အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....

အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ..... - Property Knowledge in Myanmar from iMyanmarHouse.com
5 Jan 2025 4:25 pm တွင် တင်ခဲ့သည်
617 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ရှားပါးတဲ့ခေတ်ပျက်ကြီးထဲ ပိုင်ဆိုင်မှုတွေမြုပ်နှံဖို့အသေချာဆုံးနေရာက အိမ်ခြံမြေပဲတဲ့။ ရင်းနှီးမြုပ်နှံတဲ့နေရာမှာလည်း အိမ်ခြံမြေဥပဒေကို နှံ့နှံ့စပ်စပ်သိထားမှသာ အိမ်ခြံမြေဂျင်း ကင်းဝေးနိုင်မှာမလား။ ဒီကနေ့ iMyanmarHouse.com ရဲ့ အပတ်စဉ်အိမ်ခြံမြေအမေးအဖြေအစီအစဉ်မှာတော့ မြေနဲ့ပတ်သတ်တဲ့ အမေးအများဆုံးဥပဒေအမေးအဖြေ သုံးခုကို တင်ဆက်ပေးထားပါတယ်။

မေးခွန်း (၁) - နှစ်ဦးအမည်ပေါက် ပူးတွဲပိုင်ဆိုင်သည့် မြေကွက်ကို တစ်ဦးတည်းက ရောင်းချခြင်းသည် တရားဝင်ပါသလား။

လူပုဂ္ဂိုလ်နှစ်ဦး ပူးတွဲ ဝယ်ယူ ပိုင်ဆိုင်ထားသည့် မြေကွက် သို့မဟုတ် နှစ်ဦးပူးတွဲ အမည်ပေါက်မြေကွက် ကို နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်ဘဲ တစ်ဦးတစ်ယောက်ထဲ၏ ဆန္ဒဖြင့်ရောင်းချခြင်းဖြစ်ပါက အဆိုပါ ရောင်းချခြင်းသည် ရောင်းချသူတစ်ဦးတည်းပိုင်ဆိုင်သည့်ဝေစုအတွက်သာ အတည်ဖြစ်ပါမည်။ သီးခြားသက်သာခွင့်အက်ဥပဒေ ပုဒ်မ ၁၅ အရသက်သာခွင့်ပေးရန်မှာ ဝယ်ယူသူအနေဖြင့် သဘောတူညီ ထားသည့် ရောင်းဖိုးငွေအားလုံးကိုပေးချေ၍ ရောင်းရန် ပဋိဉာဉ်ပြုထားသူ ခံစားပိုင်ဆိုင်ခွင့်ရှိသည့် ဝေစု အတွက်သာ ရယူရန်ဆန္ဒရှိရမည်ဖြစ်ပြီး နောက်ဆက်တွဲ တောင်းဆိုချက်များနှင့် လျော်ကြေးတို့ကို စွန့်လွှတ်ရမည်ဖြစ်ပါသည်။ ဝယ်ယူသူအနေဖြင့် သဘောတူညီထားသည့် ရောင်းဖိုးငွေအားလုံးကိုပေးချေခြင်းမပြုလုပ်ရသေးပါက အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်အရသီးခြားဆောင်ရွက်လိုသည့် ဒီကရီကို မရရှိနိုင်ပါ။ ယင်းကဲ့သို့သော အခြေအနေတွင် အချင်းဖြစ်မြေနှင့် အဆောက်အအုံကို ခွဲခြမ်းစိတ်ပိုင်း၍ လက်ရောက်ပေးအပ်စေရန်ဆောင်ရွက်နိုင်မည်မဟုတ်ဘဲ ရောင်းချရန် ပျက်ကွက်သည့်အတွက် စရန်ပေးသဘောတူစာချုပ်တွင် ဖော်ပြထားသည့် လျော်ကြေးပမာဏကိုသာ ပေးအပ်စေရန်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လူပုဂ္ဂိုလ်နှစ်ဦး ပူးတွဲ ဝယ်ယူ ပိုင်ဆိုင်ထားသည့် မြေကွက်ကို ဝယ်ယူမည်ဆိုပါကနှစ်ဦးလုံး၏ သဘောတူညီချက်ဖြင့် လက်မှတ်ထိုးရောင်းချမှသာ တရားဝင်ရောင်းချခြင်းဖြစ်ပြီးဥပစာတစ်ခုလုံးကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။

 

မေးခွန်း (၂) - ဝယ်ယူထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်လျှောက်ထားသူရှိနေပါလျှင် ဘယ်လိုဆောင်ရွက်ရမည်နည်း။

