ပဋိဉာဉ်တစ်ရပ်ချုပ်ဆိုပြီးပါက လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

ပဋိဉာဉ်တစ်ရပ်ချုပ်ဆိုပြီးပါက လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
20 Oct 2024 11:43 am တွင် တင်ခဲ့သည်
473 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ပဋိဉာဉ်စာချုပ်တစ်စောင် ချုပ်ဆိုပြီးဖြစ်ပါက ရောင်းသူ၊ ဝယ်သူ၊ ကတိပြုသူ၊ ကတိရသူ၊ တရားဝင်ကိုယ်စားလှယ်များ၊ ဥပဒေအရ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရသူများ၊ အာမခံသူများသည် စာချုပ် အမျိုးအစားပေါ်မူတည်၍ ပဋိဉာဉ် ဥပဒေပုဒ်မ-၄၀ အတိုင်း လိုက်နာဆောင်ရွက်ရန် တာဝန်ရှိနေပါသည်။

ကတိတစ်ခုကို တွဲဖက်ပြုကြသည့် စာချုပ်ချုပ်ဆိုသူ (၂)ဦး (သို့) (၂)ဦးထက် ပိုသူများ စာချုပ်ပါအတိုင်း ကတိအတိုင်း အထမြောက်စေရန် တွဲဖက်ဆောင်ရွက်ရမည်ဖြစ်ကာ ကတိပြုသူတစ်ဦးဦးမှ သေဆုံးပါက ၎င်းတို့၏ တရားဝင်ကိုယ်စားပြုများမှ ပါဝင်လာကာ စာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ပေးရမည်။

သဘောတူညီမှုပြုသည့် ပဋိဉာဉ်၌ တရားရုံးများတွင် တရားစွဲဆိုရန် အချိန်ကာလကို ကန့်သတ်ထားခြင်း၊ တားမြစ်ချက်များ၊ ကန့်ကွက်ထားခြင်းပါနေလျှင် ပုဒ်မ- ၂၈ အရ ထိုပဋိဉာဉ်မှာ ပျယ်ပြယ်နေပါသည်။ ထို့အပြင် ပဋိဉာဉ်တစ်ရပ်မှာ လုံလောက်သော အဖိုးစားနားပါရှိရမည်ဖြစ်ပြီး အဖိုးစားနားမပါသော သဘောတူညီမှာ ပုဒ်မ- ၂၅ အရ ပျက်ပြယ်ပြီး အဖိုးစားနားမှာ ပုဒ်မ- ၂၃ အရ တရားဥပဒေနှင့် မညီညွှတ်သည့် အဖိုးစားနားများ ပါဝင်နေလျှင်လဲ ပျက်ပြယ်မည်ဖြစ်ပါသည်။

ပဋိဉာဉ်စာချုပ်တစ်စောင်ချုပ်ဆိုပြီးပါက စာချုပ်ပါအချိန်ကာလကို တိုးမြင့်ပေးခြင်း ဆောင်ရွက်နိုင်သလို ထို့သို့ အချိန်ကာလကတိပြုချက် ပြောင်းလဲခြင်းမှာ ပဋိဉာဉ်တစ်ရပ်ဖြင့် အစားထိုးရာ ရောက်သဖြင့် နှစ်ဘက် သဘောတူမဖြစ်ရင် လုပ်ဆောင်မရပါ။ ပဋိဉာဉ်တစ်ရပ်ဖြင့် ကတိပြုထားသူမှာ ၎င်းအပေါ်ကျရောက်သော တာဝန်များကို ဆောင်ရွက်ရန် ငြင်းဆိုခြင်း၊ မပြုလုပ်ခြင်းသည် ပဋိဉာဉ်ချိုးဖောက်ခြင်းပင်ဖြစ်ပါသည်။

ပုဒ်မ-၇၃ အရ ပဋိဉာဉ်ချိုးဖောက်မှု တစ်ဖက်ဖက်မှ ပြုလျှင် နစ်နာမည့်သူဘက်က ၎င်းနစ်နာမှု တန်ဖိုး ငွေအတိုင်း လျော်ကြေးရထိုက်ခွင့် ရှိနေပါသည်။ ပဋိဉာဉ်တွင် နစ်နာမှုအား ထည့်သွင်းချုပ်ဆိုထားပါက စာချုပ်ပါအတိုင်း နစ်နာကြေးငွေအား တောင်းဆိုနိုင်မည်ဖြစ်ပါသည်။

တရားရုံးမှ စာချုပ်ပါနစ်နာကြေးငွေ ထည့်သွင်း ချုပ်ဆိုထားသော ငွေပမာဏထက်ပို၍ နစ်နာကြေးငွေ ခွင့်ပြုခြင်းမရှိသလို သင့်တော်သည်ဟု ယူဆသည့် နစ်နာကြေးငွေသာ ပေးဆောင်ရန်လဲ အမိန့်ချမှတ်ခြင်း ပြုနိုင်ပါသည်။

ထို့ပြင် ရောင်းချသူဘက်မှ ကုန်ပစ္စည်းရောင်းချပေးမည် စာချုပ်ချုပ်ဆိုခဲ့ပြီး သဘောတူညီမှုအား ဖျက်လျှင် ဝယ်ယူသူဘက်မှ အချိန်ကာလ၊ ယခုပေါက်ဈေးခြားနားချက်အား တွက်သင့်ပြီး ၎င်းမြတ်မည့် အမြတ်ငွေကို နစ်နာကြေးအဖြစ် ရောင်းချသူထံမှ တောင်းဆိုနိုင်ပါသည်။

ပစ္စည်းအမျိုးအစားတစ်ခုအား အာမခံ ကာ စာချုပ်ချုပ်ဆိုပြီး ရောင်းချခြင်းဖြစ်လျှင်လဲ အာမခံချက်အတိုင်း ညီညွှတ်မှုမရှိပါက ရောင်းသူမှ လျော်ကြေးပေးရန် တာဝန်ရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]













 



 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service