ဗဟုသုတ | Posted by ရွှေစင်ဝင်း
အိမ်နံပါတ်သည် အလွန်အရေးကြီး၏။ နပိုလီယန်သည် အိမ်နံပါတ်တို့ သတ်မှတ်ပုံကို အလေးအနက်သုံးသပ်ကာ လမ်းတစ်ဖက်တစ်ချက်စီတွင် စုံဂဏန်း နှင့် မဂဏန်းသီးခြားစီသတ်မှတ်ရန် အမိန့် ထုတ်ခဲ့သည်။
အခြားကမ္ဘာ့နိုင်ငံများကလည်း အဆိုပါ အိမ်နံပါတ်သတ်မှတ်မှုကို သဘောတွေ့ကာ လက်ခံသုံးစွဲခဲ့ကြသည်။
အိမ်နံပါတ်သည် လူတို့စိတ်နှလုံးချမ်းမြေ့စေရန်၊ သောကရတက်ပွေစေရန် လွှမ်းမိုးနိုင်စွမ်းရှိ၏။
သင်နှင့်တကွ အဆိုပါနေအိမ်တွင် နေထိုင်သူအားလုံးအပေါ် အိမ်နံပါတ်သည် မည်သို့သက်ရောက်မှုရှိသည်ဆိုခြင်းကို သိလိုကြမည်သာ ဖြစ်သည်။
နေအိမ်တည်ရှိရာ လမ်းနံပါတ်၊ ရပ်ကွက်နံပါတ် အစရှိသည်တို့သည် သင်နှင့် သက်ဆိုင်ပါ၏။ သို့ရာတွင် တိုက်ရိုက်ဆက်စပ်မှု မရှိ၊ အိမ်နံပါတ်သည်သာ သင်၏ သီးသန့်ဖြစ်၏။ ကိုယ်ပိုင်ဖြစ်၏။ သက်ဆိုင်၏။ နေအိမ်နံပါတ်နှင့် သင်၏ ကံကြမ္မာကို ဆန်းစစ်ကြည့်မည်ဆိုပါက အောက်ပါအတိုင်း တွက်ချက်ပါလေ။
ရှေးဦးစွာ အိမ်နံပါတ်အပြည့်အစုံကို ချရေးပါ။ ထို့နောက် တစ်လုံးတည်းရအောင် ပေါင်းပါ။
ဥပမာအားဖြင့် သင်သည် ဗိုလ်ချုပ်လမ်းပေါ်ရှိ အိမ်နံပါတ် (၂၃၈)တွင် နေထိုင်သည်ဆိုပါစို့။ ထိုဂဏန်းကို တစ်လုံး တည်းရအောင်ပေါင်းပါ။
၂+၃+၈=၁၃ အဆိုပါဂဏန်းကို တစ်လုံးတည်းရ အောင် ထပ်ပေါင်းပါ။ ၁+၃=၄ ထို့ကြောင့် ဗိုလ်ချုပ်လမ်း၊ အိမ်နံပါတ် (၂၃၈)တွင် နေထိုင်သောသင်သည် ဗေဒင် အရ အိမ်နံပါတ် ၄ တွင် နေထိုင်သူဟု အဟောထွက်မည်ဖြစ်သည်။ လမ်းနာမည် နှင့် နံပါတ်တို့သည် လွှမ်းမိုးမှုတစ်ခုဖြစ်သော်လည်း ထည့်သွင်းတွက်ချက်ရန် မလိုအပ်။
အရေးကြီးသည်မှာ သင်နှင့် တိုက်ရိုက် သက်ဆိုင်သော နံပါတ်သာ ဖြစ်သည်။
အကယ်၍ သင်သည် တိုက်ခန်းတစ်ခန်းတွင် နေထိုင်သည်ဆိုပါက သင်နှင့် သက်ဆိုင်သည်မှာ တိုက်ခန်းနံပါတ်ဖြစ်၏။ တိုက်နံပါတ်၊ အဆောက်အအုံနံပါတ်မဟုတ်။
ဥပမာအားဖြင့် သင်သည် ဦးဝိစာရ လမ်း၊ တိုက် ၃၊ အခန်း ၁၈ တွင် နေထိုင် သည်ဆိုပါက အခန်းနံပါတ် (၁၈)ကိုသာ တွက်ချက်ရမည်ဖြစ်သည်။ ၁၈ ကို တစ်လုံးတည်ဖြစ်အောင် ပေါင်းပါ။ ၁+၈=၉
