ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
19 Dec 2024 11:48 am တွင် တင်ခဲ့သည်
598 ကြိမ် ကြည့်ရှု့ပြီး

((ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီ ထူးဆန်းစွာ ရုတ်တရက် ကွယ်လွန်ခြင်း ၁၅ နှစ်ပြည့်ပြီ))

ကမ္ဘာကျော် အဆိုတော် ဘရစ်တ်နီ စပီးယား သရဲခြောက်ခံရသောကြောင့် မနေရဲတော့သဖြင့် ပြန်လည်ရောင်းချခဲ့သော လော့စ်အိန်ဂျလိ စံအိမ်ကြီးကို ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဝယ်ယူနေထိုင်ခဲ့ကြသည်။ ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံသည်လည်း ရောဂါလက္ခဏာတစ်မျိုးတည်းဖြင့် ဆန်းကြယ်စွာ ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်သေဆုံးခဲ့ကြသဖြင့် ကျိန်စာသင့် စံအိမ်ကြီးဟု နာမည်ကြီးခဲ့သည်။

ဘရစ်နီ မာဖီ (Brittany Murphy) (မွေး-၁၉၇၇) သည် အမေရိကန်ရုပ်ရှင်မင်းသမီး၊ အဆိုတော်တစ်ဦး ဖြစ်သည်။

သောက်ဆေးများကို အလွန်အကျွံသုံးစွဲကာ သွေးအားနည်းရာမှတဆင့် အဆုပ်ရောင်ရောဂါဖြင့် ကွယ်လွန်သည်ဟု ဆိုသည်။

၂၀၀၉ ခုနှစ်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး အသက် ၃၂ နှစ်သာ ရှိသေးသည်။

ဘရစ်နီး မာဖီတို့ဇနီးမောင်နှံသည် ပရိဘောဂ အပြည့်အစုံပါသည့် သရဲခြောက်သောအိမ်ကြီးကို ဘရစ်တ်နီ စပီးယားထံမှ ကန်ဒေါ်လာ ၃ ဒသမ ၈၅ သန်းဖြင့် ဝယ်ယူခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

(ဘရစ်နီး မာဖီသည် ကွယ်လွန်ချိန်တွင် အသက် ၃၂ နှစ်သာ ရှိသေးသည်။ ဓာတ်ပုံ-FilmMagic)

 

ဘရစ်နီး မာဖီနှင့် ခင်ပွန်းဖြစ်သူ ဆိုင်မင် မွန်းဂျက်တို့သည် ၅ လသာခြားကာ ရှေ့ဆင့်နောက်ဆင့် ထူးဆန်းစွာ ကွယ်လွန်သွားကြသည်။

၎င်းတို့ကွယ်လွန်ပြီးနောက်ပိုင်း ဘရစ်နီး မာဖီ၏ မိခင်ကြီး ရှာရွန်က စံအိမ်ကို ဝယ်ဈေးအောက် ဒေါ်လာ ၁ သန်းဈေးလျှော့ကာ ကန်ဒေါ်လာ ၂ ဒသမ ၇ သန်းဖြင့် ၂၀၁၁ ခုနှစ်အတွင်း ရောင်းထုတ်ခဲ့သည်။

ရှာရွန်ထံမှ ဝယ်ယူသူတို့က စံအိမ်ကြီးကို ဖြိုချလိုက်ပြီး အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၈ ခန်းပါ စံအိမ်သစ်တစ်လုံးကို ဆောက်လုပ်ခဲ့ကြသည်။

၂၀၁၇ ခုနှစ်တွင် အိမ်သစ်မှာ ကန်ဒေါ်လာ ၁၄ ဒသမ ၅၃ သန်းဖြင့် လက်လွှဲလက်ပြောင်းဖြစ်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ပိုင်ရှင်သစ်တို့က ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် ခေါ်ဈေးအောက် အလွန်နည်းပါးသည့်ဈေးနှုန်းဖြစ်သော ကန်ဒေါ်လာ ၁၂ ဒသမ ၂ သန်းဖြင့် ရောင်းထွက်ခဲ့သည်။

စတုရန်းပေ ၉၄၀၀ ကျယ်ဝန်းသော စံအိမ်ကို ယခုနှစ် ဇူလိုင်လအတွင်း ၁၈ ဒသမ ၉၉ သန်းဈေးခေါ်ကာ အရောင်းဈေးကွက်တင်ခဲ့သော်လည်း ရောင်းမထွက်ခဲ့။ ယခုအခါ ဒေါ်လာ ၁ သန်းဈေးလျှော့ပေးကာ ၁၇ ဒသမ ၉၉ သန်း ဈေးခေါ်ထားသည်။

ဘရစ်နီး မာဖီသည် သောက်ဆေးများကို အလွန်အကျွံသုံးစွဲကာ သွေးအားနည်းရာမှတဆင့် အဆုပ်ရောင်ရောဂါဖြင့် ကွယ်လွန်သည်ဟု မှတ်ချက်ပြုထားသည်။

