ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် Elon Musk ဆယ်ကျော်သက်ဘဝက ကနေဒါတွင် တစ်နာရီ ၁၈ ဒေါ်လာဖြင့် သန့်ရှင်းရေး လုပ်ခဲ့ရပုံ - Property Knowledge in Myanmar from iMyanmarHouse.com
30 Oct 2024 11:44 am တွင် တင်ခဲ့သည်
812 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

Elon Musk သည် Tesla နှင့် SpaceX တို့၏ စီအီးအို ဘီလျံနာဖြစ်မလာမီ ဆယ်ကျော်သက်ဘဝက ကနေဒါတွင် စားဝတ်နေရေးအတွက် အနိုင်နိုင် ရုန်းကန်ခဲ့ရသည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာသို့ ချီတက်ခဲ့ရသည့်ခရီးမှာ မလွယ်ကူခဲ့သလို စွဲလမ်းမက်မောဖွယ် ဆွတ်ပျံ့သည့် ဇာတ်လမ်းတစ်ပုဒ် မဟုတ်ခဲ့ကြောင်း Ashlee Vance ရေးသားသော Elon Musk: Tesla, SpaceX and the Quest for a Fantastic Future အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြသည်။

Elon Musk သည် အသက် ၁၇ နှစ်သားအရွယ်တွင် တောင်အာဖရိကရှိ နေအိမ်ကို ကျောခိုင်းကာ ကနေဒါသို့ ထွက်ခွာလာခဲ့သည်။

ထိုမှတဆင့် အမေရိကန်ပြည်ထောင်စုသို့ သွားရန်ဟူသော ရည်မှန်းချက်ဖြင့် ဖြစ်သည်။ ကနေဒါတွင် မွေးဖွားသော မိခင်ကြီး၏ အကူအညီဖြင့် Elon Musk တစ်ယောက် ကနေဒါနိုင်ငံသားအဖြစ် ရရှိသွားသည်။

အမေရိကသို့ မရောက်မီစပ်ကြားတွင်ကား အသက်ရှင်ရပ်တည်နိုင်ရေးအတွက် ရရာအလုပ် ကြုံရာကျပန်း လုပ်ကိုင်ခဲ့ရသည်။

ကနေဒါတွင် Elon Musk ပထမဆုံးလုပ်ကိုင်ခဲ့ရသော အလုပ်များအနက် အစ်ကိုဝမ်းကွဲဖြစ်သူ၏ ယာတောခြံတွင် လုပ်ကိုင်ရခြင်းလည်း ပါဝင်သည်။

ယာတောခြံမှာ လူဦးရေ ၃၀၀ ပင် မရှိသော Saskatchewan အမည်ရှိ ရွာကလေးတွင် ဖြစ်၏။

Elon Musk သည် ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ရသည်။

ထိုဖြစ်ရပ်မှာ ကမ္ဘာပေါ်တွင် အထင်ရှားဆုံး စီးပွားရေးလုပ်ငန်းရှင်၊ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြတ်သန်းခဲ့သော ဘဝဟု သင့်အနေဖြင့် ယူဆထားဖွယ် မရှိချေ။

ယင်းနောက်ပိုင်း Elon Musk သည် British Columbia ပြည်နယ်၊ Vancover မြို့တွင် သစ်လုံးကြီးများကို လက်ကိုင်လွှစက်ဖြင့် ဖြတ်သည့်အလုပ်လုပ်ရ၏။

ကနေဒါတွင် နေထိုင်စဉ် Elon Musk လုပ်ကိုင်ခဲ့ရသည့် အပင်ပန်းဆုံးအလုပ်မှာ သစ်စက် ဘွိုင်လာခန်းထဲတွင် သန့်ရှင်းရေးလုပ်ရသည့်အလုပ် ဖြစ်သည်။

ထိုအလုပ်မှာ အလုပ်လက်မဲ့ရေးရာရုံးတွင် အလုပ်တောင်းခဲ့ရာ၌ ရရှိခဲ့ခြင်း ဖြစ်သည်။

အလွန်တရာ ပင်ပန်းသည့်အလုပ်ဖြစ်သော်လည်း တစ်နာရီလျှင် ၁၈ ဒေါ်လာရရှိခဲ့ခြင်းဖြစ်ရာ ၁၉၈၉ ခုနှစ်က ငွေတန်ဖိုးအရ လုပ်ခမြင့်မားသည်ဟု ဆိုနိုင်သည်။