ထို့ကြောင့် သင့်အခန်း၏ ကံကြမ္မာနံပါတ်မှာ ၉ ဖြစ်သည်။
အက္ခရာများတွင်လည်း သင်္ချာတန်ဖိုး ရှိ၏။ အက္ခရာပါ ပါက ထည့်သွင်းတွက်ချက် ရမည်။ ဥပမာအားဖြင့် သင်သည် အခန်း ၁၈/ဘီတွင် နေထိုင်သည်ဆိုပါစို့။ ဘီ၏ သင်္ချာကိန်းမှာ ၂ ဖြစ်၏။
ထို့ကြောင့် ၁+၈= ၉/၉+၂=၁၁ ထို့ကြောင့် ၁၈/ဘီ၏ ကံကြမ္မာဂဏန်း မှာ ၁၁ ဖြစ်သည်။
(အက္ခရာတို့၏ တန်ဖိုးများ)
၁ = A J S ၂ = B K T ၃ = C L U ၄ = D M V ၅ = E N W ၆ = F O X ၇ = G P Y ၈ = H Q Z ၉ = I R
(ကံကြမ္မာကိန်းပြောင်းလဲခြင်း)
အကယ်၍ သင်၏ ဗေဒင်အရ တွက်ချက်ရရှိသော ကံကြမ္မာနံပါတ်ကို မကြိုက် ပါက အခြားဂဏန်းတစ်ခုကို သင့်အိမ် တံခါးနောက်တွင် ရေးသားထားခြင်းအား ဖြင့် သင်အလိုရှိသော ကံကြမ္မာနံပါတ်ကို ရယူနိုင်သည်။
ဥပမာအားဖြင့် အိမ်နံပါတ် ၅ တွင် နေထိုင်သောသင်သည် ၈ ဂဏန်း၏ အကျိုးသက်ရောက်မှုများကို ရလိုသည်ဆိုပါက အိမ်တံခါးအတွင်းဘက်မျက်နှာစာတွင် နံပါတ် ၃ ကို ရေးသားပါ။
ထိုအခါ သင်သည် ကံကြမ္မာ်နံပါတ် ၈ ရှိသောနေအိမ်တွင် နေထိုင်သူဖြစ်လာမည်ဖြစ်သည်။
(ဟောကိန်းများ)
အမှီခိုကင်းမှု၊ စိတ်ကူးရည်မှန်းချက်ရှိမှု၊ ဦးဆောင်နိုင်မှု တို့ကို မြှင့်တင်ပေးသည်။ သင်သည် ကိုယ် ပိုင်လုပ်ငန်းလုပ်ကိုင်သူဖြစ်ပါက အဆိုပါ နေအိမ်တွင် နေထိုင်ခြင်းအားဖြင့် အံ့အားသင့်ဖွယ် အကျိုးများရရှိမည်ဖြစ်သည်။
ဤအိမ်တွင် နေထိုင်ခြင်းသည် သင့်အတွက် ဆုံးဖြတ်ချက် ခိုင်မာမှန်ကန်စေခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုရစေခြင်းများ ရရှိ နိုင်သည်။ စိန်ခေါ်မှု - ကံကြမ္မာဂဏန်း ၁ နေအိမ်တွင် နေထိုင်သူတို့၌ အမှီအခိုကင်းလွန်းမှုအဖြစ်များနှင့် တွေ့ကြုံရနိုင်သည်။
အလုပ်အလွန်များပြားပြီး ကူညီမည့်သူမရှိသည့် အဖြစ်မျိုးနှင့် ရင်ဆိုင်ရတတ်သည်။ ယင်းဆိုးကျိုးကို ချိန်ညှိနိုင်ရန်အတွက် တံခါးအတွင်းဘက်တွင် ဂဏန်းတစ်လုံး လုံးရေးသားကာ မိမိလိုလားသော ကံကြမ္မာကို ပြောင်းလဲနိုင်သည်။
အထူးသဖြင့် စုံဂဏန်းပေါင်းလဒ်ရရန် ပြောင်းလဲရမည်ဖြစ်သည်။ စုံဂဏန်းတို့သည် ၂ ဖြင့် စားလျှင် ပြတ်သည်။ အဆိုပါ ဂဏန်းတို့သည် ဝေမျှခံစားမှု၊ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးသည်။
