မရွှေ့မပြောင်းသောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း

မရွှေ့မပြောင်းသောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
26 Oct 2024 2:08 pm တွင် တင်ခဲ့သည်
420 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

မရွှေ့မပြောင်းနိုင်သောပစ္စည်းဆိုသည်မှာ မြေနှင့် မြေတွင် တည်ဆောက်၍ စွဲကပ်နေသော အဆောက်အဦများကို ဆိုလိုပြီး အဆိုပါပစ္စည်းများကို လွှဲပြောင်းရောင်းချခြင်း၊ ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းနှင့် လဲလှယ်ခြင်းပြုသည့်အခါတိုင်း ပုဒ်မ-၃ နှင့် ဆန့်ကျင်ကာ နိုင်ငံခြားသား၊ ၎င်းပိုင်ကုမ္ပဏီတစ်ခုခုအား လွှဲပြောင်း ရောင်းချခြင်းမပြုနိုင်ပါ။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်စုံတစ်ရာကို နိုင်ငံခြားသားနှင့် ၎င်းတို့ပိုင်ကုမ္ပဏီများအား ငှားရမ်းခြင်း ဆောင်ရွက်လိုသည့်အခါတွင်လဲ တစ်ကြိမ်လျှင် အနည်းဆုံး(၁)နှစ် ထက်ပို၍ ငှားရမ်းခြင်း မပြုနိုင်ပါ။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပုဒ်မ - ၁၂ အရ မရွှေ့မပြောင်းနိုင် သောပစ္စည်း ရောင်းချခြင်း၊ ငှားရမ်းခြင်းများအား ကန့်သတ်ချက်များအတိုင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဖောက် ဖျက်ကျူးလွန်ခြင်း တစ်စုံတစ်ရာရှိခဲ့လျှင် ပြည်သူ့ဘဏ္ဏာအဖြစ် သိမ်းဆည်းခြင်းခံရခြင်း၊ ပြစ်ဒဏ်ချမှတ် အရေးယူ ခြင်းလဲ ခံရနိုင်ပါသည်။

နိုင်ငံခြားသား၏ မူလရှိနှင့်နေသော မရွှေ့မပြောင်းနိုင်သောပစ္စည်း ပိုင်ဆိုင်မှုများအားလဲ ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိ သက်ဆိုင်ရာ မှတ်ပုံတင်စာချုပ်စာတမ်းရုံး မှတ်ပုံတင်ရှိထားရန် လိုပါသည်။ နိုင်ငံခြားသားပိုင် မရွှေ့ မပြောင်းနိုင်သော မြေ၊ အဆောက်အဦအား မှတ်ပုံတင်ရှိရန် ပျက်ကွက်လျှင် သက်ဆိုင်ရာမှ လုပ်ထုံးလုပ်နည်း နှင့်အညီ စစ်ဆေးအရေးယူခြင်း ခံရမည်ဖြစ်ပါသည်။

နိုင်ငံသားခြားသား မူလပိုင်ဆိုင်မှုရှိနှင့်နေသော မရွှေ့မပြောင်းနိုင်သောပစ္စည်းများအား ၎င်းနိုင်ငံအတွင်းမှ အပြီးအပိုင် ထွက်ခွာခြင်း၊ ပြည်နှင်ဒဏ် ချမှတ်ခြင်းခံရလျှင် အမွေဆက်ခံသူအချင်းချင်း သဘောတူညီချက် အရလည်းကောင်း၊ တရားရုံး၏ ဆုံးဖြတ်ချက်အရ လည်းကောင်း အမွေဆက်ခံခွင့် ပေးအပ်နိုင်ပါသည်။ ထို့ပြင် အမွေဆက်ခံခွင့်ပေးအပ်ခြင်း မဆောင်ရွက်နိုင်ပါက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းတို့ ဆောင်ရွက်မည် ဖြစ်ပါသည်။

နိုင်ငံနှင့် အဆက်အသွယ်ရှိနှင့်နေသည့် သံတမာန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် သက်ဆိုင်သူများမှာ မရွှေ့မပြောင်းသောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေမှ ကင်းလွတ်နိုင်သည့် အခွင့်အရေးရရှိပါသည်။ ထို့ပြင် နိုင်ငံနှင့်သက်ဆိုင်ပြီး အကျိုးတူလုပ်ငန်းများ လုပ်ဆောင်နေသော နိုင်ငံခြားသား၊ နိုင်ငံခြားသားပိုင် ကုမ္ပဏီများမှလဲ ဤဥပဒေနှင့် ကင်းလွတ်နိုင်သည့် အခွင့်အရေးများရှိပါကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

