မြေငှားဂရန်သက်တမ်းတိုးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မြေငှားဂရန်သက်တမ်းတိုးအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
2 Nov 2024 10:57 am တွင် တင်ခဲ့သည်
524 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မြေငှားဂရန် စာချုပ်တစ်စောင်မှာ ခွင့်ပြုကာလအထိသာ အကျုံးဝင်ပြီး သတ်မှတ်ကာလကုန်ဆုံးရန် (၃)လအလိုတွင် သက်တမ်းတိုး လျှောက်ထားမှုပြုရမည်ဖြစ်ကာ သက်တမ်းကုန်ပါကမြေပိုင်ရှင်အခွင့်အရေး ဆုံးရှုံးမည်ဖြစ်ပါသည်။

မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားခွင့်ရှိသူများမှာ မြေငှားဂရန်မူရင်း အမည်ပေါက်သူကိုယ်တိုင်၊ မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် မြေပိုင်ဆိုင်မှု လွှဲပြောင်းဆက်ခံသူ၊ တရားရုံးမှ ထုတ်ပေးသော မရွှေ့မပြောင်း နိုင်သောပစ္စည်းရောင်းကြောင်း လက်မှတ်စာရရှိသူတို့မှ မြေငှားဂရန် မူရင်းပြသ၍ မြေငှားဂရန် သက်တမ်းတိုး လျှောက်ထားနိုင်ပါသည်။

ထို့ပြင် မြေငှားဂရန်သက်တမ်းတိုးလျှောက်ထားရာ၌ သက်တမ်းတိုး လျှောက်လွှာပုံစံတွင် ပြည့်စုံစွာ ဖြည့် စွက်ပြီး မြေငှားဂရန်မိတ္တူ ၊ မှတ်ပုံတင်စာချုပ်စာတမ်း မိတ္တူ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား မိတ္တူ၊ မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူ မရှိပါက မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် မိတ္တူ (မူရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး) ဌာနသို့ တင်ပြလျှောက်ထားရပါမည်။

မြေငှားဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး လျှောက်ထားလိုမှုများတွင် ပျောက်ဆုံးကြောင်း အထောက်အထားများ ရဲစခန်း ထောက်ခံစာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ပျောက်ဆုံကြောင်း ကျမ်းကျိန်လွှာနှင့် ကိုယ်တိုင် ဝန်ခံကတိပြုချက်တို့ တင်ပြပေးရမည်ဖြစ်ပါသည်။

သက်တမ်းကုန် မြေငှားဂရန်အား သက်တမ်းတိုး လျှောက်ထားလိုလျှင်လဲ သတ်မှတ်ကာလအတွင်းဖြစ် ပါက သက်တမ်းပျက် ဒဏ်ကြေးပေးသွင်းစေမည်ဖြစ်ပါသည်။

သက်တမ်းကုန်ဆုံးကာ မြေငှားဂရန်တင်ပြနိုင် ခြင်း မရှိသော မြေငှားသက်တမ်းတိုးမှုများတွင် အမည်ပေါက်ကိုယ်တိုင် (သို့) မှတ်ပုံတင် စာချုပ်စာတမ်းဖြင့် ပိုင်ဆိုင်သူမဟုတ်ပါက၊ တရားရုံး ပိုင်ဆိုင်ကြောင်း အမိန့်တစ်ရပ် ရယူပြီးမှသာ သက်တမ်းတိုးလျှောက်ထားခြင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ကော်မတီမှ အထူးဝန်ဆောင်ခနှုန်း၏ ထက်ဝက်အား ပေးသွင်းစေကာ မြေငှား စာချုပ်အသစ် ပြန်လည်အငှားချထားပေးခြင်းလဲ ဆောင်ရွက်ပေးနိုင်ပါသည်။

ဌာနမှ စာရွက်စာတမ်းများ စုံလင်လျှင် မြေတိုင်းမြေရာဇဝင်နှင့် မြေစာရင်းမှတ်ချက်များ အစီရင်ခံစေ ခြင်း၊ မြေဆိုင်ရာ အထောက်အထားများနှင် မြေစာရင်းကိုက်ညီမှုရှိမရှိ စီစစ်မည်ဖြစ်ကာ မြေတန်ဖိုးဖြတ်မှတ်ချက်၊ အစိုးရပိုင်းဆိုင်ရာ တားမြစ်ချက်ရှိမရှိ တရားရုံးတားဝရမ်းနှင့် ဘဏ်ကန့်ကွက်ချက် ရှိမရှိ၊ မရွှေ့မပြောင်းနိုင် သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေနှင့် ငြိစွန်းမှုရှိမရှိ စစ်ဆေးဆောင်ရွက်မည်ဖြစ်ပါသည်။

ကန့်ကွက်ကြေငြာစာအားလဲ မြေပေါ်တွင်(၁)စောင်၊ လျှောက်ထားသူအား (၁) စောင်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ (၁)စောင် လျှောက်ထားသူအား ပေးပို့စေမည်ဖြစ်ကာ ကန့်ကွက်သူ မပေါ်ပေါက်သည့် အခါမှသာ ဌာနမှူး၏ ခွင့်ပြုချက်၊ ကော်မတီဝင်များ အစည်းအဝေး ခွင့်ပြုချက်ဖြင့် မြေငှားဂရန်ထုတ်ပေးမည်ဖြစ် ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service