Steve Jobs က အခက်အခဲပြဿနာနှင့် ရင်ဆိုင်ရချိန်များတွင် အသုံးပြုခဲ့သော ၁၀ မိနစ် ဥပဒေသ၊ အာရုံကြောသိပ္ပံပညာအရ ၎င်း၏ နည်းလမ်း မှန်ကန်ကြောင်း တွေ့ရ

Steve Jobs က အခက်အခဲပြဿနာနှင့် ရင်ဆိုင်ရချိန်များတွင် အသုံးပြုခဲ့သော ၁၀ မိနစ် ဥပဒေသ၊ အာရုံကြောသိပ္ပံပညာအရ ၎င်း၏ နည်းလမ်း မှန်ကန်ကြောင်း တွေ့ရ - Property Knowledge in Myanmar from iMyanmarHouse.com
18 Oct 2024 10:23 am တွင် တင်ခဲ့သည်
659 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

သင်သည် အလုပ်တွင် အခက်အခဲ ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည် ဆိုကြပါစို့။

သင်သည် စားပွဲတွင် ၁၀ မိနစ်ခန့် ထိုင်တာ အဖြေရှာရန် နည်းလမ်းကို ခေါင်းမီးတောက်မတတ် တွေးတောသော်လည်း အဖြေရှာမရ။

ထိုအခါ သင်မည်သို့ လုပ်ဆောင်မည်နည်းဟူသော မေးခွန်းရှိသည်။

အကယ်၍ သင်သာ စတိဗ်ဂျော့ဆိုပါက အဖြေမှာ ရိုးရှင်းလွယ်ကူသည်။

စားပွဲမှထကာ လမ်းထွက်လျှောက်ခြင်း ဖြစ်၏။

“အလေးအနက်ဆွေးနွေးဖို့ ခပ်ဝေးဝေးလမ်းလျှောက်တာဟာ သူအကြိုက်ဆုံးနည်းလမ်းပါ” ဟု စတိဗ်ဂျော့၏ အတ္ထုပ္ပတ္တိကို ရေးသားခဲ့သော စာရေးဆရာ ဝေါလ်တာ အိုက်ဆက်ဇန်က ပြောသည်။

“ကျွန်တော်တို့ အတူရှိခဲ့တဲ့ အချိန်အများစုမှာ တိတ်တိတ်ဆိတ်ဆိတ် လမ်းလျှောက်ခဲ့ကြပါတယ်” ဟု ဂန္ထဝင် ဒီဇိုင်နာ Jony Ives က ပြောသည်။

စတိဗ်ဂျော့နှင့် ပတ်သက်သည့် မည်သည့်စာအုပ်ကို ဖတ်ကြည့်သည်ဖြစ်စေ စတိဗ်ဂျော့ ခြေဗလာဖြင့် လမ်းလျှောက်သည့်အကြောင်း ဖတ်ရှုရမည် ဖြစ်သည်။

စတိဗ်ဂျော့ အမြဲလမ်းလျှောက်ခြင်းမှာ နေအိမ်ပြင်ပ သွားလာရခြင်း (သို့မဟုတ်) ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကို သဘောကျ၍မျှသာ မဟုတ်။

လမ်းလျှောက်ခြင်းသည် ဦးနှောက်၏ လုပ်ဆောင်ချက် ပိုမိုကောင်းမွန်လာစေကြောင်း စတိဗ်ဂျော့က ဗီဇစိတ်ဖြင့် သိနေခြင်း ဖြစ်နိုင်သည်။

အာရုံကြောသိပ္ပံပညာကလည်း ထိုအချက်ကို အတည်ပြုထားသည်။

ထိုင်နေချိန်တွင် တွေးတောမရသည့် ပုစ္ဆာများကို လမ်းလျှောက်ချိန်တွင် အဖြေရရန် ပိုမိုလွယ်ကူလာသည်။

ထို့ကြောင့် အာရုံကြောသိပ္ပံပညာရှင်တစ်ဦးက ကျွန်ုပ်တို့အားလုံးကိုလည်း စတိဗ်ဂျော့၏ ၁၀ မိနစ် ဥပဒေသကို လက်ခံကျင့်သုံးကြည့်ရန် ထောက်ခံထားသည်။

စတိဗ်ဂျော့၏ ၁၀ မိနစ် ဥပဒေသမှာ အကယ်၍ သင်သည် ပြဿနာတစ်ခုကို ၁၀ မိနစ်ခန့် တွေးတောအဖြေရှာ၍ မရပါက ထိုင်ရာမှထကာ လမ်းထွက်လျှောက်ရန် ဖြစ်သည်။

