အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အဖြစ် အလုပ်ရသွားသူတစ်ဦးအကြောင်း

အိန္ဒိယတွင် လမ်းဘေးလေလွင့်ခွေးလေးများအကြောင်း နာမည်ကျော်သူဌေးကြီးတာတာထံသို့ စာရေးသား ပေးပို့ခဲ့ရာမှ သူဌေးကြီး၏ လက်ထောက်အဖြစ် အလုပ်ရသွားသူတစ်ဦးအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
1 Nov 2024 10:33 am တွင် တင်ခဲ့သည်
856 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အကယ်၍ သင်ကံကောင်းမည်ဆိုပါက တခါတရံတွင် စာတစ်စောင်ဖြင့် သင့်ဘဝကို ပြောင်းလဲပစ်နိုင်သည်။

ထိုစာတစ်စောင်မျှဖြင့် သင်အလွန်လိုချင်ဖူးသော အလုပ်အကိုင်မျိုး ရတတ်၏။

Humans of Bombay အမည်ရှိ Facebook စာမျက်နှာမှ မကြာသေးမီက တင်ခဲ့သော ပို့စ်တစ်ခုတွင် အသက် ၂၇ နှစ်အရွယ် ရှန်တနူး နိုင်ဒူ (Shantanu Naidu) ဟူသည့် အမျိုးသားက စက်မှုလုပ်ငန်းရှင် သူဌေးကြီး ရာတန် တာတာထံသို့ စာတစ်စောင်ပေးပို့ခဲ့ရာမှတဆင့် သူဌေး၏ လက်ထောက်အဖြစ် အလုပ်ရရှိသွားပုံကို ရေးသားဖော်ပြထားသည်။

ရှန်တနူးသည် ဘွဲ့ရပြီးနောက် ၂၀၁၄ ခုနှစ်တွင် Tata Group ၌ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

သူဌေးကြီး တာတာနှင့် ရှန်တနူးတို့နှစ်ဦးက အလွန်ရင်းနှီးသော မိတ်ဆွေများအဖြစ်သို့ ပို့ဆောင်ပေးခဲ့သည်မှာ ၎င်းတို့၏ တိရ စ္ဆာန်များအပေါ် ချစ်တတ်သောစိတ်အပေါ်တွင် အခြေခံခဲ့သည်။

ရှန်တနူးသည် ၂၀၁၄ ခုနှစ်တွင် ပြွန်းမြို့ရှိ Tata Elxsi တွင် မော်တော်ကား ဒီဇိုင်းအင်ဂျင်နီယာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

ထိုသို့ လုပ်ကိုင်နေစဉ် အလုပ်မှ အိမ်သို့ ပြန်လာစဉ်အတွင်း လမ်းပေါ်တွင် ခွေးသေတစ်ကောင်ကို ရှန်တနူး တွေ့ခဲ့သည်။

ထိုဖြစ်ရပ်ကို တွေ့မြင်ပြီးနောက် ရှန်တနူးက လေလွင့်ခွေးများတွင် ရောင်ပြန်လည်ပတ်ပြားများ တပ်ဆင်ပေးရန် အကြံဖြစ်ပေါ်ခဲ့သည်။

ရောင်ပြန်လည်ပတ်ပြား တပ်ဆင်ပေးထားလျှင် ယာဉ်မောင်းများအနေဖြင့် ညအခါ ကားမောင်းလျှင် ခွေးများကို အဝေးမှ လှမ်းမျှော်တွေ့ရမည် ဖြစ်သည်။

ထို့ကြောင့် လေလွင့်ခွေးများကို ရောင်ပြန်လည်ပတ်များ လိုက်လံတပ်ဆင်ပေးခဲ့ရာ ခွေးကောင်ရေ အလွန်များပြားလှသောကြောင့် ရှန်တနူးအတွက် ငွေလိုအပ်လာသည်။

“အဲဒီအချိန်မှာ အဖေက ခွေးချစ်တတ်တဲ့ မစ္စတာ ရာတန်တာတာဆီကို စာရေးဖို့ အကြံပေးခဲ့ပါတယ်။ အရင်ဆုံးတော့ ကျွန်တော် ချီတုံချတုံ ဖြစ်နေသေးတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ရေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ရှန်တနူးက ပြောသည်။

ရှန်တနူးသည် သူဌေးကြီး ရာတန်တာတာထံ လက်ရေးဖြင့် စာတစ်စောင်ရေးသားပေးပို့ခဲ့၏။

ထိုသို့ စာရေးသားပေးပို့ခဲ့အပြီး ၂ လအကြာတွင် ရာတန်တာတာထံမှ အကြောင်းပြန်ချက်ရရှိခဲ့ကာ ရှန်တနူးကို တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။

