Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ်လာ သန်း ၅၀ ချမ်းသာခဲ့သော်လည်း ယခုအခါ ဘဏ်စာရင်း တွင် တစ်ပြားမှ မရှိတော့ဘဲ ငွေကြေးအကျပ်ဆိုက်နေ၊ ငွေအလွန်ဖြုန်းခဲ့မိသောကြောင့် ဖြစ်ကြောင်း ထုတ်ဖော်ပြောပြလာ

Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ်လာ သန်း ၅၀ ချမ်းသာခဲ့သော်လည်း ယခုအခါ ဘဏ်စာရင်း တွင် တစ်ပြားမှ မရှိတော့ဘဲ ငွေကြေးအကျပ်ဆိုက်နေ၊ ငွေအလွန်ဖြုန်းခဲ့မိသောကြောင့် ဖြစ်ကြောင်း ထုတ်ဖော်ပြောပြလာ - Property Knowledge in Myanmar from iMyanmarHouse.com
29 Oct 2024 11:13 am တွင် တင်ခဲ့သည်
713 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

(အယ်လ် ပါချီနို ဘယ်သူလဲ)

အယ်လ် ပါချီနို (မွေး ၁၉၄၀) သည် အမေရိကန်ရုပ်ရှင်မင်းသားဖြစ်ပြီး ၂၀ ရာစု ရုပ်ရှင်ရာဇဝင်တွင် အထင်ရှားဆုံးနှင့် သြဇာအလွှမ်းဆုံး ရုပ်ရှင်မင်းသားများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရသည်။

သူ၏ ရုပ်ရှင်လောကဖြတ်သန်းမှုတလျှောက် အော်စကာဆုအပြင် အခြားဆုပေါင်းများစွာ ရရှိထားသည်။

အယ်လ် ပါချီနိုသည် ၁၉၉၂ ခုနှစ်က ရုံတင်ခဲ့သော Scent of a woman ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ဆောင်မင်းသားအဖြစ် အော်စကာဆု ရရှိခဲ့သည်။

အယ်လ် ပါချီနိုသည် ၁၉၇၂၊ ၁၉၇၄ နှင့် ၁၉၉၀ ပြည့်နှစ်တို့တွင် ရုံတင်ခဲ့ကာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော Godfather Trilogy ဖြင့် လူသိများသည်။

အယ်လ် ပါချီနိုသည် ရုပ်ရှင်မင်းသမီး Beverly D’Angelo အပါအဝင် အခြားအမျိုးသမီးပေါင်း များစွာနှင့် ချစ်ကြိုက်ကာ ရင်သွေးအများအပြားရရှိခဲ့သော်လည်း သူ၏ဘဝတွင် အိမ်ထောင်ပြုခဲ့ဖူးခြင်း မရှိချေ။

((ဆင်းရဲသွားသော အယ်လ်ပါချီနို))

ဟောလိဝုဒ်ဒိတ်ဒိတ်ကြဲ ဂန္ထဝင်ကြီး အယ်လ် ပါချီနိုက မိမိသည် တချိန်က ကန်ဒေါ်လာ သန်း ၅၀ ချမ်းသာခဲ့သော်လည်း ငွေအလွန်ဖြုန်းခဲ့မိသောကြောင့် ယခုအခါ ဘဏ်စာရင်းတွင် တစ်ပြားမှ မရှိတော့ကြောင်း ထုတ်ဖော်ပြောပြလာသည်။

အယ်လ် ပါချီနိုက သူ၏ ဘဏ္ဍာရေးအခြေအနေကို လစ်လျူရှုထားခဲ့မိကြောင်းနှင့် မိမိ၏ စာရင်းကိုင်မှာ လိမ်လည်မှုဖြင့် နောက်ဆုံးတွင် ထောင်ကျသွားကြောင်းလည်း ပြောပြသည်။

ရုပ်ရှင်လောကတွင် တချိန်က များစွာချမ်းသာခဲ့ပြီးနောက် ရှိသမျှ တက်တက်ပြောင်သွားသည့် အကျော်အမော်များ စာရင်းတွင် အယ်လ် ပါချီနို ပါဝင်လာခဲ့ပြီ ဖြစ်သည်။

