Google က ဝန်ထမ်းအားလုံးကို အဘယ်ကြောင့် စားစရာ အခမဲ့ကျွေးမွေးကြောင်း စီအီးအို ဆွန်ဒါ ပီချိုင်း ရှင်းပြ

Google က ဝန်ထမ်းအားလုံးကို အဘယ်ကြောင့် စားစရာ အခမဲ့ကျွေးမွေးကြောင်း စီအီးအို ဆွန်ဒါ ပီချိုင်း ရှင်းပြ - Property Knowledge in Myanmar from iMyanmarHouse.com
25 Oct 2024 11:08 am တွင် တင်ခဲ့သည်
554 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

Google ကုမ္ပဏီတွင် ဝန်ထမ်းအားလုံးကို စားစရာ အမြဲတမ်း အခမဲ့ကျွေးမွေးသည်။

စားစရာများ ကျွေးခြင်း၏ အရေးကြီးပုံကို Google ၏ စီအီးအို ဆွန်ဒါ ပီချိုင်း (Sundar Pichai) က The David Rubenstein Show: Peer to Peer Conversations အင်တာဗျူးအစီအစဉ်တွင် ပြောပြသည်။

“ဒါက ဖန်တီးနိုင်စွမ်း ပေါ်ပေါက်စေပြီး အသိုက်အဝန်းတစ်ခု ဖြစ်တည်စေပါတယ်” ဟု ပီချိုင်းက ပြောသည်။

သူ၏ အစောပိုင်း စိတ်ကူးစိတ်သန်းများစွာမှာ ကုမ္ပဏီတွင် ကော်ဖီဝိုင်းများ၌ အလ္လာပသလ္လာပပြောရင်း စိတ်ကူးရခဲ့ခြင်းဖြစ်ကြောင်း ပီချိုင်းက ပြောပြသည်။

“ကုန်တာထက် ပြန်ရတာက ပိုပြီး အလေးသာပါတယ်” ဟု ပီချိုင်းက မှတ်ချက်ပြုသည်။

((Google တွင် အလုပ်လုပ်လိုပါသလား။ စီအီးအို Pichai ပြောပြသော ရှိရမည့် အရည်အချင်း))

Google က ဝန်ထမ်းခေါ်ယူရာတွင် အဓိကကြည့်ရှုသည့် အရည်အချင်းနှင့် စပ်လျဉ်း၍လည်း ပီချိုင်းက ထုတ်ဖော်ပြောပြသည်။

Google သည် စူပါစတား ဆော့ဖ်ဝဲ အင်ဂျင်နီယာများ ရှာဖွေရာတွင် နည်းပညာကျွမ်းကျင်မှုသာမက လေ့လာလိုစိတ်ရှိမှုကို အဓိကအကဲခတ်ကြောင်း ပီချိုင်းက ပြောသည်။

“Google မှာ အင်ဂျင်နီယာကဏ္ဍနဲ့ ပတ်သက်ပြီး အလုပ်လုပ်လိုသူတွေအနေနဲ့ ကျွမ်းကျင်မှုတင်မကဘဲ လေ့လာလိုစိတ်၊ တိုးတက်လိုစိတ်၊ အခြေအနေသစ်တွေနဲ့ လိုက်လျောညီထွေရှိမှုတွေ လိုအပ်ပါတယ်” ဟု ပီချိုင်းက ပြောသည်။

Google သည် အရည်အချင်းရှိသော လူတော်များ အလုပ်လုပ်ကိုင်ကြရာနေရာ ဖြစ်နေဆဲ ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ အချက်အလက်များအရ Google တွင် ဝန်ထမ်းပေါင်း ၁၇၉,၀၀၀ ကျော် ရှိသည်။

ပီချိုင်း၏ ပြောပြချက်အရ Google တွင် တာဝန်ထမ်းဆောင်ရန် Google က ကမ်းလှမ်းခြင်းခံရသူ ၉၀ ရာခိုင်နှုန်းမှာ ရာထူးနေရာကို လက်ခံခဲ့ကြသည်ဟု ဆိုသည်။