ကံကြမ္မာဂဏန်း ၂ ရရှိသော နေအိမ် တို့သည် မေတ္တာတရားကို ဖော်ညွှန်းသည်။ အလည်အပတ် လာသူတို့သည် နွေးထွေး မှုနှင့် မေတ္တာတရားတို့ကို အမြဲခံစားကြရ မည်ဖြစ်သည်။
၂ ဂဏန်း၏ စွမ်းအားမှာ စိတ်ခံစား လွယ်မှုဖြစ်ခြင်းကြောင့် မိတ်ဆွေများကို ခင်မင်တွယ်တာသူများအတွက် နေရာကောင်း တစ်ခုဖြစ်သည်။ လုပ်ငန်းတာဝန်များကို အတူလက်တွဲ လုပ်ကိုင်လိုသော ဇနီးမောင်နှံများအတွက် အကောင်းဆုံးနေအိမ်ဖြစ်သည်။
စိန်ခေါ်မှု - ၂ ဂဏန်းသည် စိတ်ခံစားမှု ပြင်းထန်ခြင်းကို ကိုယ်စားပြုရာ တစ်ခါတစ်ရံတွင် စိတ်ခံစားမှုလွန်ကဲခြင်း များ ဖြစ်နိုင်သည်။ ဤအိမ်တွင် နေမည် ဆိုလျှင် အိမ်ပြင်ထွက်ကာ ကိုယ်လက်လှုပ် ရှားမှုများ ပြုလုပ်သင့်၏ နေအိမ်တွင် နေထိုင်သူတို့နှင့် အပေးအယူမမျှခြင်းများ ကြုံရတတ်သည်။
ကံကြမ္မာဂဏန်း ၃ ရရှိသောနေအိမ် တွင် နေထိုင်သူတို့သည် ပျော်ရွှင်မှု၊ အကောင်းမြင်နိုင်စွမ်းရှိမှုတို့ ရမည်မှာ အသေအချာ ဖြစ်သည်။
ဤနေအိမ်တွင် လူမှုရေးဆိုင်ရာ အခမ်းအနား၊ ပွဲလမ်းများ ပြုလုပ်ရန် အလွန်ကောင်းမွန်သည်။ ဖန်တီးနိုင်စွမ်း မြင့်မားမှုကို ကိုယ်စားပြုရာ မိသားစု ဘ၀တစ်ခုကို စတင်ရန် (သို့မဟုတ်) အနုပညာဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် အလွန်ကောင်းမွန်သည်။
အနုပညာရှင်များ၊ အဆိုတော်များနှင့် ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းလိုသူတို့ အတွက် အလွန်သင့်လျော်သည်။
စိန်ခေါ်မှုများ - အာရုံမစူးစိုက်နိုင် ခြင်း၊ ငွေအသုံးအစွဲများခြင်းများ ကြုံရ တတ်သည်။ လက်တွေ့ကျသော အကြောင်း ရပ်များကို အာရုံထားရန်အတွက် အချိန် ယူဖို့ လိုအပ်သည်။ မိမိကိုယ်ကို သံသယ ဖြစ်ခြင်းများ ဖြစ်ပေါ်တတ်သဖြင့် မိမိ၏ အားသာချက်များကို အမြဲတွေးတောနေရန် လိုသည်။
ကံကြမ္မာဂဏန်း ၄ သည် အားလုံးထဲတွင် လက်တွေ့အကျဆုံး စွမ်းအားများရှိ ပြီး ကမ္ဘာမြေကြီး၊ အိမ်ခြံမြေနှင့် ရုပ်ဝတ္ထု ပစ္စည်းများကို ကိုယ်စားပြုသည်။