စတိဗ်ဂျော့၏ ၁၀ မိနစ်ဥပဒေသကို ထောက်ခံလိုက်သူမှာ ကိန်းဘရစ်တက္ကသိုလ်ဆင်း အာရုံကြောသိပ္ပံပညာရှင် Mithu Storoni ဖြစ်သည်။

Storoni သည် Hyperefficient: Optimize Your Brain To Transform The Way You Work အမည်ရှိ စာအုပ်ကို ရေးသားခဲ့သူလည်း ဖြစ်သည်။

Storoni သည် HBR IdeaCast အမည်ရှိ podcast အစီအစဉ်တွင် မကြာသေးမီက ပါဝင်ခဲ့ရာ၌ ဦးနှောက်၏ လုပ်ဆောင်ချက် ပိုမိုကောင်းမွန်စေမည့် နည်းလမ်းများ အကြောင်း ပြောပြခဲ့ရာတွင် စတိဗ်ဂျော့၏ ၁၀ မိနစ် ဥပဒေသလည်း ပါဝင်ခဲ့သည်။

“ကျွန်မမှာ Client တချို့ရှိပါတယ်။ မန်နေးဂျင်း ဒါရိုက်တာ တစ်ယောက်က ဒီဥပဒေသကို လက်ခံကျင့်သုံး ခဲ့ပါတယ်။ သူက ကွန်ပြူတာရှေ့မှာ ထိုင်ရင်း ပြဿနာတစ်ခုကို အဖြေရှာလို့ မရတဲ့အခါ သူ့စားပွဲကနေ ထလာပြီး လမ်းလျှောက်ထွက်ပါတယ်” ဟု Storoni က ပြောသည်။

ဦးနှောက်၏ လုပ်ဆောင်မှုသည် ကြွက်သားတို့နှင့်မတူကြောင်း Storoni က ရှင်းပြသည်။ ကားထုတ်လုပ်ရေးစက်ရုံတွင် စက်များကို ဝက်အူကြပ်ရသည့်အလုပ်ကဲ့သို့ ကာယအလုပ်မျိုးမှာ ကြွက်သားများ ညောင်းလာသည်အထိ မနားမနေ ထိုင်ကြပ်နေလျှင်လည်း မည်သည့် ပြဿနာမျှ မရှိ။

များများလုပ်နိုင်လေ အလုပ်များများပြီးလေပင်။

သို့သော် ကိုယ်ကာယထက် ဦးနှောက်ကိုအသုံးပြုကာ လုပ်ဆောင်ရသည့်အလုပ်မျိုးတွင် များများလုပ်လေ များများပြီးလေ မူဝါဒမှာ အလုပ်မဖြစ်တော့ချေ။

ဦးနှောက်သုံးရသည်ဆိုသော်လည်း email ဖတ်ရခြင်း၊ email ပို့ရခြင်းကဲ့သို့ နိစ္စဓူဝလုပ်ဆောင်ရသည့် အလုပ်မျိုးမှာ ထိုနည်းဖြင့် အလုပ်ဖြစ်နိုင်သည်။

မိမိစားပွဲတွင်သာ ထိုင်နေပြီး မပြီးမချင်း ထိုင်ပို့နေရုံပင်။

သို့သော် စိတ်ကူးဉာဏ်ထုတ်ရခြင်း၊ ပြဿနာတစ်ခု ဖြေရှင်းရခြင်း အစရှိသော အကြောင်းရပ်များတွင်မူ ကိုယ်စိတ်နှစ်ပါး ဖြေလျော့မှုရှိသည့် အခြေအနေမျိုး လိုအပ်သည်။

မိမိစားပွဲတွင်သာ ဖင်ပူအောင်ထိုင်ကာ အဖြေရှာနေရုံဖြင့် eureka moment မျိုး ရရှိလာမည် မဟုတ်ချေ။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ် (၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Steve Jobs swore the 10-minute rule made him smarter. Modern neuroscience is discovering he was right (thestar)

 

 

[Zawgyi]

Steve Jobs က အခက္အခဲျပႆနာႏွင့္ ရင္ဆိုင္ရခ်ိန္မ်ားတြင္ အသံုးျပဳခဲ့ေသာ ၁၀ မိနစ္ ဥပေဒသ၊ အာရံုေၾကာသိပၸံပညာအရ ၎၏ နည္းလမ္း မွန္ကန္ေၾကာင္း ေတြ႔ရ

