အိန္ဒိယ အထင်ကရ သူဌေးကြီး ရာတန်တာတာက အမေရိကန်ရှိ ၎င်းပိုင်သော ဟိုတယ်သို့ ရောက်ရှိခဲ့စဉ် မိမိမည်သူမည်ဝါဟု မပြောဘဲ နံနက်စာ စားခဲ့ပုံ

အိန္ဒိယ အထင်ကရ သူဌေးကြီး ရာတန်တာတာက အမေရိကန်ရှိ ၎င်းပိုင်သော ဟိုတယ်သို့ ရောက်ရှိခဲ့စဉ် မိမိမည်သူမည်ဝါဟု မပြောဘဲ နံနက်စာ စားခဲ့ပုံ - Property Knowledge in Myanmar from iMyanmarHouse.com
21 Oct 2024 12:10 pm တွင် တင်ခဲ့သည်
1571 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အိန္ဒိယအထင်ကရ စက်မှုလုပ်ငန်းရှင်ကြီး ၊ Tata Group နှင့် Tata Sons တို့၏ အကြီးအကဲ ရာတန်တာတာ အသက် ၈၆ နှစ်အရွယ်တွင် ကွယ်လွန်သွားရာ အိန္ဒိယတစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးလျက်ရှိကြသည်။

IBS Software ကုမ္ပဏီ၏ ဥက္ကဌဖြစ်သူ ဗွီကေ မက်သူးစ် (VK Mathews) ကလည်း ရာတန်တာတာနှင့် ဆုံစည်းထိတွေ့ခဲ့ရပုံ အဖြစ်အပျက်တစ်ခုကို လွမ်းဆွတ်သတိရစွာ ပြန်လည်ပြောပြလာသည်။

“ကျွန်တော် သတိထားမိဆုံးကတော့ သူ့ရဲ့ ဝင့်ဝါမှုမရှိ နှိမ့်ချတတ်မှုပါ။ သူ့ရဲ့ ဟာသဉာဏ်ကလည်း အနီးမှာ ရှိတဲ့သူတွေအတွက် အလင်းဓာတ်ဆောင်ကြဉ်းပေးပါတယ်။ အခြေအတင် အခြေအနေမျိုးမှာတောင် သူ့အပေါ် ချစ်ခင်စိတ်တွေ ပေါ်ပေါက်လာစေပါတယ်” ဟု မစ္စတာ မက်သူးစ်က ပြောသည်။

“အမေရိကကိုသွားတဲ့ ခရီးစဉ်မှာ ရာတန် တာတာနဲ့အတူ သွားလာခွင့် အခွင့်ထူးကို ကြုံခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ကြုံခဲ့တဲ့ အဖြစ်အပျက် ၂ ခုက ကျွန်တော့်ဘဝမှာ ထာဝရ အမှတ်ရနေခဲ့ပါတယ်။”

“တစ်မနက်မှာ ကျွန်တော်တို့ နှစ်ဦးသား နယူးယောက်မှာရှိတဲ့ သူပိုင်တဲ့ဟိုတယ်မှာ မနက်စာစားခဲ့ကြတယ်။ ဒါပေမယ့် သူ့ရဲ့ လမ်းညွှန်ချက်ကြောင့် ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းကို သူဘယ်သူလဲဆိုတာ သိခွင့် မပေးခဲ့ပါဘူး”

“ဒါက အသေးအဖွဲ ကိစ္စလေးတစ်ခုပါပဲ။ ဒါပေမယ့် ဒီဖြစ်ရပ်က သူ့ရဲ့ နှိမ့်ချတတ်တဲ့ သဘာဝကို ပြသနေ ပါတယ်”

“အဲဒီနေ့ ညပိုင်းမှာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစု တခြားစားသောက်ဆိုင်တစ်ခုကိုသွားတဲ့အခါမှာ သူနဲ့ မထင်မှတ်ဘဲ ဆုံရပြန်တယ်။ အဲဒီမှာ ကျသင့်ငွေကို မရှင်းခင် ဘောင်ချာကို ကိုယ်တိုင်စစ်ဆေးကြည့်ရှုတာ တွေ့ရပါတယ်။ ဒါက သူ့ရဲ့ အကျင့်ကို အထင်အရှား ပြသနေပါတယ်”

“ပြီးတော့ သူ့ရဲ့ trademark ဖြစ်တဲ့ ဟာသဉာဏ်နဲ့ အခုလို ပြောလာပါတယ်။…ကျွန်တော်က ခင်ဗျားနောက်ကို လိုက်နေတာလား…ခင်ဗျားကပဲ ကျုပ်ကို ခြေရာခံလိုက်နေတာလား..တဲ့။ ဒီလို စိတ်လက်ပေါ့ပါးစေတဲ့ စကားက တခြားသူတွေနဲ့ ချိတ်ဆက်နိုင်စွမ်းကို ပြသနေပါတယ်။” ဟု မစ္စတာ မက်သူးစ်က ပြန်လည်တွေးဆရင်း ပြောပြသည်။

