပတဲ့ နံရံကပ် ပန်းချီတစ်ခုဖန်တီးနိုင်ပါတယ်။

 

အလှဆင် ကြိုးတန်း

ရောင်စုံပိတ်စများကိုသုံးပြီး အလှဆင်ခြင်းက အိပ်ခန်း၊ အိမ်ရှေ့ဧည့်ခန်း၊ ထမင်းစားတဲ့နေရာ ဒါမှမဟုတ် ဝရန်တာလိုနေရာမျိုးတွေ အပါအဝင် အိမ်ရဲ့ ဘယ်နေရာမှာမဆို သင့်တော်သလိုအလှဆင်နိုင်တဲ့ နောက်ထပ် အိမ်တွင်းအလှဆင်ခြင်း နည်းလမ်းတစ်ခုဖြစ်ပါတယ်။

ပိတ်စတွေကို သုံးထောင့်ချွန်ပုံစံလေးတွေရအောင် ညှပ်ပစ်လိုက်ပြီး အရာင်လှတဲ့ကြိုးပေါ်မှာ တစ်ခုခြင်းလိုက်ပြီး ချိတ်ဆွဲထားလိုက်ပါ။ ပြီးရင်တော့ ပိတ်စတွေနဲ့ အလှဆင်ထားတဲ့ ကြိုးကို ကိုယ်အလှဆင်ချင်တဲ့နေရာရဲ့ နံရံမှာ ချိတ်ဆွဲထားနိုင်ပါတယ်။

 

 

ခြုံထည်စောင်

အထည်စတွေစုပေါင်းချုပ်ထားတဲ့ စောင်တွေဆိုတာ အထည်ဟောင်းတွေကို ပြန်လည်အသုံးချပြီး အလှဆင်နိုင်တဲ့ အကောင်းစားနည်းလမ်းတစ်ခုဖြစ်သလို အိမ်အတွက်လည်း တမူထူးခြားတဲ့ပုံစံကို ပုံဖော်ပေးနိုင်ပါတယ်။

အထည်စတွေစုပေါင်းချုပ်ထားတဲ့စောင်ကို ပြုလုပ်မယ်ဆိုရင် အထည်ဟောင်းတွေကို ပုံစံမတူတဲ့ အရွယ်အစားတွေရအောင် ညှပ်ပစ်လိုက်ပြီးတော့ ညှပ်စတွေကို စောင်တစ်ခုဖန်တီးနိုင်တဲ့အထိ ကြီးတဲ့ အရွယ်အစားရတဲ့အထိ စပ်ပြီး ချုပ်ပေးရမှာဖြစ်ပါတယ်။

ဒီလိုမျိုးစောင်တစ်ခုဖန်တီးဖို့အတွက် ဘယ်လို အထည်အမျိုးအစားကိုမဆိုသုံးနိုင်သလို အထူးသဖြင့် အထည်ဟောင်းတွေနဲ့ အထည်တွေချုပ်လို့ပိုနေတဲ့ ပိတ်စအပိုင်းတွေကို သုံးနိုင်ရင်တော့ အသင့်တော်ဆုံးဖြစ်ပါတယ်။ ပိတ်စတွေကို စပ်ပြီးချုပ်လုပ်ပြီးသွားတဲ့အခါမှာတော့ လက် (ဒါမှမဟုတ်) စက်ကိုသုံးပြီးစောင်ဖြစ်အောင် အနားတွေလိုက်ကပ် ချုပ်ပေးနိုင်ပါတယ်။ ပြီးသွားရင်တော့ အရောင်သွေးစုံလင်လှတဲ့ ခြုံထည်စောင်ကြီးတစ်ခုရရှိနိုင်ပြီ ဖြစ်ပါတယ်။

 

ပန်းစိုက်အိုး

DIY နည်းလမ်းသုံးပြီးအလှဆင်ထားတဲ့ ပန်းစိုက်အိုးတွေက မျက်စိပဒါနဖြစ်စေတဲ့ အိမ်မှာအလှဆင်လို့ရတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ အရောင်အသွေးစုံလင်လှတဲ့ အထည်ဟောင်းတွေသုံးပြီး အိုးကိုအလှဆင်နိုင်သလို နောက်တစ်မျိုးအနေနဲ့ အထည်ဟောင်းတွေကိုသုံးပြီးတော့ ပန်းစိုက်အိုးတစ်လုံးကိုလည်းဖန်တီးနိုင်တာ ဖြစ်ပါတယ်။ ရိုးရိုးလေး အိုးကိုအလှဆင်မယ်ဆိုရင်တော့ အရောင်အသွေးစုံလင်တဲ့ ပိတ်စကို ပန်းအိုးပတ်ပတ်လည်မှာ ပတ်ပြီးအလှဆင်ပေးနိုင်ပါတယ်။

 

နောက်တစ်မျိုးအနေနဲ့ အထည်ဟောင်းတွေကိုသုံးပြီးတော့ ပန်းအိုးတစ်ခုကို ဖန်တီးနိုင်ပါတယ်။ အိုးတစ်ခုပြုလုပ်နိုင်လောက်တဲ့အထိ လုံလောက်တဲ့အစိတ်အပိုင်းလေးတွေရအောင် အထည်ကို လေးထောင့်ပုံစံအပိုင်းလေးတွေ ညှပ်ပေးပြီး ဘိလပ်မြေကို အချိုးအစားမှန်မှန်လေးဖြစ်အောင် ဖျော်ပေးပါ။ အောက်ခံတစ်ခုအနေနဲ့ ပလက်စတစ်ခွက်တစ်ခု (သို့) ကတ်ထူဘူးတစ်ခုကိုသုံးပေးပါ။