အသက် ၈၄ နှစ်ရှိပြီဖြစ်သူ အယ်လ် ပါချီနိုက ၎င်းရင်ဆိုင်ခဲ့ရသည့် ငွေကြေးအကျပ်အတည်းများအကြောင်းကို ချာတိတ်လေး (Sonny Boy) အမည်ရှိ သူ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွင် ရေးသားဖော်ပြထားသည်။

အယ်လ် ပါချီနို ပထမဆုံး ရင်ဆိုင်ရသည့် အကျပ်အတည်းမှာ The Godfather ကို ရိုက်ကူးပြီးစီးသွားချိန်တွင် ဖြစ်သည်။

ထိုစဉ်က အယ်လ် ပါချီနိုသည် မာဖီးယား ဟာသရုပ်ရှင်တစ်ခုတွင် ပါဝင်သရုပ်ဆောင်နေချိန်ဖြစ်သောကြောင့် The Godfather တွင် ပါဝင်ခဲ့မှုကို MGM Studios က တရားစွဲခဲ့သည်။

“အဲဒီ စာချုပ်ကနေ ရုန်းထွက်နိုင်ဖို့အတွက် ကျွန်တော် ရှေ့နေတွေ ငှားခဲ့ရပါတယ်။ ကျွန်တော့်မှာ ရှေ့နေခ ဒေါ်လာ ၁၅၀၀၀ အကြွေးတင်လာတယ်”

လူဆိုးဂိုဏ်းရုပ်ရှင်မှ ဇာတ်ဝင်ခန်းတစ်ခုသဖွယ် အယ်လ် ပါချီနိုသည် MGM ၏ သူဌေးနှင့် တွေ့ဆုံကာ ကြေအေးပေးရန် တောင်းဆိုခဲ့သည်။

“်ခင်ဗျားက ကျုပ်ကို သတ်နေတာလား။ ကျွန်တော့်မှာ ပိုက်ဆံလုံးဝ မရှိတော့ဘူး။ ခင်ဗျား တရားစွဲထားတာ ကြောင့် ကျုပ်မှာ ရှေ့နေခတွေ ဆပ်ရဦးမယ်”ဟု အယ်လ် ပါချီနိုက သူ၏စာအုပ်တွင် ရေးသားဖော်ပြထားသည်။

MGM ၏ သူဌေးက အယ်လ် ပါချီနို၏ တောင်းဆိုချက်ကို လိုက်လျောခဲ့သည်။

သို့သော် အပြန်အလှန်အားဖြင့် အယ်လ် ပါချီနိုရေးသော မည်သည့်စာအုပ်၊ ဇာတ်ညွှန်းကိုမဆို မိမိတို့ကို ဦးစွာပြရမည်ဆိုသည့် သဘောတူညီချက် ပေးခဲ့ရ၏။

ယင်းနောက်ပိုင်း နယူးယောက်တွင် မွေးဖွားကြီးပြင်းသူ အယ်လ် ပါချီနိုသည် Heat နှင့် Donnie Brasco တို့ကဲ့သို့ ရုပ်ရှင်များရိုက်ကူးကာ ဝင်ငွေများ ရလာသည်။

အယ်လ် ပါချီနိုသည် သူ၏ ဘဝတလျှောက် ငွေထိန်းသိမ်းကိုင်တွယ်ရေးနှင့် စပ်လျဉ်းပြီး စာရင်းကိုင်ကိုသာ ယုံယုံကြည်ကြည်လွှဲအပ်ထားခဲ့ပြီး စစ်ဆေးကြည့်ရှုခြင်း လုံးဝမရှိခဲ့။

“ကျွန်တော် ဆင်းရဲသွားပါပြီ။ ကျွန်တော့်မှာ အရင်က ဒေါ်လာ သန်း ၅၀ ရှိခဲ့တယ်။ အခု တစ်ပြားမှ မရှိတော့ ပါဘူး။ ကျွန်တော့်မှာ အိမ်တော့ရှိပါတယ်။ ငွေတော့ တစ်ပြားမှ မရှိတော့ပါဘူး”

