ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ

ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ - Property News in Myanmar from iMyanmarHouse.com
25 Dec 2024 11:10 am တွင် တင်ခဲ့သည်
524 ကြိမ် ကြည့်ရှု့ပြီး

ဒေါ်နယ်ထရမ့် ဂျူနီယာသည် အမေရိကန်သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ရွေးကောက်ခံထားရသော ဒေါ်နယ်ထရမ့်၏ အကြီးဆုံးသား ဖြစ်သည်။

ကင်ဘာလေ ဂဲဖွိုင် (Kimberly Guilfoyle ) သည် ဒေါ်နယ်ထရမ့်၏ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွင် ရန်ပုံငွေရရှိရန် ဦးဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်တွင် ဒေါ်နယ်ထရမ့်က သူမအား ဂရိနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

ကင်ဘာလေသည် ထရမ့်ဂျူနီယာမတိုင်မီ အိမ်ထောင် ၂ ဆက် ရှိခဲ့ဘူးပြီး ဆန်ဖရန်စစ္စကိုမြို့တော်ဝန် ဂါဗင်နယူးဆမ်နှင့် ပရိဘောဂလုပ်ငန်းရှင်တို့ ဖြစ်သည်။

ယင်းနောက်ပိုင်းတွင် ကင်ဘာလေက ထရမ့်ဂျူနီယာနှင့် ချစ်ကြိုက်ခဲ့ပြီး လက်မထပ်ဘဲ အတူနေလျက် ရှိသည်။

ယခုအခါ ထရမ့်ဂျူနီယာက ဖလော်ရီဒါပြည်နယ်မှ ဘက်တီနာ အန်ဒါဆန်ဟူသော မိန်းကလေးနှင့် ချစ်ကြိုက်နေကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ကင်ဘာလေနှင့် လမ်းခွဲမည့် အခြေအနေ ပေါ်ပေါက်နေသည်။

အသက် ၄၆ နှစ်ရှိပြီ ဖြစ်သော ထရမ့်ဂျူနီယာနှင့် ကင်ဘာလေတို့ တွဲခဲ့သည်မှာ ၆ နှစ်ကျော် ရှိခဲ့ပြီ ဖြစ်သည်။

မကြာသေးမီက ထရမ့်ဂျူနီယာသည် ဖလော်ရီဒါရှိ အပန်းဖြေစခန်းမြို့တွင် အန်ဒါဆန်နှင့် ပျော်ရွှင်နေသော ဓာတ်ပုံများ ထွက်ပေါ်လာသည်။

မိုင်အမ်မီကမ်းခြေတွင် ညစာစားပြီးနောက် ၂ ဦးအတူ လက်တွဲကာ သွားလာနေသည့် ဓာတ်ပုံများ တွေ့ရသည်။

ထိုစားသောက်ဆိုင်မှာ အန်ဒါဆန်၏ အိမ်မှ အနည်းငယ်သာ ဝေးကွာသည်။

၎င်းတို့နှစ်ဦးသည် ထိုမြို့တွင် နေ့ညများစွာ အတူရှိခဲ့ကြကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။

(ထရမ့်ဂျူနီယာသည် ကင်ဘာလေနှင့် လမ်းခွဲကာ အန်ဒါဆန်နှင့် တွဲနေသည်ဆိုသော သတင်းများ ထွက်ပေါ်သည်။ ဓာတ်ပုံ-Lou Rocco )

 

 

(၎င်းတို့နှစ်ဦး လမ်းခွဲမည်ဆိုပါက ဖလော်ရီဒါပြည်နယ် ဂျူပီတာ ကျွန်းရှိ ကန်ဒေါ်လာ ၉ ဒသမ ၇ သန်းတန် စံအိမ်ကို မည်သူက ရယူမည်နည်းဟု ဆုံးဖြတ်ရမည် ဖြစ်သည်။ ဓာတ်ပုံ-Realtor)

 

(စံအိမ်အတွင်း အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်ကာ ခြံအကျယ် ၁၈ ဧကရှိသော ကမ်းခြေစံအိမ် ဖြစ်သည်။ ဓာတ်ပုံ-Realtor)

 

(၎င်းတို့ စုံတွဲ မဝယ်ယူမီတွင် အကြီးစား မွမ်းမံမှုများ ပြုလုပ်ခဲ့သည်။ ဓာတ်ပုံ-Realtor)

စိတ်ဝင်စားဖွယ် ကောင်းသည်မှာ ကင်ဘာလေကို ဒေါ်နယ်ထရမ့်က ဂရိနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်လိုက်သည့် ကာလဝန်းကျင်တွင် ထရမ့်ဂျူနီယာ၏ အချစ်ရေးသတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

(အန်ဒါဆန်- ပုံတွင်တွေ့ရသူ-သည် Palm Beach အပန်းဖြေမြို့တွင် ထရမ့်ဂျူနီယာနှင့်အတူ ဖြတ်သန်းခဲ့သည်။ ဓာတ်ပုံ-Rodrigo Varela)

 

(နှစ်ဦးပိုင်စံအိမ်မှာ ဒေါ်နယ်ထရမ့်နေထိုင်သော မာရာလာဂိုစံအိမ်ကြီးနှင့် မိနစ် ၃၀ ခရီးသာ ကွာဝေးသည်။ ဓာတ်ပုံ-Realtor)

 

(အံ့မခန်း ခမ်းနားလှပေသော ရေကူးကန်။ ဓာတ်ပုံ-Realtor)

 

(ဧည့်ခံဖျော်ဖြေရန် နေရာများစွာရှိသည်။ ဓာတ်ပုံ-Realtor)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Donald Trump Jr. and Kimberly Guilfoyle Spark Furious Split Rumors Amid His New ‘Romance’—but Who Will Get Their $10 Million Florida Mansion? (realtor) Photo Credit- Lou Rocco, Rodrigo Varela, Realtor

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
ကားပိတ်နေလို့ ၁၀ မိနစ် နောက်ကျသွားရာမှ သေကံမရောက်ခဲ့သည့် အမျိုးသမီး
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လူနေခန်းလား ? ခေါင်းတလားလား ? ရှန်ဟိုင်းက စတုရန်း ၅ မီတာပဲရှိတဲ့ အခန်းကျဉ်းလေးများ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
Nineteen ကို စာလုံးမပေါင်းတတ်ဖြစ်နေပြီး ninithin လို့ သင်နေတဲ့ အိန္ဒိယက ကျောင်းဆရာ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ကုလသမဂ္ဂအထိ ရောက်လာတဲ့ ပဲရစ်မြို့က အိမ်တစ်လုံးအရောင်းအဝယ်ကိစ္စ
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရေသန့်ဘူးတွေ လှူလို့ ဒေါ်လာ ၁၀၀ အကြိမ်ကြိမ် ဒဏ်ရိုက်ခံနေရတဲ့ အမေရိကန်က အမျိုးသား
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service