ခွေးလျှာခြောက်မှုန့်၊ လားမားသန္ဓေသားနှင့် ဘိုလိဗီးယားနိုင်ငံမှ ထူးဆန်းသော စုန်းဈေး

ခွေးလျှာခြောက်မှုန့်၊ လားမားသန္ဓေသားနှင့် ဘိုလိဗီးယားနိုင်ငံမှ ထူးဆန်းသော စုန်းဈေး - Property News in Myanmar from iMyanmarHouse.com
5 Dec 2022 11:28 am တွင် တင်ခဲ့သည်
1508 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

 

ဖုန်းရွှေသည်သာ ကံကောင်းခြင်းနှင့် လာဘ်လာဘများဆောင်ကြဉ်းပေးမည်ဟု ယူဆလျှင် မှားယွင်းနိုင်ပါသည်။

ဘိုလီဗီးယားနိုင်ငံတွင် ထူးဆန်းသော ဈေးတစ်ခုရှိသည်။ အဆိုပါဈေးတွင် ထူးဆန်းသည့်အရာများရောင်းချပြီး လားမားသန္ဓေသားခြောက်များနှင့် ဖားလောင်းများမှာ အရောင်းရဆုံးဖြစ်သည်။

လားမား သန္ဓေသားခြောက်များကို ဘိုလီဗီးယားရှိ နေအိမ်အများအပြား၏ အုတ်မြစ်တွင် မြှုပ်နှံကြသည်။

 

ဘိုလီဗီးယားသည် တောင်အမေရိကတိုက်ရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပြီး အရှေ့ဘက်နှင့် မြောက်ဘက်တွင် ဘရာဇီး၊ အနောက်ဘက်တွင် ပီရူးနှင့်ချီလီ၊ တောင်ဘက်တွင် အာဂျင်တီးနား၊ အရှေ့တောင်ဘက်တွင် ပါရာဂွေးနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။

အဆိုပါပစ္စည်းများသည် ပေါများကြွယ်ဝမှုနှင့် ကံကြမ္မာကောင်းတို့ ဆောင်ကြဉ်းပေးနိုင်သည်ဟု ယုံကြည်ကြသည်။

ဘိုလီဗီးယားသို့ အကြောင်းကြောင်းဖြင့် အလည်အပတ်ရောက်ရှိခဲ့ပါက ဤဈေးကလေးသို့ ဝင်ရန် သတိရပါ။

 

(လာပက်ဇ်စုန်းဈေး)

 

 

ဘိုလီဗီးယား၏ မြို့တော် လာပက်ဇ်တွင် နာမည်ကျော် Alpaca ဈေးကြီး၏ အနီးတွင် လာပက်ဇ်စုန်းဈေး ဟု နာမည်ကြီးသော El Mercado de Las Brujas de La Paz ဈေးကို တွေ့ရမည်ဖြစ်သည်။

စုန်းဈေးသည် လာပက်ဇ်မြို့၏ ရှေးဟောင်း လမ်း ၂ ခုပေါ်တွင် ဖြန့်ကျက်တည်ရှိသည်။

ဤနေရာ၊ ဤလမ်းပေါ်တွင် ရာစုနှစ်များစွာကတည်းက ပရဆေးရောင်းသူများ၊ စုန်းပညာရှင်များ၊ နက္ခတ္တပညာရှင်များ၊ ဗေဒင်ဆရာများ၊ မှော်ဆရာများ စတည်းချခဲ့ကြသည်။

 

သို့ကြောင့် ဤနေရာသို့ ရောက်ရှိလာခြင်းမှာ ဘိုလီဗီးယား၏ သမိုင်းကြောင်းနှင့် အသက်ဝိဉာဉ်ကို တစေ့တစောင်း အကဲခတ်နိုင်မည်လည်း ဖြစ်သည်။

စုန်းဈေးတည်ရှိရာဝန်းကျင်သို့ ရောက်သွားလျှင် ကျောက်စရစ်ခင်းလမ်းများဘေး လှေကားထစ်များတွင် အမျိုးသမီးကြီးများ ပျင်းရိပျင်းတွဲဖြင့် ထိုင်နေကြသည်ကို တွေ့ရနိုင်သည်။

 

(မှတ်ချက်။ Alpaca ဟူသည်မှာ တောင်အမေရိကတိုက်တွင် မွေးမြူလေ့ရှိသော မွေးရှည်တိရ စ္ဆာန် တစ်မျိုးဖြစ်ပြီး လားမားနှင့်မျိုးစိတ်ဆက်နွယ်ကာ ၎င်း၏ အမွှေးမှာ အဖိုးတန်သည်။)

ကုန်းမြင့်ဒေသများသို့ ရောက်ရှိလာခြင်းကြောင့် အမြင့်ဝေဒနာများဖြစ်သော မအီမသာဖြစ်ခြင်း၊ အားအင်ကုန်ခန်းခြင်းတို့ ခံစားရပါသလား။ တစ်စုံတစ်ယောက်ကို ကျိန်စာတိုက်လိုနေပါသလား။

