၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ ကုမ္ပဏီကြီးကို ဦးဆောင်နေသူတစ်ဦးအကြောင်း

၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ ကုမ္ပဏီကြီးကို ဦးဆောင်နေသူတစ်ဦးအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
4 Oct 2024 11:40 am တွင် တင်ခဲ့သည်
742 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

၈ တန်းဖြင့် ကျောင်းထွက်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်အားခရသော အလုပ်သမားဘဝမှ ယနေ့အခါ ရူပီး ၁၈၀ ဘီလီယံတန်ကြေးရှိ ကုမ္ပဏီကြီးကို ဦးဆောင်နေသူတစ်ဦးအကြောင်း

ဘဝသည် လူတိုင်းအတွက်မူ ပန်းခင်းသော မွေ့ယာတစ်ခုမဟုတ်ချေ။

ငယ်စဉ်ကတည်း ကြမ်းတမ်းခက်ခဲသော စိန်ခေါ်မှုများကို ရင်ဆိုင်ရသူ များစွာရှိသည်။

အချို့မှာ မိသားစု စီးပွားရေးကျပ်တည်းမှုကြောင့် မိမိ၏ အိပ်မက်များကို စွန့်လွှတ်စတေးကာ မိမိချစ်ရသူ တို့အတွက် အထောက်အပံ့ပေးနိုင်ရန် ကျောင်းထွက်လိုက်ရသူများစွာ ရှိသည်။

ထိုသို့ ကြမ်းတမ်းခက်ထန်သောခရီးကို ဖြတ်သန်းရသော်လည်း ထိုဘဝအခြေအနေက ၎င်းတို့အပေါ် အဓိပ္ပာယ် ဖွင့်ဆိုမှုကို အချို့သူတို့က လက်မခံ။

ခက်ခဲကြမ်းတမ်းမှုကို ခံနိုင်ရည်ရှိခြင်း၊ ဆုံးဖြတ်ချက်ခိုင်မာခြင်းတို့ဖြင့် မိမိတို့၏ ဘဝအတွေ့အကြုံများကို စိတ်ခွန်အားအဖြစ် ပြောင်းလဲကာ မိမိကိုယ်တိုင်နှင့် မိသားစုအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ပုံဖော် ဖန်တီးနိုင်ရန် ကြိုးပမ်းလေ့ရှိသည်။

Trident Group ၏ ဥက္ကဌ ရာဂျင်ဒါ ဂုပ္ပတား (Rajinder Gupta) သည် လောကဓံ၏ လှိုင်းများကြားတွင် မလျှော့သောဇွဲလုံ့လရှိမှု၏ ပြယုဂ်ကောင်းလည်း ဖြစ်သည်။

ပညာရေးဆုံးခန်းနိုင် တက်နိုင်သည့် အခွင့်အလမ်းမရှိခဲ့သော်လည်း ထိုသို့ ပညာရေးမပြည့်စုံမှုက သူ၏ အနာဂတ်ကို ပြဌာန်းရန် ရာဂျင်ဒါက ခွင့်မပြုခဲ့ချေ။

အောင်မြင်ရမည်ဟူသော မဆုတ်မနစ်သည့် ဆုံးဖြတ်ချက်ခိုင်မာမှုနှင့်အတူ Trident Group ကို တည်ထောင် ခဲ့ပြီး အထည်အလိပ်လောကတွင် ထိပ်ဆုံးသို့ ရောက်လာခဲ့သည်။

ရာဂျင်ဒါသည် ၈ တန်းကျောင်းသားဘဝ အသက် ၁၄ နှစ်အရွယ်တွင်ပင် စာသင်ကျောင်းကို ကျောခိုင်းခဲ့ရပြီး ဖယောင်းတိုင်၊ ကွန်ကရစ်ပိုက် ထုတ်လုပ်ရေး အစရှိသော အလုပ်များ အပါအဝင် အလုပ်မျိုးစုံ ဝင်ရောက် လုပ်ကိုင်ခဲ့ရကာ တစ်ရက်လျှင် ရူပီး ၃၀ မျှသာ လုပ်ခရခဲ့သည်။

ရာဂျင်ဒါသည် ဝါဂွမ်းကုန်သည်ငယ်တစ်ဦးအဖြစ် စီးပွားရေးလောကသို့ စတင်ခြေချခဲ့ပြီး ကနဦးကာလများတွင် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ယင်းနောက် နှစ်ပေါင်းများစွာ ကုန်သည်ဘဝတွင် ရုန်းကန်ဖြတ်သန်းပြီး အတော်အသင့် ငွေစုမိချိန်တွင် ရာဂျင်ဒါက ဘဝလမ်းကြောင်း ပြောင်းလဲစွန့်စားရန် ဆုံးဖြတ်ခဲ့သည်။

