ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကို အချက်အလက်စစ်ဆေးရန်မှာ ၄၄ နှစ်ခန့် ကြာမည်ဟုဆို

ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် ထိုင်းအစိုးရက အတည်ပြု၊ ထိုလူဦးရေအားလုံးကို အချက်အလက်စစ်ဆေးရန်မှာ ၄၄ နှစ်ခန့် ကြာမည်ဟုဆို - Property News in Myanmar from iMyanmarHouse.com
4 Nov 2024 11:53 am တွင် တင်ခဲ့သည်
734 ကြိမ် ကြည့်ရှု့ပြီး

ထိုင်းအစိုးရသည် ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သူပေါင်း ၄၈၃၀၀၀ ဦးကို နိုင်ငံသားဖြစ်ခွင့်ပေးရန် အတည်ပြုလိုက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ရက်ပေါင်း ၆၀ အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ရန် လွှဲအပ်လိုက်သည်။

ယခုကဲ့သို့ နိုင်ငံသားဖြစ်ခွင့်ပေးခြင်းအားဖြင့် ထိုင်းစီးပွားရေးကို လှုံ့ဆော်မှုပေးနိုင်ရန် မျှော်မှန်းထားသည်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ကျီရာယု ဟွန်ဆာ့ပ် (Jirayu Huangsap) က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက် အစိုးရအဖွဲ့အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ ကြေညာလိုက်ခြင်း ဖြစ်သည်။

အမျိုးသားလုံခြုံရေးကောင်စီ (NSC) က နိုင်ငံသားဖြစ်မှု မြန်ဆန်ရေးအတွက် သတ်မှတ်ချက်များကို အတည်ပြုပေးရန်၊ ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သော ရွှေ့ပြောင်းအခြေချသူများနှင့် ထိုင်းတွင် မွေးဖွားသော ၎င်းတို့၏ သားသမီးများအရေး အဖြေရှာရန် အစိုးရအဖွဲ့ကို အဆိုပြုချက်ပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိအားဖြင့် ထိုင်းတွင် ကာလကြာရှည် အခြေချနေထိုင်ခဲ့သူ အုပ်စု ၃ မျိုးရှိသည်။ ပထမအုပ်စုမှာ ၁၉၈၄ ခုနှစ်မှ ၁၉၉၉ ခုနှစ်ကြား ရောက်ရှိအခြေချခဲ့ကြသူများဖြစ်ပြီး လူဦးရေ ၁၂၀,၀၀၀ ခန့် ရှိသည်။

ဒုတိယအုပ်စုမှာ ၂၀၀၅ မှ ၂၀၁၁ ခုနှစ်ကြား ရောက်ရှိအခြေချခဲ့သူများဖြစ်ပြီး လူဦးရေ ၂၁၅၀၀၀ ခန့် ရှိသည်။

 

(ဓာတ်ပုံ-UNICEF Thailand)

တတိယအုပ်စုတွင် ထိုင်းတွင် မွေးဖွားသော တိုင်းရင်းသား လူနည်းစုတို့၏ ကလေးငယ် ၂၉၀၀၀ ခန့် ဖြစ်သည်။

စတုတ္ထအုပ်စုတွင် မှတ်ပုံတင်အထောက်အထားမရှိဘဲ ထိုင်းသို့ ရောက်ရှိနေသူများ၏ ထိုင်းတွင်မွေးသော ကလေးငယ်များဖြစ်ပြီး ဦးရေ ၁၁၃၀၀၀ ခန့်ရှိကာ စုစုပေါင်းအားဖြင့် လူဦးရေ ၄၈၃၀၀၀ ဖြစ်သည်။

ထိုလူဦးရေ ၄၈၃၀၀၀ ကို စိစစ်ရန်မှာ ၄၄ နှစ်ခန့် ကြာမြင့်နိုင်ကြောင်း ထိုင်းအစိုးရက ခန့်မှန်းထားသည်။

ယခုကဲ့သို့ နိုင်ငံသားဖြစ်ခွင့်ပေးမှုကြောင့် အကျိုးသက်ရောက်မှုများ ရိုက်ခတ်လာနိုင်မှုအပေါ် စိုးရိမ်မကင်းဖြစ်နေသူများလည်း ရှိသည်။

ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ကို မူအရ အတည်ပြုလိုက်ပြီးနောက် ရက်ပေါင်း ၃၀ မှ ၆၀ အတွင်း အသေးစိတ် အကောင်အထည်ဖော်ရေးကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနထံ လွှဲအပ်လိုက်သည်။

ထိုင်းတွင် ကာလကြာရှည်နေထိုင်ခဲ့သော ၄၈၃၀၀၀ ဦးသည် ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ကြမည်ဖြစ်ပြီး အရေးကြီးသော စာရွက်စာတမ်းများလည်းရရှိလာကြမည်ဖြစ်ကြောင်း ကျီရာယုက ပြောသည်။

ယခုကဲ့သို့ နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ခြင်းကြောင့် လွတ်လပ်စွာ သွားလာခွင့်ရလာခြင်း၊ စီးပွားရေးကို လှုံ့ဆော် ပေးနိုင်ခြင်း၊ ထိုသူများ မည်သည့်နေရာတွင် ရှိနေသည်ကို မှန်ကန်စွာ မှတ်တမ်းတင်လာနိုင်ခြင်း အစရှိသည့် အကျိုးများရရှိလာမည့်အပြင် အခြားကဏ္ဍများစွာတွင်လည်း အကျိုးရှိလာမည်ဟု မျှော်လင့်ထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Cabinet Approves Thai Citizenship for 483,000 Long-term Immigrants (khaosod) 

Photo Credit:  UNICEF Thailand /Matichon Photo

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖြစ် ကြေညာ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
တရုတ်ပြည်မှာ စိတ်ဖိစီးမှု လျှော့ချဖို့နဲ့ ညဘက်အိပ်ပျော်စေဖို့အတွက် လူကြီးတွေ ချိုလိမ်စို့တာ ခေတ်စားနေ...
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မွေးတဲ့အချိန်မှာ အသက် ၃၁ နှစ်ဖြစ်နေတဲ့ ကမ္ဘာ့အသက်အကြီးဆုံး ကလေးငယ်
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
မိမိအပေါ် အထင်သေးသည့် အရောင်းစာရေးကို ယွမ် ၆၀၀,၀၀၀ (ဒေါ်လာ ၈၄,၀၀၀) ငွေပုံကြီး ချပေးကာ ၂ နာရီခန့် ရေတွက်စေခဲ့ပြီးနောက် ပစ္စည်းတစ်ခုမှ မဝယ်ဘဲ ပြန်ထွက်သွားသည့် အမျိုးသမီးကြီး...
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
အက်စ်တိုးနီးယားနိုင်ငံက သာမန်လူနေခန်းတွေထက်တောင် သားနားတဲ့ အကျဉ်းထောင်ခန်းများ
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင့် သမိုင်းဝင် ရှားပါးဓာတ်ပုံများ (အပိုင်း-၂ ဇာတ်သိမ်း)...
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
အွန်လိုင်းမှာ နာမည်ကြီးချင်လို့ ရထားစီးခရီးသည်တွေကို တုတ်နဲ့လိုက်ရိုက်တဲ့ လူငယ်နှစ်ဦး
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အဂ်လိပ်ဗိုလ်မှူးအကြောင်း...
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
ထိုင်းတွင် အောင်မြင်ကျော်ကြားနေသော မြန်မာအဆိုတော်မိန်းကလေး မစံပယ်အကြောင်း
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
တေလာဆွစ်ဖ်က သူ၏ ဒေါ်လာ ၁၈ သန်းတန်စံအိမ်ကြီးတွင် ကြယ်ပွင့်များစွာဖြင့် လွတ်လပ်ရေးနေ့ ပါတီပွဲကျင်းပခဲ့
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
လူတွေနဲ့ ဆက်ဆံရမှာကြောက်လို့ အမေသေတာ ဈာပနမလုပ်ဘဲ တိုက်ခန်းထဲမှာ အလောင်းကို ၁၀ နှစ်ကျော် ဖွက်ထားတဲ့ ဂျပန်အမျိုးသား
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service