တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ - Property Knowledge in Myanmar from iMyanmarHouse.com
3 Jan 2025 12:08 pm တွင် တင်ခဲ့သည်
823 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

တရုတ်ပြည်တွင် အထပ်ပါင်း ၅၇ ထပ်ပါဝင်သော ပေ ၇၀၀ နီးပါးမြင့်မားသည့် မိုးမျှော်တိုက်ကြီးကို ဆောက်လုပ်ရေး အထူးနည်းလမ်းများသုံးပြီး ၁၉ ရက်အတွင်း အပြီးဆောက်လုပ်ခဲ့ခြင်းမှာ ကမ္ဘာ့အံ့ဖွယ် စွမ်းဆောင်မှု ဖြစ်ခဲ့သည်။

တရုတ်ပြည်အလယ်ပိုင်း ဟူနန်ပြည်နယ်၏မြို့တော် ချန်ရှားသည် Zhou မင်းဆက်ခေတ်ကတည်းက တည်ရှိခဲ့သော ရှေးဟောင်းမြို့တော် ဖြစ်သည်။

ချန်ရှား၏ ကမ္ဘာလှည့်ခရီးသည်များ အများဆုံးလာရောက်သည့်နေရာမှာ Mawangdui အမည်ရှိ ဟန်မင်းဆက်၏ ဂူသင်္ချိုင်းများ ဖြစ်သည်။

ထို့အပြင် ချန်ရှားသည် တရုတ်ပြည်၏ ခေါင်းဆောင်ကြီး မော်စီတုန်း ကွန်မြူနစ်ပါတီသို့ မဝင်မီကာလက စာပေလေ့လာသင်ယူခဲ့ပြီး ကြီးပြင်းခဲ့သောနေရာအဖြစ်လည်း လူသိများသည်။

ထိုသို့ ကြီးမားသည့် နောက်ခံသမိုင်းများရှိသော ချန်ရှားတွင် ကမ္ဘာ့စံချိန်တင် သမိုင်းရေးထိုးမည့် အဆောက်အအုံကြီးတစ်ခု ပေါ်ပေါက်လာသည်။

ချန်ရှားမြို့၊ အမှတ် ၃ Broad လမ်းတွင် တည်ရှိသော ၅၇ ထပ် အဆောက်အအုံကြီးကို J57 Mini Sky City ဟု အမည်ပေးထားသည်။

J57 ကို သံမဏီသက်သက်ဖြင့် ဆောက်လုပ်ထားပြီး ကွန်ကရစ်တိုင်များ မပါဝင်ချေ။ အဆောက်အအုံ၏ ၉၀ ရာခိုင်နှုန်းကို စက်ရုံတွင် ကြိုတင်ထုတ်လုပ်ပြီးမှ ဆောက်လုပ်ထားခြင်းဖြစ်ရာ ၁ ရက်လျှင် အထပ် ၃ ထပ်အထိ ပြီးစီးအောင် ဆောက်လုပ်နိုင်စွမ်းရှိခဲ့သည်။

 

(J57 ဟု အမည်ပေးထားသော ၅၇ ထပ်အဆောက်အအုံကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့သည်)

 

(ဆောက်လုပ်ရာတွင် အသုံးပြုထားသော နည်းစနစ်မှာ လူ့သမိုင်း၏ အကြီးကျယ်ဆုံး တီထွင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း အဆောက်အအုံကြီးကို ဆောက်လုပ်သော ကုမ္ပဏီက ပြောသည်။)

 

(အခန်းပေါင်း ၈၀၀ ပါဝင်သည်)

အသင့်ထုတ်လုပ်ပြီး အစိတ်အပိုင်းများဖြင့် ဆောက်လုပ်ခြင်းမှာ အဆောက်အအုံတစ်လုံးကို မျက်စိတမှိတ်အတွင်း ဆောက်လုပ်နိုင်နေသည့် ခေတ်ပေါ် နည်းလမ်းတစ်ခု ဖြစ်သည်။

ယခုအဆောက်အအုံကြီးကို ဆောက်လုပ်ရာတွင် ချဉ်းကပ်ပုံနည်းလမ်းမှာ ထုတ်လုပ်ရေးကွက်လပ်တစ်ခုတွင် အဆောက်အအုံအစိတ်အပိုင်းများကို တပ်ဆင်ပြီး လုပ်ငန်းခွင်နေရာသို့ သယ်ဆောင်ခြင်းဖြစ်သည်။