ယင်းနောက် ရက်အနည်းငယ်အကြာတွင် ရာတန် တာတာနှင့် မွမ်ဘိုင်းမြို့ရှိ ရုံးခန်းတွင် တွေ့ဆုံခွင့် ရခဲ့သည်။

ရာတန်တာတာက “သားရဲ့ လုပ်ဆောင်ချက်တွေဟာ ဦးလေးရဲ့ ရင်ထဲကို ထိစေပါတယ်” ဟု ပြောခဲ့သည်။

“အဲဒီအကြောင်း ပြန်တွေးတိုင်း ကျွန်တော် ကြက်သီးထနေမိဆဲပါ” ဟု ရှန်တနူးက ဆိုသည်။

ထိုသို့ ကနဦး တွေ့ဆုံပြီးနောက်ပိုင်း ရာတန်တာတာက ရှန်တနူးကို သူ၏ စံအိမ်သို့ ဖိတ်ခေါ်ခဲ့ရာ ရှန်တနူးအနေဖြင့် ရာတန်တာတာမွေးမြူထားသော ခွေးကလေးများနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

အိန္ဒိယတွင် တိရ စ္ဆာန်တို့နှင့် ဆက်နွှယ်သည့် မတော်တဆမှုများ လျှော့ချပေးနိုင်ရန် ရည်ရွယ်သည့် Moto Paws အမည်ရှိ ကုမ္ပဏီကို တည်ထောင်ရန် ရှန်တနူးအား ရာတန်တာတာက ကူညီပေးခဲ့သည်။

ထိုကုမ္ပဏီက ခွေးများအတွက် ရောင်ပြန်လည်ပတ်ပြားများ ထုတ်လုပ်ပေးခြင်း၊ ကျားများတွင် တရားမဝင် အမဲလိုက်သတ်ဖြတ်မှုများ တားဆီးပေးနိုင်မည့် အာရုံခံပစ္စည်းများ (Sensor based device) များ ထုတ်လုပ်ပေးခြင်းတို့ ပြုလုပ်နိုင်ခဲ့သည်။

တာတာ၏ ကူညီထောက်ပံ့မှုဖြင့် Moto Paws သည် အိန္ဒိယတွင် တိရ စ္ဆာန်များ ဘေးကင်းလုံခြုံရေးအတွက် များစွာအကျိုးသက်ရောက်မှုများ ရှိလာစေခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ရှန်တနူးသည် အမေရိကန်ပြည်ထောင်စုသို့သွားကာ MBA ဘွဲ့ရယူရန် ကျောင်းသွားတက်သည်။

မိုင်ထောင်ချီဝေးကွာနေသော်လည်း ရှန်တနူးနှင့် တာတာတို့အကြား ရင်းနှီးသော မိတ်ဆွေဆက်ဆံရေး ဆက်လက်တည်ရှိနေခဲ့သည်။

ရှန်တနူး ဘွဲ့ရချိန်တွင် ရာတန်တာတာက သူ၏လက်ထောက်အဖြစ် လုပ်ကိုင်ရန် ကမ်းလှမ်းခဲ့၏။

“ကျွန်တော် ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ မသိခဲ့ပါဘူး။ ဒါကြောင့် အသက်ပြင်းပြင်းရှုလိုက်ပြီးတော့ ….ဟုတ်ကဲ့…လို့ ပြောခဲ့ပါတယ်” ဟု ရှန်တနူးက ပြောသည်။

ရာတန်တာတာ၏ လက်ထောက်အနေဖြင့် ရှန်တနူးသည် တာဝန်အမျိုးမျိုး စီမံခန့်ခွဲပေးခဲ့ရသည်။

တာတာ၏ အင်စတာဂရမ်အကောင့်ဖွင့်သည့်ကိစ္စတွင်ပင်လျှင် ရှန်တနူးမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: How a letter of a 27-year-old gets him a job with Ratan Tata (livemint)

 

[Zawgyi]

အိႏိၵယတြင္ လမ္းေဘးေလလြင့္ေခြးေလးမ်ားအေၾကာင္း နာမည္ေက်ာ္သူေဌးၾကီးတာတာထံသို႔ စာေရးသား ေပးပို႔ခဲ့ရာမွ သူေဌးၾကီး၏ လက္ေထာက္အျဖစ္ အလုပ္ရသြားသူတစ္ဦးအေၾကာင္း

အကယ္၍ သင္ကံေကာင္းမည္ဆိုပါက တခါတရံတြင္ စာတစ္ေစာင္ျဖင့္ သင့္ဘဝကို ေျပာင္းလဲပစ္ႏိုင္သည္။

