မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီးများမှာ တရားသူကြီး၊ ဆရာဝန်များ ဖြစ်လာ

မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီးများမှာ တရားသူကြီး၊ ဆရာဝန်များ ဖြစ်လာ - Property Knowledge in Myanmar from iMyanmarHouse.com
18 Nov 2024 11:26 am တွင် တင်ခဲ့သည်
701 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မလေးရှားနိုင်ငံတွင် သန့်ရှင်းရေးအလုပ်သမားတစ်ဦးသည် မိသားစုကို ရှာဖွေကျွေးမွေးရန်အတွက် ၂၇ နှစ်တာလုံး သူ၏ဘဝကို အလုပ်ထဲတွင် မြှုပ်နှံထားခဲ့ကာ ခွင့်တစ်ရက်မှ နားခဲ့ခြင်း မရှိချေ။

ထိုသို့ ကြိုးစားရင်း သားသမီးများကို ကောင်းစွာပြုစုပျိုးထောင်နိုင်ခဲ့ရာ သားသမီးများမှာ တရားသူကြီး၊ ဆရာဝန်၊ အင်ဂျင်နီယာများ ဖြစ်လာခဲ့ကြသည်။

အဘူဘေကာသည် ယခုအခါ အသက် ၇၀ အရွယ်ရှိပြီဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဇာတိဖြစ်၏။

လွန်ခဲ့သော ၃၁ နှစ်ခန့်က သူ၏ဇာတိမြေကို ကျောခိုင်းကာ မလေးရှားတွင် လာရောက်အလုပ်လုပ်ကိုင်ခဲ့သည်။

မလေးရှားသတင်းဌာနတစ်ခုဖြစ်သော Humans of Kuala Lumpur နှင့် တွေ့ဆုံမေးမြန်းခန်းတွင် အဘူဘေကာက ပြောသည်မှာ မလေးရှားတွင် အလုပ်အကိုင်ပေါသည်ဟု သတင်းများကြားရပြီးနောက် မလေးရှားသို့ သွားရောက်အလုပ်လုပ်လိုစိတ် ပြင်းပြခဲ့ကြောင်း၊ မိမိ၏ အသိအကျွမ်းများမှာမူ ထိုသို့ အလုပ်လုပ်လိုမှု မရှိကြကြောင်း ပြောသည်။

မလေးရှားသို့ ရောက်ရှိပြီးနောက်ပိုင်း နှစ်ပေါင်းများစွာကာလအတွင်း အဘူဘေကာသည် တစ်ပတ်လျှင် ၇ ရက်လုံး အလုပ်လုပ်ခဲ့ပြီး နားရက်တစ်ရက်မှ မယူခဲ့။

အဘူဘေကာသည် သူ၏လစာအများစုကို ဘင်္ဂလားဒေ့ရှ်သို့ ပြန်ပို့ပေးကာ ကလေးများ၏ ပညာရေးနှင့် စားဝတ်နေရေးအတွက် ထောက်ပံ့ပေးခဲ့သည်။

အဘူဘေကာ၏ လစာမည်မျှရှိသည်ကို မသိရချေ။ မလေးရှား အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သော Indeed တွင် ဖော်ပြချက်အရ မလေးရှားတွင် သန့်ရှင်းရေးသမားတစ်ဦး၏ လစာမှာ ရင်းဂစ် ၁၆၄၀ (ကန်ဒေါ်လာ ၄၀၀) ခန့်ဖြစ်ကြောင်း သိရသည်။

(အဘူဘေကာသည် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူခဲ့။ ဓာတ်ပုံ-IG/ @humansofkualalumpur.official)

 

Database ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Numbeo ၏ အချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်တွင် လူ ၄ ဦးရှိသော အိမ်ထောင်စု၏ အသုံးစရိတ်မှာ လစဉ် ဒေါ်လာ ၁၂၀၀ ခန့်ရှိပြီး အိမ်လခမပါဝင်သေးကြောင်း သိရသည်။

အဘူဘေကာ၏ ဘင်္ဂလားဒေ့ရှ်တွင် ကျန်ရစ်သော မိသားစုတွင် အခြားမည်သည့်အလုပ်အကိုင်၊ ဝင်ငွေလမ်းကြောင်းများ ရှိသေးသည်ကိုမူ မသိရချေ။

“ကျွန်တော်ဒီကိုရောက်ကတည်းက ဘင်္ဂလားဒေ့ရှ်ကို မပြန်ဖြစ်သေးပါဘူး။ မိသားစုကို လွမ်းပါတယ်။ သူတို့လည်း ကျွန်တော့်ကို လွမ်းနေကြပါတယ်။ ဒါပေမယ့် ကျွန်တော်လုပ်ဆောင်နေသမျှဟာ ကလေးတွေရဲ့ အနာဂတ် ကောင်းမွန်စေဖို့ပါ” ဟု အဘူဘေကာက ပြောသည်။

မိမိ၏ နေ့စဉ်အလုပ်မှာ ရိုးရှင်းပြီး လုပ်ရိုးလုပ်စဉ်အတိုင်းသာ နေ့စဉ်ဖြတ်သန်းနေကြောင်း ၎င်းက ပြောသည်။

“နေ့တိုင်း ကျွန်တော်အိပ်ရာထတယ်။ ရေချိုးတယ်။ မနက်စာစားတယ်။ အလုပ်သွားတယ်။ အိပ်ပြန်လာတယ်။ ရွာက မိသားစုဆီ ဖုန်းဆက်တယ်။ ပြီးရင် အနားယူပါတယ်”အဘူဘေကာ အလုပ်ကြိုးစားမှုမှာ အလဟဿ မဖြစ်ခဲ့။

သမီးဖြစ်သူမှာ တရားသူကြီးဖြစ်လာပြီး သား ၂ ဦးမှာ ဆရာဝန်၊ အင်ဂျင်နီယာများ ဖြစ်လာကြသည်။

“ကလေးတွေရဲ့ ဘဝအောင်မြင်မှုတွေအတွက် ကျွန်တော်အတိုင်းမသိ ဝမ်းမြောက်မိပါတယ်”

 (အဘူဘေကာ၏ သမီးမှာ ဘင်္ဂလားဒေ့ရှ်တွင် တရားသူကြီးဖြစ်လာခဲ့သည်။ ပုံတွင်တွေ့ရသည်မှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ တရားရုံးဝန်း ဖြစ်သည်။ ဓာတ်ပုံ-Shutterstock)

 

Humans of Kuala Lumpur သတင်းဌာန၏ ဖော်ပြချက်အရ အဘူဘေကာနှင့် မိသားစုရှိရာ ဘင်္ဂလားဒေ့ရှ်သို့ ပြန်သွားပြီဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Ref: Malaysia cleaner worked 27 years without day off raising successful kids – judge, doctor (scmp)

Photo Credit-Shutterstock, IG/ @humansofkualalumpur.official

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service