လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြောဆို

လန်ဒန်မြို့ အရှေ့ပိုင်းရှိ ကော်ဖီဆိုင်ကြီးမှာ သရဲလွန်စွာခြောက်သောကြောင့် ဆိုင်ဝန်ထမ်းက တစ်ဦးတည်း အလုပ်မလုပ်လိုကြောင်း ပြောဆို - Property Knowledge in Myanmar from iMyanmarHouse.com
7 Nov 2024 11:29 am တွင် တင်ခဲ့သည်
933 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကြီးတွင် သရဲတစ္ဆေဇာတ်လမ်းများ မရှိသည့်နေရာဟူ၍ မရှိ။

သို့သော် သိမ်းမြစ်၏ မြောက်ပိုင်း လန်ဒန်အရှေ့ပိုင်း East End အရပ်သည် ပရလောကဇာတ်လမ်းများဖြင့် နာမည်ကြီးပြီး မည်သူမဆို ကျောချမ်းဖွယ်ဖြစ်ရပ်များစွာ ရှိနေသည်။

East End သည် ရှေးအခါက ပြည့်တန်ဆာများကို လည်ပင်းဓားဖြင့်လှီးကာ ဗိုက်ဖောက်သတ်ခဲ့သော စိတ္တဇ လူသတ်သမား Jack the Ripper က လူသတ်မှုများ ကျူးလွန်ခဲ့ရာနေရာဖြစ်သည်။

ထိုသို့ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့မှုများ၊ သရဲခြောက်သည့် တောအုပ်များ၊ အရက်ဆိုင်များ၊ မီးရောင်မှိန်ဖျဖျ လမ်းများ၏ သရဲခြောက်သည့်ဖြစ်ရပ်များကြောင့် လန်ဒန်အရှေ့ပိုင်းတွင် နေထိုင်သူများအနေဖြင့် ထိုနေရာများ သို့ သွားရန် နှစ်ကြိမ်ပြန်စဉ်းစားတတ်ကြသည်။

Jack the Ripper က ရက်ရက်စက်စက် လူသတ်မှုများ ကျူးလွန်ခဲ့သော လန်ဒန်အရှေ့ပိုင်း Whitechapel ခရိုင်ရှိ မြူဆိုင်းသော မှုန်ရီရီလမ်းများအနီးတွင် တည်ရှိသော ကော်ဖီဆိုင်လေးတစ်ခုသည်လည်း လွန်စွာ သရဲခြောက်ကြောင်း နာမည်ကြီးနေပြီး ထိုဆိုင်မှာ ဝန်ထမ်းမှာ တစ်ဦးတည်း အလုပ်မလုပ်ဝံ့သည့် အခြေအနေ ဆိုက်နေသည်။

ကော်ဖီဆိုင်၏ အမည်မှာ Pret A Manger ဟုအမည်ရပြီး ပြင်သစ်ဘာသာအားဖြင့် စားရန်အသင့်ဟု အဓိပ္ပာယ်ရသည်။

တည်နေရာမှာ Bethnal Green လမ်း၊ အမှတ် ၁၂၁ တွင်ဖြစ်၏။

ထိုဆိုင်သည် ကျောချမ်းဖွယ်ဇာတ်လမ်းများ အမျိုးမျိုးအဖုံဖုံရှိနေရာ တိုက်ဆိုင်မှုမဟုတ်နိုင်တော့ချေ။

ကော်ဖီဆိုင်၏ လက်ထောက်မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်နေသူ အသက် ၂၈ နှစ်အရွယ် မိန်းကလေး Ginger Rivas သည် ညနက်ပိုင်း အလုပ်ချိန်များတွင် ခြောက်ခြားဖွယ်ဖြစ်ရပ်များနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် သူ၏ အလုပ်နေရာမှာ သရဲခြောက်ကြောင်း ထုတ်ဖော်ပြောကြားလာသည်။

 

(လက်ထောက်မန်နေဂျာ Ginger Rivas မှာ ပရလောကသားတို့နှင့် ရင်ဆိုင်ခဲ့ရသည်။ ဓာတ်ပုံ-Zeena Event photography)

 

(တစ်ခုသော ညနက်ပိုင်းတွင် CCTV ကင်မရာများ တဖျတ်ဖျတ်ဖြစ်နေသည်ကို တွေ့လိုက်ရပြီးနောက် Ginger Rivas တစ်ယောက် ကြက်သီးဖြန်းဖြန်းထခဲ့ရသည်။ ဓာတ်ပုံ-Zeena Event photography)

 

၂၀၂၂ ခုနှစ်၊ တစ်ခုသော ဆောင်းဦးကာလ၏ ညပိုင်း အမှောင်ထုအောက်တွင် Ginger သည် ဆိုင်ဝန်ထမ်းတစ်ဦးနှင့်အတူ ဆိုင်ပိတ်နေ၏။

“လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့အတူ မီးဖိုဆောင်ရှိတဲ့ မြေအောက်ခန်းမှာ ကျွန်မ အလုပ်လုပ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ CCTV မျက်နှာပြင်တွေက တဖျတ်ဖျတ်ဖြစ်နေတာကို သတိထားမိခဲ့ပါတယ်။” ဟု Ginger က ပြောပြသည်။

“ကျွန်မလည်း ရုံးခန်းရှိရာကိုသွားပြီး စီစီတီဗွီကို စောင့်ကြည့်တယ်။ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်က အခန်းထဲ ပြေးဝင်လာပြီး…အစ်မ အသံကြားလိုက်လား…လို့ မေးပါတယ်”