သင္သည္ အလုပ္တြင္ အခက္အခဲ ျပႆနာတစ္ခုႏွင့္ ရင္ဆိုင္ေနရသည္ ဆိုၾကပါစို႔။

သင္သည္ စားပြဲတြင္ ၁၀ မိနစ္ခန္႔ ထိုင္တာ အေျဖရွာရန္ နည္းလမ္းကို ေခါင္းမီးေတာက္မတတ္ ေတြးေတာေသာ္လည္း အေျဖရွာမရ။

ထုိအခါ သင္မည္သို႔ လုပ္ေဆာင္မည္နည္းဟူေသာ ေမးခြန္းရွိသည္။

အကယ္၍ သင္သာ စတိဗ္ေဂ်ာ့ဆိုပါက အေျဖမွာ ရိုးရွင္းလြယ္ကူသည္။

စားပြဲမွထကာ လမ္းထြက္ေလွ်ာက္ျခင္း ျဖစ္၏။

“အေလးအနက္ေဆြးေႏြးဖို႔ ခပ္ေဝးေဝးလမ္းေလွ်ာက္တာဟာ သူအၾကိဳက္ဆံုးနည္းလမ္းပါ” ဟု စတိဗ္ေဂ်ာ့၏ အတၳဳပၸတၱိကို ေရးသားခဲ့ေသာ စာေရးဆရာ ေဝါလ္တာ အိုက္ဆက္ဇန္က ေျပာသည္။

“ကၽြန္ေတာ္တို႔ အတူရွိခဲ့တဲ့ အခ်ိန္အမ်ားစုမွာ တိတ္တိတ္ဆိတ္ဆိတ္ လမ္းေလွ်ာက္ခဲ့ၾကပါတယ္” ဟု ဂႏၳဝင္ ဒီဇိုင္နာ Jony Ives က ေျပာသည္။

စတိဗ္ေဂ်ာ့ႏွင့္ ပတ္သက္သည့္ မည္သည့္စာအုပ္ကို ဖတ္ၾကည့္သည္ျဖစ္ေစ စတိဗ္ေဂ်ာ့ ေျခဗလာျဖင့္ လမ္းေလွ်ာက္သည့္အေၾကာင္း ဖတ္ရႈရမည္ ျဖစ္သည္။

စတိဗ္ေဂ်ာ့ အျမဲလမ္းေလွ်ာက္ျခင္းမွာ ေနအိမ္ျပင္ပ သြားလာရျခင္း (သို႔မဟုတ္) ကိုယ္ကာယ ေလ့က်င့္ခန္း ျပဳလုပ္ျခင္းကို သေဘာက်၍မွ်သာ မဟုတ္။

လမ္းေလွ်ာက္ျခင္းသည္ ဦးေႏွာက္၏ လုပ္ေဆာင္ခ်က္ ပိုမိုေကာင္းမြန္လာေစေၾကာင္း စတိဗ္ေဂ်ာ့က ဗီဇစိတ္ျဖင့္ သိေနျခင္း ျဖစ္ႏိုင္သည္။

အာရံုေၾကာသိပၸံပညာကလည္း ထိုအခ်က္ကို အတည္ျပဳထားသည္။

ထိုင္ေနခ်ိန္တြင္ ေတြးေတာမရသည့္ ပုစၦာမ်ားကို လမ္းေလွ်ာက္ခ်ိန္တြင္ အေျဖရရန္ ပိုမိုလြယ္ကူလာသည္။

ထို႔ေၾကာင့္ အာရံုေၾကာသိပၸံပညာရွင္တစ္ဦးက ကၽြႏု္ပ္တို႔အားလံုးကိုလည္း စတိဗ္ေဂ်ာ့၏ ၁၀ မိနစ္ ဥပေဒသကို လက္ခံက်င့္သံုးၾကည့္ရန္ ေထာက္ခံထားသည္။

စတိဗ္ေဂ်ာ့၏ ၁၀ မိနစ္ ဥပေဒသမွာ အကယ္၍ သင္သည္ ျပႆနာတစ္ခုကို ၁၀ မိနစ္ခန္႔ ေတြးေတာအေျဖရွာ၍ မရပါက ထိုင္ရာမွထကာ လမ္းထြက္ေလွ်ာက္ရန္ ျဖစ္သည္။

