မှတ်သားဖွယ် ဥပဒေအမေးအဖြေများ

မှတ်သားဖွယ် ဥပဒေအမေးအဖြေများ - Property Knowledge in Myanmar from iMyanmarHouse.com
9 Feb 2025 10:39 am တွင် တင်ခဲ့သည်
516 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

iMyanmarHouse ရဲ့ အပတ်စဉ်အမေးအဖြေကဏ္ဍအတွက် ဒီတစ်ပတ်မှာတော့ အိမ်ဝယ်ပြီး ငွေအပြည့်မပေးချေမီ သိထားသင့်သည့် အချက်များအပြင် အမေးအများဆုံး အိမ်ခြံမြေဥပဒေအမေးအဖြေ သုံးခုကို တင်ဆက်ပေးထားပါတယ်။

⚖️မေးခွန်း (၁) - ကိုယ့်တိုက်ခန်းလေးကို နံရံဆေးသုတ်မယ်? အခန်းသစ်ဖွဲ့ချင်တယ်ဆိုရင် မြေရှင်ရဲ့ သဘောတူညီချက် လိုအပ်ပါသလား ?

တိုက်ခန်းအား ကြိုက်နှစ်သက်၍ ဝယ်ယူမည်ဆိုပါက တိုက်ခန်းများမှာ အပျောက်စနစ်ဖြင့် နေထိုင်မှုအတွက် ဝယ်ယူပိုင်ဆိုင်ကြခြင်းဖြစ်သဖြင့် မြေရှင်အသိအမှတ်ပြုလက်မှတ်အား ရယူထားရန် လိုအပ်ပါသည်။

မြေရှင်မှ မြေငှားခများတဆင့်တောင်းခံသည်ဆိုပါကလဲ ထည့်ဝင်သင့်ပါသည်။ တိုက်ခန်းအား အကြီးစား ပြင်ဆင်မှု ပြုလုပ်သည့်အခါတိုင်း မြေရှင်အား အကြောင်းကြားသင့်ပါသည်။ တိုက်ခန်းများဝယ်ယူပိုင်ဆိုင် နေထိုင်ရာတွင် တိုက်၏ Structure ပိုင်း ထိခိုက်မှုမရှိစေသည့် ပြုပြင် ပြင်ဆင်မှုများတွင် မြေရှင်အား သဘောတူ ညီချက် ရယူရန်မလိုဘဲ ပြင်ဆင်နိုင်ပါသည်။ တိုက်ခန်းအတွင်း အသေးစား ပြင်ဆင်မှုဖြစ်သည့် နံရံဆေး သုတ်ခြင်း ၊ တံခါးများပြင်ဆင်ခြင်း၊ သံပန်းတပ်ဆင်ခြင်း၊ ဆန်းရှိတ်အမိုး ပြုလုပ်ခြင်းများအား အများသုံး ဧရိယာများအား ထိခိုက်မှုမရှိစေဘဲ ပြင်ဆင်မှုပြုရပါသည်။

နေထိုင်မှုအတွက် ဝယ်ယူပိုင်ဆိုင်သည့်ဧရိယာမှာလဲ အခန်းအတွင်းပိုင်း ပေအကျယ်အရှိတိုင်းတာဖြစ်သဖြင့် မိမိနှင့်သက်ဆိုင်သည့် တိုက်ခန်းအတွင်းပိုင်းကိုသာ ဘေးပတ်ဝန်းကျင်ထိခိုက်မှုမရှိစေဘဲ ပြင်ဆင်ရပါမည်။

တိုက်တစ်တိုက်လုံး၏ ပြင်ပဧရိယာများ ဆေးသုတ်ရန်နှင့် တိုက်အား ရေရှည်တည့်တံ့ရန် ပြင်ဆင်မှုပြုလိုပါ က နေထိုင်သူများ အချိုးကျထည့်ဝင်ကာ စုပေါင်း၍ ပြင်ဆင်မှုပြုရပါမည်။ တိုက်ခန်း၏ အများသုံးဧရိယာများအား စုပေါင်းပိုင်ဆိုင်ခြင်းမှာလဲ သီးခြားဥပဒေပြဌာန်းချက်မရှိသဖြင့် နားလည်မှုဖြင့်သာ နေထိုင်သူများ စုပေါင်းပိုင်ဆိုင် နေခြင်းပင်ဖြစ်ကြောင်း ဖြေဆို ရေးသားပေးလိုက်ပါတယ်။

⚖️မေးခွန်း (၂) - အိမ်ငှါးချထားတဲ့ အိမ်ကိုဝယ်ယူပါက ဘယ်လိုအရှုပ်အရှင်းတွေ ဖြစ်ပေါ်လာနိုင်ပါသလဲ ?