သို့နှင့် ၁၉၈၅ ခုနှစ်တွင် Abhishek Industries အမည်ဖြင့် ဓာတ်မြေသြဇာ စက်ရုံတစ်ခုကို ရူပီး ၆ ဒသမ ၅ ကုဋေဖြင့် စတင်တည်ထောင်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် Katai Mill အမည်ဖြင့် ဖက်စပ်လုပ်ငန်းတစ်ခု တည်ထောင်ခဲ့ပြီး ထိုလုပ်ငန်းမှာ အလွန် အကျိုးအမြတ်ရခဲ့သည်။

ယင်းနောက် ရာဂျင်ဒါက ပန်ဂျပ်နှင့် မဒယာ ပရာဒက်ရှ်ပြည်နယ်များတွင် အထည်အလိပ်၊ စက္ကူနှင့် ဓာတု စက်ရုံများ တည်ထောင်ကာ လုပ်ငန်းနယ်ပယ်ချဲ့ထွင်ခဲ့သည်။

သူ၏ Trident Group သည် JCPenney, Walmart နှင့် Luxury and Linen တိို့ကဲ့သို့ အထင်ကရ လက်လီအရောင်းကုမ္ပဏီကြီးများနှင့် မိတ်ဘက်လက်တွဲခဲ့သည်။

ထိုသို့ အလွန်အောင်မြင်သော စီးပွားရေးလုပ်ငန်းအုပ်စုကြီးကို တည်ထောင်ခဲ့ပြီးနောက် ရာဂျင်ဒါသည် ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် ၂၀၂၂ ခုနှစ်တွင် Trident ၏ ဒါရိုက်တာ ဘုတ်အဖွဲ့မှ နှုတ်ထွက်သွား ခဲ့သည်။

အသက် ၆၄ နှစ်ရှိပြီဖြစ်သော ရာဂျင်ဒါသည် လက်ရှိအားဖြင့် Trident Group ၏ အခရာကုမ္ပဏီဖြစ်သော Trident Limited ၏ ဥက္ကဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် Trident Limited ၏ဈေးကွက်တန်ကြေးမှာ ရူပီး ၁၈၀ ဒသမ ၇၆ ဘီလီယံ ဖြစ်သည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Meet man, school dropout, who used to earn Rs 30 per day, built Rs 18076 crore company, his business is… (dnaindia)

 

[Zawgyi]

၈ တန္းျဖင့္ ေက်ာင္းထြက္ခဲ့ရကာ တစ္ရက္လွ်င္ ရူပီး ၃၀ မွ်သာ လုပ္အားခရေသာ အလုပ္သမားဘဝမွ ယေန႔အခါ ရူပီး ၁၈၀ ဘီလီယံတန္ေၾကးရွိ ကုမၸဏီၾကီးကို ဦးေဆာင္ေနသူတစ္ဦးအေၾကာင္း

ဘဝသည္ လူတိုင္းအတြက္မူ ပန္းခင္းေသာ ေမြ႔ယာတစ္ခုမဟုတ္ေခ်။

ငယ္စဥ္ကတည္း ၾကမ္းတမ္းခက္ခဲေသာ စိန္ေခၚမႈမ်ားကို ရင္ဆိုင္ရသူ မ်ားစြာရွိသည္။

အခ်ဳိ႕မွာ မိသားစု စီးပြားေရးက်ပ္တည္းမႈေၾကာင့္ မိမိ၏ အိပ္မက္မ်ားကို စြန္႔လႊတ္စေတးကာ မိမိခ်စ္ရသူ တို႔အတြက္ အေထာက္အပံ့ေပးႏိုင္ရန္ ေက်ာင္းထြက္လိုက္ရသူမ်ားစြာ ရွိသည္။

ထိုသို႔ ၾကမ္းတမ္းခက္ထန္ေသာခရီးကို ျဖတ္သန္းရေသာ္လည္း ထိုဘဝအေျခအေနက ၎တို႔အေပၚ အဓိပၸာယ္ ဖြင့္ဆိုမႈကို အခ်ဳိ႕သူတို႔က လက္မခံ။

ခက္ခဲၾကမ္းတမ္းမႈကို ခံႏိုင္ရည္ရွိျခင္း၊ ဆံုးျဖတ္ခ်က္ခိုင္မာျခင္းတို႔ျဖင့္ မိမိတို႔၏ ဘဝအေတြ႔အၾကံဳမ်ားကို စိတ္ခြန္အားအျဖစ္ ေျပာင္းလဲကာ မိမိကိုယ္တိုင္ႏွင့္ မိသားစုအတြက္ ပိုမိုေကာင္းမြန္ေသာ အနာဂတ္ကို ပံုေဖာ္ ဖန္တီးႏိုင္ရန္ ၾကိဳးပမ္းေလ့ရွိသည္။

Trident Group ၏ ဥကၠဌ ရာဂ်င္ဒါ ဂုပၸတား (Rajinder Gupta) သည္ ေလာကဓံ၏ လႈိင္းမ်ားၾကားတြင္ မေလွ်ာ့ေသာဇြဲလံု႔လရွိမႈ၏ ျပယုဂ္ေကာင္းလည္း ျဖစ္သည္။