ဤအိမ်တွင် နေထိုင်သူတို့သည် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်း၊ အိမ်ခြံမြေ ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ခြင်းများ ပြုလုပ်ရန် အလွန်သင့်လျော်သည်။
စည်းမျဉ်း၊ တာဝန်နှင့် ဖွဲ့စည်းပုံတို့ ကိုလည်း ကိုယ်စားပြုသည့် ဂဏန်းဖြစ်ရာ စီးပွားရေးလုပ်ငန်းအောင်မြင်လိုသူတို့အတွက် အလွန်သင့်လျော်သော နေအိမ် ဖြစ်သည်။
စိန်ခေါ်မှုများ-၄ ဂဏန်းသည် ဂဏန်း အားလုံးထဲတွင် နှေးကွေးမှုအရှိဆုံးဖြစ် ခြင်းဟု ဆိုရာ စွန့်စားမှုများ၊ စိတ်လှုပ်ရှားမှုများ၊ တီထွင်ဆန်းသစ်မှုများကို ဤနေအိမ်တွင် တွေ့ကြုံရမည် မဟုတ်ချေ။
အလုပ်လုပ်ရာတွင် စိတ်ခံစားမှုနှင့် လက်တွေ့ကျမှုတို့အကြား ချိန်ညှိနိုင်ရန် လိုသည်။
သင်သည် မိတ်ဆွေများနှင့် ဖက်လဲတကင်းနေထိုင်တတ်သူဖြစ်ပါက ဤအိမ်မှာ နေရာကောင်းဖြစ်သည်။ နံပါတ်ငါးသည် ပါတီပွဲများကို ကိုယ်စားပြု၏။
၅ ဂဏန်းသည် ဂဏန်းအားလုံးတွင် ပျော်ရွှင်မှုကို ကိုယ်စားအပြုဆုံးဖြစ်ရာ မိတ်ဆွေများကို ချစ်ခင်တွယ်တာပြီး ဧည့်ထောက်ခံခြင်းကို နှစ်သက်ပျော်ရွှင်သူ များအတွက် အလွန်သင့်လျော်လှသည်။
စိတ်လှုပ်ရှားမှု၊ စွန့်စားမှုများကို နှစ်ခြိုက်ပါက ဤအိမ်မှာ နေရာကောင်းဖြစ်သည်။ ခရီးသွားဝါသနာပါသူများ၊ မိတ်ဆွေသစ်များစွာရလိုသူများအတွက် နေရာ အစစ်အမှန်ဖြစ်သည်။
စိန်ခေါ်မှုများ - ဆိတ်ငြိမ်မှု၊ တည်ငြိမ်အေးချမ်းမှုတို့ကို ဤနေရာတွင် ရှာဖွေတွေ့ရှိမည်မဟုတ်ချေ။ အမြဲတမ်းနေရန်ထက် ခေတ္တနေရန်သာ ဆုံးဖြတ်ခြင်းမျိုး ဖြစ်လာနိုင်သည်။ ၅ ဂဏန်းသည် အမျိုးအစားစုံလင်မှု၊ ပြောင်းလဲမှုကို ကိုယ်စားပြုရာသင်သည် လက်တွေ့ကျသော ကိစ္စများတွင် အာရုံစိုက်ရန် ခက်နေလိမ့်မည်။ အထူးသဖြင့် သင့်အိမ်နံပါတ်သည် ၁၄ ဖြစ်ခဲ့ပါက အစားအသောက်၊ လိင်၊ အရက် တို့တွင် အလွန်အကျွံဖြစ်တတ်သည်။
စည်းကမ်းသတ်မှတ်ကာ ရည်မှန်း ချက်အတိုင်း လျှောက်လှမ်းပါက ဤအခြေအနေကို ချိန်ညှိနိုင်မည်ဖြစ်သည်။
