ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိမ်ထောင်ဖက်တွေ့ကာ ကလေးရရှိပြီးနောက် ဝက်ခေါင်း ၉၉ ခေါင်းဖြင့် ဆုတောင်းပြည့် ဘုရားကျောင်းကို ပူဇော်ခဲ့ပုံ

ထိုင်းနိုင်ငံက ဆုတောင်းပြည့်ဘုရား (ဝါ) ထိုင်းအမျိုးသားတစ်ဦးက အိမ်ထောင်ဖက်ရလျှင် ပူဇော်ပသမည်ဟု ဘုရားတွင် ဆုတောင်းခဲ့ရာ အိမ်ထောင်ဖက်တွေ့ကာ ကလေးရရှိပြီးနောက် ဝက်ခေါင်း ၉၉ ခေါင်းဖြင့် ဆုတောင်းပြည့် ဘုရားကျောင်းကို ပူဇော်ခဲ့ပုံ - Property Knowledge in Myanmar from iMyanmarHouse.com
28 Oct 2024 12:25 pm တွင် တင်ခဲ့သည်
735 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

လွန်ခဲ့သော ၄ နှစ်က ထိုင်းနိုင်ငံမှ လူပျိုလူလွတ် အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံအလယ်ပိုင်း နခွန် ပထုမ် ပြည်နယ်၏ မြို့တော်ဟောင်း နခွန် ပထုမ်မြို့ (Nakhon Pathom) ရှိ ကလန် ဘန်ဖရ (Klang Bang Phra) ဘုရားကျောင်းတွင် ပျော်ရွှင်စရာ မိသားစုလေးတစ်ခု ပိုင်ဆိုင်ခွင့်ရပါစေဟု ဆုတောင်းခဲ့သည်။

ဝပ်အမည်ရှိ အဆိုပါအမျိုးသားသည် ဘန်ကောက်မြို့တွင် နေထိုင်သူတစ်ဦးဖြစ်သည်။

ဝပ်သည် Luang Phor Somwang ဗုဒ္ဓရုပ်ပွားတော်၏ ယာဘက်လက်တော်ကို ရွှေချပြီးနောက် ယုံယုံကြည်ကြည် ဆုတောင်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဆုတောင်းပြီးနောက်ပိုင်း တစ်နှစ်အတွင်း မိန်းကလေးတစ်ဦးနှင့် ဆုံစည်းကာ လက်ထပ်ခဲ့ပြီး သားတစ်ဦး ထွန်းကားခဲ့သည်။

 

(ဓာတ်ပုံ-Kom Chad Luek)

အသက် ၂၄ နှစ်အရွယ်ရှိ ဝပ်သည် ယခုနှစ် ဇွန်လ ၂၄ ရက်တွင် ဆုတောင်းပြည့်ဘုရားသို့ နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ ဇနီးနှင့် သားလေးကို ခေါ်လာသည်။

သူ၏ ဆုတောင်းပြည့်ဝစေမှုကြောင့် ဘုရားသို့ ပြန်လည်လာရောက်ပူဇော်ခြင်းဖြစ်သည်ဟု ဆိုသည်။

 

((ဝက်ခေါင်းများ၊ မီးရှူးမီးပန်းများ၊ သစ်သီးများ၊ ကြက်ဥပြုတ်များဖြင့် ကပ်လှူပူဇော်ခဲ့))

ထိုင်းနိုင်ငံထုတ် နေ့စဉ်သတင်းစာ Kom Chad Luek တွင် ဖော်ပြချက်အရ ဝပ်သည် ဆုတောင်းပြည့်ဘုရားသို့ ဝက်ခေါင်း ၉၉ ခေါင်း၊ ကြက်ဥပြုတ် ၁၂၀ လုံး၊ သစ်သီး ၉ မျိုးနှင့် ဆီမီးပေါင်း ၁၀၀၀၀ ယူဆောင်လာခဲ့သည်ဟု ဆိုသည်။

အဆိုပါ လှူဖွယ်ပစ္စည်းများကို ဗုဒ္ဓရုပ်ပွားတော်ရှေ့တွင် သေသပ်စွာ ကပ်လှူခဲ့ကာ လွန်ခဲ့သော ၃ နှစ်က ထားရှိခဲ့သည့် ကတိကဝတ်ကို ဖြည့်ဆည်းခဲ့သည်။

 

(ဓာတ်ပုံ-Kom Chad Luek)