ရာတန် တာတာ ကွယ်လွန်မှုသည် စီးပွားရေးလောကအတွက်သာမက တိုင်းပြည်အတွက်ပါ ဆုံးရှုံးမှုကြီး ဖြစ်ကြောင်း မက်သူးစ်က ပြောသည်။

“ရာတန် တာတာဟာ အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အိန္ဒိယအတွက် ခွန်အား၊ မျှော်လင့်ချက်နဲ့ အောင်မြင်မှုတွေ ပုံဖော်ပေးစွမ်းခဲ့ပါတယ်။ လုပ်ငန်းရှင်တစ်ဦးဆိုတာထက် ရာတန် တာတာဟာ အိန္ဒိယရဲ့ စီးပွားရေးနဲ့ လူမှုရေး တိုးတက်မှုတွေအတွက် တကယ်ဆောင်ရွက်ပေးနိုင်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။”

“အောင်မြင်မှုတွေ သိမ်းပိုက်ထားနိုင်တဲ့သူဖြစ်ပေမယ့် နှိမ့်ချစွာ နေထိုင်တတ်ပြီး ချဉ်းကပ်ရလွယ်ကူတဲ့သူ တစ်ဦးပါ။”

ရာတန် တာတာသည် မွမ်ဘိုင်းမြို့ရှိ Breach Candy ဆေးရုံတွင် အောက်တိုဘာလ ၉ ရက်က ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။

(ဆက်စပ်သတင်း)

ကမ္ဘာ့ဈေးအသက်သာဆုံးကားများ ထုတ်လုပ်သော Tata Motors ၏ ပဲ့ကိုင်ရှင်သူဌေးကြီး Ratan Tata မွမ်ဘိုင်းမြို့ဆေးရုံတွင်ကွယ်လွန်ခဲ့၊ မဟာရပ်ရှ်တရာပြည်နယ်အစိုးရအဖွဲ့က ကြေကွဲဖွယ်ကောင်းသောနေ့အဖြစ် သတ်မှတ်

https://www.carsdb.com/my/news/869

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ratan Tata Had Breakfast At His Own US Hotel Without Revealing Identity": IT Firm Chairman (ndtv)

 

[Zawgyi]

အိႏိၵယ အထင္ကရ သူေဌးၾကီး ရာတန္တာတာက အေမရိကန္ရွိ ၎ပိုင္ေသာ ဟိုတယ္သို႔ ေရာက္ရွိခဲ့စဥ္ မိမိမည္သူမည္ဝါဟု မေျပာဘဲ နံနက္စာ စားခဲ့ပံု

အိႏိၵယအထင္ကရ စက္မႈလုပ္ငန္းရွင္ၾကီး ၊ Tata Group ႏွင့္ Tata Sons တို႔၏ အၾကီးအကဲ ရာတန္တာတာ အသက္ ၈၆ ႏွစ္အရြယ္တြင္ ကြယ္လြန္သြားရာ အိႏိၵယတစ္ႏိုင္ငံလံုး ဝမ္းနည္းပူေဆြးလ်က္ရွိၾကသည္။

IBS Software ကုမၸဏီ၏ ဥကၠဌျဖစ္သူ ဗြီေက မက္သူးစ္ (VK Mathews) ကလည္း ရာတန္တာတာႏွင့္ ဆံုစည္းထိေတြ႔ခဲ့ရပံု အျဖစ္အပ်က္တစ္ခုကို လြမ္းဆြတ္သတိရစြာ ျပန္လည္ေျပာျပလာသည္။

“ကၽြန္ေတာ္ သတိထားမိဆံုးကေတာ့ သူ႔ရဲ႕ ဝင့္ဝါမႈမရွိ ႏွိမ့္ခ်တတ္မႈပါ။ သူ႔ရဲ႕ ဟာသဥာဏ္ကလည္း အနီးမွာ ရွိတဲ့သူေတြအတြက္ အလင္းဓာတ္ေဆာင္ၾကဥ္းေပးပါတယ္။ အေျခအတင္ အေျခအေနမ်ဳိးမွာေတာင္ သူ႔အေပၚ ခ်စ္ခင္စိတ္ေတြ ေပၚေပါက္လာေစပါတယ္” ဟု မစၥတာ မက္သူးစ္က ေျပာသည္။

“အေမရိကကိုသြားတဲ့ ခရီးစဥ္မွာ ရာတန္ တာတာနဲ႔အတူ သြားလာခြင့္ အခြင့္ထူးကို ၾကံဳခဲ့ပါတယ္။ ဒီခရီးစဥ္မွာ ၾကံဳခဲ့တဲ့ အျဖစ္အပ်က္ ၂ ခုက ကၽြန္ေတာ့္ဘဝမွာ ထာဝရ အမွတ္ရေနခဲ့ပါတယ္။”