မိမိဝယ်ယူသည့်တိုက်ခန်းများမှာ အိမ်ငှားရှိပါက မဝယ်ယူသင့်ပါ။ အိမ်ငှားများအား ငှားရမ်းခြင်း စာချုပ်ပြည့်မီသည့်အခါ ဖယ်ရှားထွက်ခွာမှုပြုရန် ညွှန်ကြားနိုင်သူမှာလဲ ငှားရမ်းမှုပြုထားသည့် မူလပိုင်ရှင်ထံ တွင်သာ ရှိပါသည်။ ဖယ်ရှားရခက်နေသော အိမ်ရှင် အိမ်ငှားပြသနာများတွင် ကာလစည်းသတ်သတ် ပေါ်ပေါက် ရန်အတွက် အိမ်ရှင်မှ ငှားရမ်းခြင်းကို ရပ်စဲကြောင်း နို့တစ်စာပေးပို့ရန် လိုအပ်ပါသည်။ ကာလစည်းကမ်းသတ်(၁၂)ကျော်ပါက ကျူးကျော်နေထိုင်သူသည် ဆန့်ကျင်နေထိုင်ခွင့် ရရှိနေမည်ဖြစ်ပါ သည်။ ထို့သို့ကိစ္စရပ်များ၌ တရားစွဲဆိုသည့်အခါ ကာလစည်းကမ်းသတ် အငြင်းပွှားမှုများလဲ ပေါ်ပေါက်လာနိုင်ပါသည်။

အိမ်ငှားများမှာ ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-၁၀၈(ထ)အရ ငှားရမ်းခြင်းကို ရပ်စဲသည့်အခါ ဥပစာကို အိမ်ရှင်အား ပြန်လည်ပေးအပ်ရန် တာဝန်ရှိသည် မှန်သော်လည်း ဖယ်ရှားမပေးသည့်အခါ အိမ်ရှင်မှာ နှင်လိုမှုနှင့် ငှားရမ်းခ ကျသင့်ငွေများအတွက် တရားစွဲဆိုနိုင်ပါသည်။ အိမ်ငှားက ငှားရမ်းခပေးသော်လည်း အိမ်ရှင်က လက်မခံသည့်ကိစ္စရပ်များတွင် ပုဒ်မ-၁၆အရ ငှားရမ်းခကြီးကြပ်ရေးဝန်ထံ ငှားရမ်းခ ပေးသွင်း၍ ငှားရမ်းခြင်း ကာလ အတိုင်း အိမ်ငှားမှာ ဆက်လက်နေထိုင်ခွင့်လဲ ရှိနေပါသေးသည်။

ပုဒ်မ-၁၆(၁)အရ ဥပစာအတွက် စံငှားရမ်းခ သတ်မှတ်ပေးရန် ကြီးကြပ်ရေးဝန်(မြို့နယ်အုပ်ချုပ်ရေးမှူး)ထံ ငှားရမ်းသူအိမ်ရှင်နှင့် အိမ်ငှားနှစ်ဦးစလုံး လျှောက်ထားတောင်းဆိုနိုင်ပါသည်။ တစ်နှစ်ထက်ပိုသော ငှားရမ်းခြင်း များတွင် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-၁၀၇၊ မှတ်ပုံတင်စာချုပ်စာတမ်း ဥပဒေပုဒ်မ-၁၆(ဃ)အရ မှတ်ပုံတင်မှ တရားဝင်မည်ဖြစ်ကာ တံဆိပ်ခေါင်းခွန်လဲ ထမ်းဆောင်ရမည်ဖြစ်ပါသည်။

ထို့အပြင်အိမ်ရှင်မှ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ပြုထားသူများ ရှိပါက ထိုသူများသည် မူလအိမ်ရှင်နှင့် နေထိုင်ရန်အတွက် သတ်မှတ်ကာလမထားရှိခဲ့သဖြင့် ပိုင်ရှင်အား ဆန့်ကျင်လက်ရှိနေထိုင်သူအဖြစ် မည်သည့်အခါမှ ဖြစ်မည်မဟုတ်ကြောင်း၊ ဖယ်ရှားမှုပြုရန်လဲ ခက်ခဲနေမည်ဖြစ်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

 

⚖️မေးခွန်း (၃) - အိမ်ဝယ်ပြီး ငွေအပြည့်မပေးချေမီ သိထားသင့်သည့် အချက်များကို ရှင်းပြပါ။

အိမ်ခြံမြေရောင်းဝယ်ခြင်းများတွင် ဝယ်ယူသူမှ ကြိုက်နှစ်သက်ပါက စာရွက်စာတမ်းများ စစ်ဆေးကြည့်ရှုပြီး စရန်ပေးစာချုပ်ချုပ်ဆိုပါသည်။ သတင်းစာတွင် ကန့်ကွက်သူရှိမရှိ ကြေညာကာ (၁၄)ရက်အတွင်း ကန့်ကွက်သူ မပေါ်ပေါက်သည့်အခါ ရောင်းဈေးငွေ တစ်စိတ်တစ်ဒေသအား ပေးချေခြင်း (သို့) အပြီးသတ်ပေးငွေချေခြင်းတို့ ပြုလုပ်ကြပါသည်။