မေ႐ႊ႕မေျပာင္းေသာပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒအေၾကာင္း

မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းဆိုသည္မွာ ေျမႏွင့္ ေျမတြင္ တည္ေဆာက္၍ စြဲကပ္ေနေသာ အေဆာက္အဦမ်ားကို ဆိုလိုၿပီး အဆိုပါပစၥည္းမ်ားကို လႊဲေျပာင္းေရာင္းခ်ျခင္း၊ ငွားရမ္းျခင္း၊ ေရာင္းခ်ျခင္း၊ ေပးကမ္းျခင္း၊ ေပါင္ႏွံျခင္းႏွင့္ လဲလွယ္ျခင္းျပဳသည့္အခါတိုင္း ပုဒ္မ-၃ ႏွင့္ ဆန္႔က်င္ကာ ႏိုင္ငံျခားသား၊ ၎ပိုင္ကုမၸဏီတစ္ခုခုအား လႊဲေျပာင္း ေရာင္းခ်ျခင္းမျပဳႏိုင္ပါ။

မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းတစ္စုံတစ္ရာကို ႏိုင္ငံျခားသားႏွင့္ ၎တို႔ပိုင္ကုမၸဏီမ်ားအား ငွားရမ္းျခင္း ေဆာင္႐ြက္လိုသည့္အခါတြင္လဲ တစ္ႀကိမ္လွ်င္ အနည္းဆုံး(၁)ႏွစ္ ထက္ပို၍ ငွားရမ္းျခင္း မျပဳႏိုင္ပါ။ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ ဥပေဒပုဒ္မ - ၁၂ အရ မေ႐ႊ႕မေျပာင္းႏိုင္ ေသာပစၥည္း ေရာင္းခ်ျခင္း၊ ငွားရမ္းျခင္းမ်ားအား ကန္႔သတ္ခ်က္မ်ားအတိုင္း ေဆာင္႐ြက္ျခင္းမဟုတ္ဘဲ ေဖာက္ ဖ်က္က်ဴးလြန္ျခင္း တစ္စုံတစ္ရာ႐ွိခဲ့လွ်င္ ျပည္သူ႕ဘဏၰာအျဖစ္ သိမ္းဆည္းျခင္းခံရျခင္း၊ ျပစ္ဒဏ္ခ်မွတ္ အေရးယူ ျခင္းလဲ ခံရႏိုင္ပါသည္။

ႏိုင္ငံျခားသား၏ မူလ႐ွိႏွင့္ေနေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္း ပိုင္ဆိုင္မႈမ်ားအားလဲ ပစၥည္းတည္႐ွိရာ အရပ္ေဒသ႐ွိ သက္ဆိုင္ရာ မွတ္ပုံတင္စာခ်ဳပ္စာတမ္း႐ုံး မွတ္ပုံတင္႐ွိထားရန္ လိုပါသည္။ ႏိုင္ငံျခားသားပိုင္ မေ႐ႊ႕ မေျပာင္းႏိုင္ေသာ ေျမ၊ အေဆာက္အဦအား မွတ္ပုံတင္႐ွိရန္ ပ်က္ကြက္လွ်င္ သက္ဆိုင္ရာမွ လုပ္ထုံးလုပ္နည္း ႏွင့္အညီ စစ္ေဆးအေရးယူျခင္း ခံရမည္ျဖစ္ပါသည္။

ႏိုင္ငံသားျခားသား မူလပိုင္ဆိုင္မႈ႐ွိႏွင့္ေနေသာ မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းမ်ားအား ၎ႏိုင္ငံအတြင္းမွ အၿပီးအပိုင္ ထြက္ခြာျခင္း၊ ျပည္ႏွင္ဒဏ္ ခ်မွတ္ျခင္းခံရလွ်င္ အေမြဆက္ခံသူအခ်င္းခ်င္း သေဘာတူညီခ်က္ အရလည္းေကာင္း၊ တရား႐ုံး၏ ဆုံးျဖတ္ခ်က္အရ လည္းေကာင္း အေမြဆက္ခံခြင့္ ေပးအပ္ႏိုင္ပါသည္။ ထို႔ျပင္ အေမြဆက္ခံခြင့္ေပးအပ္ျခင္း မေဆာင္႐ြက္ႏိုင္ပါက ျပည္သူ႕ဘ႑ာအျဖစ္ သိမ္းဆည္းျခင္းတို႔ ေဆာင္႐ြက္မည္ ျဖစ္ပါသည္။

ႏိုင္ငံႏွင့္ အဆက္အသြယ္႐ွိႏွင့္ေနသည့္ သံတမာန္မ်ား၊ ကုလသမဂၢအဖြဲ႕အစည္းႏွင့္ သက္ဆိုင္သူမ်ားမွာ မေ႐ႊ႕မေျပာင္းေသာပစၥည္းလႊဲေျပာင္းျခင္းကို ကန္႔သတ္သည့္ဥပေဒမွ ကင္းလြတ္ႏိုင္သည့္ အခြင့္အေရးရ႐ွိပါသည္။ ထို႔ျပင္ ႏိုင္ငံႏွင့္သက္ဆိုင္ၿပီး အက်ိဳးတူလုပ္ငန္းမ်ား လုပ္ေဆာင္ေနေသာ ႏိုင္ငံျခားသား၊ ႏိုင္ငံျခားသားပိုင္ ကုမၸဏီမ်ားမွလဲ ဤဥပေဒႏွင့္ ကင္းလြတ္ႏိုင္သည့္ အခြင့္အေရးမ်ား႐ွိပါေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service