ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရန် ငြင်းဆိုလျက်ရှိ

ဘိုလိဗီးယားမှ “မိမိကိုယ်ကို အဆုံးစီရင်သည့်နေအိမ်များ” (သို့မဟုတ်) မြေပြိုနေသည့် ချောက်ကမ်းပါး ထိပ်တွင် ဆောက်လုပ်ထားသော ကျောချမ်းဖွယ်နေအိမ်တန်းမှာ ပြိုကျတော့မည့် အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း နေထိုင်သူတို့က ရွှေ့ပြောင်းပေးရန် ငြင်းဆိုလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
20 Dec 2024 11:52 am တွင် တင်ခဲ့သည်
459 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ဘိုလိဗီးယားနိုင်ငံ၊ El Alto တောင်ပေါ်မြို့လေးတွင် ရောင်စုံသွပ်မိုးများဖြင့် အိမ်တန်းတစ်ခုအား ရုတ်တရက် ကြည့်လျှင် သာယာလှပသည်ဟု ထင်ရသော်လည်း အိမ်များ၏ အောက်ဘက်ဆီတွင် ခြောက်ခြားဖွယ် အခြေအနေရှိနေသည်။

ထိုအိမ်များမှာ ချောက်ကမ်းပါးထိပ်မှ ပြိုကျရန် လက်မ အနည်းငယ်သာ လိုတော့ပြီး “မိမိကိုယ်ကို အဆုံးစီရင်သည့် နေအိမ်များ” ဟု ဒေသခံတို့က အမည်ပေးထားသည်။

ချောက်ကမ်းပါးကြီးမှာ ပေ ရာပေါင်းများစွာ နက်ရှိုင်းရာ ပြိုကျပါက တစစီ ဖြစ်သွားဖွယ်ရှိသည်။

ကျွမ်းကျင်ပညာရှင်များနှင့် မြို့အာဏာပိုင်တို့က ပြောသည်မှာ ထိုကမ်းပါးကြီးမှာ ဆက်တိုက်ပြိုကျနေကြောင်း၊ ယခုနေအိမ်များမှာ အန္တရာယ်ကြီးမားနေကြောင်း ပြောသည်။

ချောက်ကမ်းပါးထိပ်မှ ပြိုကျလုဆဲဆဲ နေအိမ်များတွင် အိုင်မာရာ နတ်ဆရာတို့ နေထိုင်ကြသည်။

၎င်းတို့ကို Yatiri ဟုလည်း ခေါ်ကြသည်။

ထို နတ်ဆရာတို့က ပက်ကျာမာမာ ဟုခေါ်သော မြေနတ်သမီးကို ကိုးကွယ်ကြသည်။

(မှတ်ချက် ။ Yatiri နတ်ဆရာများနှင့် မြေနတ်သမီး ပက်ကျာမာမာကို ထူးဆန်းစွာ ပူဇော်ကြပုံအကြောင်း ပိုမို ဖတ်ရှုလိုပါက ……..ခွေးလျှာခြောက်မှုန့်၊ လားမားသန္ဓေသားနှင့် ဘိုလိဗီးယားနိုင်ငံမှ ထူးဆန်းသော စုန်းဈေး…ဆောင်းပါး

https://www.imyanmarhouse.com/news/read/1045234

တွင် အကျယ်တဝင့် ဖတ်ရှုနိုင်ပါသည်။)

မိုးသည်းထန်စွာ ရွာသွန်းမှုများနှင့် ကမ္ဘာကြီး ပူနွေးလာမှုတို့ကြောင့် အဆောက်အအုံ ဖောင်ဒေးရှင်းတို့၏ ကြံ့ခိုင်မှု ကျဆင်းလာနေသည်။

“ဒီတောင်ကြားမှာရှိတဲ့ ချောက်ကမ်းပါးက ၉၀ ဒီဂရီ မတ်စောက်ပါတယ်”ဟု El Alto မြို့တော်ဝန်ရုံး ရေ၊ မိလ္လာ၊ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲရေးနှင့် အန္တရာယ်များဆိုင်ရာ စည်ပင်သာယာအတွင်းရေးမှူး Gabriel Pari က ပြောသည်။

“ဒါကြောင့် ကျွန်တော်တို့က သူတို့ကို ဒီနေရာကနေ စွန့်ခွာစေချင်တာပါ။ သူတို့ မပြောင်းရွှေ့ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ အင်အားသုံးရပါလိမ့်မယ်။”

နေအိမ်တို့၏ နောက်ဘက်စွန်းမှာ ချောက်ကမ်းပါးထိပ်တွင် ရှိနေပြီး ပြိုကျရန် တဲတဲလေးသာ ရှိတော့ သော်လည်း နတ်ဆရာတို့ကမူ ရွှေ့ပြောင်းရန် ငြင်းဆိုနေကြသည်။

(ချောက်ကမ်းပါးထိပ်တွင် တဲတဲလေးရှိနေကာ အဆုံးစီရင်သည့် အိမ်များဟု နာမည်ကြီးသည့် အိမ်တန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်က ဒရုန်းဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံ။ )