သို့မဟုတ် သင်၏ အချစ်ရေးကို ပြန်လည်အသက်ဝင်လာစေမည့် တစ်စုံတစ်ခု ရှာဖွေနေပါသလား။

အခြားမည်သည့်နေရာသို့မျှ ခြေညောင်းခံ၍ သွားမနေပါနှင့်။

ဤစုန်းဈေးတွင် သင်၏ မည်သည့် ပြဿနာကိုမဆို ဖြေရှင်းပေးနိုင်မည့် အဆောင်ပစ္စည်းများ ၊ ဂါထာများ ရှိနေသည်။

ပစ္စည်းအများစုမှာ ကံကောင်းခြင်းများ ၊ ချစ်ခြင်းမေတ္တာ ဆောင်ကျဉ်းပေးရန် (သို့မဟုတ်) သားသမီးရစေရန် နှင့် ငွေကြေးအဆင်ပြေစေရန်တို့အတွက် ဖြစ်သည်။

စုန်းဈေးတွင် ဝယ်ယူနိုင်မည့်အရာများမှာ မြွေများ ၊ ဝတ်လစ်စလစ် စုံတွဲရုပ်များ ၊ ဖားပြုပ်ခြောက်များနှင့် လိပ်များ ၊ ကာမအားတိုးဆေးများ ၊ ဇီးကွက်မွှေးများ ၊ လက်တင်အမေရိကတွင် တွေ့ရလေ့ရှိသော သင်းခွေချပ် ကဲ့သို့ အကြေးခွံမာများရှိသည့် armadillos များနှင့် ဆန်းကြယ်စွာပုံဖော်ထားသော အနက်ရောင် ဖယောင်းတိုင် များ ပါဝင်မည်ဖြစ်သည်။

(လားမား သန္ဓေသားလောင်းခြောက်များ)

 

 

 

စုန်းဈေးတွင် တွေ့ရမည့် အဆန်းကျယ်ဆုံးပစ္စည်းမှာ အခြောက်ခံထားသော လားမားသန္ဓေသားခြောက် ဖြစ်သည်။

စုန်းဈေးမှ ဈေးဆိုင်များ၏ ဆိုင်ဝမျက်နှာကြက်တွင် တန်းစီတွဲလောင်းဆွဲထားသော၊ ခြင်းတောင်းများထဲတွင် ထည့်ထားသော၊ ရပ်လျက်အနေအထားဖြင့် ထားရှိသော လားမားသန္ဓေသားခြောက်များကို တွေ့ရမည် ဖြစ်သည်။

မျက်လုံးများမှာ ဟောက်ပက်ဖြစ်နေပြီး ပါးစပ်များမှာ ကြောက်မက်ဖွယ် ဟလျက်ရှိနေရာ စုန်းဈေးလမ်းထဲ ဝင်ရသည်မှာ တမျိုးတဖုံ စိတ်မချမ်းမြေ့ဖွယ်ရာ ရှိသည်။

ဘိုလီဗီးယားလူမျိုးတို့သည် အဆောက်အအုံသစ် တစ်လုံး (သို့မဟုတ်) နေအိမ် တစ်လုံး ဆောက်လုပ်လျှင် လားမားသန္ဓေသားခြောက်ကို ဖောင်ဒေးရှင်းအောက်တွင် မြှုပ်နှံလေ့ရှိကြသည်။

ထိုသို့ ပြုလုပ်ခြင်းမှာ Pachamama နတ်သမီးအား လက်ဆောင်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

ဘိုလီဗီးယားနှင့် ပီရူးတို့၏ ယုံကြည်မှုအရ Pachamama မှာ ကမ္ဘာကို စောင့်သော ကမ္ဘာမြေစောင့် နတ်သမီးဖြစ်သည်ဟု ဆိုသည်။

လားမား သန္ဓေသားခြောက်ကို ချိုချဉ်များ၊ ဝါဂွမ်းစများ၊ အခြားတိုလီမုတ်စ ပစ္စည်းကလေးများဖြင့် စုပေါင်း ပြာချကာ ရရှိလာသည့်ပြာကို အဆောက်အအုံဆောက်လုပ်မည့် ဖောင်ဒေးရှင်းတွင် ချပေးလေ့ရှိကြသည်။

လားမားသန္ဓေသားခြောက်ဖြင့် ယာဇ်ပူဇော်ခြင်းအားဖြင့် နေအိမ်တွင် နေထိုင်မည့်သူများနှင့် ဆောက်လုပ်သူ တို့ကို ဘေးဥပါဒ်တို့မှ အကာအကွယ်ပေးမည့်အပြင် ကံကြမ္မာကောင်းနှင့် ပစ္စည်းဥစ္စာပေါကြွယ်ဝမှုများ ဆောင်ကြဉ်းပေးမည်ဟု ယုံကြည်ကြသည်။