ထိုအလုပ်မှာ လွန်စွာပင်ပန်းဆင်းရဲသည့်အပြင် အန္တရာယ်လည်း အလွန်ကြီးသည်။

PPE ဝတ်စုံကို ဝတ်ဆင်ပြီးလျှင် ဘွိုင်လာပြွန်ပေါက်များအတွင်း တွားသွားဝင်ကာ သဲနှင့် အမှုန်အမွှားများကို သန့်ရှင်းရေးလုပ်ရခြင်း ဖြစ်သည်။

အလွန်ခက်ခဲသည့်အလုပ်ဖြစ်သောကြောင့် အလုပ်သမားအများစုမှာ တာရှည်မလုပ်နိုင်ကြ။

Elon Musk ၏ ပြောပြချက်အရ ၎င်းနှင့်အတူ စတင်အလုပ်လုပ်ခဲ့ကြသူ ၃၀ ဦးအနက် ၃ ရက်အကြာတွင် ၅ ဦးသာ ကျန်တော့သည်ဟု ဆိုသည်။

တစ်ပတ်အကြာတွင်ကား Elon Musk နှင့် အခြား ၂ ဦးသာ ကျန်သည်။

ထိုအလုပ်မှာ ကျန်းမာရေးအလွန်ကောင်းမွန်ရန်လိုအပ်ပြီး အပူရှိန်ထဲတွင် လုပ်ကိုင်ရခြင်းဖြစ်သောကြောင့် ပိုက်လိုင်းအတွင်း ကြာရှည်လုပ်ကိုင်ရပါက အန္တရာယ်ရှိသည်။

ယင်းနောက် ကြုံရာကျပန်း အလုပ်အနည်းငယ် ဆက်လက်လုပ်ကိုင်ခဲ့ပြီးနောက်ပိုင်း Elon Musk သည် ကနေဒါနိုင်ငံ၊ အွန်တေရီယိုပြည်နယ်ရှိ Queen’s University တွင် ကျောင်းအပ်ခဲ့ကာ အမေရိကန်ပြည်ရှိ University of Pennsylvania သို့ ကျောင်းပြောင်းခဲ့သည်။

အမေရိကန်တွင် ကျောင်းတက်ခဲ့ပြီးနောက် ရူပဗေဒ၊ စီးပွားရေးတို့ဖြင့် ဘွဲ့များ ရရှိခဲ့သည်။

ကျောင်းစရိတ်ရရန်အတွက် သူ၏ ကောလိပ်ကျောင်းသားဘဝနေအိမ်တွင် လက်မှတ်ဖြင့် တက်ရသော ပါတီပွဲများ ကျင်းပခြင်း၊ ရုံးပိတ်ရက်များတွင် နိုက်ကလပ်အဖြစ် အသုံးပြုခြင်းများ ပြုလုပ်ခဲ့သည်။

Elon Musk သည် စတန်းဖို့ဒ်တက္ကသိုလ်တွင် တက်ခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်ခဲ့ကာ ထွန်းသစ်ဖွံ့ဖြိုးလာသော အင်တာနက် နယ်ပယ်သို့ ဝင်ရောက်ခဲ့၏။

Zip2 ကို ပူးတွဲတည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် ကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် ရောင်းချခဲ့သည်။

Elon Musk က ရလာသောငွေဖြင့် X.com ကို တည်ထောင်ခဲ့ပြီး နောင်အခါတွင် X.com မှာ PayPal ဟု ပြောင်းလဲသွားသည်။

PayPal ကိုလည်း eBay ထံ ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖြင့် ရောင်းချခဲ့ရာ Elon Musk အတွက် SpaceX နှင့် Tesla တို့တွင် ရင်းနှီးမြှုပ်နှံရန် ငွေကြေးရရှိသွားကာ နောင်အခါတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk Spent His Teen Years Working Odd Jobs In Canada. For $18 An Hour, He'd Clean The Boiler Room With 'No Escape' In A Lumber Mill (finance)

 

 

[Zawgyi]

ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ Elon Musk ဆယ္ေက်ာ္သက္ဘဝက ကေနဒါတြင္ တစ္နာရီ ၁၈ ေဒၚလာျဖင့္ သန္႔ရွင္းေရး လုပ္ခဲ့ရပံု

Elon Musk သည္ Tesla ႏွင့္ SpaceX တို႔၏ စီအီးအို ဘီလ်ံနာျဖစ္မလာမီ ဆယ္ေက်ာ္သက္ဘဝက ကေနဒါတြင္ စားဝတ္ေနေရးအတြက္ အႏိုင္ႏိုင္ ရုန္းကန္ခဲ့ရသည္။

ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ေနရာသို႔ ခ်ီတက္ခဲ့ရသည့္ခရီးမွာ မလြယ္ကူခဲ့သလို စြဲလမ္းမက္ေမာဖြယ္ ဆြတ္ပ်ံ႕သည့္ ဇာတ္လမ္းတစ္ပုဒ္ မဟုတ္ခဲ့ေၾကာင္း Ashlee Vance ေရးသားေသာ Elon Musk: Tesla, SpaceX and the Quest for a Fantastic Future အမည္ရွိ စာအုပ္တြင္ ေရးသားေဖာ္ျပသည္။

Elon Musk သည္ အသက္ ၁၇ ႏွစ္သားအရြယ္တြင္ ေတာင္အာဖရိကရွိ ေနအိမ္ကို ေက်ာခိုင္းကာ ကေနဒါသို႔ ထြက္ခြာလာခဲ့သည္။

ထိုမွတဆင့္ အေမရိကန္ျပည္ေထာင္စုသို႔ သြားရန္ဟူေသာ ရည္မွန္းခ်က္ျဖင့္ ျဖစ္သည္။ ကေနဒါတြင္ ေမြးဖြားေသာ မိခင္ၾကီး၏ အကူအညီျဖင့္ Elon Musk တစ္ေယာက္ ကေနဒါႏိုင္ငံသားအျဖစ္ ရရွိသြားသည္။

အေမရိကသို႔ မေရာက္မီစပ္ၾကားတြင္ကား အသက္ရွင္ရပ္တည္ႏိုင္ေရးအတြက္ ရရာအလုပ္ ၾကံဳရာက်ပန္း လုပ္ကိုင္ခဲ့ရသည္။

ကေနဒါတြင္ Elon Musk ပထမဆံုးလုပ္ကိုင္ခဲ့ရေသာ အလုပ္မ်ားအနက္ အစ္ကိုဝမ္းကြဲျဖစ္သူ၏ ယာေတာျခံတြင္ လုပ္ကိုင္ရျခင္းလည္း ပါဝင္သည္။

ယာေတာျခံမွာ လူဦးေရ ၃၀၀ ပင္ မရွိေသာ Saskatchewan အမည္ရွိ ရြာကေလးတြင္ ျဖစ္၏။

Elon Musk သည္ ဟင္းသီးဟင္းရြက္စိုက္ပ်ဳိးသူတစ္ဦးအျဖစ္ လုပ္ကိုင္ခဲ့ရသည္။

ထိုျဖစ္ရပ္မွာ ကမၻာေပၚတြင္ အထင္ရွားဆံုး စီးပြားေရးလုပ္ငန္းရွင္၊ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ ျဖတ္သန္းခဲ့ေသာ ဘဝဟု သင့္အေနျဖင့္ ယူဆထားဖြယ္ မရွိေခ်။

ယင္းေနာက္ပိုင္း Elon Musk သည္ British Columbia ျပည္နယ္၊ Vancover ျမိဳ႕တြင္ သစ္လံုးၾကီးမ်ားကို လက္ကိုင္လႊစက္ျဖင့္ ျဖတ္သည့္အလုပ္လုပ္ရ၏။

ကေနဒါတြင္ ေနထိုင္စဥ္ Elon Musk လုပ္ကိုင္ခဲ့ရသည့္ အပင္ပန္းဆံုးအလုပ္မွာ သစ္စက္ ဘြိဳင္လာခန္းထဲတြင္ သန္႔ရွင္းေရးလုပ္ရသည့္အလုပ္ ျဖစ္သည္။

ထိုအလုပ္မွာ အလုပ္လက္မဲ့ေရးရာရံုးတြင္ အလုပ္ေတာင္းခဲ့ရာ၌ ရရွိခဲ့ျခင္း ျဖစ္သည္။

အလြန္တရာ ပင္ပန္းသည့္အလုပ္ျဖစ္ေသာ္လည္း တစ္နာရီလွ်င္ ၁၈ ေဒၚလာရရွိခဲ့ျခင္းျဖစ္ရာ ၁၉၈၉ ခုႏွစ္က ေငြတန္ဖိုးအရ လုပ္ချမင့္မားသည္ဟု ဆိုႏိုင္သည္။