“အဲဒီတုန်းက ကျွန်တော့်မှာ ကား ၂ စီးပဲ ရှိခဲ့ပေမယ့် ၁၆ စင်းစာ ငွေသွင်းနေရတယ်။ ကျွန်တော်မသိတဲ့ ဖုန်း ၂၃ လုံးအတွက် ငွေတွေပေးနေခဲ့ရတယ်။ မြေယာအလှပြင်တဲ့သူကို တစ်နှစ် ဒေါ်လာ ၄၀၀,၀၀၀ ပေးရတယ်။ ကျွန်တော် နေတောင် မနေဖူးတဲ့အိမ်အတွက် မြေယာအလှပြင်ခ ကုန်ကျခဲ့ရတာပါ”

မိမိ၏ ငွေအဝင်အထွက် စာရင်းများကို မကြည့်ရှုခဲ့ခြင်းမှာ ထိုစာရင်းများသည် နားလည်ရန် အလွန်ခက် သောကြောင့် ဖြစ်ကြောင်း၊ မိမိမှာ အသက်အရွယ်ကြီးမြင့်ပြီဖြစ်ရာ ထိုစာရင်းများကို နားလည်အောင်လုပ်ရန် အချိန်မရှိကြောင်းလည်း အယ် ပါချီနိုက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Al Pacino says he went from $50 million to broke, joining a long list of stars who've experienced money troubles (businessinsider)

 

 

[Zawgyi]

Godfather ရုပ္ရွင္ဇာတ္ကားမ်ားျဖင့္ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့ေသာ ေအာ္စကာဆုရွင္ ရုပ္ရွင္မင္းသား ၾကီး Al Pacino တခ်ိန္က ကန္ေဒၚလာ သန္း ၅၀ ခ်မ္းသာခဲ့ေသာ္လည္း ယခုအခါ ဘဏ္စာရင္း တြင္ တစ္ျပားမွ မရွိေတာ့ဘဲ ေငြေၾကးအက်ပ္ဆိုက္ေန၊ ေငြအလြန္ျဖဳန္းခဲ့မိေသာေၾကာင့္ ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာျပလာ

(အယ္လ္ ပါခ်ီႏို ဘယ္သူလဲ)

အယ္လ္ ပါခ်ီႏို (ေမြး ၁၉၄၀) သည္ အေမရိကန္ရုပ္ရွင္မင္းသားျဖစ္ျပီး ၂၀ ရာစု ရုပ္ရွင္ရာဇဝင္တြင္ အထင္ရွားဆံုးႏွင့္ ၾသဇာအလႊမ္းဆံုး ရုပ္ရွင္မင္းသားမ်ားတြင္ တစ္ဦးအပါအဝင္အျဖစ္ သတ္မွတ္ခံထားရသည္။

သူ၏ ရုပ္ရွင္ေလာကျဖတ္သန္းမႈတေလွ်ာက္ ေအာ္စကာဆုအျပင္ အျခားဆုေပါင္းမ်ားစြာ ရရွိထားသည္။

အယ္လ္ ပါခ်ီႏိုသည္ ၁၉၉၂ ခုႏွစ္က ရံုတင္ခဲ့ေသာ Scent of a woman ဇာတ္ကားျဖင့္ အေကာင္းဆံုး ဇာတ္ေဆာင္မင္းသားအျဖစ္ ေအာ္စကာဆု ရရွိခဲ့သည္။

အယ္လ္ ပါခ်ီႏိုသည္ ၁၉၇၂၊ ၁၉၇၄ ႏွင့္ ၁၉၉၀ ျပည့္ႏွစ္တို႔တြင္ ရံုတင္ခဲ့ကာ ဝက္ဝက္ကြဲ ေအာင္ျမင္ခဲ့ေသာ Godfather Trilogy ျဖင့္ လူသိမ်ားသည္။