ထို့နောက် သံဃာတော်တစ်ပါးက ဝပ် လှူဒါန်းသည့် ခဲဖွယ်ဘောဇဉ်တို့အပေါ်တွင် ရေစင်တော်များ ပက်ဖြန်းပေးခဲ့သည့်အပြင် ဝပ်တို့ မိသားစုကိုလည်း ကံကြမ္မာကောင်းများ ရရှိစေရန် ရေစင်များ ပက်ဖြန်းပေးခဲ့သည်။

ဝပ်က ခဲဖွယ်ဘောဇဉ်တစ်ခုချင်းစီတွင် အမွှေးတိုင်များထွန်းညှိပြီးနောက် ဆီမီးများ ထွန်းညှိပူဇော်သည်။

 

(ဓာတ်ပုံ-77kaoded)

 

((ခဲဖွယ်ဘောဇဉ်များကို ပရဟိတအဖွဲ့ထံ ပြန်လည်ပေးလှူ))

ဘုရားသို့ ကပ်လှူပူဇော်ပြီးနောက် အဆိုပါခဲဖွယ်ဘောဇဉ်များကို ဘုရားကျောင်းက ပြုလုပ်နေသော ပရဟိတ အလှူများထံ ပြန်လည်လှူဒါန်းခဲ့သည်ဟု ဆိုသည်။

ဆုတောင်းပြည့် ဘုရားကျောင်းသည် အိပ်ရာထဲလဲနေသော လူမမာများ၊ ဝင်ငွေနည်းပါးသော မိသားစုများနှင့် မသန်စွမ်းသူတို့ကို ထောက်ပံ့ကူညီမှုများ ပြုလုပ်ပေးနေသည်။

ဆုတောင်းပြည့်သူတို့သည် ဘုရားတွင် ဝက်ခေါင်းများ လာရောက်ဆက်ကပ်ပူဇော်ခြင်းမှာ ထိုင်းတွင် ကာလကြာရှည် လက်ခံထားကြသည့် ရိုးရာဓလေ့တစ်ခု ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Man offers 99 pig heads to fulfil vow at Nakhon Pathom temple (thethaiger)

Photo Credit-Kom Chad Luek, MGR Online, 77kaoded

 

 

 

[Zawgyi]

ထိုင္းႏိုင္ငံက ဆုေတာင္းျပည့္ဘုရား (ဝါ) ထိုင္းအမ်ဳိးသားတစ္ဦးက အိမ္ေထာင္ဖက္ရလွ်င္ ပူေဇာ္ပသမည္ဟု ဘုရားတြင္ ဆုေတာင္းခဲ့ရာ အိမ္ေထာင္ဖက္ေတြ႔ကာ ကေလးရရွိျပီးေနာက္ ဝက္ေခါင္း ၉၉ ေခါင္းျဖင့္ ဆုေတာင္းျပည့္ ဘုရားေက်ာင္းကို ပူေဇာ္ခဲ့ပံု

လြန္ခဲ့ေသာ ၄ ႏွစ္က ထိုင္းႏိုင္ငံမွ လူပ်ဳိလူလြတ္ အမ်ဳိးသားတစ္ဦးသည္ ထိုင္းႏိုင္ငံအလယ္ပိုင္း နခြန္ ပထုမ္ ျပည္နယ္၏ ျမိဳ႕ေတာ္ေဟာင္း နခြန္ ပထုမ္ျမိဳ႕ (Nakhon Pathom) ရွိ ကလန္ ဘန္ဖရ (Klang Bang Phra) ဘုရားေက်ာင္းတြင္ ေပ်ာ္ရႊင္စရာ မိသားစုေလးတစ္ခု ပိုင္ဆိုင္ခြင့္ရပါေစဟု ဆုေတာင္းခဲ့သည္။

ဝပ္အမည္ရွိ အဆိုပါအမ်ဳိးသားသည္ ဘန္ေကာက္ျမိဳ႕တြင္ ေနထိုင္သူတစ္ဦးျဖစ္သည္။

ဝပ္သည္ Luang Phor Somwang ဗုဒၶရုပ္ပြားေတာ္၏ ယာဘက္လက္ေတာ္ကို ေရႊခ်ျပီးေနာက္ ယံုယံုၾကည္ၾကည္ ဆုေတာင္းခဲ့ျခင္း ျဖစ္သည္။

ထိုသို႔ ဆုေတာင္းျပီးေနာက္ပိုင္း တစ္ႏွစ္အတြင္း မိန္းကေလးတစ္ဦးႏွင့္ ဆံုစည္းကာ လက္ထပ္ခဲ့ျပီး သားတစ္ဦး ထြန္းကားခဲ့သည္။

(ဓာတ္ပံု-Kom Chad Luek)