ထိုသို့လုပ်ဆောင်ခြင်းမှာ တိရ စ္ဆာန်များအပေါ် ရက်စက်သည်ဟု ယူဆဖွယ်ရာရှိသည်။မစိုးရိမ်ပါနှင့်။ အသေမွေးလာသော လားမားသန္ဓေသားများ နှင့် ကိုယ်ဝန်ပျက်ကြသော သန္ဓေသားတို့ကိုသာ အသုံးပြုခြင်းဖြစ်ပါသည်။

 

ထိုအရာများမှာ သင့်အတွက် မသက်မသာခံစားရသည်ဆိုပါက အရွယ်အစားအမျိုးမျိုး၊ အရောင်သွေးစုံသည့် ယတြာဘူးများအနက်မှ တစ်ခုခု ဝယ်ယူနိုင်ပါသည်။

အဆိုပါဘူးများတွင် ကြိုတင်စီရင်ထားပြီးဖြစ်သော ဂါထာများပါဝင်ကာ မည်သည့်အရာမျှ ထပ်ထည့််ရန် မလိုအပ်သည့်အပြင် ဆောင်ထားရန်သာ လိုသည်။

ထို့အပြင် ပုံသဏ္ဍာန်အမျိုးမျိုးရှိသော အဆောင်လက်ဖွဲ့များကိုလည်း တွေ့ရမည် ဖြစ်သည်။

အကယ်၍ သစ္စာဖောက်သွားသော ချစ်သူအား လက်စားချေလိုသည် (သို့မဟုတ်) အလုပ်တွင် ကံကောင်းလိုသည်ဆိုပါကလည်း စုန်းဆရာတစ်ဦးရှာဖွေကာ အစီအရင်ပြုလုပ်နိုင်ပါသည်။

 

 

(ခွေးလျှာမှုန့်)

ခွေးလျှာကို အမှုန့်ပြုလုပ်ထားသည့် အစီအရင်တစ်ခုကိုလည်း ဝယ်ယူရရှိနိုင်သည်။ ခွေးလျှာခြောက်မှုန့်ကို မိမိချစ်သူ အမျိုးသားစားသောက်မည့် အစားအသောက်ထဲသို့ တိတ်တဆိတ် ထည့်ပေးရသည်ဟု ဆိုသည်။

ထိုအခါ ခွေးသည် သခင်ကို နာခံသကဲ့သို့ ထိုအမျိုးသားသည်လည်း သင့်အားနာခံလာ၊ သစ္စာရှိလာမည်ဟု ဆို၏။

အင်ကာဒဏ္ဍာရီအရ နေမင်းအပြင် လူသားတို့ကို ကာကွယ်စောင့်ရှောက်မှုပေးသည်ဟု ယုံကြည်ကြသော တိရ စ္ဆာန် ၃ မျိုးရှိသည်။

 

အမေရိကန်တောင်ခြင်္သေ့မှာ စွမ်းအားကို ပေးပြီး မြွေမှာ အသိဉာဏ်ပညာ၊ တောင်အမေရိက လင်းတမှာ ခရီးသွားလာမှုနှင့် ပြောင်းလဲမှုတို့ကို ကိုယ်စားပြုသည်ဟု ဆိုသည်။

ဘိုလိဗီးယားမှ Yatiri (သို့မဟုတ်) မှော်ဆရာတို့မှာ သဘာဝလွန်စွမ်းအားများနှင့် ဆက်နွှယ်နေပြီး သင်၏ ကံကြမ္မာကို ဖတ်ကြားပေးနိုင်ကြသည်။

ဘိုလီဗီးယားသို့ရောက်လျှင် ထူးခြားလှသော ဦးထုပ်ကြီးများဆောင်းထားသည့် Yatiri တို့ကို အလွယ်တကူ တွေ့နိုင်သည်။

Yatiri တို့သည် ဈေးများတွင် လှည့်လည်သွားလာကာ ဖောက်သည်များရှာဖွေကြလေ့ရှိသည်။

ဘာသာရေးအခမ်းအနားများ ကျင်းပပေးမည့် ဘုရားကျောင်းများလည်း ရှိနေသည်။

အကယ်၍ သင်သည် နေထိုင်မကောင်းဖြစ်နေမှုကို ကုသလိုပါက စမ်းသပ်ကြည့်နိုင်ပါသည်။

၎င်းတို့၏ မှော်ပညာများမှာ အမှန်တကယ်အစွမ်းပြခြင်းရှိ၊ မရှိကိုမူ မပြောနိုင်ပါ။

(တည်နေရာ)

ဘိုလိဗီးယားသို့ရောက်လျှင် အမှတ်တရပစ္စည်းဝယ်ယူခြင်း၊ မြို့တွင် လှည့်ပတ်ခရီးထွက်ခြင်းတို့ပြုလုပ်ရင်း လာပက်ဇ်စုန်းဈေးသို့ အလွယ်တကူဝင်နိုင်ပါသည်။