ထိုစာတစ္ေစာင္မွ်ျဖင့္ သင္အလြန္လိုခ်င္ဖူးေသာ အလုပ္အကိုင္မ်ဳိး ရတတ္၏။

Humans of Bombay အမည္ရွိ Facebook စာမ်က္ႏွာမွ မၾကာေသးမီက တင္ခဲ့ေသာ ပို႔စ္တစ္ခုတြင္ အသက္ ၂၇ ႏွစ္အရြယ္ ရွန္တႏူး ႏိုင္ဒူ (Shantanu Naidu) ဟူသည့္ အမ်ဳိးသားက စက္မႈလုပ္ငန္းရွင္ သူေဌးၾကီး ရာတန္ တာတာထံသို႔ စာတစ္ေစာင္ေပးပို႔ခဲ့ရာမွတဆင့္ သူေဌး၏ လက္ေထာက္အျဖစ္ အလုပ္ရရွိသြားပံုကို ေရးသားေဖာ္ျပထားသည္။

ရွန္တႏူးသည္ ဘြဲ႔ရျပီးေနာက္ ၂၀၁၄ ခုႏွစ္တြင္ Tata Group ၌ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

သူေဌးၾကီး တာတာႏွင့္ ရွန္တႏူးတို႔ႏွစ္ဦးက အလြန္ရင္းႏွီးေသာ မိတ္ေဆြမ်ားအျဖစ္သို႔ ပို႔ေဆာင္ေပးခဲ့သည္မွာ ၎တို႔၏ တိရ စၦာန္မ်ားအေပၚ ခ်စ္တတ္ေသာစိတ္အေပၚတြင္ အေျခခံခဲ့သည္။

ရွန္တႏူးသည္ ၂၀၁၄ ခုႏွစ္တြင္ ျပြန္းျမိဳ႕ရွိ Tata Elxsi တြင္ ေမာ္ေတာ္ကား ဒီဇိုင္းအင္ဂ်င္နီယာအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ့သည္။

ထိုသို႔ လုပ္ကိုင္ေနစဥ္ အလုပ္မွ အိမ္သို႔ ျပန္လာစဥ္အတြင္း လမ္းေပၚတြင္ ေခြးေသတစ္ေကာင္ကို ရွန္တႏူး ေတြ႔ခဲ့သည္။

ထိုျဖစ္ရပ္ကို ေတြ႔ျမင္ျပီးေနာက္ ရွန္တႏူးက ေလလြင့္ေခြးမ်ားတြင္ ေရာင္ျပန္လည္ပတ္ျပားမ်ား တပ္ဆင္ေပးရန္ အၾကံျဖစ္ေပၚခဲ့သည္။

ေရာင္ျပန္လည္ပတ္ျပား တပ္ဆင္ေပးထားလွ်င္ ယာဥ္ေမာင္းမ်ားအေနျဖင့္ ညအခါ ကားေမာင္းလွ်င္ ေခြးမ်ားကို အေဝးမွ လွမ္းေမွ်ာ္ေတြ႔ရမည္ ျဖစ္သည္။

ထို႔ေၾကာင့္ ေလလြင့္ေခြးမ်ားကို ေရာင္ျပန္လည္ပတ္မ်ား လိုက္လံတပ္ဆင္ေပးခဲ့ရာ ေခြးေကာင္ေရ အလြန္မ်ားျပားလွေသာေၾကာင့္ ရွန္တႏူးအတြက္ ေငြလိုအပ္လာသည္။

“အဲဒီအခ်ိန္မွာ အေဖက ေခြးခ်စ္တတ္တဲ့ မစၥတာ ရာတန္တာတာဆီကို စာေရးဖို႔ အၾကံေပးခဲ့ပါတယ္။ အရင္ဆံုးေတာ့ ကၽြန္ေတာ္ ခ်ီတံုခ်တံု ျဖစ္ေနေသးတယ္။ ဒါေပမယ့္ ေနာက္ဆံုးမွာ ေရးဖို႔ ဆံုးျဖတ္ခဲ့ပါတယ္” ဟု ရွန္တႏူးက ေျပာသည္။

ရွန္တႏူးသည္ သူေဌးၾကီး ရာတန္တာတာထံ လက္ေရးျဖင့္ စာတစ္ေစာင္ေရးသားေပးပို႔ခဲ့၏။

ထိုသို႔ စာေရးသားေပးပို႔ခဲ့အျပီး ၂ လအၾကာတြင္ ရာတန္တာတာထံမွ အေၾကာင္းျပန္ခ်က္ရရွိခဲ့ကာ ရွန္တႏူးကို ေတြ႔ဆံုေဆြးေႏြးရန္ ဖိတ္ေခၚခဲ့သည္။

