ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း

ဒီတစ်ခါမှတော့ ဩရသအခွင့်အရေးနှင့် စပ်လျဉ်းပြီး အကျိုးခံစားခွင့် ဆက်ခံရရှိသူများအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
3 Nov 2024 12:30 pm တွင် တင်ခဲ့သည်
833 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ဩရသသားသမီးဆိုသည်မှာ မိဘနှစ်ပါး သဘောတူလက်ထပ် ထိမ်းမြား၍ ဖြစ်ထွန်းလာသော သားကြီး၊ သမီးကြီးပင်ဖြစ်ပြီး တနည်းဆိုသော် အမွေအနှစ်ရရှိသော တရားဝင်သားရင်းသမီးရင်ပင်ဖြစ်ပါသည်။

ကတ်စုနှင့်မောင်ဆင်အမှု (၂ ရန်ကုန် ၆၉၃ (၇၈၇)ပီစီ) ၊ မအေးရင်နှင့်မမိမိ -၇ ရန်ကုန် ၅၆၉

အဆိုပါဩရသမှာ ၎င်းမှာသားဖြစ်ပါက ဖခင်ကွယ်လွန်ချိန် ၊ သမီးဖြစ်ပါက မိခင်ကွယ်လွန်သောအချိန်တွင် အရွယ်ရောက်ပြီးဖြစ်ပါက ဩရသအခွင့်အရေးကို တောင်းဆိုပိုင်ခွင့်ရှိသည်။ သို့ရာတွင် ဩရသမှာ မိဘများ၏ အလုပ်များအား ကူညီလုပ်ကိုင်သူဖြစ်ရန် လိုအပ်ကာ ရူးသွပ်သူမဖြစ်ရပါ။ ဆိုလိုသည်မှာ မိဘ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်နိုင်သည့် အရည်အချင်းရှိသူ ဖြစ်ရမည်။

ဩရသသားသမီးမှာ အရွယ်မရောက်သေးမီ သေဆုံးပါက ဒုတိယသားသမီးအား ဩရသသားသမီးဟု သတ်မှတ်နိုင်သည်။ ဩရသအခွင့်အရေးနှင့် စပ်လျဉ်း၍ ၎င်းကိုယ်စား ၎င်း၏ အမွေဆက်ခံခွင့်ရှိသူမှ တောင်းဆိုနိုင်ခြင်း ရှိ/မရှိ စိတ်ဝင်စားဖွယ် ဖော်ပြပေးလိုက်ပါတယ်။

ဩရသအခွင့်အရေးမှာအရ ဩရသသားကြီး/သမီးကြီးမှာ အမွေ၏ လေးပုံ(တစ်ပုံ)ကို ခံစားခွင့်ရှိခြင်းဖြစ်ပါသည်။ ကာလစည်းကမ်းသတ်အရ ကျန်ရစ်သူမိဘနောက် အိမ်ထောင်ပြုပြီး (၁၂) နှစ်အတွင်း အဆိုပါဝေစုကို တောင်းခံနိုင်ပါသည်။ ၎င်းမိဘဖြစ်သူမှာ အိမ်ထောင်ပြုခဲ့ပြီး သေဆုံးသွားပါက ၎င်း၏ ဩရသအခွင့်အရေးအား ပထွေး/မိထွေးဖြစ်သူထံ ဆက်လက်တောင်းခံနိုင်ပါသည်။ ထို့အပြင် ဩရသလင်ယောက်ျားမှာ ဩရသအခွင့်အရေးအား မတောင်းဆိုရသေးဘဲ သေဆုံးပါက ဇနီးဖြစ်သူမှာ အမွေဆက်ခံခွင့်အရ အဆိုပါအခွင့်အရေးအား ယောက္ခမဖြစ်သူထံမှ တောင်းဆိုနိုင်သည်။ ချွေးမဇနီးဖြစ်သူမှာ ဩရသလင်ယောက်ျားသေသည့်တိုင် ပေါင်းသင်းခဲ့ရန် လိုအပ်ပါသည်။

၂၀၀၇ စီရင်ထုံး ဒေါ်စန်းလွင်နှင့် ဒေါ်သန်း (ခ) ဒေါ်သန်းသန်း (၂၀၀၇၊မတစ၊စာ-၂၉) အမှုတွင် ချွေးမဖြစ်သူမှာ ဩရသအခွင့်အရေး ရထိုက်ခွင့်ရှိကြောင်း တောင်းဆိုပြီး ယောက္ခမဖြစ်သူထံ အမွေပုံစီမံခန့်ခွဲပေးစေလိုမှု စွဲဆိုသော အမှုဖြစ်သည်။ အဆိုပါအမှုတွင် သားဖြစ်သူမှာ ကျန်းမာရေးမကောင်းသူဖြစ်ရုံမျှဖြင့် ဩရသအခွင့်အရေး မဆုံးရှုံးကြောင်း၊ ခင်ပွန်းဖြစ်သူမှ အပြီးအပိုင်ရပိုင်ခွင့်ရှိသော ဩရသအခွင့်အရေးကို ဇနီးဖြစ်သူမှ ခံစားခွင့်ရှိကြောင်း၊ နောက်အိမ်ထောင်ပြုလျှင်လဲ အဆိုပါအခွင့်အရေးမှာ မဆုံးရှုံးကြောင်း သုံးသပ်ထားသည်ကို တွေ့ရှိနိုင်သည်။

ခင်ပွန်းဖြစ်သူသည် အမွေရှင်ဖခင်ကွယ်လွန်ပြီးနောက်မှ ကွယ်လွန်သွားခြင်းဖြစ်ပါက အမွေရှင်ပိုင်ဆိုင်ခဲ့သည့် အချင်းဖြစ်မြေအား ခင်ပွန်း၏ အမွေဆက်ခံခွင့်ရှိသူအနေဖြင့် ဇနီးဖြစ်သူမှ အမွေတောင်းခံပိုင်ခွင့်ရှိပါသည်။ သားသမီး ရရှိခြင်း ရှိ/မရှိနဲ့လဲ မသက်ဆိုင်ပါ။

မောင်အကူနဲ့ မသက်ဥ အမှု(၅ ရန်ကုန် ၇၈၅)တွင် မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် လူတစ်ယောက်သေဆုံးလျှင် ၎င်း၏ပစ္စည်းမှာ အမွေခံအစီအစဉ်အရ မည်သူမည်ဝါတို့သည် အမွေခံ၊အမွေစားဖြစ်ကြောင်း အမွေဝေစုကိုလဲ အတိအကျ သတ်မှတ်ပြီးဖြစ်သည်။ စုပေါင်းပြီး ဆက်ခံခြင်းမျိုးမဟုတ်ဘဲ အခွင့်အရေးကိုအပြီးအပိုင် အကျိုးခံစားခွင့်ရရှိခြင်းဖြစ်သည်။မောင်စိုးနှင့် မောင်ဖိုးသန်း အမှု( ၁ ရန်ကုန် ၃၆၃) အရလဲ ချွေးမဖြစ်သူမှာ ဩရသသား၏ အမွေဆက်ခံခွင့်ကိုရှိသူ ဖြစ်သည်။

ထို့ကြောင့် ဩရသသားမှ အမွေတောင်းခံခြင်းခံစားရခြင်း မရှိဘဲ သေဆုံးပါက ချွေးမဖြစ်သူမှာ ကွယ်လွန်သူ လင်၏ ဩရသအခွင့်အရေးကို ယောက္ခမဖြစ်သူထံမှ အမွေတောင်းခံပိုင်ခွင့်ရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service