လာပက်ဇ်မြို့တော်၏ အလယ် ကမ္ဘာလှည့်ခရီးသည်များ သွားရောက်လေ့ရှိကြသည့် Jimenez နှင့် Linares လမ်းများပေါ်တွင် တည်ရှိကာ ဆန်ဖရန်စစ္စကို ဘုရားကျောင်းမှ တစ်ဘလောက်သာ ဝေးကွာသည်။

 

စုန်းပညာကို ပိုမိုလေ့လာလိုပြီး အချိန်လည်းရသည်ဆိုပါက လာပက်ဇ်မြို့ဝန်းကျင်ရှိ တောင်ကုန်းများရှိရာသို့ ကြိုးဆွဲရထားဖြင့် သွားရောက်ပါ။

ထိုဒေသများတွင် မှော်ဆရာများတွေ့ရန် များစွာမရှာရပါ။

သို့သော် ထိုဒေသတွင် သင်၏ ဘေးကင်းလုံခြုံရေးအတွက် ကြိုးဆွဲရထားရှိရာ ဝန်းကျင်မှ ဝေးဝေးသို့ မသွားသင့်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The La Paz Witches Market (boliviahop, adventurousmiriam)

 

 

 

 

[Zawgyi]

ေခြးလွ်ာေျခာက္မႈန္႔၊ လားမားသေႏၶသားႏွင့္ ဘိုလိဗီးယားႏိုင္ငံမွ ထူးဆန္းေသာ စုန္းေစ်း

 

ဖုန္းေရႊသည္သာ ကံေကာင္းျခင္းႏွင့္ လာဘ္လာဘမ်ားေဆာင္ၾကဥ္းေပးမည္ဟု ယူဆလွ်င္ မွားယြင္းႏိုင္ပါသည္။

ဘိုလီဗီးယားႏိုင္ငံတြင္ ထူးဆန္းေသာ ေစ်းတစ္ခုရွိသည္။ အဆိုပါေစ်းတြင္ ထူးဆန္းသည့္အရာမ်ားေရာင္းခ်ျပီး လားမားသေႏၶသားေျခာက္မ်ားႏွင့္ ဖားေလာင္းမ်ားမွာ အေရာင္းရဆံုးျဖစ္သည္။

လားမား သေႏၶသားေျခာက္မ်ားကို ဘိုလီဗီးယားရွိ ေနအိမ္အမ်ားအျပား၏ အုတ္ျမစ္တြင္ ျမွဳပ္ႏွံၾကသည္။

ဘိုလီဗီးယားသည္ ေတာင္အေမရိကတိုက္ရွိ ကုန္းတြင္းပိတ္ႏိုင္ငံတစ္ခုျဖစ္ျပီး အေရွ႕ဘက္ႏွင့္ ေျမာက္ဘက္တြင္ ဘရာဇီး၊ အေနာက္ဘက္တြင္ ပီရူးႏွင့္ခ်ီလီ၊ ေတာင္ဘက္တြင္ အာဂ်င္တီးနား၊ အေရွ႕ေတာင္ဘက္တြင္ ပါရာေဂြးႏိုင္ငံတို႔ႏွင့္ နယ္နိမိတ္ခ်င္းထိစပ္လ်က္ရွိသည္။

အဆိုပါပစၥည္းမ်ားသည္ ေပါမ်ားၾကြယ္ဝမႈႏွင့္ ကံၾကမၼာေကာင္းတို႔ ေဆာင္ၾကဥ္းေပးႏိုင္သည္ဟု ယံုၾကည္ၾကသည္။

ဘိုလီဗီးယားသို႔ အေၾကာင္းေၾကာင္းျဖင့္ အလည္အပတ္ေရာက္ရွိခဲ့ပါက ဤေစ်းကေလးသို႔ ဝင္ရန္ သတိရပါ။

 

(လာပက္ဇ္စုန္းေစ်း)

ဘိုလီဗီးယား၏ ျမဳိ႕ေတာ္ လာပက္ဇ္တြင္ နာမည္ေက်ာ္ Alpaca ေစ်းၾကီး၏ အနီးတြင္ လာပက္ဇ္စုန္းေစ်း ဟု နာမည္ၾကီးေသာ El Mercado de Las Brujas de La Paz ေစ်းကို ေတြ႔ရမည္ျဖစ္သည္။

စုန္းေစ်းသည္ လာပက္ဇ္ျမိဳ႕၏ ေရွးေဟာင္း လမ္း ၂ ခုေပၚတြင္ ျဖန္႔က်က္တည္ရွိသည္။

ဤေနရာ၊ ဤလမ္းေပၚတြင္ ရာစုႏွစ္မ်ားစြာကတည္းက ပရေဆးေရာင္းသူမ်ား၊ စုန္းပညာရွင္မ်ား၊ နကၡတၱပညာရွင္မ်ား၊ ေဗဒင္ဆရာမ်ား၊ ေမွာ္ဆရာမ်ား စတည္းခ်ခဲ့ၾကသည္။