ယင္းေနာက္ ရက္အနည္းငယ္အၾကာတြင္ ရာတန္ တာတာႏွင့္ မြမ္ဘိုင္းျမိဳ႕ရွိ ရံုးခန္းတြင္ ေတြ႔ဆံုခြင့္ ရခဲ့သည္။

ရာတန္တာတာက “သားရဲ႕ လုပ္ေဆာင္ခ်က္ေတြဟာ ဦးေလးရဲ႕ ရင္ထဲကို ထိေစပါတယ္” ဟု ေျပာခဲ့သည္။

“အဲဒီအေၾကာင္း ျပန္ေတြးတိုင္း ကၽြန္ေတာ္ ၾကက္သီးထေနမိဆဲပါ” ဟု ရွန္တႏူးက ဆိုသည္။

ထိုသို႔ ကနဦး ေတြ႔ဆံုျပီးေနာက္ပိုင္း ရာတန္တာတာက ရွန္တႏူးကို သူ၏ စံအိမ္သို႔ ဖိတ္ေခၚခဲ့ရာ ရွန္တႏူးအေနျဖင့္ ရာတန္တာတာေမြးျမဴထားေသာ ေခြးကေလးမ်ားႏွင့္ ေတြ႔ဆံုခြင့္ရခဲ့သည္။

အိႏိၵယတြင္ တိရ စၦာန္တို႔ႏွင့္ ဆက္ႏႊယ္သည့္ မေတာ္တဆမႈမ်ား ေလွ်ာ့ခ်ေပးႏိုင္ရန္ ရည္ရြယ္သည့္ Moto Paws အမည္ရွိ ကုမၸဏီကို တည္ေထာင္ရန္ ရွန္တႏူးအား ရာတန္တာတာက ကူညီေပးခဲ့သည္။

ထိုကုမၸဏီက ေခြးမ်ားအတြက္ ေရာင္ျပန္လည္ပတ္ျပားမ်ား ထုတ္လုပ္ေပးျခင္း၊ က်ားမ်ားတြင္ တရားမဝင္ အမဲလိုက္သတ္ျဖတ္မႈမ်ား တားဆီးေပးႏုိင္မည့္ အာရံုခံပစၥည္းမ်ား (Sensor based device) မ်ား ထုတ္လုပ္ေပးျခင္းတို႔ ျပဳလုပ္ႏိုင္ခဲ့သည္။

တာတာ၏ ကူညီေထာက္ပံ့မႈျဖင့္ Moto Paws သည္ အိႏိၵယတြင္ တိရ စၦာန္မ်ား ေဘးကင္းလံုျခံဳေရးအတြက္ မ်ားစြာအက်ဳိးသက္ေရာက္မႈမ်ား ရွိလာေစခဲ့သည္။

၂၀၁၆ ခုႏွစ္တြင္ ရွန္တႏူးသည္ အေမရိကန္ျပည္ေထာင္စုသို႔သြားကာ MBA ဘြဲ႔ရယူရန္ ေက်ာင္းသြားတက္သည္။

မိုင္ေထာင္ခ်ီေဝးကြာေနေသာ္လည္း ရွန္တႏူးႏွင့္ တာတာတို႔အၾကား ရင္းႏွီးေသာ မိတ္ေဆြဆက္ဆံေရး ဆက္လက္တည္ရွိေနခဲ့သည္။

ရွန္တႏူး ဘြဲ႔ရခ်ိန္တြင္ ရာတန္တာတာက သူ၏လက္ေထာက္အျဖစ္ လုပ္ကိုင္ရန္ ကမ္းလွမ္းခဲ့၏။

“ကၽြန္ေတာ္ ဘယ္လိုတံု႔ျပန္ရမလဲဆိုတာ မသိခဲ့ပါဘူး။ ဒါေၾကာင့္ အသက္ျပင္းျပင္းရႈလိုက္ျပီးေတာ့ ….ဟုတ္ကဲ့…လို႔ ေျပာခဲ့ပါတယ္” ဟု ရွန္တႏူးက ေျပာသည္။

ရာတန္တာတာ၏ လက္ေထာက္အေနျဖင့္ ရွန္တႏူးသည္ တာဝန္အမ်ဳိးမ်ဳိး စီမံခန္႔ခြဲေပးခဲ့ရသည္။

တာတာ၏ အင္စတာဂရမ္အေကာင့္ဖြင့္သည့္ကိစၥတြင္ပင္လွ်င္ ရွန္တႏူးမွာ အေရးပါေသာ အခန္းက႑မွ ပါဝင္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: How a letter of a 27-year-old gets him a job with Ratan Tata (livemint)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service