ဘရစ်နီ မာဖီသည် တုပ်ကွေးရောဂါလက္ခဏာမျိုး ရက်အနည်းငယ် ခံစားနေခဲ့ရပြီးနောက် ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်၊ မနက် ၈ နာရီခန့်တွင် ရေချိုးခန်းအတွင်း လဲကျသွားခဲ့ခြင်းဖြစ်သည်။

ဘရစ်နီး မာဖီကွယ်လွန်ပြီး ၅ လအကြာတွင် သူ၏ခင်ပွန်းဖြစ်သူ ဆိုင်မင် မွန်းဂျက် (Simon Monjack) ကိုလည်း ထိုစံအိမ်တွင် သေဆုံးလျက် တွေ့ခဲ့ကြသည်။

ဘရစ်နီး မာဖီ၏ ဘဝနှင့် ရုတ်တရက်သေဆုံးမှုတို့အကြောင်းကို HBO Max ရုပ်သံလိုင်းတွင် What Happened, Brittany Murphy? ဟူသောအမည်ဖြင့် documentary တစ်ခု ထုတ်လွှင့်ပြသဖူးသည်။

၂၀၁၀ ပြည့်နှစ်၊ မေလ ၂၃ ရက်နေ့သို့ ရောက်သောအခါ ဘရစ်နီးမာဖီ၏ ခင်ပွန်းဖြစ်သူမှာလည်း နေအိမ်အတွင်း ခေါ်မရဖြစ်နေသည်ကို တွေ့ခဲ့ရပြန်သည်။

ဇနီးဖြစ်သူ မာဖီနည်းတူ ဆိုင်မင် မွန်းဂျက်မှာလည်း ပြင်းထန်သော နမိုးနီးယား၊ ပြင်းထန်သော သွေးအားနည်းရောဂါတို့ဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကနဦးခန့်မှန်းခဲ့သည်မှာ ဘရစ်နီ မာဖီတို့ စုံတွဲသေဆုံးခဲ့ကြသည်မှာ နေအိမ်အတွင်းစွဲကပ်နေသော မှိုများကြောင့် ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။ ထိုယူဆချက်ကို သေမှုသေခင်းရုံးက လက်မခံချေ။

ဘရစ်နီ စပီးယားနေထိုင်စဉ်ကာလအတွင်း ပရလောကသားတို့နှင့် တွေ့ကြုံရမှုဖြစ်ပေါ်ခဲ့ရာမှတဆင့် ယခုအိမ်ကြီးကို စွန့်ခွာကျောခိုင်းလိုက်ကာ မည်သည့်အခါမျှ ပြန်မလာခဲ့တော့။

ဘရစ်နီ စပီးယားစ်၏ မိတ်ကပ်ပညာရှင် Julianne Kaye က We Need to talk about Britney အမည်ရှိ ဗွီဒီယိုဖိုင်တစ်ခုတွင် ပြောခဲ့ဖူးသည်မှာ ထိုစဉ်က စပီးယားစ်က မိမိအားခေါ်ခဲ့ကြောင်း၊ မိမိ၏ သူငယ်ချင်းတစ်ဦးကိုလည်း စပီးယားစ်အား ဂျပန်ကုထုံးတစ်မျိုးဖြစ်သော Reiki ကုထုံး (လက်ဝါးဖြင့် သပ်ကာ စွမ်းအင်ပေးသည့် ကုထုံး) ဖြင့် ကုသပေးနေသည့်အချိန်ဖြစ်ကြောင်း၊ စပီးယားစ်သည် ပါတီပွဲများ မကြာခဏကျင်းပလေ့ရှိသဖြင့် အနားယူရန်လိုသည်ဟု မိမိက ယူဆကြောင်း၊ စပီးယားစ်က ဘုရားထံ ကျိန်ဆိုပြီး ပြောကြားသည်မှာ နေအိမ်အတွင်းသို့ မကောင်းဆိုးရွားများဝင်လာပြီး လှေကားမှ တွန်းချရန် ကြိုးစားကြသည်ဟု ပြောကြောင်း Kaye က ဗွီဒီယိုဖိုင်ထဲတွင် ပြောသည်။

ထိုအချိန်မှစပြီး ဘရစ်နေ စပီးယားစ်သည် ထိုစံအိမ်မှ ထွက်လာကာ Casa Del Mar အမည်ရှိ ဟိုတယ်တွင် သွားရောက်တည်းခိုနေထိုင်ကာ ထိုအိမ်သို့ လုံးဝမပြန်တော့ချေ။

“ငါရူးနေပြီလို့ နင်ထင်လိမ့်မယ်။ ငါမရူးပါဘူး။ ငါ ..ဘာတွေတွေ့ခဲ့ရတယ်ဆိုတာ ငါသိတယ်။ ငါဘယ်လိုခံစားခဲ့ရတယ်ဆိုတာ ငါသိပါတယ်”ဟု ဘရစ်နီ စပီးယားက ပြောသည်။