သို႔ေၾကာင့္ ဤေနရာသို႔ ေရာက္ရွိလာျခင္းမွာ ဘိုလီဗီးယား၏ သမိုင္းေၾကာင္းႏွင့္ အသက္ဝိဥာဥ္ကို တေစ့တေစာင္း အကဲခတ္ႏိုင္မည္လည္း ျဖစ္သည္။ စုန္းေစ်းတည္ရွိရာဝန္းက်င္သို႔ ေရာက္သြားလွ်င္ ေက်ာက္စရစ္ခင္းလမ္းမ်ားေဘး ေလွကားထစ္မ်ားတြင္ အမ်ဳိးသမီးၾကီးမ်ား ပ်င္းရိပ်င္းတြဲျဖင့္ ထိုင္ေနၾကသည္ကို ေတြ႔ရႏိုင္သည္။

(မွတ္ခ်က္။ Alpaca ဟူသည္မွာ ေတာင္အေမရိကတိုက္တြင္ ေမြးျမဴေလ့ရွိေသာ ေမြးရွည္တိရ စၦာန္ တစ္မ်ဳိးျဖစ္ျပီး လားမားႏွင့္မ်ဳိးစိတ္ဆက္ႏြယ္ကာ ၎၏ အေမႊးမွာ အဖိုးတန္သည္။)

ကုန္းျမင့္ေဒသမ်ားသို႔ ေရာက္ရွိလာျခင္းေၾကာင့္ အျမင့္ေဝဒနာမ်ားျဖစ္ေသာ မအီမသာျဖစ္ျခင္း၊ အားအင္ကုန္ခန္းျခင္းတို႔ ခံစားရပါသလား။ တစ္စံုတစ္ေယာက္ကို က်ိန္စာတိုက္လုိေနပါသလား။

သို႔မဟုတ္ သင္၏ အခ်စ္ေရးကို ျပန္လည္အသက္ဝင္လာေစမည့္ တစ္စံုတစ္ခု ရွာေဖြေနပါသလား။

အျခားမည္သည့္ေနရာသို႔မွ် ေျခေညာင္းခံ၍ သြားမေနပါႏွင့္။

ဤစုန္းေစ်းတြင္ သင္၏ မည္သည့္ ျပႆနာကိုမဆို ေျဖရွင္းေပးႏိုင္မည့္ အေဆာင္ပစၥည္းမ်ား ၊ ဂါထာမ်ား ရွိေနသည္။

ပစၥည္းအမ်ားစုမွာ ကံေကာင္းျခင္းမ်ား ၊ ခ်စ္ျခင္းေမတၱာ ေဆာင္က်ဥ္းေပးရန္ (သို႔မဟုတ္) သားသမီးရေစရန္ ႏွင့္ ေငြေၾကးအဆင္ေျပေစရန္တို႔အတြက္ ျဖစ္သည္။

စုန္းေစ်းတြင္ ဝယ္ယူႏိုင္မည့္အရာမ်ားမွာ ေျမြမ်ား ၊ ဝတ္လစ္စလစ္ စံုတြဲရုပ္မ်ား ၊ ဖားျပဳပ္ေျခာက္မ်ားႏွင့္ လိပ္မ်ား ၊ ကာမအားတိုးေဆးမ်ား ၊ ဇီးကြက္ေမႊးမ်ား ၊ လက္တင္အေမရိကတြင္ ေတြ႔ရေလ့ရွိေသာ သင္းေခြခ်ပ္ ကဲ့သို႔ အေၾကးခြံမာမ်ားရိွသည့္ armadillos မ်ားႏွင့္ ဆန္းၾကယ္စြာပံုေဖာ္ထားေသာ အနက္ေရာင္ ဖေယာင္းတိုင္ မ်ား ပါဝင္မည္ျဖစ္သည္။

(လားမား သေႏၶသားေလာင္းေျခာက္မ်ား)

စုန္းေစ်းတြင္ ေတြ႔ရမည့္ အဆန္းက်ယ္ဆံုးပစၥည္းမွာ အေျခာက္ခံထားေသာ လားမားသေႏၶသားေျခာက္ ျဖစ္သည္။

စုန္းေစ်းမွ ေစ်းဆိုင္မ်ား၏ ဆိုင္ဝမ်က္ႏွာၾကက္တြင္ တန္းစီတြဲေလာင္းဆြဲထားေသာ၊ ျခင္းေတာင္းမ်ားထဲတြင္ ထည့္ထားေသာ၊ ရပ္လ်က္အေနအထားျဖင့္ ထားရွိေသာ လားမားသေႏၶသားေျခာက္မ်ားကို ေတြ႔ရမည္ ျဖစ္သည္။ မ်က္လံုးမ်ားမွာ ေဟာက္ပက္ျဖစ္ေနျပီး ပါးစပ္မ်ားမွာ ေၾကာက္မက္ဖြယ္ ဟလ်က္ရွိေနရာ စုန္းေစ်းလမ္းထဲ ဝင္ရသည္မွာ တမ်ဳိးတဖံု စိတ္မခ်မ္းေျမ႕ဖြယ္ရာ ရွိသည္။