စတိဗ္ေဂ်ာ့၏ ၁၀ မိနစ္ဥပေဒသကို ေထာက္ခံလိုက္သူမွာ ကိန္းဘရစ္တကၠသိုလ္ဆင္း အာရံုေၾကာသိပၸံပညာရွင္ Mithu Storoni ျဖစ္သည္။

Storoni သည္ Hyperefficient: Optimize Your Brain To Transform The Way You Work အမည္ရွိ စာအုပ္ကို ေရးသားခဲ့သူလည္း ျဖစ္သည္။

Storoni သည္ HBR IdeaCast အမည္ရွိ podcast အစီအစဥ္တြင္ မၾကာေသးမီက ပါဝင္ခဲ့ရာ၌ ဦးေႏွာက္၏ လုပ္ေဆာင္ခ်က္ ပိုမိုေကာင္းမြန္ေစမည့္ နည္းလမ္းမ်ား အေၾကာင္း ေျပာျပခဲ့ရာတြင္ စတိဗ္ေဂ်ာ့၏ ၁၀ မိနစ္ ဥပေဒသလည္း ပါဝင္ခဲ့သည္။

“ကၽြန္မမွာ Client တခ်ဳိ႕ရွိပါတယ္။ မန္ေနးဂ်င္း ဒါရိုက္တာ တစ္ေယာက္က ဒီဥပေဒသကို လက္ခံက်င့္သံုး ခဲ့ပါတယ္။ သူက ကြန္ျပဴတာေရွ႕မွာ ထိုင္ရင္း ျပႆနာတစ္ခုကို အေျဖရွာလုိ႔ မရတဲ့အခါ သူ႔စားပြဲကေန ထလာျပီး လမ္းေလွ်ာက္ထြက္ပါတယ္” ဟု Storoni က ေျပာသည္။

ဦးေႏွာက္၏ လုပ္ေဆာင္မႈသည္ ၾကြက္သားတို႔ႏွင့္မတူေၾကာင္း Storoni က ရွင္းျပသည္။ ကားထုတ္လုပ္ေရးစက္ရံုတြင္ စက္မ်ားကို ဝက္အူၾကပ္ရသည့္အလုပ္ကဲ့သို႔ ကာယအလုပ္မ်ဳိးမွာ ၾကြက္သားမ်ား ေညာင္းလာသည္အထိ မနားမေန ထိုင္ၾကပ္ေနလွ်င္လည္း မည္သည့္ ျပႆနာမွ် မရွိ။

မ်ားမ်ားလုပ္ႏိုင္ေလ အလုပ္မ်ားမ်ားျပီးေလပင္။

သို႔ေသာ္ ကိုယ္ကာယထက္ ဦးေႏွာက္ကိုအသံုးျပဳကာ လုပ္ေဆာင္ရသည့္အလုပ္မ်ဳိးတြင္ မ်ားမ်ားလုပ္ေလ မ်ားမ်ားျပီးေလ မူဝါဒမွာ အလုပ္မျဖစ္ေတာ့ေခ်။

ဦးေႏွာက္သံုးရသည္ဆိုေသာ္လည္း email ဖတ္ရျခင္း၊ email ပို႔ရျခင္းကဲ့သို႔ နိစၥဓူဝလုပ္ေဆာင္ရသည့္ အလုပ္မ်ဳိးမွာ ထိုနည္းျဖင့္ အလုပ္ျဖစ္ႏိုင္သည္။

မိမိစားပြဲတြင္သာ ထိုင္ေနျပီး မျပီးမခ်င္း ထိုင္ပို႔ေနရံုပင္။

သို႔ေသာ္ စိတ္ကူးဥာဏ္ထုတ္ရျခင္း၊ ျပႆနာတစ္ခု ေျဖရွင္းရျခင္း အစရွိေသာ အေၾကာင္းရပ္မ်ားတြင္မူ ကိုယ္စိတ္ႏွစ္ပါး ေျဖေလ်ာ့မႈရွိသည့္ အေျခအေနမ်ဳိး လိုအပ္သည္။

မိမိစားပြဲတြင္သာ ဖင္ပူေအာင္ထိုင္ကာ အေျဖရွာေနရံုျဖင့္ eureka moment မ်ဳိး ရရွိလာမည္ မဟုတ္ေခ်။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္ (၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Steve Jobs swore the 10-minute rule made him smarter. Modern neuroscience is discovering he was right (thestar)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service