အယ္လ္ ပါခ်ီႏိုသည္ ရုပ္ရွင္မင္းသမီး Beverly D’Angelo အပါအဝင္ အျခားအမ်ဳိးသမီးေပါင္း မ်ားစြာႏွင့္ ခ်စ္ၾကိဳက္ကာ ရင္ေသြးအမ်ားအျပားရရွိခဲ့ေသာ္လည္း သူ၏ဘဝတြင္ အိမ္ေထာင္ျပဳခဲ့ဖူးျခင္း မရွိေခ်။

((ဆင္းရဲသြားေသာ အယ္လ္ပါခ်ီႏို))

ေဟာလိဝုဒ္ဒိတ္ဒိတ္ၾကဲ ဂႏၳဝင္ၾကီး အယ္လ္ ပါခ်ီႏိုက မိမိသည္ တခ်ိန္က ကန္ေဒၚလာ သန္း ၅၀ ခ်မ္းသာခဲ့ေသာ္လည္း ေငြအလြန္ျဖဳန္းခဲ့မိေသာေၾကာင့္ ယခုအခါ ဘဏ္စာရင္းတြင္ တစ္ျပားမွ မရွိေတာ့ေၾကာင္း ထုတ္ေဖာ္ေျပာျပလာသည္။

အယ္လ္ ပါခ်ီႏိုက သူ၏ ဘ႑ာေရးအေျခအေနကို လစ္လ်ဴရႈထားခဲ့မိေၾကာင္းႏွင့္ မိမိ၏ စာရင္းကိုင္မွာ လိမ္လည္မႈျဖင့္ ေနာက္ဆံုးတြင္ ေထာင္က်သြားေၾကာင္းလည္း ေျပာျပသည္။

ရုပ္ရွင္ေလာကတြင္ တခ်ိန္က မ်ားစြာခ်မ္းသာခဲ့ျပီးေနာက္ ရွိသမွ် တက္တက္ေျပာင္သြားသည့္ အေက်ာ္အေမာ္မ်ား စာရင္းတြင္ အယ္လ္ ပါခ်ီႏို ပါဝင္လာခဲ့ျပီ ျဖစ္သည္။

အသက္ ၈၄ ႏွစ္ရွိျပီျဖစ္သူ အယ္လ္ ပါခ်ီႏိုက ၎ရင္ဆိုင္ခဲ့ရသည့္ ေငြေၾကးအက်ပ္အတည္းမ်ားအေၾကာင္းကို ခ်ာတိတ္ေလး (Sonny Boy) အမည္ရွိ သူ၏ ကိုယ္တိုင္ေရး အတၳဳပၸတၱိစာအုပ္တြင္ ေရးသားေဖာ္ျပထားသည္။

အယ္လ္ ပါခ်ီႏို ပထမဆံုး ရင္ဆိုင္ရသည့္ အက်ပ္အတည္းမွာ The Godfather ကို ရိုက္ကူးျပီးစီးသြားခ်ိန္တြင္ ျဖစ္သည္။

ထိုစဥ္က အယ္လ္ ပါခ်ီႏိုသည္ မာဖီးယား ဟာသရုပ္ရွင္တစ္ခုတြင္ ပါဝင္သရုပ္ေဆာင္ေနခ်ိန္ျဖစ္ေသာေၾကာင့္ The Godfather တြင္ ပါဝင္ခဲ့မႈကို MGM Studios က တရားစြဲခဲ့သည္။

“အဲဒီ စာခ်ဳပ္ကေန ရုန္းထြက္ႏိုင္ဖုိ႔အတြက္ ကၽြန္ေတာ္ ေရွ႕ေနေတြ ငွားခဲ့ရပါတယ္။ ကၽြန္ေတာ့္မွာ ေရွ႕ေနခ ေဒၚလာ ၁၅၀၀၀ အေၾကြးတင္လာတယ္”

လူဆိုးဂိုဏ္းရုပ္ရွင္မွ ဇာတ္ဝင္ခန္းတစ္ခုသဖြယ္ အယ္လ္ ပါခ်ီႏိုသည္ MGM ၏ သူေဌးႏွင့္ ေတြ႔ဆံုကာ ေၾကေအးေပးရန္ ေတာင္းဆိုခဲ့သည္။