ဘိုလီဗီးယားလူမ်ဳိးတို႔သည္ အေဆာက္အအံုသစ္ တစ္လံုး (သုိ႔မဟုတ္) ေနအိမ္ တစ္လံုး ေဆာက္လုပ္လွ်င္ လားမားသေႏၶသားေျခာက္ကို ေဖာင္ေဒးရွင္းေအာက္တြင္ ျမွဳပ္ႏွံေလ့ရွိၾကသည္။

ထိုသို႔ ျပဳလုပ္ျခင္းမွာ Pachamama နတ္သမီးအား လက္ေဆာင္ေပးျခင္းျဖစ္သည္ဟု ဆုိသည္။

ဘိုလီဗီးယားႏွင့္ ပီရူးတို႔၏ ယံုၾကည္မႈအရ Pachamama မွာ ကမၻာကို ေစာင့္ေသာ ကမၻာေျမေစာင့္ နတ္သမီးျဖစ္သည္ဟု ဆိုသည္။

လားမား သေႏၶသားေျခာက္ကို ခ်ဳိခ်ဥ္မ်ား၊ ဝါဂြမ္းစမ်ား၊ အျခားတိုလီမုတ္စ ပစၥည္းကေလးမ်ားျဖင့္ စုေပါင္း ျပာခ်ကာ ရရွိလာသည့္ျပာကို အေဆာက္အအံုေဆာက္လုပ္မည့္ ေဖာင္ေဒးရွင္းတြင္ ခ်ေပးေလ့ရွိၾကသည္။

လားမားသေႏၶသားေျခာက္ျဖင့္ ယာဇ္ပူေဇာ္ျခင္းအားျဖင့္ ေနအိမ္တြင္ ေနထိုင္မည့္သူမ်ားႏွင့္ ေဆာက္လုပ္သူ တို႔ကို ေဘးဥပါဒ္တို႔မွ အကာအကြယ္ေပးမည့္အျပင္ ကံၾကမၼာေကာင္းႏွင့္ ပစၥည္းဥစၥာေပါၾကြယ္ဝမႈမ်ား ေဆာင္ၾကဥ္းေပးမည္ဟု ယံုၾကည္ၾကသည္။

ထုိသုိ႔လုပ္ေဆာင္ျခင္းမွာ တိရ စၦာန္မ်ားအေပၚ ရက္စက္သည္ဟု ယူဆဖြယ္ရာရွိသည္။မစိုးရိမ္ပါႏွင့္။ အေသေမြးလာေသာ လားမားသေႏၶသားမ်ား ႏွင့္ ကိုယ္ဝန္ပ်က္ၾကေသာ သေႏၶသားတို႔ကိုသာ အသံုးျပဳျခင္းျဖစ္ပါသည္။

ထိုအရာမ်ားမွာ သင့္အတြက္ မသက္မသာခံစားရသည္ဆိုပါက အရြယ္အစားအမ်ဳိးမ်ဳိး၊ အေရာင္ေသြးစံုသည့္ ယၾတာဘူးမ်ားအနက္မွ တစ္ခုခု ဝယ္ယူႏိုင္ပါသည္။

အဆိုပါဘူးမ်ားတြင္ ၾကိဳတင္စီရင္ထားျပီးျဖစ္ေသာ ဂါထာမ်ားပါဝင္ကာ မည္သည့္အရာမွ် ထပ္ထည့္္ရန္ မလိုအပ္သည့္အျပင္ ေဆာင္ထားရန္သာ လိုသည္။

ထို႔အျပင္ ပံုသ႑ာန္အမ်ဳိးမ်ဳိးရွိေသာ အေဆာင္လက္ဖြဲ႔မ်ားကိုလည္း ေတြ႔ရမည္ ျဖစ္သည္။

အကယ္၍ သစၥာေဖာက္သြားေသာ ခ်စ္သူအား လက္စားေခ်လိုသည္ (သို႔မဟုတ္) အလုပ္တြင္ ကံေကာင္းလိုသည္ဆိုပါကလည္း စုန္းဆရာတစ္ဦးရွာေဖြကာ အစီအရင္ျပဳလုပ္ႏိုင္ပါသည္။

(ေခြးလွ်ာမႈန္႔)

ေခြးလွ်ာကို အမႈန္႔ျပဳလုပ္ထားသည့္ အစီအရင္တစ္ခုကိုလည္း ဝယ္ယူရရွိႏိုင္သည္။ ေခြးလွ်ာေျခာက္မႈန္႔ကို မိမိခ်စ္သူ အမ်ဳိးသားစားေသာက္မည့္ အစားအေသာက္ထဲသုိ႔ တိတ္တဆိတ္ ထည့္ေပးရသည္ဟု ဆိုသည္။

