၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည်

၂၀၂၄ ခုနှစ် ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်းအရ အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အရက်ရောဆုံးနိုင်ငံအဖြစ် နံပါတ် ၁ နေရာတွင် ၇ နှစ်ဆက်တိုက် ရပ်တည် - Property Knowledge in Myanmar from iMyanmarHouse.com
21 Nov 2024 10:57 am တွင် တင်ခဲ့သည်
533 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ကမ္ဘာ့ညွှန်းကိန်းသစ်တစ်ခု ထွက်ပေါ်လာရာတွင် အင်ဒိုနီးရှားနိုင်ငံသား ၁၀ ဦးလျှင် ၉ ဦးမှာ ပရဟိတအတွက် ငွေလှူဒါန်းလေ့ရှိပြီး ၁၀ ဦးလျှင် ၆ ဦးမှာ မိမိတို့၏ ကိုယ်ပိုင်အချိန်များကို အခြားသူများအား ကူညီရာတွင် အသုံးပြုလေ့ရှိခြင်းကြောင့် အင်ဒိုနီးရှားမှာ ကမ္ဘာပေါ်တွင် အရက်ရောဆုံးနိုင်ငံအဖြစ် ရပ်တည်နေသည်။

Charities Aid Foundation (CAF) က ထုတ်ပြန်သော ၂၀၂၄ ခုနှစ် ကမ္ဘာ့ပေးကမ်းလှူဒါန်းမှု ညွှန်းကိန်း (WGI) တွင် အင်ဒိုနီးရှားသည် နံပါတ် ၁ နေရာတွင် ဖော်ပြခံရရာ ၇ နှစ်ဆက်တိုက် နံပါတ် ၁ နေရာတွင် ရပ်တည်နေခြင်း ဖြစ်သည်။

ယခင်က မြန်မာနိုင်ငံမှာ နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အင်ဒိုနီးရှားက မြန်မာကို ဖြတ်ကျော်သွားခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် WGI တွင် မြန်မာနိုင်ငံသည် နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံ၏ နောက်တွင် အမေရိကန်က ဒုတိယ၊ သြစတေးလျက တတိယအဖြစ် အသီးသီး ရပ်တည်ခဲ့သည်။

၂၀၂၄ ခုနှစ် ညွှန်းကိန်းအတွက် လေ့လာမှုကို ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာ့နိုင်ငံ၊ နယ်မြေပေါင်း ၁၄၂ ခုရှိ လူပေါင်း ၁၄၅၇၀၂ ဦးကို စစ်တမ်းကောက်ယူ လေ့လာခဲ့ခြင်း ဖြစ်သည်။

စစ်တမ်းကောက်ယူသူတို့က မေးခွန်း ၃ ခု မေးသည်။

တစ်လတာအတွင်း ငွေလှူဒါန်းခဲ့ဖူးခြင်း ရှိ၊ မရှိ။ ပရဟိတအဖွဲ့တစ်ခုခုတွင် လုပ်အားပေးဖူးခြင်း ရှိ၊ မရှိ။ မိမိနှင့် မသိကျွမ်းသော ဒုက္ခရောက်နေသည့် သူစိမ်းတစ်ဦးကို ကူညီခဲ့ဖူးခြင်း ရှိ၊ မရှိ…အစရှိသော မေးခွန်းများ မေးမြန်းခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏ အဖြေများကို အခြေခံကာ ညွှန်းကိန်းတွက်ချက်ခြင်းဖြစ်ပြီး အမှတ် ၀ မှ ၁၀၀ အထိ ပေးထားသည်။

ရမှတ်များခြင်းမှာ ပေးကမ်းလှူဒါန်းမှု များခြင်းကို ရည်ညွှန်းသည်။

အင်ဒိုနီးရှားသည် ယခုနှစ်တွင် ရမှတ် ၇၄ မှတ်ရရှိကာ နံပါတ် ၁ နေရာတွင် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။

ကင်ညာမှာ ၆၃ မှတ်ဖြင့် ဒုတိယ နေရာတွင်ရပ်တည်သည်။ ယခင်နှစ်က တတိယနေရာတွင် ရှိခဲ့ရာမှ အဆင့်တက်လာခြင်း ဖြစ်သည်။

စင်္ကာပူမှာ အဆင့် ၁၉ ဆင့်အထိ ခုန်တက်ကာ ရမှတ် ၆၁ မှတ်ဖြင့် တတိယနေရာအထိ ရောက်လာသည်။

ပေးကမ်းလှူဒါန်းခြင်း၊ ပရဟိတလုပ်အားဒါနပေးခြင်းများကို စင်္ကာပူအစိုးရက အားပေးခြင်းကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။

ထိပ်တန်း ၁၀ နိုင်ငံအနက် ကျန် ၇ နိုင်ငံမှာ ဂမ်ဘီယာ၊ နိုင်ဂျီးရီးယား၊ အမေရိကန်၊ ယူကရိန်း၊ သြစတေးလျ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် မာလ်တာတို့ ဖြစ်သည်။

၂၀၂၂ မှ ၂၀၂၃ အကြား အကြီးမားဆုံးတိုးတက်ခဲ့သော နိုင်ငံများမှာ ဂရိ၊ ဖိလစ်ပိုင်နှင့် စင်္ကာပူတို့ဖြစ်သည်။

၎င်းတို့၏ ရမှတ်များမှာ ၁၅ ၊ ၁၃ နှင့် ၁၂ မှတ် အသီးသီး မြင့်တက်ခဲ့ကြသည်။

မော်ရိုကိုသည်လည်း အလှူအတန်းဘက်တွင် ကြီးမားစွာ တိုးတက်မှုများ ရှိခဲ့သည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း မော်ရိုကိုတွင် အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီးနောက် လှူဒါန်းမှုများမှာ ၈၀၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

၂၀၂၂ ခုနှစ်က နိုင်ငံသား ၂ ရာခိုင်နှုန်းသာ ပေးကမ်းလှူဒါန်းခဲ့ရာမှ မော်ရိုကိုနိုင်ငံသား ၁၈ ရာခိုင်နှုန်းအထိ ပေးကမ်းလှူဒါန်းလာကြသည်။

အဆင့်ထိုးကျမှု အများဆုံးနိုင်ငံမှာ အဇာဘိုင်ဂျန်ဖြစ်ပြီး အဆင့် ၆၅ ဆင့်အထိ ပြုတ်ကျကာ နံပါတ် ၁၁၉ တွင် ရပ်တည်နေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indonesia crowned world's most generous country (vnexpress)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service