 

(ချောက်ကမ်းပါးထိပ်မှ နေအိမ်များကို တွေ့ရပုံ။)

 

(မြို့အုပ်ချုပ်ရေး အကြီးအကဲတို့က အန္တရာယ်ရှိကြောင်း ပြောသော်လည်း နတ်ဆရာတို့ကမူ ရွှေ့ပြောင်းရန် ငြင်းဆိုနေကြသည်။) 

“ကျွန်တော်တို့ ဒီနေရာကနေ ပြောင်းမှာ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုရင် နေ့စဉ် အလုပ်လုပ်တဲ့ နေရာ ဖြစ်နေလို့ပါ”ဟု နတ်ဆရာ မန်ညူရယ် မာမာနီက နေအိမ်အပြင်ဘက်တွင် မြေနတ်သမီးကို မီးပူဇော်ရင်း ပြောသည်။

အခြား နတ်ဆရာတစ်ဦးဖြစ်သူ ဂါဘရီယယ် လိုပက်ဇ် ချီဗာက ပြောသည်မှာ မြေနတ်သမီးက မိမိတို့ကို ကာကွယ်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

(ဆက်စပ်သတင်း) ကယ်လီဖိုးနီးယားပြည်နယ်တွင် ချောက်ကမ်းပါးထိပ်၌ ဆောက်လုပ်ထားသော ဒေါ်လာ ၁၆ သန်းတန် စံအိမ်ကြီး ပင်လယ်အတွင်း ပြိုကျဖွယ်အလားအလာနှင့် ရင်ဆိုင်နေရသော်လည်း ပိုင်ရှင်ဖြစ်သူ ဆရာဝန်က ပြောင်းရွှေ့ခြင်းမရှိဘဲ ဆက်လက်နေထိုင်လျက်ရှိ

https://www.imyanmarhouse.com/news/read/1102669

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Ref: Living on the edge: Locals refuse to move out of their 'suicide homes' on the edge of eroding cliff-face (dailymail) Photo Credit-Dailymail

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
ကြွေပြားအချပ်ရေ တွက်နည်း (ကျင်းတွက်နည်း)
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ကွယ်လွန်သူပိုင်ရှင်၏ အိမ်နှင့်မြေ (သို့မဟုတ်) မြေကွက်ကို အမွေဆိုင်များက ရောင်းချခြင်း၊ငှားရမ်းခြင်း ပြုလုပ်လိုပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်း...
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
ထူးခြားစွာ တည်ဆောက်ထားတဲ့ ကိုးထောင့်ကြယ်ဒီဇိုင်းမြို့ငယ်လေး
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အကြောင်းကြားစာ (Notice) 📝
အကြောင်းကြားစာ (Notice) 📝
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
စာချုပ်စာတမ်းအတု၊ မမှန်သက်သေခံ ဖန်တီးခြင်းအတွက် အရေးယူဆောင်ရွက်ခြင်းများအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေပါ ကိတ္ထိမသားသမီး မွေးစားခြင်းအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး...
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ
ပဋိညာဉ်ဥပဒေနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
သင့်အိမ်ခန်းအတွင်းက အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်မယ့် နည်းလမ်းကောင်း (၅)ခု
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
သံပုရာရည်လိမ်းထားလျှင် စီစီတီဗွီကင်မရာတွင် ကိုယ်ပျောက်သည်ဟု ထင်နေသော အမေရိကန်နိုင်ငံသားက သံပုရည်လိမ်းကာ ဘဏ်များအား နေ့ခင
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တစ်နေ့ ကြက်ဥ ၄ လုံး ရက် ၃၀ စားတဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
တောငွေ့လှုံခြင်း (သို့မဟုတ်) တောအုပ်ထဲတွင် ၃ရက်နေထိုင်ပါက ကင်ဆာတိုက်ဖျက်သည့် ပရိုတိန်းများ ထွက်ရှိလာကာ ကင်ဆာဆဲလ်များကို
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
အိန္ဒိယနိုင်ငံတွင် ဦးနှောက်စားသည့် အမီးဘား ကူးစက်ခံရသူ ၆၇ ဦးရှိနေပြီး သေဆုံးသူ ၁၈ ဦးအထိ ရှိလာ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
လူတို့၏ ခန္ဓာကိုယ်ကို အလင်းရိပ်တစ်ခုက လွှမ်းခြုံထားပြီး သေဆုံးချိန်တွင် ပျောက်ကွယ်သွားကြောင်း သိပ္ပံပညာရှင်များ အံ့ဖွယ်တ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
ဘရာဇီး ဆေးရုံတစ်ခု၌ သူနာပြုဆရာမက အဘွားအိုတစ်ဦးကို နှာခေါင်းပိုက်ဖြင့် စွပ်ပြုတ်တိုက် ရမည့်အစား သွေးကြောထဲသို့ ဆေးထိုးထည့
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
အိမ်ကရေဆင်းပိုက်တွေကို ပိတ်ဆို့စေတဲ့ အကြောင်းရင်းများ
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service