ထိုအလုပ္မွာ လြန္စြာပင္ပန္းဆင္းရဲသည့္အျပင္ အႏၱရာယ္လည္း အလြန္ၾကီးသည္။

PPE ဝတ္စံုကို ဝတ္ဆင္ျပီးလွ်င္ ဘြိဳင္လာျပြန္ေပါက္မ်ားအတြင္း တြားသြားဝင္ကာ သဲႏွင့္ အမႈန္အမႊားမ်ားကို သန္႔ရွင္းေရးလုပ္ရျခင္း ျဖစ္သည္။

အလြန္ခက္ခဲသည့္အလုပ္ျဖစ္ေသာေၾကာင့္ အလုပ္သမားအမ်ားစုမွာ တာရွည္မလုပ္ႏိုင္ၾက။

Elon Musk ၏ ေျပာျပခ်က္အရ ၎ႏွင့္အတူ စတင္အလုပ္လုပ္ခဲ့ၾကသူ ၃၀ ဦးအနက္ ၃ ရက္အၾကာတြင္ ၅ ဦးသာ က်န္ေတာ့သည္ဟု ဆိုသည္။

တစ္ပတ္အၾကာတြင္ကား Elon Musk ႏွင့္ အျခား ၂ ဦးသာ က်န္သည္။

ထိုအလုပ္မွာ က်န္းမာေရးအလြန္ေကာင္းမြန္ရန္လိုအပ္ျပီး အပူရွိန္ထဲတြင္ လုပ္ကိုင္ရျခင္းျဖစ္ေသာေၾကာင့္ ပိုက္လိုင္းအတြင္း ၾကာရွည္လုပ္ကိုင္ရပါက အႏၱရာယ္ရွိသည္။

ယင္းေနာက္ ၾကံဳရာက်ပန္း အလုပ္အနည္းငယ္ ဆက္လက္လုပ္ကိုင္ခဲ့ျပီးေနာက္ပိုင္း Elon Musk သည္ ကေနဒါႏိုင္ငံ၊ အြန္ေတရီယိုျပည္နယ္ရွိ Queen’s University တြင္ ေက်ာင္းအပ္ခဲ့ကာ အေမရိကန္ျပည္ရွိ University of Pennsylvania သို႔ ေက်ာင္းေျပာင္းခဲ့သည္။

အေမရိကန္တြင္ ေက်ာင္းတက္ခဲ့ျပီးေနာက္ ရူပေဗဒ၊ စီးပြားေရးတို႔ျဖင့္ ဘြဲ႔မ်ား ရရွိခဲ့သည္။

ေက်ာင္းစရိတ္ရရန္အတြက္ သူ၏ ေကာလိပ္ေက်ာင္းသားဘဝေနအိမ္တြင္ လက္မွတ္ျဖင့္ တက္ရေသာ ပါတီပြဲမ်ား က်င္းပျခင္း၊ ရံုးပိတ္ရက္မ်ားတြင္ ႏိုက္ကလပ္အျဖစ္ အသံုးျပဳျခင္းမ်ား ျပဳလုပ္ခဲ့သည္။

Elon Musk သည္ စတန္းဖို႔ဒ္တကၠသိုလ္တြင္ တက္ခြင့္ရမည့္ အခြင့္အေရးကို လက္လႊတ္ခဲ့ကာ ထြန္းသစ္ဖြံ႔ျဖိဳးလာေသာ အင္တာနက္ နယ္ပယ္သို႔ ဝင္ေရာက္ခဲ့၏။

Zip2 ကို ပူးတြဲတည္ေထာင္ခဲ့ျပီး ေနာက္ပိုင္းတြင္ ကန္ေဒၚလာ သန္း ၃၀၀ ျဖင့္ ေရာင္းခ်ခဲ့သည္။

Elon Musk က ရလာေသာေငြျဖင့္ X.com ကို တည္ေထာင္ခဲ့ျပီး ေနာင္အခါတြင္ X.com မွာ PayPal ဟု ေျပာင္းလဲသြားသည္။

PayPal ကိုလည္း eBay ထံ ကန္ေဒၚလာ ၁ ဒသမ ၅ ဘီလီယံျဖင့္ ေရာင္းခ်ခဲ့ရာ Elon Musk အတြက္ SpaceX ႏွင့္ Tesla တို႔တြင္ ရင္းႏွီးျမွဳပ္ႏွံရန္ ေငြေၾကးရရွိသြားကာ ေနာင္အခါတြင္ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္ ျဖစ္လာခဲ့သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elon Musk Spent His Teen Years Working Odd Jobs In Canada. For $18 An Hour, He'd Clean The Boiler Room With 'No Escape' In A Lumber Mill (finance)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service