ထိုအခါ ေခြးသည္ သခင္ကို နာခံသကဲ့သို႔ ထိုအမ်ဳိးသားသည္လည္း သင့္အားနာခံလာ၊ သစၥာရွိလာမည္ဟု ဆို၏။

အင္ကာဒ႑ာရီအရ ေနမင္းအျပင္ လူသားတို႔ကို ကာကြယ္ေစာင့္ေရွာက္မႈေပးသည္ဟု ယံုၾကည္ၾကေသာ တိရ စၦာန္ ၃ မ်ဳိးရွိသည္။

အေမရိကန္ေတာင္ျခေသၤ့မွာ စြမ္းအားကို ေပးျပီး ေျမြမွာ အသိဥာဏ္ပညာ၊ ေတာင္အေမရိက လင္းတမွာ ခရီးသြားလာမႈႏွင့္ ေျပာင္းလဲမႈတို႔ကို ကိုယ္စားျပဳသည္ဟု ဆိုသည္။

ဘိုလိဗီးယားမွ Yatiri (သို႔မဟုတ္) ေမွာ္ဆရာတို႔မွာ သဘာဝလြန္စြမ္းအားမ်ားႏွင့္ ဆက္ႏႊယ္ေနျပီး သင္၏ ကံၾကမၼာကို ဖတ္ၾကားေပးႏိုင္ၾကသည္။ ဘိုလီဗီးယားသို႔ေရာက္လွ်င္ ထူးျခားလွေသာ ဦးထုပ္ၾကီးမ်ားေဆာင္းထားသည့္ Yatiri တို႔ကို အလြယ္တကူ ေတြ႔ႏိုင္သည္။

Yatiri တို႔သည္ ေစ်းမ်ားတြင္ လွည့္လည္သြားလာကာ ေဖာက္သည္မ်ားရွာေဖြၾကေလ့ရွိသည္။

ဘာသာေရးအခမ္းအနားမ်ား က်င္းပေပးမည့္ ဘုရားေက်ာင္းမ်ားလည္း ရွိေနသည္။

အကယ္၍ သင္သည္ ေနထိုင္မေကာင္းျဖစ္ေနမႈကို ကုသလိုပါက စမ္းသပ္ၾကည့္ႏိုင္ပါသည္။

၎တို႔၏ ေမွာ္ပညာမ်ားမွာ အမွန္တကယ္အစြမ္းျပျခင္းရွိ၊ မရွိကိုမူ မေျပာႏိုင္ပါ။

(တည္ေနရာ)

ဘိုလိဗီးယားသို႔ေရာက္လွ်င္ အမွတ္တရပစၥည္းဝယ္ယူျခင္း၊ ျမိဳ႕တြင္ လွည့္ပတ္ခရီးထြက္ျခင္းတို႔ျပဳလုပ္ရင္း လာပက္ဇ္စုန္းေစ်းသို႔ အလြယ္တကူဝင္ႏိုင္ပါသည္။

လာပက္ဇ္ျမိဳ႕ေတာ္၏ အလယ္ ကမၻာလွည့္ခရီးသည္မ်ား သြားေရာက္ေလ့ရွိၾကသည့္ Jimenez ႏွင့္ Linares လမ္းမ်ားေပၚတြင္ တည္ရွိကာ ဆန္ဖရန္စစၥကို ဘုရားေက်ာင္းမွ တစ္ဘေလာက္သာ ေဝးကြာသည္။

စုန္းပညာကို ပိုမိုေလ့လာလိုျပီး အခ်ိန္လည္းရသည္ဆိုပါက လာပက္ဇ္ျမိဳ႕ဝန္းက်င္ရွိ ေတာင္ကုန္းမ်ားရွိရာသို႔ ၾကိဳးဆြဲရထားျဖင့္ သြားေရာက္ပါ။