ပညာေရးဆံုးခန္းႏိုင္ တက္ႏိုင္သည့္ အခြင့္အလမ္းမရွိခဲ့ေသာ္လည္း ထိုသို႔ ပညာေရးမျပည့္စံုမႈက သူ၏ အနာဂတ္ကို ျပဌာန္းရန္ ရာဂ်င္ဒါက ခြင့္မျပဳခဲ့ေခ်။

ေအာင္ျမင္ရမည္ဟူေသာ မဆုတ္မနစ္သည့္ ဆံုးျဖတ္ခ်က္ခိုင္မာမႈႏွင့္အတူ Trident Group ကို တည္ေထာင္ ခဲ့ျပီး အထည္အလိပ္ေလာကတြင္ ထိပ္ဆံုးသို႔ ေရာက္လာခဲ့သည္။

ရာဂ်င္ဒါသည္ ၈ တန္းေက်ာင္းသားဘဝ အသက္ ၁၄ ႏွစ္အရြယ္တြင္ပင္ စာသင္ေက်ာင္းကို ေက်ာခိုင္းခဲ့ရျပီး ဖေယာင္းတိုင္၊ ကြန္ကရစ္ပိုက္ ထုတ္လုပ္ေရး အစရွိေသာ အလုပ္မ်ား အပါအဝင္ အလုပ္မ်ဳိးစံု ဝင္ေရာက္ လုပ္ကိုင္ခဲ့ရကာ တစ္ရက္လွ်င္ ရူပီး ၃၀ မွ်သာ လုပ္ခရခဲ့သည္။

ရာဂ်င္ဒါသည္ ဝါဂြမ္းကုန္သည္ငယ္တစ္ဦးအျဖစ္ စီးပြားေရးေလာကသို႔ စတင္ေျခခ်ခဲ့ျပီး ကနဦးကာလမ်ားတြင္ ၾကီးမားေသာ စိန္ေခၚမႈမ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည္။

ယင္းေနာက္ ႏွစ္ေပါင္းမ်ားစြာ ကုန္သည္ဘဝတြင္ ရုန္းကန္ျဖတ္သန္းျပီး အေတာ္အသင့္ ေငြစုမိခ်ိန္တြင္ ရာဂ်င္ဒါက ဘဝလမ္းေၾကာင္း ေျပာင္းလဲစြန္႔စားရန္ ဆံုးျဖတ္ခဲ့သည္။

သို႔ႏွင့္ ၁၉၈၅ ခုႏွစ္တြင္ Abhishek Industries အမည္ျဖင့္ ဓာတ္ေျမၾသဇာ စက္ရံုတစ္ခုကို ရူပီး ၆ ဒသမ ၅ ကုေဋျဖင့္ စတင္တည္ေထာင္ခဲ့သည္။

၁၉၉၁ ခုႏွစ္တြင္ Katai Mill အမည္ျဖင့္ ဖက္စပ္လုပ္ငန္းတစ္ခု တည္ေထာင္ခဲ့ျပီး ထိုလုပ္ငန္းမွာ အလြန္ အက်ဳိးအျမတ္ရခဲ့သည္။

ယင္းေနာက္ ရာဂ်င္ဒါက ပန္ဂ်ပ္ႏွင့္ မဒယာ ပရာဒက္ရွ္ျပည္နယ္မ်ားတြင္ အထည္အလိပ္၊ စကၠဴႏွင့္ ဓာတု စက္ရံုမ်ား တည္ေထာင္ကာ လုပ္ငန္းနယ္ပယ္ခ်ဲ႕ထြင္ခဲ့သည္။

သူ၏ Trident Group သည္ JCPenney, Walmart ႏွင့္ Luxury and Linen တိုိ႔ကဲ့သို႔ အထင္ကရ လက္လီအေရာင္းကုမၸဏီၾကီးမ်ားႏွင့္ မိတ္ဘက္လက္တြဲခဲ့သည္။

ထိုသို႔ အလြန္ေအာင္ျမင္ေသာ စီးပြားေရးလုပ္ငန္းအုပ္စုၾကီးကို တည္ေထာင္ခဲ့ျပီးေနာက္ ရာဂ်င္ဒါသည္ ကိုယ္ေရးကိုယ္တာ ကိစၥမ်ားေၾကာင့္ ၂၀၂၂ ခုႏွစ္တြင္ Trident ၏ ဒါရိုက္တာ ဘုတ္အဖြဲ႔မွ ႏႈတ္ထြက္သြား ခဲ့သည္။

အသက္ ၆၄ ႏွစ္ရွိျပီျဖစ္ေသာ ရာဂ်င္ဒါသည္ လက္ရွိအားျဖင့္ Trident Group ၏ အခရာကုမၸဏီျဖစ္ေသာ Trident Limited ၏ ဥကၠဌအျဖစ္ ေဆာင္ရြက္လ်က္ရွိသည္။ လက္ရွိတြင္ Trident Limited ၏ေစ်းကြက္တန္ေၾကးမွာ ရူပီး ၁၈၀ ဒသမ ၇၆ ဘီလီယံ ျဖစ္သည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Meet man, school dropout, who used to earn Rs 30 per day, built Rs 18076 crore company, his business is… (dnaindia)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service