ဝယ်ယူထားသည့်မြေကွက်အား ဂရန် သွားရောက်လျှောက်ထားသည့်အခါ ပါမစ်တစ်ခုထဲတွင် အခြားသူ တစ်ဦးမှ ဂရန်သစ် လျှောက်ထားခဲ့ကြောင်း ပေါ်ပေါက်လာပြီး လျှောက်ထားခဲ့သူသည် ပါမစ် အမည် ပေါက်သူ သို့မဟုတ် အရပ်ကတိစာချုပ် အဆက်ဆက်ဖြင့်ဝယ်ယူထားသူဖြစ်ပါက အဆိုပါ ပုဂ္ဂိုလ်အား ပြန်လည်ခေါ်ဆိုပြီးယင်းဂရန်သစ်လျှောက်ထားချက်ကို ရုတ်သိမ်းကြောင်း တင်ပြစေရန် လိုအပ်ပါသည်။ ယင်းကဲ့သို့ ရုပ်သိမ်းကြောင်းအမှုတွဲတွင် ပိတ်သိမ်းသူ၏ မှတ်ပုံတင်မိတ္တူနှင့် ပါမစ် မိတ္တူတို့ကိုပူးတွဲ တင်ပြပြီး လျှောက်ထားရပါမည်။ ဖော်ပြပါအချက်များပြည့်စုံပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြမြေစီမံခန့်ခွဲမှုဌာနမှ လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက ဂရန်သစ်လျှောက်ထားသူမှလျှောက်ထားသည့် မြေကွက်တန်ဖိုးအတွက် ငွေပေးသွင်းရမည်ဖြစ်ပြီး ဂရန်သစ်ရရှိပါကလျှောက်ထားသူအား သက်ဆိုင်ရာဌာနမှ ပြန်လည် အကြောင်းကြားသွားမည် ဖြစ်ပါသည်။

 

မေးခွန်း (၃) - မြေအမျိုးအစားများစွာရှိသည့်အနက် G3 စသည့် အဓိပ္ပါယ်မှာ အဘယ်နည်း။

မြေအမျိုးအစားများစွာရှိသည့်အနက် G3 စသည့်အဓိပ္ပာယ်မှာ - တတိယတန်းစားဥယျာဉ်ခြံမြေ ဖြစ်ပါ သည်။ မြေအမျိုးအစားများကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ယခင် မြေစာရင်း) မှ စိုက်ပျိုးမြေများ - (လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်၊ ဓနိ၊ရော်ဘာ၊ တောင်ယာ ဟူ၍ မြေမျိုးကြီး ခုနစ်မျိုး ထပ်မံခွဲခြားထားပါသည်။) သစ်တောမြေများ၊စိုက်ပျိုးနိုင်သောမြေရိုင်း၊ တောရိုင်းမြေ (အပတော) များ၊ စားကျက်မြေ၊ လမ်းမြေ၊မီးရထားလမ်းမြေ၊ စက်ရုံမြေ၊ သတ္တုတွင်းမြေ၊ ဆည်မြောင်း၊ ကန်၊ တာတမံမြေ၊ မြစ်ချောင်းရေအောက်မြေ၊ အင်းအိုင်မြေ၊ မြို့မြေ၊ ရွာမြေ၊ သာသနာ၊ သုသာန်၊ အဆောက်အဦမြေ၊လေယာဉ်ကွင်းမြေ၊ ကျန်အခြားမြေဟူ၍ (၁၃) မျိုးထပ်မံ ခွဲခြားထားပါသည်။

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါရစေ။

မေးခွန်းပေးပို့ရန် Link ➡ https://www.imyanmarhouse.com/property-questions-answers-ask

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တိုရှီဘာဝန်ထမ်းများကို ဘောနပ်စ်ပေးရန် ယန်းငွေ သန်း ၃၀၀ တင်ဆောင်လာသည့် ကားကို အကြံပိုင်စွာ လက်လွှဲရယူ လုယက်သွားသော သမိုင်
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
တရုတ်ပြည်မှ အများသုံး အိမ်သာများတွင် အပေါ့သွားပါက ဆီးပါတခါတည်း စစ်ဆေးပေး
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
လက်ထပ်ပြီး ၃ မိနစ်အကြာတွင် တရားရုံးထဲပြန်ဝင်ကာ ကွာရှင်းခဲ့ကြသော ကမ္ဘာ့အိမ်ထောင်သက် အတိုဆုံး စုံတွဲ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
အသက် ၈၂ နှစ်အရွယ် အဘွားအို တင်ပဆုံအောင့်သောကြောင့် ဆေးခန်းပြရာ ကိုယ်ဝန်ရှိနေသည်မှာ နှစ် ၄၀ ကြာ ရှိနေပြီး သန္ဓေသားမှာ ကျေ
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service