အသက္ ၂၄ ႏွစ္အရြယ္ရွိ ဝပ္သည္ ယခုႏွစ္ ဇြန္လ ၂၄ ရက္တြင္ ဆုေတာင္းျပည့္ဘုရားသို႔ ေနာက္တစ္ၾကိမ္ ထပ္မံေရာက္ရွိလာခဲ့သည္။

ယခုတစ္ၾကိမ္တြင္မူ ဇနီးႏွင့္ သားေလးကို ေခၚလာသည္။

သူ၏ ဆုေတာင္းျပည့္ဝေစမႈေၾကာင့္ ဘုရားသို႔ ျပန္လည္လာေရာက္ပူေဇာ္ျခင္းျဖစ္သည္ဟု ဆိုသည္။

((ဝက္ေခါင္းမ်ား၊ မီးရွဴးမီးပန္းမ်ား၊ သစ္သီးမ်ား၊ ၾကက္ဥျပဳတ္မ်ားျဖင့္ ကပ္လွဴပူေဇာ္ခဲ့))

ထိုင္းႏိုင္ငံထုတ္ ေန႔စဥ္သတင္းစာ Kom Chad Luek တြင္ ေဖာ္ျပခ်က္အရ ဝပ္သည္ ဆုေတာင္းျပည့္ဘုရားသို႔ ဝက္ေခါင္း ၉၉ ေခါင္း၊ ၾကက္ဥျပဳတ္ ၁၂၀ လံုး၊ သစ္သီး ၉ မ်ဳိးႏွင့္ ဆီမီးေပါင္း ၁၀၀၀၀ ယူေဆာင္လာခဲ့သည္ဟု ဆိုသည္။

အဆိုပါ လွဴဖြယ္ပစၥည္းမ်ားကို ဗုဒၶရုပ္ပြားေတာ္ေရွ႕တြင္ ေသသပ္စြာ ကပ္လွဴခဲ့ကာ လြန္ခဲ့ေသာ ၃ ႏွစ္က ထားရွိခဲ့သည့္ ကတိကဝတ္ကို ျဖည့္ဆည္းခဲ့သည္။

(ဓာတ္ပံု-Kom Chad Luek)

ထို႔ေနာက္ သံဃာေတာ္တစ္ပါးက ဝပ္ လွဴဒါန္းသည့္ ခဲဖြယ္ေဘာဇဥ္တို႔အေပၚတြင္ ေရစင္ေတာ္မ်ား ပက္ျဖန္းေပးခဲ့သည့္အျပင္ ဝပ္တို႔ မိသားစုကိုလည္း ကံၾကမၼာေကာင္းမ်ား ရရွိေစရန္ ေရစင္မ်ား ပက္ျဖန္းေပးခဲ့သည္။

ဝပ္က ခဲဖြယ္ေဘာဇဥ္တစ္ခုခ်င္းစီတြင္ အေမႊးတိုင္မ်ားထြန္းညွိျပီးေနာက္ ဆီမီးမ်ား ထြန္းညွိပူေဇာ္သည္။

(ဓာတ္ပံု-77kaoded)

((ခဲဖြယ္ေဘာဇဥ္မ်ားကို ပရဟိတအဖြဲ႔ထံ ျပန္လည္ေပးလွဴ))

ဘုရားသို႔ ကပ္လွဴပူေဇာ္ျပီးေနာက္ အဆိုပါခဲဖြယ္ေဘာဇဥ္မ်ားကို ဘုရားေက်ာင္းက ျပဳလုပ္ေနေသာ ပရဟိတ အလွဴမ်ားထံ ျပန္လည္လွဴဒါန္းခဲ့သည္ဟု ဆိုသည္။

ဆုေတာင္းျပည့္ ဘုရားေက်ာင္းသည္ အိပ္ရာထဲလဲေနေသာ လူမမာမ်ား၊ ဝင္ေငြနည္းပါးေသာ မိသားစုမ်ားႏွင့္ မသန္စြမ္းသူတို႔ကို ေထာက္ပံ့ကူညီမႈမ်ား ျပဳလုပ္ေပးေနသည္။

ဆုေတာင္းျပည့္သူတို႔သည္ ဘုရားတြင္ ဝက္ေခါင္းမ်ား လာေရာက္ဆက္ကပ္ပူေဇာ္ျခင္းမွာ ထိုင္းတြင္ ကာလၾကာရွည္ လက္ခံထားၾကသည့္ ရိုးရာဓေလ့တစ္ခု ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Man offers 99 pig heads to fulfil vow at Nakhon Pathom temple (thethaiger)

Photo Credit-Kom Chad Luek, MGR Online, 77kaoded

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
Magical World
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service