“္ခင္ဗ်ားက က်ဳပ္ကို သတ္ေနတာလား။ ကၽြန္ေတာ့္မွာ ပိုက္ဆံလံုးဝ မရွိေတာ့ဘူး။ ခင္ဗ်ား တရားစြဲထားတာ ေၾကာင့္ က်ဳပ္မွာ ေရွ႕ေနခေတြ ဆပ္ရဦးမယ္”ဟု အယ္လ္ ပါခ်ီႏိုက သူ၏စာအုပ္တြင္ ေရးသားေဖာ္ျပထားသည္။

MGM ၏ သူေဌးက အယ္လ္ ပါခ်ီႏို၏ ေတာင္းဆိုခ်က္ကို လိုက္ေလ်ာခဲ့သည္။

သို႔ေသာ္ အျပန္အလွန္အားျဖင့္ အယ္လ္ ပါခ်ီႏိုေရးေသာ မည္သည့္စာအုပ္၊ ဇာတ္ညႊန္းကိုမဆို မိမိတို႔ကို ဦးစြာျပရမည္ဆိုသည့္ သေဘာတူညီခ်က္ ေပးခဲ့ရ၏။

ယင္းေနာက္ပိုင္း နယူးေယာက္တြင္ ေမြးဖြားၾကီးျပင္းသူ အယ္လ္ ပါခ်ီႏိုသည္ Heat ႏွင့္ Donnie Brasco တို႔ကဲ့သို႔ ရုပ္ရွင္မ်ားရိုက္ကူးကာ ဝင္ေငြမ်ား ရလာသည္။

အယ္လ္ ပါခ်ီႏိုသည္ သူ၏ ဘဝတေလွ်ာက္ ေငြထိန္းသိမ္းကိုင္တြယ္ေရးႏွင့္ စပ္လ်ဥ္းျပီး စာရင္းကိုင္ကိုသာ ယံုယံုၾကည္ၾကည္လႊဲအပ္ထားခဲ့ျပီး စစ္ေဆးၾကည့္ရႈျခင္း လံုးဝမရွိခဲ့။

“ကၽြန္ေတာ္ ဆင္းရဲသြားပါျပီ။ ကၽြန္ေတာ့္မွာ အရင္က ေဒၚလာ သန္း ၅၀ ရွိခဲ့တယ္။ အခု တစ္ျပားမွ မရွိေတာ့ ပါဘူး။ ကၽြန္ေတာ့္မွာ အိမ္ေတာ့ရွိပါတယ္။ ေငြေတာ့ တစ္ျပားမွ မရွိေတာ့ပါဘူး”

“အဲဒီတုန္းက ကၽြန္ေတာ့္မွာ ကား ၂ စီးပဲ ရွိခဲ့ေပမယ့္ ၁၆ စင္းစာ ေငြသြင္းေနရတယ္။ ကၽြန္ေတာ္မသိတဲ့ ဖုန္း ၂၃ လံုးအတြက္ ေငြေတြေပးေနခဲ့ရတယ္။ ေျမယာအလွျပင္တဲ့သူကို တစ္ႏွစ္ ေဒၚလာ ၄၀၀,၀၀၀ ေပးရတယ္။ ကၽြန္ေတာ္ ေနေတာင္ မေနဖူးတဲ့အိမ္အတြက္ ေျမယာအလွျပင္ခ ကုန္က်ခဲ့ရတာပါ”

မိမိ၏ ေငြအဝင္အထြက္ စာရင္းမ်ားကို မၾကည့္ရႈခဲ့ျခင္းမွာ ထိုစာရင္းမ်ားသည္ နားလည္ရန္ အလြန္ခက္ ေသာေၾကာင့္ ျဖစ္ေၾကာင္း၊ မိမိမွာ အသက္အရြယ္ၾကီးျမင့္ျပီျဖစ္ရာ ထိုစာရင္းမ်ားကို နားလည္ေအာင္လုပ္ရန္ အခ်ိန္မရွိေၾကာင္းလည္း အယ္ ပါခ်ီႏိုက ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Al Pacino says he went from $50 million to broke, joining a long list of stars who've experienced money troubles (businessinsider)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service