၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး

၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး - Property Knowledge in Myanmar from iMyanmarHouse.com
7 Jan 2025 10:56 am တွင် တင်ခဲ့သည်
2163 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အမေရိကန်ပြည်တွင် စံအိမ်ကြီးတစ်လုံးကို ဆောက်လုပ်ချိန် ၃ နာရီအတွင်း အပြီးဆောက်လုပ်ခဲ့ရာ ကမ္ဘာ့အမြန်ဆုံး ဆောက်လုပ်သော စံအိမ်အဖြစ် စံချိန်ချိုးခဲ့သည်။

ပုံမှန်အားဖြင့် နေအိမ်များ ဆောက်လုပ်ရခြင်းမှာ လနှင့်ချီကာ ကြာမြင့်လေ့ရှိသော်လည်း ယခုစံအိမ်ကြီးတွင်မူ ထိုသို့မဟုတ်ချေ။

ယနေ့ကာလတွင် နည်းပညာနှင့် နည်းစနစ်များ အဆင့်မြင့်လာမှုကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ မြန်ဆန်လာသည်ဆိုသော်လည်း နေအိမ်အများစုမှာ ယခုအိမ်ကဲ့သို့ ဆောက်လုပ်မှု မမြန်ဆန်လှချေ။

အမေရိကန်ပြည်၊ အယ်လာဘားမားပြည်နယ်၊ ရှယ်လ်ဘီခရိုင်ရှိ နေအိမ်တစ်လုံးမှာ ကမ္ဘာ့အမြန်ဆုံး ဆောက်လုပ်ခဲ့သောအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့သည်။

၂၀၀၂ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ယခုတိုင် အဆိုပါစံချိန်ကို ဖြတ်ကျော်နိုင်သူ မရှိသေးချေ။

(ယနေ့တိုင် စံချိန်ဖြတ်ကျော်နိုင်သူ မရှိသေးချေ။ ဓာတ်ပုံ-Getty Images)

၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်က ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ပြီး အကျယ်အဝန်း စတုရန်းပေ ၁၂၀၀ ရှိသည်။

အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၂ ခန်းပါသောအိမ်ဖြစ်ပြီး ၃ နာရီ၊ ၂၆ မိနစ်၊ ၃၄ စက္ကန့်အတွင်း အပြီးဆောက်လုပ် ခဲ့ခြင်းဖြစ်ကြောင်း Building Radar က ဖော်ပြသည်။

အဆိုပါ နေအိမ်ဆောက်လုပ်မှုမှာ ဝင်ငွေနည်းပါးသော မိသားစုများအတွက် တန်ဖိုးနည်းနေအိမ်များ ပေးအပ်နိုင်ရန် ကြိုးပမ်းနေသော Habitat for Humanity ၏ ပရိဟိတ ဆောင်ရွက်မှုများအနက် တစ်ခုလည်း ဖြစ်သည်။

နယ်သာလန်နိုင်ငံ၏မြို့တော် အမ်စတာဒမ်တွင် ဆောက်လုပ်ခဲ့သော နေအိမ်တစ်လုံးမှာလည်း ကမ္ဘာ့ဒုတိယအမြန်ဆုံး ဆောက်လုပ်ခဲ့သည့်နေအိမ်အဖြစ် စံချိန်တင်ထားသည်။

နယ်သာလန် ဆောက်လုပ်ရေးကုမ္ပဏီ Heijmans One House က တစ်ရက်အတွင်း အပြီးတပ်ဆင် ဆောက်လုပ်နိုင်သော အသင့်ထုတ်လုပ်ပြီး prefabricated နေအိမ်များကို ရောင်းချပေးကာ နေအိမ်ရှားပါးမှု ပြဿနာကို ဖြေရှင်းပေးမှုများ ဆောင်ရွက်ခဲ့သည်။

Heijmans က ထုတ်လုပ်သော နေအိမ်များတွင် ဆိုလာပြားများ တပ်ဆင်ပေးထားပြီး ဧည့်ခန်း၊ ညစာစားခန်း၊ မီးဖိုဆောင်၊ ရေချိုးခန်းနှင့် အိပ်ခန်းတို့ ပါဝင်သည်။

(နေအိမ်တည်နေရာမှာ အမေရိကန်ပြည်၊ အယ်လာဘားမားပြည်နယ်တွင် ဖြစ်သည်။ ဓာတ်ပုံ-Getty Images)

ကမ္ဘာ့အမြန်ဆုံး ဆောက်လုပ်ခဲ့သည့် နေအိမ်များစာရင်းတွင် တတိယနေရာတွင် ရပ်တည်နေသည်မှာ အိန္ဒိယနိုင်ငံ၊ မိုဟာလီမြို့မှ Instacon Tower ဖြစ်သည်။

Instacon တာဝါသည် ၁၀ ထပ်အဆောက်အအုံကြီးဖြစ်ပြီး ဆောက်လုပ်ချိန် ၄၈ နာရီသာ ကြာမြင့်ခဲ့သည်။

Synergy Thrislington ကုမ္ပဏီက prefabricated သံမဏိ module များ အသုံးပြုကာ ဆောက်လုပ်ခဲ့ပြီး လူပေါင်း ၆၀၀ အထိ နေထိုင်နိုင်သော အဆောက်အအုံကြီးဖြစ်သည်ဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The incredible house that's 1,200 square foot and was built in just three hours Photo Credit-Getty Images

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
ကြက်သွန်နီဖြင့် ရက်သတ္တ ၆ ပတ်အတွင်း ဆံပင်ပြန်ပေါက်စေနိုင်ကြောင်း သိပ္ပံပညာရှင်များတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
စိတ်ဖိစီးမှုတွေပြေပျောက်ချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ.....
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service