[ “အတွင်းကလာတဲ့ အသံကို နားထောင်ခဲ့တယ်”] မလေးရှားတွင် အသက် ၂၅ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်လူရွယ်တစ်ဦးက အသံတစ်သံ၏ ခိုင်းစေချက်အတိုင်း ကားနံပါတ်နှင့် အိမ်နံပါတ်တို့ကို ထီထိုးခဲ့ရာ ရင်းဂစ် ၆ သန်း ထီဆုကြီး ကံထူးခဲ့

[ “အတွင်းကလာတဲ့ အသံကို နားထောင်ခဲ့တယ်”] မလေးရှားတွင် အသက် ၂၅ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်လူရွယ်တစ်ဦးက အသံတစ်သံ၏ ခိုင်းစေချက်အတိုင်း ကားနံပါတ်နှင့် အိမ်နံပါတ်တို့ကို ထီထိုးခဲ့ရာ ရင်းဂစ် ၆ သန်း ထီဆုကြီး ကံထူးခဲ့ - Property News in Myanmar from iMyanmarHouse.com
6 Mar 2025 10:03 am တွင် တင်ခဲ့သည်
566 ကြိမ် ကြည့်ရှု့ပြီး

ထီဆုကြီး ကံထူးရေးသည် လူတိုင်း၏ အိပ်မက်တစ်ခု ဖြစ်၏။

ထီကံထူးပါက မိမိကိုယ်တိုင်နှင့် မိမိချစ်ရသူတို့အတွက် ငွေရေးကြေးရေး မပူပင်ရသည့် အခြေအနေမျိုး ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

မလေးရှားနိုင်ငံမှ အသက် ၂၅ နှစ်အရွယ် လူရွယ်တစ်ဦးက ရင်းဂစ် ၆ ဒသမ ၂ သန်း ထီဆုကြီး ကံထူးခဲ့ပြီး အဆိုပါအိပ်မက်မျိုး တကယ်ဖြစ်လာခဲ့သည်။

Sports Toto Malaysia ထီဌာန၏ Facebook စာမျက်နှာက ပြီးခဲ့သော ဇန်နဝါရီလတွင်း အသက် ၂၅ နှစ်အရွယ် အိမ်ခြံမြေအကျိုးဆောင်လူရွယ်တစ်ဦး ထီဆုကြီး ကံထူးခဲ့ကြောင်း ကြေညာခဲ့သည်။

ထိုလူရွယ်သည် Toto 4D Jackpot 1 ၏ ထီဆုကြီးကံထူးခဲ့ရာ ဆုငွေ ရင်းဂစ် ၆,၂၂၁,၄၂၂ ဒသမ ၁၀ ရရှိသွားသည်။

ထိုလူရွယ်က ပြောပြသည်မှာ မူလက Jackpot ဆုငွေ ပိုမိုများပြားသော Supreme Toto 6/58 ကို ကံစမ်းရန် ရည်ရွယ်ခဲ့ကြောင်း ပြောသည်။

သို့သော် Toto 4D Jackpot ကိုသာ ကံစမ်းရန်ပြောလာသည့် အသံတစ်သံ ကြားလိုက်ရသည်ဟု ဆိုသည်။

“ကံကောင်းချင်တော့ အတွင်းကလာတဲ့အသံကို ကျွန်တော်နားထောင်ခဲ့ပါတယ်။ ကျွန်တော့်ကားနံပါတ်၊ အိမ်နံပါတ်တွေနဲ့ ကံစမ်းခဲ့ပါတယ်။ အခုဆိုရင် ကျွန်တော်ဟာ ချမ်းသာတဲ့ လူငယ်တစ်ယောက် ဖြစ်လာပါပြီ” ဟု ၎င်းက ပြောသည်။

လက်ရှိအချိန်တွင် Supreme Toto 6/58 ၏ Jackpot ဆုကြေးငွေမှာ ရင်းဂစ် ၇၅ ဒသမ ၄၅ သန်းအထိ သမိုင်းတလျှောက် အမြင့်မားဆုံးဆုကြေး ပမာဏနီးပါး ရောက်ရှိလာရာ မလေးရှား ထီကံစမ်းသူတို့အကြား စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လျက် ရှိသည်။

ထီကံစမ်းသူတို့အနေဖြင့် မလေးရှားနိုင်ငံတဝန်းရှိ Toto ထီဆိုင်များတွင် ၁ မှ ၅၈ အကြားရှိ မိမိနှစ်သက်ရာ ဂဏန်း ၆ လုံးကို ရွေးချယ် ကံစမ်းရခြင်း ဖြစ်သည်။

မလေးရှားတွင် အမြင့်မားဆုံး ထီဆုငွေမှာ ၂၀၂၂ ခုနှစ်အတွင်းက ထွက်ခဲ့သော ရင်းဂစ် ၉၇ ဒသမ ၇၅ သန်း Jackpot ဆုကြီးဖြစ်ပြီး လက်ရှိ ဒုတိယအမြင့်မားဆုံးဖြစ်နေသော Jackpot ဆုငွေမှာ မကြာမီတွင် ယခင်စံချိန်ကို ဖြတ်ကျော်ကာ အမြင့်မားဆုံးဖြစ်လာဖွယ်ရှိသည်ဟု ထီကံစမ်းသူတို့က မျှော်လင့်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: “Luckily I followed the inner voice” - 25-year-old wins RM6.2 million Toto jackpot

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အိန္ဒိယတွင် ရှေးရိုးဓလေ့ကို ထိန်းသိမ်းသည့်အနေဖြင့် မိန်းကလေးတစ်ဦးတည်းကို လက်ထပ်လိုက်သော ညီအစ်ကို ၂ ဦး...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
အငြိမ်းစား ကျောင်းဆရာကြီး ဘူးပလုံးတွေ ၃၇ တန် ကောက်စုထားတာ လူနေမရတော့လို့ ကား ၇ စင်း၊ မြေတူးကား၊ လူအင်အား ၅၀နဲ့ ရှင်းလင်းပေးခဲ့ရပုံ...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
ပျားရည်ကို ကျန်းမာရေးအတွက် အသုံးပြုနည်း (၂၄) မျိုး
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service