Google သည် ဝန်ထမ်းများအတွက် အကျိုးခံစားခွင့် များစွာပေးထားရာ ကျယ်ပြန့်သော ကျန်းမာရေးအာမခံ (ဆေးကုသမှု၊ သွားနှင့် မျက်လုံး) ၊ ကျန်းမာရေး အစီအစဉ်များ၊ ကုမ္ပဏီရုံးတွင် အားကစားလေ့ကျင့်ရေး နေရာများ ထားရှိခြင်း အစရှိသည်တို့ အပါအဝင် ဖြစ်သည်။

ငွေကြေးပိုင်းအနေဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော လစာ၊ အလုပ်မှ အနားယူချိန်အတွက် စီစဉ်ပေးထားမှုများ၊ ရှယ်ယာ ပိုင်ဆိုင်မှု ရွေးချယ်ခွင့်၊ ငွေကြေး စီမံကိန်းချရေးအတွက် ဝန်ဆောင်မှုပေးခြင်း အစရှိသည်တို့ ဝန်ထမ်းများအတွက် လုပ်ဆောင်ပေးသည်။

အလုပ်-ဘဝမျှခြေရှိစေရေးအတွက်လည်း Google က ပုံသေမဟုတ်သော အလုပ်ချိန်နာရီ၊ ရုံးမတက်ဘဲ အလုပ်လုပ်နိုင်သည့် ရွေးချယ်ခွင့်၊ ရက်ရောလှသည့် ခွင့်ခံစားရက်များ (လစာဖြင့်)၊ အပန်းဖြေရန် ခွင့်ပြုထားသည့် ရက်များ၊ အားလပ်ရက်များ၊ မီးဖွားခွင့်ရက်များ ပေးထားသည်။

ထို့အပြင် training ပရိုဂရမ်များဖြင့်လည်း လုပ်ငန်းခွင် ကျွမ်းကျင်မှုတိုးတက်ရေးများ လုပ်ဆောင်ပေးခြင်း၊ သင်တန်းခများ ပြန်လည်ထုတ်ပေးခြင်းများ ပြုလုပ်ပေးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Why Does Google Offer Free Meals to All its Employees; Company CEO Sundar Pichai Reveals (mashable)

 

[Zawgyi]

Google က ဝန္ထမ္းအားလံုးကို အဘယ္ေၾကာင့္ စားစရာ အခမဲ့ေကၽြးေမြးေၾကာင္း စီအီးအို ဆြန္ဒါ ပီခ်ဳိင္း ရွင္းျပ

Google ကုမၸဏီတြင္ ဝန္ထမ္းအားလံုးကို စားစရာ အျမဲတမ္း အခမဲ့ေကၽြးေမြးသည္။

စားစရာမ်ား ေကၽြးျခင္း၏ အေရးၾကီးပံုကို Google ၏ စီအီးအို ဆြန္ဒါ ပီခ်ဳိင္း (Sundar Pichai) က The David Rubenstein Show: Peer to Peer Conversations အင္တာဗ်ဴးအစီအစဥ္တြင္ ေျပာျပသည္။

“ဒါက ဖန္တီးႏိုင္စြမ္း ေပၚေပါက္ေစျပီး အသိုက္အဝန္းတစ္ခု ျဖစ္တည္ေစပါတယ္” ဟု ပီခ်ဳိင္းက ေျပာသည္။

သူ၏ အေစာပိုင္း စိတ္ကူးစိတ္သန္းမ်ားစြာမွာ ကုမၸဏီတြင္ ေကာ္ဖီဝိုင္းမ်ား၌ အလႅာပသလႅာပေျပာရင္း စိတ္ကူးရခဲ့ျခင္းျဖစ္ေၾကာင္း ပီခ်ဳိင္းက ေျပာျပသည္။

“ကုန္တာထက္ ျပန္ရတာက ပိုျပီး အေလးသာပါတယ္” ဟု ပီခ်ဳိင္းက မွတ္ခ်က္ျပဳသည္။

((Google တြင္ အလုပ္လုပ္လိုပါသလား။ စီအီးအို Pichai ေျပာျပေသာ ရွိရမည့္ အရည္အခ်င္း))

Google က ဝန္ထမ္းေခၚယူရာတြင္ အဓိကၾကည့္ရႈသည့္ အရည္အခ်င္းႏွင့္ စပ္လ်ဥ္း၍လည္း ပီခ်ဳိင္းက ထုတ္ေဖာ္ေျပာျပသည္။