(ဘရစ်နီ မာဖီက စံအိမ်ကြီးကို မုန်းတီးခဲ့)

ဘရစ်နေ မာဖီကမူ သရဲ တစ္ဆေများ စံအိမ်အတွင်း တွေ့သည်ဟု ပြောဆိုဖူးခြင်းမရှိချေ။ သို့သော် သူမသည်လည်း နေအိမ်နှင့် ပတ်သက်ပြီး တစုံတရာ မူမမှန်သည်ကို ခံစားသိရှိခဲ့ဖွယ်ရသည်။

ဘရစ်နေ မာဖီ သေဆုံးပြီးနောက် Hollywood Reporter သတင်းဌာနက ခင်ပွန်းဖြစ်သူ ဆင်မွန် မွန်းဂျက်အား တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဇနီးဖြစ်သူက ယခုစံအိမ်ကြီးအား မည်သို့ဖြစ်စေ ကျောခိုင်းရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

“သူက ဒီ Rising Glen အိမ်ကြီးကို လုံးဝမုန်းတာ။ အိမ်ပြန်တဲ့အချိန်တိုင်း ကျွန်တော့်ဇနီး အမြဲပြောလေ့ရှိတာက ကိုရေ…Beverly Hills ဟိုတယ်မှာပဲ နေကြရအောင်နော်လို့ အမြဲပြောတယ်။ ကျွန်တော်ပြန်ပြောတတ်တာက ချစ်ရေ…လက်တွေ့ဆန်ရမယ်လေ။ တို့မှာ စတုရန်းပေ ၁၀၀၀၀ ကျယ်တဲ့ တို့အိမ်ကြီး ရှိတယ်လေ။ အဲဒီမှာ ငါတို့ နေရမှာပေါ့ ”ဟု ဆိုင်မင် မွန်းဂျက်က ပြောသည်။

(စံအိမ်ကြီးတွင် ရင်သပ်ရှုမောဖွယ် ပြန်လည်မွမ်းမံမှုများ ပြုလုပ်ထားသည်။ ဧည့်ခန်းအတွင်း မီးလင်းဖိုတစ်ခု ပါဝင်သည်။ ဓာတ်ပုံ-Carolwood Estates)

 

(မြို့၏ အပြောကျယ်သော ရှုမျှော်ခင်းများကို တမျှော်တခေါ် ကြည့်ရှုခံစားနိုင်သည့်နေရာ။ ဓာတ်ပုံ-Carolwood Estates)

(ဆက်စပ်သတင်းများ)

ဘရစ်တ်နီ စပီးယား မနေရဲသော စံအိမ်၊ ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ၂ ဦး သေဆုံးခဲ့သည့် သရဲခြောက်သော စံအိမ်ကြီး

https://www.imyanmarhouse.com/news/read/1020037

 

Britney Spears ၏ ‘လော့စ်အိန်ဂျလိတွင် အန္တရာယ်အကြီးဆုံး မော်တော်ကား’ ကန်ဒေါ်လာ ၇၀၀၀၀ ဖြင့် ရောင်းမည်

https://www.carsdb.com/en/news/98

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: The LA home where Brittany Murphy died — and where Britney Spears felt ‘bad spirits’ — lists for $17.99M (nypost) Photo Credit-FilmMagic, Carolwood Estates

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ ဆန်းကြယ်စွာ ဆက်တိုက်သေဆုံးခဲ့သော ကျိန်စာသင့် စံအိမ်ကြီး ကန်ဒေါ်လာ ၁၇ ဒသမ ၉၉ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
ဘရူနိုင်းဘုရင်က နယူးယောက်မြို့၏ နာမည်ကျော် Pierre ဟိုတယ်ကြီးကို ဝယ်ယူရန် ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်လာ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
လက်ပွားမင်းသားဟု လူသိများသော ဘောလိဝုဒ်ကြယ်ပွင့် ရီသစ်ရိုရှန်နှင့် ဖခင်ဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ရာကက်ရှ် ရိုရှန်တို့က မွမ်ဘိုင်းမှ တိုက်ခန်း ၃ ခန်းကို ရောင်းချ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရောင်းချကာ သမီးအား ဒေါ်လာ ၁ သန်းပေးခဲ့ပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယူမွမ်းမံလျက်ရှိပုံ...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
ပြင်သစ်နိုင်ငံ၊ Amboise မြို့ရှိ စားသောက်ဆိုင်တစ်ခုမှာ ကြိုတင်စာရင်းပေးထားသည့် လူဦးရေအတိုင်း မရောက်လာပါက တစ်ဦးလျှင် ၁၅ ယူရို (၁၇ ဒသမ ၂၇ ဒေါ်လာ) ဒဏ်ကြေးကောက်ခံမှု လူမှုကွန်ရက်တွင် နာမည်ကြီး...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး သေဆုံးပေးရ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service