ကန့်ကွက်သူပေါ်ပေါက်ပါက ဝယ်ယူသူ နစ်နာမှုအတွက် ရောင်းချသူမှ ပေးချေရန် စရန်ပေးစာချုပ်တွင် ရောင်းချသူမှ ဖြေရှင်းဆောင်ရွက် အဆင်မပြေပါက စရန်ငွေ(၂)ဆအား ဝယ်ယူသူထံ ပေးချေရမည်ဖြစ်ကြောင်း ရောင်းချသူ၏ ကတိပြုချက် ရယူထားရန်လိုအပ်ပါသည်။

ထို့ပြင် တစ်နှစ်အတွင်း ရောင်းချသူမှ ထုတ်ယူထားသော အရောင်းမြေပုံ/မြေရာဇဝင်အား ရယူရန် လိုအပ်ပါ သည်။ မြေကွက်အား အမည်ပေါက် ပြောင်းလဲခြင်း ချက်ချင်း မဆောင်ရွက်နိုင်ပါက ရောင်းချသူ၏ Special Power (SP) အထူးကိုယ်စားလှယ်လွှဲစာအား စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ဝယ်ယူသူကိုဖြစ်စေ (သို့) ဝယ်ယူသူမှ ညွှန်ပြသူထံသို့ဖြစ်စေ ရယူထားရန် လိုအပ်ပါသည်။

မြေခွန် ထမ်းဆောင်ထားခြင်းရှိမရှိ မြေခွန်ပြေစာများအားလဲ ရောင်းချသူထံမှ တောင်းယူကြည့်ရှုကာ လိုအပ်ပါက မြေခွန်၊ မီးခွန်၊ စည်ပင်ခွန်များ လွှဲပြောင်းရောင်းချသည့်အချိန် ကာလထိ ထမ်းဆောင်ခိုင်းရပါမည်။ သက်တမ်းကုန် မြေငှားဂရန်ဖြစ်ပါက မြေပိုင်ဆိုင်မှုမှာ အစိုးရထံသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါသည်။

ထို့ပြင် ကျူးကျော်နေထိုင်သူများရှိမရှိ၊ ငှားရမ်းသူများ ရှိမရှိ၊ ခွင့်ပြုချက်ဖြင့် အခမဲ့ ထားသူများရှိမရှိ ဝယ်ယူသူမှ စီစစ်ကြည့်ရှုရပြီး အဆိုပါသူများရှိနေပါက မူလအမည်ပေါက်ရောင်းချသူမှသာ နှင်လိုမှုဖြင့် တရားစွဲနိုင် သောကြောင့် ရောင်းချသူမှ နှင်လိုမှုပြုပြီးမှ ဝယ်ယူသင့်ပါသည်။

စာချုပ်များချုပ်ဆိုသည့်အခါ အခွန်ကိစ္စများအတွက် တန်းဖိုးလျော့၍ စာချုပ်ချုပ်ဆိုခြင်းများရှိပြီး လက်တွေ့ တွင် အမှုအခင်းများ ဖြေရှင်းဆောင်ရွက်ရပါကအဆိုပါစာချုပ်များကို တဖက်မှ သက်သေခံ တင်ပြလာပြီး နစ်နာသူမှာ အခက်တွေ့စေမှာဖြစ်ပါသည်။ ထို့ပြင် ရောင်းချသူ ဝယ်ယူသူကြား မြေကွက်လွှဲပြောင်း ရယူသည့်အခါ အရောင်းအဝယ်စာချုပ်ပါအတိုင်း ပေပြည့်မှီရန်အတွက် မြေပြင်တွင် ကွင်းဆင်းတိုင်းတာခြင်းဆောင်ရွက်ရပြီး ပေမပြည့်ပါက ဝယ်ယူသူမှ အပြီးသတ် ငွေပေးချေသည့်အခါ ညှိနှိုင်းဆောင်ရွက်မှုပြုနိုင်ရန်အတွက် စရန်ပေးစာချုပ်၌ မြေကွက် လက်ရောက်အပ်နှံစဉ် သတ်မှတ်ပေမပြည့်ပါက ဝယ်ယူသူမှ ရောင်းဈေးတန်ဖိုးအား (Sqft)ပါအတိုင်း နုတ်ပယ်ပေးချေပါမည်ဟု ထည့်သွင်း ချုပ်ဆိုသင့်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
ဗြိတိန်သိပ္ပံပညာရှင်တို့က ကင်ဆာဝေဒနာရှင်များကို မစင်ဆေးလုံးဖြင့် စမ်းသပ်ကုသလျက်ရှိရာ ပျောက်ကင်းသူများပြားလျက်ရှိပြီး အစွ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
ဖျော်စက်ထဲ ထည့်မဖျော်သင့်တဲ့ အစားအသောက်များ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service