ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး

ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး - Property Knowledge in Myanmar from iMyanmarHouse.com
13 Dec 2024 11:26 am တွင် တင်ခဲ့သည်
903 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့တော်ရှိ အစောင့်အကြပ်ထူပြောခဲ့သော စံအိမ်ကြီးသို့ အာဆတ်ဆန့်ကျင်သူ တို့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်နှင့် မိသားစုသည် ရုရှားနိုင်ငံသို့ ခိုလှုံသွားခဲ့သည်။

ဆီးရီးယားပြည်တွင်းစစ်တွင် အာဆတ်ကို ဆန့်ကျင်တိုက်ခိုက်နေသော Jaysh al-Islam မဟာမိတ်အဖွဲ့၊ အယ်လ်ကေဒါနှင့် ဆက်နွှယ်မှုရှိသော အစ္စလာမ္မစ်နှင့် ဆာလာဖီ အဖွဲ့များ၊ အခြား ဆန့်ကျင်သူအဖွဲ့တို့က ဒမတ်စကတ်မြို့၊ al-Maliki အရပ်ရှိ အာဆတ်၏ သမ္မတစံအိမ်ဝန်းကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

သမ္မတစံအိမ်ဝန်းတွင် ၆ ထပ်အဆောက်အအုံ ၃ လုံးရှိပြီး ကောင်းစွာမြေယာအလှပြင်ဆင်ထားသော ပန်းဥယျာဉ်များ ရှိသည်။

(ထွက်ပြေးလွတ်မြောက်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်။ ဓာတ်ပုံ-Mousse/ ABACA/ Shutterstock)

 

(ဒမတ်စကတ်မြို့တော်ရှိ သမ္မတနန်းတော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က ရိုက်ကူးထားသည့် ကောင်းကင်ဓာတ်ပုံ။ အစ္စလာမ္မစ် ဦးဆောင်သောအဖွဲ့တို့က ဒမတ်စကတ်ကို စီးနင်းသိမ်းပိုက်လိုက်သောကြောင့် အာဆတ်ထွက်ပြေးခဲ့ရကာ ဘာ့သ်ပါတီ၏ ဆယ်စုနှစ် ၅ ခုကြာ အုပ်ချုပ်ရေး အဆုံးသတ်သွားသည်။ ဓာတ်ပုံ-AFP Via Getty Images)

 

(ဒမတ်စကတ်ကို သိမ်းယူပြီးနောက် သမ္မတနန်းတော်အတွင်း ဝင်ရောက်လာသော တိုက်ခိုက်ရေးသမားတို့ကို တွေ့ရပုံ။ ဓာတ်ပုံ-AFP Via Getty Images)

သမ္မတအိမ်တော်ရှိ အခန်းများတွင် တချိန်က တန်ဖိုးကြီး ပရိဘောဂများဖြင့် ပြည့်နှက်နေခဲ့သော်လည်း ဝင်ရောက်စီးနင်းသူတို့နှင့် ဝမ်းမြောက်စွာ ဝင်ရောက်ကြည့်ရှုကြသော ပြည်သူတို့၏ သယ်ယူသွားမှုများကြောင့် ဟာလာဟင်းလင်းဖြစ်သွားသည်။

ဗွီဒီယိုဖိုင်များတွင် တွေ့မြင်ရမှုအရ ဒမတ်စကတ်ကို သိမ်းယူလိုက်သော တိုက်ခိုက်ရေးသမားများနှင့် ဆီးရီးယားပြည်သူတို့သည် တစ်ခန်းမှ တစ်ခန်းသို့ကူးကာ ပန်းကန်ပြားများ၊ အဝတ်အစားများတို့ကို သယ်ယူကြရာ Louis Vuitton ဈေးဝယ်အိတ်တစ်လုံးလည်း သယ်ယူသွားသည်ကို တွေ့ရသည်။

အမျိုးသားတစ်ဦးက ရောင်းတယ်နော်…ရောင်းတယ်…ဟု အရွှန်းဖောက် အော်ဟစ်နေသံကိုလည်း ကြားရသည်။

“သူ့အိမ်ထဲမှာ ခြေချနိုင်ခဲ့တာကို အလွန်ပျော်ရွှင်မိတာကြောင့် ကျွန်တော်ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်” ဟု ဒမတ်စကတ်ကို သိမ်းယူရာတွင် ပါဝင်ခဲ့သော တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်သူ အဘူ အိုမာက AFP သတင်းထောက်ကို ပြောသည်။

(ဆီးရီးယားနိုင်ငံ၊ ဒမတ်စကတ်မြို့၊ Malkeh ခရိုင်ရှိ သမ္မတ အာဆတ်၏ အိမ်တော်မှ အိတ်သွန်ဖာမှောက် ရှာဖွေခံထားရသော အခန်းတစ်ခုအတွင်း အမျိုးသမီးတစ်ဦးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က တွေ့ရပုံ။ ဓာတ်ပုံ-AP)

 

(၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်က အာဆတ်၏ အိမ်တော်ရှေ့တွင် ဆီးရီးယားအလံကို ဖြုတ်သိမ်းနေသူတို့အား တွေ့ရပုံ။ ဓာတ်ပုံ-AFP via Getty Images)

အာဆတ်၏ အိမ်တော်ကို ခင်ပွန်းဖြစ်သူနှင့်အတူ လာကြည့်သော Umm Nader အမည်ရှိ အမျိုးသမီးက “တချိန်က ပြည်သူတွေဝင်ခွင့်မရှိခဲ့တဲ့နေရာကို ကျွန်မ လာကြည့်တာပါ။ သူတို့က ကျွန်မတို့ကို ဆင်းရဲမွဲတေ ၊ ငတ်ပြတ်ပြီးပဲ နေစေချင်တာလေ” ဟု AFP သတင်းဌာနသို့ ပြောသည်။

ခမ်းနားထည်ဝါလှသော စံအိမ်ကြီးမှာ ယခုအခါ ကုန်ဆုံးသွားသော ခေတ်တစ်ခု၏ အကြွင်းအကျန်အဖြစ် ကျန်ရစ်ခဲ့သည်။

အပူပေးစနစ်နှင့် လျှပ်စစ်မီးလိုင်းတို့မှာမူ သွယ်တန်းထားရှိဆဲ ဖြစ်သည်။

နေ့စဉ် လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသော ဆီးရီးယားပြည်သူတို့၏ ဘဝနှင့် များစွာ ခြားနားသော အခြေအနေဖြစ်သည်။

(ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်အား ရုရှားတွင် ခိုလှုံခွင့်ပေးထားသည်။ ဓာတ်ပုံ-POOL/AFP via Getty Images)

 

(အာဆတ်၏ နန်းတော်အတွင်းသို့ ဝင်ရောက်လာသူများကို တွေ့ရပုံ။ ဓာတ်ပုံ-AP)

 

(သမ္မတ အာဆတ်၏ အိပ်ခန်းတစ်ခန်း။)

 

(တစ်ခုသော ဧည့်ခန်း)

သမ္မတ အာဆတ်၏ နန်းတော် (သို့မဟုတ်) အိမ်တော်မှာ အကျယ်အဝန်း စတုရန်းပေ ၃၁၀၀၀၀ ကျော်အထိ ရှိပြီး တချိန်က လုံခြုံရေးထူထပ်စွာချထားသောနေရာဖြစ်သည်။

နန်းတော်ဝန်းအကျယ်မှာ စတုရန်းပေ ၅ ဒသမ ၄၉ သန်းရှိကာ ကိုယ်ပိုင်ဆေးရုံနှင့် အစောင့်တပ်ဖွဲ့၏ ရုံးချုပ်တို့ ရှိသည်။

အာဆတ်၏ သမ္မတအစောင့်တပ်ဖွဲ့အင်အားမှာ ၆၀၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။

(အာဆတ်၏ နန်းတော်အတွင်း ဝင်ရောက်ကြည့်ရှုသော ပြည်သူနှစ်ဦး ဓာတ်ပုံရိုက်နေကြပုံ။ ဓာတ်ပုံ-AP)

 

(အာဆတ်၏ နန်းတော်မှ ခုံတန်းတစ်ခုတွင် မိသားစုတစ်စု ဓာတ်ပုံရိုက်နေကြပုံ။ ဓာတ်ပုံ-AP)

ကန်ဒေါ်လာ ၂ ဘီလီယံ ချမ်းသာကြွယ်ဝသည်ဟု ခန့်မှန်းရသော အာဆတ်နှင့်မိသားစုသည် လက်ရှိအားဖြင့် ရုရှားတွင် နေထိုင်ဖြတ်သန်းနေသည်။

(မော်စကိုမြို့တော်ရှိ ဘက်စုံသုံးစီမံကိန်းတစ်ခုဖြစ်သော City of Capitals ကွန်ပလက်စ်တွင် အာဆတ်၏ မိသားစုဝင်တို့က နေအိမ်ပိုင်ဆိုင်ထားသည်ဟူသော သတင်းများရှိသည်။ ပုံတွင်တွေ့ရသည်မှာ အဆိုပါ ကွန်ပလက်စ်ရှိ လူနေခန်းတစ်ခန်း၏ အတွင်းပိုင်းမြင်ကွင်း ဖြစ်သည်။ ဓာတ်ပုံ-SNVTIME/ east to west news)

 

(ရုရှားရှိ luxury လူနေခန်းတစ်ခု၏ အခြားမြင်ကွင်းတစ်ခု။ ဓာတ်ပုံ-SNVTIME/ east to west news)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Inside now-exiled President Bashar al-Assad’s abandoned mansion in Syria — and his new life in Russia (nypost)

Photo Credit- POOL/AFP via Getty Images, AP, Mousse/ ABACA/ Shutterstock,SNVTIME/ east to west news

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service