ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား - Property News in Myanmar from iMyanmarHouse.com
20 Jan 2025 11:40 am တွင် တင်ခဲ့သည်
6774 ကြိမ် ကြည့်ရှု့ပြီး

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ မာလီဘူးအရပ်မှ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွားသည်။

သူ၏ ကန်ဒေါ်လာ ၃ ဒသမ ၈ သန်းတန် နေအိမ်မှာ ကွန်ကရစ်တိုင်များသာ ကျန်ခဲ့ပြီး သစ်သားများကို မီးလောင်နေဆဲ မီးခိုးတလူလူဖြင့် တွေ့ရကြောင်း နယူးယောက်ပို့စ် သတင်းဌာနက ဖော်ပြသည်။

ကက်စ်ထရိုသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း Powerball ထီ၏ သမိုင်းတလျှောက် ဆုကြေး အမြင့်မားဆုံးဖြစ်သော ကန်ဒေါ်လာ ၂ ဒသမ ၀၄ ဘီလီယံ ထီဆုကြီး ကံထူးခဲ့ပြီးနောက်ပိုင်း လော့စ်အိန်ဂျလိ၏ အထင်ကရ နေရာများတွင် နေအိမ်များစွာ ဝယ်ယူခဲ့သည်။

(ကက်စ်ထရို၏ အိမ်မှာ အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၃ ခန်းပါပြီး စတုရန်းပေ ၁၅၄၁ ကျယ်ဝန်းသည်။ ဓာတ်ပုံ-Backgrid)

(ပစိဖိတ်ကမ်းရိုးတန်း အဝေးပြေးလမ်းမကြီးဘေးတွင်ရှိသော ကက်စ်ထရို၏ နေအိမ် မီးလောင်ပြီး တွေ့ရသည့် မြင်ကွင်း။ ဓာတ်ပုံ-Backgrid)

အသက် ၃၁ နှစ်အရွယ်ရှိ ကက်စ်ထရိုသည် ယခုအိမ်ကို ၂၀၂၃ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်သည်။

သူ၏ နေအိမ်တည်ရှိရာ Big Rock Beach ကမ်းခြေဒေသတလျှောက် ယခင်က နေအိမ်ပေါင်းများစွာ စီတန်း တည်ရှိခဲ့ပြီး ယခုအခါတွင်မူ နေအိမ်အားလုံး မီးသင့်သွားသည်။

(၂၀၂၃ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)

 

(တချိန်က ကက်စ်ထရို၏အိမ် ရှိခဲ့သော အိမ်ရှေ့လမ်းပေါ်တွင် ဖုန်းတိုင်ကြီးတစ်ခု လဲကျနေပုံ။ ဓာတ်ပုံ-Backgrid)

 

(Big Rock Beach တွင် တစ်ချိန်က နေအိမ်များ စီတန်းတည်ရှိခဲ့ဖူးသည်။ ဓာတ်ပုံ-London Entertainment)

 

(၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်တွင် အက်ဒ်ဝင် ကက်စရိုသည် မိတ်ဆွေတစ်ဦးနှင့်အတူ လော့စ်အိန်ဂျလိရှိ Manuela စားသောက်ဆိုင်တွင် နေ့လယ်စာစားပြီးနောက် ပြန်ထွက်လာပုံ။ ဓာတ်ပုံ-Rafael Fontoura for NY Post)

 

ကက်စ်ထရိုသည် ထီပေါက်ပြီးနောက်ပိုင်း သူငယ်ချင်းများနှင့် ဖီဂျီသို့ အလည်အပတ်ခရီးစဉ် ထွက်ခဲ့မှုအပါအဝင် ငွေကြေးသုံးစွဲမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ကက်စ်ထရိုက ဆုငွေကို တစ်ကြိမ်တည်း အပြီးထုတ်ယူရန် ရွေးချယ်ခဲ့ရာ ကန်ဒေါ်လာ ၉၉၇ ဒသမ ၆ သန်း ရရှိခဲ့သည်။

ယင်းနောက်ပိုင်း လော့စ်အိန်ဂျလိတွင် နေအိမ် ၃ လုံးနှင့် မော်တော်ကားပေါင်းများစွာ ဝယ်ယူခဲ့သည်။

ဝယ်ယူခဲ့သော နေအိမ်များ၏ စုစုပေါင်းတန်ကြေးမှာ ကန်ဒေါ်လာ ၇၆ သန်းရှိပြီး ဟောလိဝုဒ်ဟေးတွင် ဒေါ်လာ ၂၅ ဒသမ ၅ သန်းတန် စံအိမ်၊ မိဘများအတွက် ဝယ်ယူပေးခဲ့သော ဒေါ်လာ ၄ သန်းတန်စံအိမ်၊ Bel Air အရပ်ရှိ ဒေါ်လာ ၄၇ သန်းတန် စံအိမ်တို့ ဖြစ်သည်။

 

(မှင်နီဖြင့် ဝိုင်းပြထားသည့်နေရာမှာ ကက်စ်ထရို၏ နေအိမ်ရှိခဲ့သော နေရာ ဖြစ်သည်။ ဓာတ်ပုံ-John Chapple)

 

(မီးလောင်ပြီး ကျန်ရစ်ခဲ့ပုံ မြင်ကွင်း။ ဓာတ်ပုံ-Backgrid)

 

(တောမီး လောင်ကျွမ်းနေဆဲ နေရာများ။ ဓာတ်ပုံ-New York Post)

 

(မီးလောင်ပြီး ကျန်ရစ်ခဲ့ပုံ မြင်ကွင်း။ ဓာတ်ပုံ-Backgrid)

 

(မီးဘေးကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့သည်။ ဓာတ်ပုံ-London Entertainment)

 

(မီး၏ ၆ ရာခိုင်နှုန်းသာ မီးထိန်းနိုင်ခဲ့သည်။ ဓာတ်ပုံ-London Entertainment)

 

(မီးလောင်ပြီး ကျန်ရစ်ခဲ့ပုံ မြင်ကွင်း။ ဓာတ်ပုံ-Backgrid)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: $2-billion Powerball jackpot winner loses home in L.A. County wildfire Photo Credit- Backgrid, London Entertainment

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service