ဗြိတိန်တွင် ရက်ပ်အဆိုတော်တို့က အာရှသားများ၊ လူမည်းများနှင့် လူနည်းစုမျိုးနွှယ်များအတွက် စူပါမာ့ကက်ကြီး ဖွင့်လှစ်

ဗြိတိန်တွင် ရက်ပ်အဆိုတော်တို့က အာရှသားများ၊ လူမည်းများနှင့် လူနည်းစုမျိုးနွှယ်များအတွက် စူပါမာ့ကက်ကြီး ဖွင့်လှစ် - Property Knowledge in Myanmar from iMyanmarHouse.com
23 Jan 2025 10:28 am တွင် တင်ခဲ့သည်
471 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ဗြိတိန်တွင် စူပါမာ့ကက်များ အလွန်ပေါသည်။

High-end လိုချင်သူများအတွက် Waitrose ကဲ့သို့ စူပါမာ့ကက်များရှိသည်။

ဈေးသက်သက်သာသာ ရှာသူများအတွက်ဆိုလျှင် Aldi (သို့မဟုတ်) Lidl တို့ကဲ့သို့ ဈေးဝယ်စင်တာများ ရှိသည်။

ထိုသို့ အတန်းအစားအမျိုးမျိုးသော ကုန်တိုက်များကြားတွင် လိုချင်သမျှ အရာရာ ရနိုင်သည်။

သို့သော် ယခုအခါ ဗြိတိန်ကုန်တိုက်လောကသို့ မျက်နှာသစ်တစ်ဦးက game-changing concept တစ်ခုဖြင့် ဝင်လာသည်။

ဗြိတိသျှ ရက်ပ်အဆိုတော်များဖြစ်သော Casyo Valentine Johnson နှင့် Karl Dominic Wilson တို့ နှစ်ဦးကို Krept & Konan ဟု လူသိများသည်။

ယခုအခါ ၎င်းတို့နှစ်ဦးက Saveways ဟု အမည်ပေးထားသော စူပါမာ့ကက်ကြီးတစ်ခု ဖွင့်လှစ်လာသည်။

၎င်းတို့၏ စူပါမာ့ကက်မှာ အာရှသားများ၊ လူမည်းများနှင့် လူနည်းစုမျိုးနွှယ်များအတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။

အဆိုပါ စူပါမာ့ကက်ကြီးကို ၎င်းတို့၏ ဇာတိမြို့ဖြစ်သော လန်ဒန်တောင်ပိုင်း Croydon တွင် လာမည့် ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်သွားရန် စီစဉ်ထားသည်။

Saveways တွင် ကုန်ပစ္စည်းမျိုးစုံ စုံလင်စွာရနိုင်ရာ ကမ္ဘာတလွှားမှ စားသောက်ကုန်များ၊ Premium အဆင့် halal ထုတ်ကုန်များ၊ တိုင်းရင်းသားမျိုးနွယ်စုတို့၏ ဆံပင်နှင့် အလှကုန်ပစ္စည်းများရသည့်အပြင် ဘာသာမျိုးစုံအတွက် ဘုရားဝတ်ပြုရာအခန်းများလည်း ထားရှိပေးထားသည်။

ယခုကဲ့သို့ စူပါမာ့ကက်မျိုးမှာ ဗြိတိန်တွင် ပထမဆုံးမဟုတ်သော်လည်း ဘုရားဝတ်ပြုရာနေရာ ထည့်ပေးထားခြင်းမှာမူ ကုန်တိုက်အများစုတွင် မရှိချေ။

(Saveways ကုန်တိုက်ကြီးကို တွေ့ရပုံ။ ဓာတ်ပုံ-Saveways)

Saveways ကို လုပ်ငန်းရှင်တစ်ဦးဖြစ်သူ Kaysor Ali နှင့် လက်တွဲ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

Kaysor Ali သည် Steakout and Smacks ဟန်ဘာဂါအုပ်စု၏ brand owner ဖြစ်သည်။

Saveways ၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၅၀၀၀ ကျော်ရှိပြီး ဒေသတွင်းအတွက် အလုပ်အကိုင်နေရာ ၃၀ ကျော် ဖန်တီးပေးနိုင်မည်ဟု ဆိုသည်။

ဈေးဝယ်စင်တာတွင် ကားအစင်းရေ ၃၀ ကျော် ရပ်နားရန် နေရာရှိပြီး အွန်လိုင်းမှတဆင့်လည်း မှာယူနိုင်သည်။

Saveways တွင် ရောင်းချသောပစ္စည်းများကို Deliveroo, Uber Eats နှင့် Just Eat တို့ကဲ့သို့ delivery ဝန်ဆောင်မှုများမှတဆင့်လည်း မှာယူနိုင်မည် ဖြစ်သည်။

လတ်လတ်ဆတ်ဆတ်ငါးနှင့် ရေခဲရိုက်ရိုက်ငါး၊ လတ်လတ်ဆတ်ဆတ် halal အသားနှင့် ကြက်ဘဲ အရောင်းကောင်တာ၊ လတ်ဆတ်သော bakery မုန့်အမျိုးမျိုး၊ လတ်လတ်ဆတ်ဆတ် သစ်သီးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ အစရှိသည်တို့အပြင် ကမ္ဘာတဝန်းမှ ရေခဲရိုက် အစားအစာမျိုးစုံနှင့် အလှပြင်ပစ္စည်းတို့ ရရှိနိုင်သည်။

(ရက်ပ်အဆိုတော် ၂ ဦးက Saveways စူပါမာ့ကက်ကို Kaysor Ali နှင့် ပူးပေါင်းတည်ထောင်ခြင်း ဖြစ်သည်။ ဓာတ်ပုံ-Saveways)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: British rappers open ‘million-pound’ supermarket in London with a heartwarming twist Photo Credit-Saveways

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
အဲကွန်း သန့်ရှင်းရေးပုံမှန်မလုပ်ခြင်းက ကျန်းမာရေးကို ဘယ်လိုသက်ရောက်စေနိုင်လဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service