ဇနီးမောင်နှံများ၊ အနုပညာရှင်များ အတွက် နေရာမှန်ဖြစ်သည်။ အလှတရား၊ ချစ်ခြင်းမေတ္တာနှင့် လိုက်လျောညီထွေရှိမှုတို့ကို ဖော်ညွှန်းသည်။ သင့်အိမ်သည် သင့်ကမ္ဘာပင်ဖြစ်သည်။ အိမ်တွင်းသို့ ဝင်လာသူတိုင်း နွေးထွေးလှိုက်လှဲမှုကို ခံစားကြရမည်ဖြစ်သည်။ အနုပညာနှင့် အလှတရားကို ဝန်းရံထားရမည့် အကောင်းဆုံးအနေရာဖြစ်ရာ သင့်နေအိမ်ကို လှပသော အရောင်အသွေး များ၊ သက်သောင့်သက်သာရှိသော ပရိဘောဂများ၊ နေထိုင်သူတိုင်း ပျော်ရွှင်ခံစား ကြရမည်မှာ အမှန်ပင်ဖြစ်သည်။
စိန်ခေါ်မှုများ - နံပါတ် ၆ သည် မိသားစုတာဝန်ကို ကိုယ်စားပြုခြင်းကြောင့် အသုံးအစွဲများခြင်းများ ကြုံရမည်။ အခြားသူများအတွက် အချိန်ပေးရလွန်းခြင်းများ ကြံရမည်။ အခြားသူများအရေး အလျင်စလို မပြုလုပ်မီတွင် သင့်အရေးကိစ္စများကို အရင်ဆုံးတွေးတောရမည်ဖြစ်သည်။ အိမ်ထဲတွင်သာ နေလိုစိတ်ဖြစ်တတ်သည်။
သင်သည် စာရေးဆရာ၊ သုတေသီ အစရှိသည့် အလုပ်များ လုပ်ကိုင်ပါက ဤအိမ်မှာ နေရာမှန်ဖြစ်သည်။
နံပါတ် ၇ သည် တစ်သီးတစ်သန့်ဖြစ် ခြင်း၊ လျှို့ဝှက်ခြင်းကို ကိုယ်စားပြုသည်။ အတွေးနက်ခြင်း၊ မေတ္တာတရားတို့ကိုညွှန်း ဆိုသည်။ အိမ်ပြန်ရောက်သည်နှင့် စာဖတ် ရန်အတွေး ဝင်္ကပါတွင် နစ်မြောရန် နှစ် သက်သူဖြစ်ပါက သင့်အတွက် နေရာကောင်း ပင်ဖြစ်သည်။ အသိပညာပိုင်းဆိုင်ရာတွေ့ရှိ မှုအသစ်များ ဤအိမ်တွင်တွေ့ရ နိုင်သည်။
စိန်ခေါ်မှုများ - ဖျော်ဖြေပွဲများ၊ ပါတီပွဲများကိုမူ ဤအိမ်တွင် တွေ့ရကိန်း မရှိချေ။ အထီးကျန်လွန်းခြင်းခံစားရမည်။ အိမ်တံခါးနောက်တွင် ဂဏန်းတစ်လုံး ထပ်မံရေးသားခြင်းအားဖြင့် ဤဆိုးကျိုးကို ချိန်ညှိနိုင်သည်။ နံပါတ် ၇ နေအိမ်တွင် နေထိုင်သူများသည် အိမ်ခေါင်မိုးကို အမြဲဂရုစိုက်ပြုပြင်ရန်လိုသည်။
သင်သည် စွန့်ဦးတီထွင်သူတစ်ဦးဖြစ်ပါက ဤအိမ်မှာ သင့်အတွက် နေရာမှန်ဖြစ် သည်။ စီးပွားရေးလုပ်ငန်းများကို အိမ်မှ ကွပ်ကဲလုပ်ကိုင်သူဖြစ်ပါက သာ၍ပင် ကောင်းမွန်သည်။ ၈ ဂဏန်းသည် ပေါကြွယ်ဝမှု၊ မြတ်စွန်းမှုတို့ကို ကိုယ်စားပြုရာ စီးပွားရေးတိုးတက်အောင်မြင်မှုရရန် နေရာကောင်းဖြစ်သည်။
၈ ဂဏန်းသည် ပြင်းပြသော စိတ်ခံစားမှုကိုလည်း ကိုယ်စားပြုရာ မိမိချစ်မြတ်နိုးသူတို့နှင့် တွေ့ဆုံရန် နေရာကောင်းဖြစ်သည်။ ကမ္ဘာပေါ် တွင် သင်၏ အဆင့်၊ ဘဝအဆင့်အတန်း၊ချမ်းသာမှုဓနအဆင့် တိုးမြင့်လိုသည်ဆိုပါက ဤအိမ်မှာနေရာမှန်ဖြစ်သည်။