“တစ္မနက္မွာ ကၽြန္ေတာ္တို႔ ႏွစ္ဦးသား နယူးေယာက္မွာရွိတဲ့ သူပိုင္တဲ့ဟိုတယ္မွာ မနက္စာစားခဲ့ၾကတယ္။ ဒါေပမယ့္ သူ႔ရဲ႕ လမ္းညႊန္ခ်က္ေၾကာင့္ ဝန္ေဆာင္မႈေပးတဲ့ ဝန္ထမ္းကို သူဘယ္သူလဲဆိုတာ သိခြင့္ မေပးခဲ့ပါဘူး”

“ဒါက အေသးအဖြဲ ကိစၥေလးတစ္ခုပါပဲ။ ဒါေပမယ့္ ဒီျဖစ္ရပ္က သူ႔ရဲ႕ ႏွိမ့္ခ်တတ္တဲ့ သဘာဝကို ျပသေန ပါတယ္”

“အဲဒီေန႔ ညပိုင္းမွာ ကၽြန္ေတာ္နဲ႔ ကၽြန္ေတာ့္မိသားစု တျခားစားေသာက္ဆိုင္တစ္ခုကိုသြားတဲ့အခါမွာ သူနဲ႔ မထင္မွတ္ဘဲ ဆံုရျပန္တယ္။ အဲဒီမွာ က်သင့္ေငြကို မရွင္းခင္ ေဘာင္ခ်ာကို ကိုယ္တိုင္စစ္ေဆးၾကည့္ရႈတာ ေတြ႔ရပါတယ္။ ဒါက သူ႔ရဲ႕ အက်င့္ကို အထင္အရွား ျပသေနပါတယ္”

“ျပီးေတာ့ သူ႔ရဲ႕ trademark ျဖစ္တဲ့ ဟာသဥာဏ္နဲ႔ အခုလို ေျပာလာပါတယ္။…ကၽြန္ေတာ္က ခင္ဗ်ားေနာက္ကို လိုက္ေနတာလား…ခင္ဗ်ားကပဲ က်ဳပ္ကို ေျခရာခံလိုက္ေနတာလား..တဲ့။ ဒီလို စိတ္လက္ေပါ့ပါးေစတဲ့ စကားက တျခားသူေတြနဲ႔ ခ်ိတ္ဆက္ႏိုင္စြမ္းကို ျပသေနပါတယ္။” ဟု မစၥတာ မက္သူးစ္က ျပန္လည္ေတြးဆရင္း ေျပာျပသည္။

ရာတန္ တာတာ ကြယ္လြန္မႈသည္ စီးပြားေရးေလာကအတြက္သာမက တိုင္းျပည္အတြက္ပါ ဆံုးရံႈးမႈၾကီး ျဖစ္ေၾကာင္း မက္သူးစ္က ေျပာသည္။

“ရာတန္ တာတာဟာ အေျမာ္အျမင္ရွိတဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္ျပီး အိႏိၵယအတြက္ ခြန္အား၊ ေမွ်ာ္လင့္ခ်က္နဲ႔ ေအာင္ျမင္မႈေတြ ပံုေဖာ္ေပးစြမ္းခဲ့ပါတယ္။ လုပ္ငန္းရွင္တစ္ဦးဆိုတာထက္ ရာတန္ တာတာဟာ အိႏိၵယရဲ႕ စီးပြားေရးနဲ႔ လူမႈေရး တိုးတက္မႈေတြအတြက္ တကယ္ေဆာင္ရြက္ေပးႏိုင္ခဲ့တဲ့ ေခါင္းေဆာင္တစ္ဦး ျဖစ္ပါတယ္။”

“ေအာင္ျမင္မႈေတြ သိမ္းပိုက္ထားႏိုင္တဲ့သူျဖစ္ေပမယ့္ ႏွိမ့္ခ်စြာ ေနထုိင္တတ္ျပီး ခ်ဥ္းကပ္ရလြယ္ကူတဲ့သူ တစ္ဦးပါ။”

ရာတန္ တာတာသည္ မြမ္ဘိုင္းျမိဳ႕ရွိ Breach Candy ေဆးရံုတြင္ ေအာက္တိုဘာလ ၉ ရက္က ကြယ္လြန္သြားခဲ့ျပီး ကြယ္လြန္ခ်ိန္တြင္ အသက္ ၈၆ ႏွစ္ရွိျပီ ျဖစ္သည္။

(ဆက္စပ္သတင္း)

ကမၻာ့ေစ်းအသက္သာဆံုးကားမ်ား ထုတ္လုပ္ေသာ Tata Motors ၏ ပဲ့ကိုင္ရွင္သူေဌးၾကီး Ratan Tata မြမ္ဘိုင္းျမိဳ႕ေဆးရံုတြင္ကြယ္လြန္ခဲ့၊ မဟာရပ္ရွ္တရာျပည္နယ္အစိုးရအဖြဲ႔က ေၾကကြဲဖြယ္ေကာင္းေသာေန႔အျဖစ္ သတ္မွတ္

https://www.carsdb.com/my/news/869

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ratan Tata Had Breakfast At His Own US Hotel Without Revealing Identity": IT Firm Chairman (ndtv)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service