အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
22 Nov 2024 11:06 am တွင် တင်ခဲ့သည်
361 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အမေရိကတွင် မြို့ငယ်လေးများ ပြန်လည်တခေတ်ဆန်းလာနေသည်။

မြို့ကြီးပြကြီးများတွင် နေထိုင်သော အမေရိကန်နိုင်ငံသားများစွာသည် မြို့ငယ်လေးများသို့ ပြောင်းရွှေ့လာလျက်ရှိရာ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း အကြီးမားဆုံး ရွှေ့ပြောင်းမှုကြီးလည်း ဖြစ်သည်။

ပြောင်းရွှေ့သူအများစု အဓိကလိုလားသည်မှာ မိသားစုဆန်သည့် ခံစားချက် ဖြစ်သည်။

ယခုအခါ ထိုသို့သော မြို့ငယ်သစ်တစ်ခု ထပ်မံပေါ်ထွက်လာရန် ရှိနေသည်။ ၂၀၂၃ ခုနှစ်အတွင်း လူဦးရေ ၂၅၀၀၀၀ အောက်နည်းပါးသော မြို့ငယ်များ (သို့မဟုတ်) ကျေးလက်ဒေသများသို့ ရွှေ့ပြောင်းအခြေချသူ ၂၉၁၄၀၀ ဦးခန့်ရှိခဲ့ကြောင်း ဗာဂျီးနီးယားတက္ကသိုလ်မှ သုတေသီတို့က ပြောသည်။

မြို့ငယ်လေးများနှင့် ကျေးလက်ဒေသခရိုင်များမှာ အမေရိက၏ ထိပ်တန်းရွှေ့ပြောင်းအခြေချမှု နေရာများ ဖြစ်လာသည်။

အသက် ၂၅ နှစ်မှ ၄၄ နှစ်ကြားအရွယ်ရှိသူတို့ ရွှေ့ပြောင်းလာကြမှုကြောင့် မြို့ငယ်နှင့် ကျေးလက်များတွင် လူဦးရေ မြင့်တက်လာကြသည်။

အမေရိကန်ပြည်သူများစွာတို့သည် တိတ်ဆိတ်အေးချမ်းကာ သက်တောင့်သက်သာရှိသော ဘဝနေထိုင်မှုဟန်ကို ရှာဖွေလာသည်။

စိတ်ဖိစီးမှုနည်းပါးပြီး အိမ်နီးချင်းဆက်ဆံရေးရှိသူများ ဝန်းရံထားမှုကို တောင့်တလာကြသည်။

((ကြင်နာခြင်း ယဉ်ကျေးမှု))

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့မှ မိုင် ၈၀ ခန့်အကွာတွင် လူဦးရေ ၁၀၀၇၄၄ နေထိုင်သော Hesperia အမည်ရှိ မြို့တစ်မြို့ရှိသည်။

ထိုမြို့အနီးတွင် Silverwood အမည်ရှိ မြို့ငယ်တစ်ခုကို တည်ဆောက်လျက်ရှိပြီး မြို့ငယ်တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်မှာ ကြင်နာခြင်း ယဉ်ကျေးမှုကို မွေးမြူရန် ဖြစ်သည်။

“ရွှေ့ပြောင်းနေထိုင်မယ့်သူတွေဟာ အသိုက်အဝန်းစည်းမျဉ်းစာရွက်စာတမ်းတွေမှာ လက်မှတ်ရေးထိုးရပြီး ကျွန်တော်တို့အနေနဲ့ ကြင်နာမှု ကတိကဝတ်ပေးထားပါတယ်” ဟု Silverwood မြို့ငယ်တည်ထောင်ရေးဆိုင်ရာ အထွေထွေမန်နေဂျာ ဂျွန် အိုဟေးနီယန် (John Ohanian) က ပြောသည်။

“ဒီလက်မှတ်ထိုးရတဲ့ ရည်မှန်းချက်ဆန္ဒစာရွက်စာတမ်းဟာ Silverwood မှာ နေထိုင်မယ့်သူအားလုံးရဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်”

(အသက် ၂၅ မှ ၄၄ နှစ်ကြား အမေရိကန်ပြည်သူတို့မှာ မြို့ငယ်များသို့ ရွှေ့ပြောင်းမှု များပြားလာသည်။ ဓာတ်ပုံ-Silverwood)

 

မြို့ငယ်လေးတွင် နေထိုင်မည့်သူတို့သည် Silverwood မြို့တွင်းမြို့ပြင် မည်သည့်နေရာတွင်ဖြစ်စေ အချင်းချင်းပေါင်းသင်းဆက်ဆံရန်၊ အကူအညီပေးရန်နှင့် ရပ်ကျိုးရွာကျိုးသယ်ပိုးသည့်စိတ်ထားရှိရန် ကတိပြုရမည်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ အချင်းချင်းစောင့်ရှောက်ကြရေးပါပဲ” ဟု အိုဟေးနီယန်က ပြောသည်။

အသစ်ပြောင်းရွှေ့လာသည့်အိမ်သို့ လက်ဆောင်များပို့ပေးခြင်း၊ အိမ်နီးချင်းတစ်ဦး နာမကျန်းဖြစ်ချိန်တွင် စွပ်ပြုတ်တစ်ခွက်ပို့ပေးခြင်းမျိုး ဖြစ်သည်။