ထိုေဒသမ်ားတြင္ ေမွာ္ဆရာမ်ားေတြ႔ရန္ မ်ားစြာမရွာရပါ။

သို႔ေသာ္ ထိုေဒသတြင္ သင္၏ ေဘးကင္းလံုျခံဳေရးအတြက္ ၾကိဳးဆြဲရထားရွိရာ ဝန္းက်င္မွ ေဝးေဝးသို႔ မသြားသင့္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: The La Paz Witches Market (boliviahop, adventurousmiriam)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
ဝါမဝင်ခင်ကာလအထိ ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက် မြင့်တက်နေမည်
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာဉ်ဆိုးရွားစွာ ပျက်စီးနေရမှု ရင်ဆိုင်ရလျက်ရှိ...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
မိုက္ကရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ် ဒေါ်လာ (၅) သန်းဖြင့် အရောင်းဈေးကွက်တင်ထားသော ဆီယက်တဲလ် မြို့မှ နေအိမ်ငယ်လေး ဈေးကွက်တင်ပြီး ၂ ပတ်အကြာတွင် ဝယ်လက်ပေါ်ပေါက်ခဲ့၊ ဘီလ်ဂိတ်အတွက် ၂၈၅ ရာခိုင်နှုန်း မြတ်စွန်း...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
ထိုင်းနိုင်ငံတွင် ကမ္ဘာ့အမြင့်မားဆုံး မိုးမျှော်တိုက်ကြီး ဆောက်လုပ်ရန်အတွက် ထိုင်းဝန်ကြီးချုပ်က ဒူဘိုင်းနှင့် တရုတ်ပြည်တို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးလျက်ရှိ...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
စင်္ကာပူရှိ Far Eastဈေးဝယ်စင်တာကြီးကို တရုတ်ပြည်မှ ဘီလျံနာ Du Shuanghua က စင်္ကာပူဒေါ်လာ ၉၀၈ သန်း (ကန်ဒေါ်လာ သန်း ၆၇၀) ဖြင့် ဝယ်ယူရန် စီစဉ်ခဲ့သော်လည်း ပြန်လည်ဆောက်လုပ်ရေးစီမံကိန်း ခွင့်ပြုချက်မရသောကြောင့် အရောင်းအဝယ်ပွဲ မဖြစ်ခဲ့...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
ရော့ခ်ဂီတအဖွဲ့ကြီး Red Hot Chilli Peppers ၏ ဘေ့စ်ဂီတာသမား လော့အိန်ဂျလိစံအိမ်ကို ရောင်းချနေသည်မှာ (၂) နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့တိုင် ရောင်းမထွက်သေးသောကြောင့် ကန်ဒေါ်လာ (၃) သန်းနီးပါး ဈေးလျှော့ပေးလာ...
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
အိမ်ခြံမြေ အ‌ရောင်းအဝယ်အတွက် Google Map ဖြင့်ရှာဖွေနိုင်မည်
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
မန္တလေးအိမ်ငှားဈေးကွက်တွင် ဗန်းမော်နှင့်မြစ်ကြီးနားမှ ပြောင်းရွှေ့လာသူများပြားလာ
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် မြောက်ကာရိုလိုင်းနားရှိ တိရ စ္ဆာန်ရုံ ( ၂ ) ခု တပြိုင်တည်း အရောင်းဈေးကွက်ဝင်လာ...
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်
သီလဝါ စက်မှုဇုန်တွင် (၁၄) မဂ္ဂါဝပ် ဆိုလာဓါတ်အားပေးစနစ် တည်ဆောက်မည်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
ပြည်တွင်းအခေါက် ရွှေဈေး ပြန်လည်ကျဆင်းလာ
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
အောင်မြင့်မိုရ်အိမ်ရာရှိ တိုက် (၄) လုံး၊အခန်း (၁၀၄) ခန်းအိမ်ရာချေးငွေဖြင့် ရောင်းချမည်
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
Elon Musk သည် ဒေါ်လာ ဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝသော အခြေအနေရောက်ရှိလာသည့် အချိန်တွင်ပင် အိမ်ပိုင် ဝယ်ယူခြင်းမရှိခဲ့၊ Go
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့ပေါင်း ၁၀၀ မှာ အာရှတွင် တည်ရှိပြီး ယင်းအနက် မြို့ပေါင်း ၈၃ ခုမှာ တစ်နိုင်ငံတည်းတွင် တည်ရှိသေ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
တချိန်က ကမ္ဘာ့ဆဋ္ဌမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့ဖူးသော်လည်း ကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံ ကြွေးတင်ကာ ရှေ့နေခပေးရန် ဇနီ
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ထိုင်းနိုင်ငံက မျောက်ဘူဖေးပွဲတော်
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
ရန်ကုန်အိမ်ခြံမြေ ဈေးကျဆင်းရန်မရှိ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
အမေရိကန်ပြည် ဘာလ်တီမိုးမြို့ရှိ နေအိမ်ပေါင်း ၁၃၅၀၀ ကို အိမ်တစ်လုံးလျှင် ၁ ဒေါ်လာဖြင့် ရောင်းချပေးမည်၊ လာမည့်ရက်ပိုင်းအတွ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
Mark Zuckerberg က ကယ်လီဖိုးနီးယားရှိ သူ၏ စံအိမ်ကို ကန်ဒေါ်လာ သန်း ၃၀ နီးပါးဖြင့် တိတ်တဆိတ် ရောင်းချ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
စားစရာ၊ ဝတ်စရာပင် မရှိသောဘဝမှ လာခဲ့သူ၊ အတန်းပညာမရှိသောကြောင့် လက်တိုလက်တောင်း အလုပ်များသာ လုပ်ခဲ့ရသော်လည်း တရုတ်ပြည်၏ အခ
thukha-garden-residence
taunggyi-garden-city

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service