Google သည္ စူပါစတား ေဆာ့ဖ္ဝဲ အင္ဂ်င္နီယာမ်ား ရွာေဖြရာတြင္ နည္းပညာကၽြမ္းက်င္မႈသာမက ေလ့လာလိုစိတ္ရွိမႈကို အဓိကအကဲခတ္ေၾကာင္း ပီခ်ဳိင္းက ေျပာသည္။

“Google မွာ အင္ဂ်င္နီယာက႑နဲ႔ ပတ္သက္ျပီး အလုပ္လုပ္လိုသူေတြအေနနဲ႔ ကၽြမ္းက်င္မႈတင္မကဘဲ ေလ့လာလိုစိတ္၊ တိုးတက္လိုစိတ္၊ အေျခအေနသစ္ေတြနဲ႔ လိုက္ေလ်ာညီေထြရွိမႈေတြ လိုအပ္ပါတယ္” ဟု ပီခ်ဳိင္းက ေျပာသည္။

Google သည္ အရည္အခ်င္းရွိေသာ လူေတာ္မ်ား အလုပ္လုပ္ကိုင္ၾကရာေနရာ ျဖစ္ေနဆဲ ျဖစ္သည္။

၂၀၂၄ ခုႏွစ္၊ ဇြန္လ အခ်က္အလက္မ်ားအရ Google တြင္ ဝန္ထမ္းေပါင္း ၁၇၉,၀၀၀ ေက်ာ္ ရွိသည္။

ပီခ်ဳိင္း၏ ေျပာျပခ်က္အရ Google တြင္ တာဝန္ထမ္းေဆာင္ရန္ Google က ကမ္းလွမ္းျခင္းခံရသူ ၉၀ ရာခုိင္ႏႈန္းမွာ ရာထူးေနရာကို လက္ခံခဲ့ၾကသည္ဟု ဆိုသည္။

Google သည္ ဝန္ထမ္းမ်ားအတြက္ အက်ဳိးခံစားခြင့္ မ်ားစြာေပးထားရာ က်ယ္ျပန္႔ေသာ က်န္းမာေရးအာမခံ (ေဆးကုသမႈ၊ သြားႏွင့္ မ်က္လံုး) ၊ က်န္းမာေရး အစီအစဥ္မ်ား၊ ကုမၸဏီရံုးတြင္ အားကစားေလ့က်င့္ေရး ေနရာမ်ား ထားရွိျခင္း အစရွိသည္တို႔ အပါအဝင္ ျဖစ္သည္။

ေငြေၾကးပိုင္းအေနျဖင့္ ယွဥ္ျပိဳင္ႏိုင္စြမ္းရွိေသာ လစာ၊ အလုပ္မွ အနားယူခ်ိန္အတြက္ စီစဥ္ေပးထားမႈမ်ား၊ ရွယ္ယာ ပိုင္ဆိုင္မႈ ေရြးခ်ယ္ခြင့္၊ ေငြေၾကး စီမံကိန္းခ်ေရးအတြက္ ဝန္ေဆာင္မႈေပးျခင္း အစရွိသည္တို႔ ဝန္ထမ္းမ်ားအတြက္ လုပ္ေဆာင္ေပးသည္။

အလုပ္-ဘဝမွ်ေျခရွိေစေရးအတြက္လည္း Google က ပံုေသမဟုတ္ေသာ အလုပ္ခ်ိန္နာရီ၊ ရံုးမတက္ဘဲ အလုပ္လုပ္ႏိုင္သည့္ ေရြးခ်ယ္ခြင့္၊ ရက္ေရာလွသည့္ ခြင့္ခံစားရက္မ်ား (လစာျဖင့္)၊ အပန္းေျဖရန္ ခြင့္ျပဳထားသည့္ ရက္မ်ား၊ အားလပ္ရက္မ်ား၊ မီးဖြားခြင့္ရက္မ်ား ေပးထားသည္။

ထို႔အျပင္ training ပရိုဂရမ္မ်ားျဖင့္လည္း လုပ္ငန္းခြင္ ကၽြမ္းက်င္မႈတိုးတက္ေရးမ်ား လုပ္ေဆာင္ေပးျခင္း၊ သင္တန္းခမ်ား ျပန္လည္ထုတ္ေပးျခင္းမ်ား ျပဳလုပ္ေပးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Why Does Google Offer Free Meals to All its Employees; Company CEO Sundar Pichai Reveals (mashable)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service