ပဋိပက္ခအဖုအထစ်များဖြင့် အမျိုးမျိုးကွဲပြဲနေကြသော ယနေ့ခေတ်ကမ္ဘာကြီးတွင် လားရာပြောင်းရန် အချိန်ကျပြီဟု အိုဟေးနီယန်က ယူဆသည်။

“မိဘတွေအနေနဲ့ သူတို့ရဲ့ ကလေးတွေကို ဘေးကင်းလုံခြုံပြီး တန်ဖိုးထားခံရတဲ့နေရာမျိုး၊ အိမ်နီးချင်းတွေ အချင်းချင်းရိုင်းပင်းကူညီကြတဲ့နေရာမျိုးမှာ ကြီးပြင်းစေလိုကြမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု အိုဟေးနီယန်က ပြောသည်။

((အကြံရပုံ))

(အချင်းချင်းရိုင်းပင်းကူညီသည့်ဝန်းကျင်မျိုး ဖော်ဆောင်ရန် ရည်ရွယ်ကာ Silverwood ကို တည်ထောင်ခြင်း ဖြစ်သည်။ ဓာတ်ပုံ- Silverwood)

Silverwood တည်ထောင်မည့်အကြံမှာ အိုဟေးနီယန်၏ မိတ်ဆွေဖြစ်သူ Anaheim မြို့တော်မှ မြို့တော်ဝန်ဟောင်း Tom Tait မှ စတင်ခဲ့ခြင်းဖြစ်သည်။

Tom သည် သူ၏မြို့တွင် ကြင်နာခြင်းယဉ်ကျေးမှုကို အကောင်အထည်ဖော်ခဲ့ဖူးသည်။

ယခုအခါ အိုဟေးနီယန်က ထိုလမ်းကြောင်းကို ပိုမိုကြီးမားသည့်ပုံစံဖြင့် အကောင်အထည်ဖော်လာခြင်း ဖြစ်သည်။

Silverwood တွင် စိမ်းလန်းစိုပြေသောနေရာ အများအပြား ဖန်တီးပေးထားရာ အခြေချနေထိုင်မည့်သူတို့အနေဖြင့် ထိုနေရာတွင် အချင်းချင်းတွေ့ဆုံကာ စကားစမြည်ပြောဆိုနိုင်ကြမည် ဖြစ်သည်။

((Silverwood ၏ ပတ်ဝန်းကျင်))

(အကြင်နာမဲ့သူများ လက်မခံသည့်မြို့တွင် နေအိမ်များအပြင် လူအများ သိုက်သိုက်ဝန်းဝန်း စုဝေးနိုင်မည့် နေရာများ ပါဝင်မည် ဖြစ်သည်။ ဓာတ်ပုံ- Silverwood)

 

တောင်ဘက်တွင်ဆိုလျှင် မက္ကဆီကိုမှသည် ကယ်လီဖိုးနီးယားကို ဖြတ်ကာ ကနေဒါအထိ ပေါက်သည့် မိုင်ပေါင်း ၂၆၅၀ ရှည်လျားသော လူသွားလမ်းနှင့် မြင်းစီးလမ်း Pacific Crest Trail (PCT)၊ အနောက်ဘက်တွင် ရင်သပ်ရှုမောဖွယ်တောင်တန်းများရှိသောကြောင့် နေထိုင်မည့်သူများအနေဖြင့် ဒေသဝန်းကျင်သို့ သွားလာကြည့်ရှုနိုင်ကြောင်း အိုဟေးနီယန်က ပြောသည်။

အကြင်နာမြို့ Silverwood တွင် တောလမ်း ၅၉ မိုင်၊ လူသွားလမ်း ၁၀၇ မိုင်၊ ပန်းဥယျာဉ် ၃၈၇ ဧကနှင့် ကွင်းပြင် ဧက ၄၉၀၀ တို့ ပါဝင်မည်ဟု ဆိုသည်။

အကြင်နာမြို့တွင် နေထိုင်မည့်သူများအနေဖြင့် လှေလှော်ခြင်း၊ Silverwood ရေကန်ဘေး ပျော်ပွဲစားထွက်ခြင်းတို့ကို မိမိတို့၏ နေအိမ်မှ မိနစ်ပိုင်းသွားရုံဖြင့် လုပ်ဆောင်နိုင်မည် ဖြစ်သည်။

Silverwood မြို့လေးကို မြေဧက ၉၃၆၆ ဧကတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး လုံးချင်းအိမ် ၁၅၆၆၃ လုံး၊ မြို့ပေါ်အိမ်များ၊ ကွန်ဒိုမီနီယံများ ပါဝင်မည်ဖြစ်ကာ လာမည့် နှစ် ၂၀ ကာလတလျှောက် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

နေအိမ်ကွက်များမှာ စတုရန်းပေ ၅၀၀၀ မှ ၇၀၀၀ ကြားကျယ်ဝန်းမည်ဖြစ်ပြီး ဈေးနှုန်းမှာ ကန်ဒေါ်လာ ၄၀၀,၀၀၀ ကျော်မှ ၇၀၀,၀၀၀ ကြားရှိမည်ဖြစ်သည်။

နေအိမ်များကို ၂၀၂၅ နှစ်ဆန်းပိုင်းတွင် စတင်ရောင်းချပေးမည်ဖြစ်ပြီး ၂၀၂၅ နွေရာသီတွင် စတင်ပြောင်းရွှေ့နေထိုင်နိုင်မည်ဟု သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Developers make plans to build small town from the ground up with a culture of kindness (nypost) Photo Credit-silverwood

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service