စိန်ခေါ်မှုများ -၈ ဂဏန်းသည် ငွေကြေးနှင့် ပေါကြွယ်ဝမှုကို ကိုယ်စားပြု ရာအောင်မြင်မှုများနည်းတူ ရှုံးနိမ့်မှုများကိုလည်း တွေ့ရနိုင်သည်။ အမြဲတိုးချဲ့ကြီးပွား လိုစိတ်ဖြစ်ပေါ်နေမည်။ အိမ်မည်မျှကြီး သည်ဖြစ်စေ ထပ်၍ ထပ်၍ တိုးချဲ့ဆောက် လုပ်လိုနေမည်။ ပရိဘောဂများ အမြဲတမ်း ဝယ်ယူဖြည့်တင်းလိုနေမည်။ အမြဲမွမ်းမံ လိုစိတ်ရှိနေမည်။ အိမ်အတွက် ငွေများစွာကုန်ရမည်။ ချိန်ညှိရမည့်အချက်မှာ အခြားသူတို့ နှင့် ထိတွေ့ဆက်ဆံရန်အတွက် အချိန်ပေးဖို့ စဉ်းစားရမည်ဖြစ်သည်။
ကံကြမ္မာဂဏန်း ၉ နေအိမ်သည် လာရောက်သည့် မည်သူကိုမဆို တံခါးဖွင့် ထားသောနေအိမ်ဖြစ်သည်။ ၉ ဂဏန်းသည် အချစ်နှင့် မေတ္တာတရားကို ကိုယ်စားပြု သည်။ သင်၏ အလိုလိုသိစိတ်သည် အမြဲ မြင့်မားနေမည်။ အမြဲဖုန်းလက်ခံဖြေကြား နေရမည်။ သင့်ထံမှ အကြံတောင်းသူများ အလွန်များမည်။ သင့်ထံသို့ လူအများ စုပြုံ ဖုန်းဆက်နေကြသည်မှာ ဤနေအိမ်၏ မေတ္တာစွမ်းအင်ကြောင့်ဖြစ်သည်။
၉ ဂဏန်း ကို နိုင်ငံတကာဂဏန်းဟု လည်းခေါ်ကြသည်။ ထို့ကြောင့် အမြဲခရီးသွား လိုနေမည်။ မည်မျှဝေးသော နေရာမှ ဧည့်သည်ကိုမဆို လက်ခံလိုမည်။ အတိတ် ကို အမြဲသတိရခံစားနေတတ်သည်။ ခွင့် လွှတ်တတ်ရန် ကြိုးစားရမည်ဖြစ်သည်။
စိန်ခေါ်မှုများ - ဤနေအိမ်သည် ပွင့်လင်းစွာ နေတတ်သူများ၊ ဖော်ရွေသူ များအတွက် ကောင်းမွန်သော်လည်း မိသားစုအတွက် အချိန်ပေးရန် လိုအပ်သူ များအတွက် မသင့်လျော်ချေ။ ၉ ဂဏန်း သည် စိတ်ကူးယဉ်ဆန်မှုကိုလည်း ကိုယ်စားပြုရာ ငွေကြေးပိုမိုရှာလိုသူများအတွက် အခက်ကြုံရနိုင်သည့် နေရာလည်းဖြစ်သည်။ နိဂုံအားဖြင့် မှတ်သားရမည့် အချက်မှာ အိမ်ဆိုသည်မှာ သင်၏ အသည်နှလုံးတည်ရှိရာ နေရာပင်ဖြစ်သည်။
သဘာဝတရားနှင့် အပ်စပ်အောင်နေထိုင်မည် ၊ နှလုံးသာစိတ်ဝိညဉ်ကို အမြဲအင်အားဖြည့်တင်းပေမည် ၊ သင်ချစ်မြတ်နိုးသူတို့နှင့် နီးနီးကပ်ကပ် အမြဲထိတွေ့ကြင်နာမှုများ ပေးမည်ဆိုပါက အမြဲပျော်ရွှင်ရလိမ့်မည်သာဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com