အမြင့် ၆၈၇ ပေရှိသော မိုးမျှော်တိုက်ကြီးကို ဆောက်လုပ်ရာတွင် ကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံခန့် ကုန်ကျခဲ့သည်ဟု ဆိုသည်။

မိုးမျှော်တိုက်ကြီးတွင် နေထိုင်သူများ အပန်းဖြေရန်အတွက် အပန်းဖြေစရာနေရာများစွာလည်း ထည့်သွင်းပေးထားသည်။

(အဆောက်အအုံကြီးတွင် ခန်းမကြီးပေါင်း ၁၉ ခုပါဝင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ကြောင်း Developer က ပြောသည်)

 

(အဆောက်အအုံကြီး ဆောက်လုပ်ခဲ့စဉ်က မြင်ကွင်း)

 

(ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ညဘက်တွင် တွေ့ခဲ့ရပုံ)

 

(မူလက အထပ်ပေါင်း ၂၂၀ အထိ ဆောက်လုပ်ရန် စီစဉ်ခဲ့သော်လည်း ဒေသတွင်း လေဆိပ်တစ်ခုနှင့် အလွန်နီးကပ်စွာ တည်ရှိသောကြောင့် အထပ်ရေ လျှော့ချခဲ့ရသည်)

 

(ဆောက်လုပ်ခဲ့သည့်ကုမ္ပဏီဖြစ်သော Broad Sustainable Building ကုမ္ပဏီသည် ချန်ရှားမြို့တွင်ပင် အထပ် ၃၀ အဆောက်အအုံကြီးတစ်လုံးကိုလည်း ၁၅ ရက်အတွင်း ဆောက်လုပ်ခဲ့သေးသည်)

 

(တရုတ်ပြည်တွင် လေထုညစ်ညမ်းမှု အခြေအနေဆိုးရွားသောကြောင့် ပုံမှန်ထက် ၄ ဆ ပိုထူသော မှန်များ အသုံးပြုဆောက်လုပ်ခဲ့သည်)

 

(သယ်ယူပို့ဆောင်ရေး ထရပ်ကားများကြောင့် ညစ်ညမ်းမှုလျှော့ချရေးနှင့် ဆောက်လုပ်မှု မြန်ဆန်ရေးအတွက် အသင့်ဆောက်လုပ်တပ်ဆင်သည့် နည်းလမ်းကို အသုံးပြုခဲ့သည်)

 

(အဆောက်အအုံ အစိတ်အပိုင်းတစ်ခုကို စက်ရုံမှ ထုတ်လုပ်သယ်ယူလာပုံ)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The incredible £1billion sky city that's 700ft tall and took just 19 days to build (dailymail) Photo Credit- Daily Mail

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
မက္ကဆီကိုတွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦးက ချစ်သူ၏ နေအိမ်ရှိရာသို့ မြေအောက်လှိုဏ်ခေါင်းတူးကာ သွားခဲ့ပုံ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန် သိပ္ပံပညာရှင်တို့က သိပ္ပံသုတေသနအတွက် မစင်များ အလှူခံလျက်ရှိ၊ လှူဒါန်းသူတို့အား တစ်လလျှင် ဒေါ်လာ ၁၅၀၀ ပေးမည်ဟုဆိ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
အမေရိကန်တွင် မိမိကိုယ်ကိုမိမိ တရားပြန်စွဲကာ အစိုးရထံမှ ဒေါ်လာ ၅ သန်း တောင်းခံသည့်ဖြစ်ပုံ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
၁ နှစ်လောက် အစားအသောက်တွေ အမြဲပျောက်နေလို့ စောင့်ကြည့်ကင်မရာတပ်ထားလိုက်ရာမှ ထိတ်လန့်စရာဖြစ်ရပ် သိလိုက်ရသော ဂျပန်အမျိုးသာ
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
တောင်ကိုရီးယား သိပ္ပံပညာရှင်များ တီထွင်နေသည့် နှစ် ၂၅၀ အသက်ရှည်စေမည့်ဆေး နာမည်ကြီးနေ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
MIngalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service