 

ညှပ်ထားတဲ့ အဝတ်စအပိုင်းအစတွေကို ဖျော်ထားတဲ့ ဘိလပ်မြေထဲထည့်နယ်ပြီး အောက်ခံဘူးပေါ်မှာအစီအရီထပ်ပေးကာ မျက်နှာပြင်ညီညာအောင်အချောသတ်ပေးပြီး အခြောက်ခံလိုက်ပါ။

 

ဘိလပ်မြေတွေလုံဝခြောက်သွားပြီဆိုရင်တော့ ကိုယ်တိုင်ဖန်တီးထားတဲ့ အိုးအသစ်လေးရဲ့ အလယ်မှာရှိတဲ့ အောက်ခံဖြစ်သုံးထားတဲ့ ဘူးခွံကိုဖယ်လိုက်ပြီး လှပတဲ့ပန်းစိုက်အိုးလေးတစ်ခု ရရှိသွားပြီဖြစ်ပါတယ်။

 

လက်ဆောင်အိတ်များ

ကိုယ်ကိုယ်တိုင် စိတ်ကြိုက်ဖန်တီးထားတဲ့ လက်ဆောင်အိတ်တွေက အသုံးပြုလို့လည်းရသလို အိမ်တွေမှာ အလှဆင်ပစ္စည်းများအဖြစ်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

 

 

မိတ်ကပ်ပစ္စည်းထည့်တဲ့အိတ်၊ အမိုက်စားလက်ပ်တော့ ထည့်တဲ့အိတ်၊ ခေတ်မီတဲ့ ရေပုံး ပုံစံအိတ်၊ ကြိုးအိတ်၊ goody bag နဲ့ tote bag လိုမျိုး ကိုယ့်စိတ်ကြိုက် အိတ်အမျိုးအစားအမျိုးမျိုးကို ဖန်တီးနိုင်ပါတယ်။ မွေးနေ့လိုမျိုး နေ့ထူးနေ့မြတ်တွေအတွက် အကိုက်ညီဆုံးဖြစ်အောင် ဖန်တီးပြီး ကိုယ်ချစ်ရတဲ့သူတွေကို လေးနက်တဲ့လက်ဆောင်တွေအနေနဲ့ အလှဆင်ပြီး ပေးနိုင်ပါသေးတယ်။

အပေါ်မှာဖော်ပြသွားသလိုမျိုး DIY နည်းလမ်းတွေကိုသုံးပြီး အိမ်ကိုအလှဆင်ခြင်းက အချိန်မယူသလို အများကြီး အားစိုက်ထုတ်စရာမလိုတဲ့အတွက်ကြောင့် ကုန်ကျစရိတ် သက်သက်သာသာနဲ့ လုပ်ကြည့်နိုင်ပါတယ်။ အထည်ဟောင်းတွေကိုပြန်လည်အသုံးပြုခြင်းက စွန့်ပစ်ပစ္စည်းတွေကို လျော့ချပေးနိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်သလို ဖန်တီးနိုင်စွမ်းတွေကိုလည်း မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ နောက်တစ်ခုအနေနဲ့ အိမ်ကိုအလှဆင်တဲ့အခါမှာ ကိုယ်ပိုင်ဒီဇိုင်းတွေဖန်တီးနိုင်လို့ ပျော်ဖို့လည်းကောင်းပါတယ်။

ဒါကြောင့် အခုဘဲ ကိုယ့်ရဲ့ဘီရိုကိုဖွင့်လိုက်ပြီးတော့ ဘာတွေလုပ်လို့ရမလဲဆိုတာကို ကြည့်လိုက်ရအောင်။ မိတ်ဆွေအနေနဲ့ အဝတ်ဟောင်းတွေ၊ တာဝါတွေနဲ့ အခြား အဝတ်အထည်တွေကိုသုံးပြီးတော့ မတူညီတဲ့ DIY နည်းလမ်းတွေကို အများကြီးဖန်တီးလို့ရတယ်ဆိုတာ အံ့သြမိမှာ အသေအချာပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
စွန့်ပစ်ကျောက်မိုင်းထဲက အနုပညာပြခန်း
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
‌အိမ်ခြံမြေဥပဒေဆိုင်ရာ အမေးအဖြေများ
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် ကော်မရှင်နာ ခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
စုပေါင်းပိုင်အ‌ဆောက်အအုံတွင် လိုက်နာသိရှိသင့်သည့်အချက်အလက်များ
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
အညစ်ကြေးနဲ့ ပိုးမွှားများရန်မှ ကင်းဝေစေမယ့် သီးနှံများဆေးကြောနည်း
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
စိတ်ဝင်စားဖွယ် ဆဌဂံမြို့ကလေး
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ
နေရာမယူ၊ ခြံဝင်းလေးကို အလှဆင်ပေးမယ့် နွယ်သီးပင်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ - ၉ နှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အိပ်ရေးဝဝ မအိပ်ပါက ဦးနှောက်မှာ ၎င်းဘာသာ ပြန်စားပစ်ကြောင်း လေ့လာတွေ့ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
Magical World
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service