Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား

Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား - Property Knowledge in Myanmar from iMyanmarHouse.com
26 Nov 2024 11:53 am တွင် တင်ခဲ့သည်
703 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk သည် အမေရိကန်သမ္မတသစ်အဖြစ် ရွေးကောက်ပွဲ အနိုင်ရထားသူ ဒေါ်နယ်ထရမ့်၏ ဖလော်ရီဒါပြည်နယ်မှ မာရာလာဂိုစံအိမ်ကြီးတွင်သာ နေ့တိုင်းလိုလို ထရမ့်နှင့် အတူနေထိုင်လျက်ရှိသည်။

ထရမ့်ကလည်း သူ၏ အနီးကပ်ဆုံး မဟာမိတ်ဖြစ်သူ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ပြောသည်။

နိုဝင်ဘာ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်ဒီစီတွင် ရီပတ်ဘလီကန် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံရာ၌ ထရမ့်က ပြောခဲ့သည်မှာ “Elon က အိမ်ပြန်လိမ့်မှာ မဟုတ်ပါဘူး။ ကျွန်တော်သူ့ကို မစွန့်လွှတ်နိုင်ဘူး။ အနည်းဆုံးပြောရရင်တော့ ကျွန်တော်သူ့ကို သဘောမကျတော့တဲ့ အချိန်အထိပေါ့” ဟု ဆိုသည်။

မာရာလာဂိုစံအိမ်ကြီးတွင် Elon Musk ကို နေ့တိုင်းနီးပါး တွေ့နေရခြင်းဖြစ်ပြီး အိမ်ဖြူတော်သို့ မကြာမီရောက်လာတော့မည့် ထရမ့်အတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် ဖုန်းမှတဆင့် စကားပြောဆို ဆွေးနွေးပေးလျက်ရှိရာ ယူကရိန်းသမ္မတ ဇလန်းစကီးလည်း ပါဝင်သည်ဟု ဆိုသည်။

((မာရာလာဂို စံအိမ် ဘာလဲ))

ထရမ့်၏ မာရာလာဂိုစံအိမ်မှာ ဆောင်းရာသီအိမ်ဖြူတော်ဟုလည်း လူသိများပြီး မန်ဘာဝင်ထားသူများသာ ဝင်ရောက်ခွင့်ပြုသည့် နာမည်ကျော်ကလပ်တစ်ခုလည်း ဖြစ်သည်။

ဒေါ်နယ်ထရမ့်သည် ၎င်းပိုင်ဆိုင်ထားသည့် များစွာသော ဂေါက်ကလပ်များ၊ ဟိုတယ်များ၊ အပန်းဖြေစခန်းများ အနက် မာရာလာဂို စံအိမ်တွင် အပန်းဖြေရခြင်းကို အနှစ်သက်ဆုံးဖြစ်သည်ဟု ဆိုသည်။

ထရမ့်သည် ဆောင်းရာသီအိမ်ဖြူတော် (ထရမ့်၏ အခေါ်အရ တောင်ပိုင်းအိမ်ဖြူတော် ) ဟု တင်စား ခေါ်ဝေါ် လေ့ရှိသော မာရာလာဂိုစံအိမ်သို့ ရုံးပိတ်ရက်များတွင် မကြာခဏသွားလေ့ရှိသည်။

မာရာလာဂိုတွင် တရုတ်သမ္မတရှီကျင့်ဖျင် အပါအဝင် နိုင်ငံတကာခေါင်းဆောင်အချို့ကို လက်ခံ တွေ့ဆုံခဲ့ဖူးပြီး ဆီးရီးယားလေတပ် အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ရန်အမိန့်ကိုလည်း မာရာလာဂိုမှ တိုက်ရိုက်အမိန့်ပေး ခဲ့ခြင်း ဖြစ်သည်။

အများဆုံးသွားရောက်သည့်နေ့များမှာ တနင်္ဂနွေနှင့် တနင်္လာနေ့များ ဖြစ်သည်။

ဒေါ်နယ်ထရမ့်၏ မာရာလာဂိုကလပ်တွင် အဖွဲ့ဝင်တစ်ဦးဖြစ်လိုပါက ငွေကြေးများစွာ ကုန်ကျမည်ဖြစ်ပြီး ကနဦးဝင်ကြေးမှာ ကန်ဒေါ်လာ ၂၀၀,၀၀၀ ဖြစ်ကာ နှစ်စဉ်ကြေးမှာ ကန်ဒေါ်လာ ၁၄,၀၀၀ ဖြစ်သည်။

(မာရာလာဂိုတွင် စတည်းချနေသော Elon Musk))

Elon Musk သည် မာရာလာဂိုစံအိမ်ကြီးတွင် ဒေါ်နယ်ထရမ့်၊ ထရမ့်၏ မြေးတို့နှင့်အတူ ဂေါက်ရိုက်ကစားနေလေ့ရှိသည်ကိုလည်း မကြာခဏတွေ့ရသည်။

ရွေးကောက်ပွဲအနိုင်ရပြီးနောက် ထရမ့်က အစိုးရအဖွဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ကို ဖွဲ့စည်းကာ Tesla နှင့် SpaceX တို့၏ စီအီးအို Elon Musk ကို ရီပတ်ဘလီကန်ပါတီ၏ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ Vivek Pamaswamy နှင့်အတူ ပူးတွဲ ဦးဆောင်ရန် ရာထူးခန့်အပ်ခဲ့သည်။

DOGE သည် အစိုးရအဖွဲ့ပြင်ပမှ လည်ပတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ထရမ့်က ပြောသည်။

စာနယ်ဇင်းသမား အမျိုးသမီးတစ်ဦးဖြစ်သူ Kara Swisher က CNN သတင်းဌာနသို့ ပြောသည်မှာ ထရမ့်၏ အတွင်းလူများက Elon Musk ၏ သြဇာကြီးမားလာမှုအပေါ် စိတ်ရှုပ်နေကာ ထိတ်လန့်လျက်ရှိကြောင်း ပြောသည်။

“တစ်ခုခုဆိုရင် စိတ်နှစ်ထားတတ်တာ သူ့ရဲ့ စတိုင်ပါပဲ။ ဒါကြောင့် (ထရမ့်နဲ့အတူ) တချိန်လုံးရှိနေပြီး အိမ်ပေါ်က မဆင်းတော့တဲ့ ဧည့်သည်လိုဖြစ်နေတာပါ”

“ထရမ့်ရဲ့လူတွေ ကျွန်မဆီ ဖုန်းဆက်ပြီးလာပြောကြတယ်။ …ဒါက ထူးဆန်းလိုက်တာ…တဲ့။ ကျွန်မကလည်း….ဒါ့ထက်ပိုပြီး တွေ့ရမြင်ရဦးမယ်…လို့ ပြန်ပြောလိုက်ပါတယ်”

Elon Musk သည် ထရမ့်၏ မဲဆွယ်ကာလတွင်လည်း အမြဲအတူရှိနေခဲ့သည်။

ထရမ့်နှင့် အခြားရီပတ်ဘလီကန်အမတ်များ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် Elon Musk က အနည်းဆုံး ဒေါ်လာ ၁၃၂ သန်းခန့် လှူဒါန်းခဲ့သည်။

ထရမ့်၏ မိသားစုဓာတ်ပုံများတွင်လည်း Elon Musk ကို မကြာခဏ တွေ့လာရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon won't go home, can't get rid of him,' Trump says after billionaire's constant presence at his home (wionews)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service