“ကျွန်မတို့ မြေအောက်ခန်းဆီ ပြန်သွားခဲ့တဲ့အချိန်မှာ အပေါ်ထပ်က ခြေသံဖွဖွ လျှောက်သံတွေ ကြားရပါတယ်။ အမျိုးသမီးတစ်ယောက် ခြေသံဖွဖွနဲ့ ချွတ်နင်းပြီး လျှောက်သလိုမျိုးပေါ့။ စီစီတီဗွီမှာတော့ လူတစ်ယောက်မှ မတွေ့ရတာကြောင့် ကျွန်မတို့ ကြက်သီးတွေ ထခဲ့ကြတယ်”

နောက်တစ်နေ့ညတွင် ထိုသို့သောဖြစ်ရပ်မျိုး ထပ်မံရင်ဆိုင်ရပြန်သည်။

 

(ဆန်းကြယ်သောဖြစ်ရပ်များကြောင့် Ginger က ညနက်ပိုင်း အလုပ်ဆိုင်းများဆင်းရန် ငြင်းပယ်ခဲ့သည်။ ဓာတ်ပုံ-Zeena Event photography)

 

“စီစီတီဗွီက ရွေ့နေပြီး မှိတ်ချည်လင်းချည်ဖြစ်နေတယ်။ ကျွန်မ မြေအောက်ခန်းထဲကို ထပ်ပြီးမသွားချင် တော့ပါဘူး။ အဲဒီနောက်ပိုင်း ဆိုင်ပိတ်ချိန် အလုပ်ဆိုင်းတွေကို မဆင်းတော့ပါဘူး”

“ဆိုင်ပိတ်ချိန်တွေမှာ ကျွန်မ အလုပ်မလုပ်တော့ပါဘူး။ တစ်ယောက်ယောက် (ဒါမှမဟုတ်) တစ်ခုခု ကိုယ့်ဘေးမှာ ရှိနေသလို ခံစားရပါတယ်။ လန်ဒန်က အဆောက်အအုံ အများစုဟာ အိမ်အိုအိမ်ဟောင်း ကြီးတွေပါ။ ဒါကြောင့် သရဲရှိနိုင်ပါတယ်”

ကော်ဖီဆိုင်လေး ဖွင့်လှစ်ထားရာ ခေတ်ဟောင်းအဆောက်အအုံကြီး၏ ဆန်းကြယ်သောဖြစ်ရပ်များမှာ ထိုမျှဖြင့် ရပ်မနေ။

ပြီးခဲ့သော ရက်သတ္တပတ်အတွင်းကလည်း Ginger သည် မနက်အစောပိုင်း အလုပ်ဆိုင်းအတွက် မြေအောက်ခန်းရှိ ရုံးခန်းတွင် ရှိနေစဉ် နောက်ဘက်တံခါးကို ကုတ်ခြစ်နေသည့် အသံတစ်ခု ကြားခဲ့ရသည်။

 

(Ginger သည် တစ်မနက်တွင် နောက်တံခါးဆီမှ ကုတ်ခြစ်သံကြီး ကြားခဲ့ရသည်။ ဓာတ်ပုံ-Zeena Event photography)

 

“အချိန်က မနက် ၄ နာရီလောက်ပေါ့။ အသံက တစ်ယောက်ယောက် အထဲကိုဝင်ဖို့ ကုတ်ခြစ်နေသလိုမျိုး။ အသံက စူးရှပြီး သတ္တုတစ်ခုပေါ်ကို လက်သည်းနဲ့ ကုတ်ခြစ်သလိုမျိုးပါ။ တကယ်ကို ထိတ်လန့်စရာကောင်းပါတယ်”

“အဲဒီကတည်းက အပြင်မှာ အဖော်တစ်ယောက်ယောက်ကို စောင့်ပြီးမှ အထဲကိုဝင်ပါတယ်။ ကျွန်မနဲ့ အတူသွားမယ့်အဖော်မရှိရင် အဲဒီထဲကို မဝင်ရဲတော့ပါဘူး” ဟု Ginger က ပြောသည်။

ပရလောကဖြစ်ရပ်များနှင့် ရင်ဆိုင်နေရခြင်းအပေါ် ဆိုင်ဝန်ထမ်းများ စိတ်မသက်မသာဖြစ်ခဲ့ကြသည်။ လွန်ခဲ့သော ၂ နှစ်ခန့်က ဝန်ထမ်းတို့သည် ဝိဉာဉ်လောကနှင့် ဆက်သွယ်နိုင်သည်ဟု အနောက်တိုင်းတွင် ယုံကြည်ထားကြသော Ouija ဆိုသည့် ဘုတ်ခုံတစ်ခု ယူဆောင်လာကာ စမ်းသပ်ခဲ့ကြသေးသည်။

သို့သော် အဖြေမရ။ မေးခွန်းများသာ ပိုတိုးလာသည်။

 

(Pret ကော်ဖီဆိုင်သည် ရှေးအခါက စိတ္တဇလူသတ်သမား Ripper က လူ ၂ ဦး ရက်ရက်စက်စက် သတ်ခဲ့ဖူးသော နေရာအနီးတွင် တည်ရှိသည်။ ဓာတ်ပုံ-Zeena Event photography)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: London’s most haunted café is so terrifying staff refuse to work alone (metro) Photo Credit- Zeena Event photography

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service