ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်းပုံ သိစေလိုသောကြောင့် လမ်းဘေးတွင် ဈေးရောင်းခိုင်းရာ ၁၀ ရက် အတွင်း ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀) ရခဲ့ပြီးနောက် ကျောင်းထွက်သွားသည့်ဖြစ်ရပ်

ဘဝအောင်မြင်မှုက ပညာရေးအပေါ် အခြေခံသလား (သို့မဟုတ်) တရုတ်ပြည်တွင် ကျောင်းမတက်လိုသော သားဖြစ်သူကို လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်းပုံ သိစေလိုသောကြောင့် လမ်းဘေးတွင် ဈေးရောင်းခိုင်းရာ ၁၀ ရက် အတွင်း ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀) ရခဲ့ပြီးနောက် ကျောင်းထွက်သွားသည့်ဖြစ်ရပ် - Property Knowledge in Myanmar from iMyanmarHouse.com
30 Sep 2024 9:39 am တွင် တင်ခဲ့သည်
708 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

တရုတ်ပြည်အရှေ့ပိုင်းတွင် ဈေးရောင်းသည့်အလုပ် စတင်လုပ်ကိုင်ကြည့်သော ဆယ်ကျော်သက်လူငယ် တစ်ဦးသည် ၁၀ ရက်အတွင်း ယွမ် ၁၀၀၀၀ (ကန်ဒေါ်လာ ၁၄၀၀) ရခဲ့ပြီးနောက် ကျောင်းထွက်လိုက်ကြောင်း South China Morning Post (SCMP) သတင်းတစ်ရပ်တွင် ဖော်ပြသည်။

လက်တွေ့ဘဝ၏ ခက်ခဲကြမ်းတမ်းသည့် စိန်ခေါ်မှုများကို သားဖြစ်သူ သိလာစေရန်အတွက် မိခင်က စမ်းသပ် ဈေးရောင်းခိုင်းခဲ့ခြင်း ဖြစ်သည်။

လူငယ်၏ အမည်မှာ ရှန်းဟုသာသိရပြီး မိခင်၏ အမည်မှာ မိသားစုမျိုးရိုးအမည် တိန့် (Deng) ဟုသာ သိရသည်။

တိန့်က SCMP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောပြသည်မှာ အသက် ၁၇ နှစ်အရွယ်ရှိ သားဖြစ်သူ သည် အချက်အပြုတ်ပညာနှင့် အသက်မွေးဝမ်းကျောင်း ကျောင်းတစ်ခုတွင် တက်ရောက်နေသူဖြစ်ပြီး ကျောင်းတွင် အဆင့်များ ကျဆင်းလာနေသောကြောင့် မိမိအနေဖြင့် လက်တွေ့ဘဝကို သိစေရန် ဈေးရောင်း ခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ကျောင်းစာ ညံ့နေသည့်အပေါ် မိခင်ဖြစ်သူက သားကို ဆူပူသည့်အခါ သားဖြစ်သူ ရှန်းကပြောသည်မှာ ၎င်းအနေဖြင့် ကျောင်းမတက်ချင်တော့ကြောင်း၊ ကျောင်းစာသင်ရခြင်းမှာ အဓိပ္ပာယ်မရှိကြောင်း ပြောသည်ဟု ဆိုသည်။

မိခင်ကြီး တိန့်က ကျဲ့ကျန်းပြည်နယ် (Zhejiang)၊ ကျားရှီးန် (Jiaxing) မြို့တွင် လမ်းဘေးဆိုင်လေးဖြင့် ကြက်ကြော်ရောင်းနေသည်မှာ ၃ နှစ်ကျော်ရှိခဲ့ပြီ။

သားဖြစ်သူကို လက်တွေ့ဘဝ၏ စိန်ခေါ်မှု အရှိတရားများနှင့် ထိတွေ့စေမည်ဆိုပါက ပညာရေးတွင် ကြိုးကြိုးစားစားရှိလာစေရန် လှုံ့ဆော်ပေးနိုင်မည်ဟု မိခင်ကြီး တိန့်က ယူဆခဲ့သည်။

“သူက ကျောင်းပညာရေးရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်မဆိုင်ချင်ဘူး။ ဒါကြောင့် ကျွန်မက လက်တွေ့ဘဝရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြည့်ခိုင်းတာပါ။ ငွေရှာရတာ မလွယ်ပါဘူး” ဟု တိန့်က ပြောသည်။

သို့နှင့် မိခင်ကြီး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရှန်းက ဘက်ထရီစက်ဘီးတစ်စီးကို မုန့်ဆိုင်ငယ်တစ်ခုအဖြစ် ပြင်ဆင်စီစဉ်ခဲ့သည်။

 

(မိခင်ကြီးတိန့်၏ လမ်းညွှန်မှုဖြင့် ရှန်းက ဘက်ထရီစက်ဘီး မုန့်ဆိုင်လေး ဆောက်လုပ်ခဲ့သည်။ ဓာတ်ပုံ-QQ)

 

ရှန်းသည် ၁၀ ရက်တာအတွင်း ယွမ် ၁၀၀၀၀ အထိ ရရှိခဲ့သည်ဟုဆိုသည်။

တိန့်က ပြောသည်မှာ သားဖြစ်သူ ဈေးရောင်းရာတွင် အောင်မြင်မှုရရှိခြင်းမှာ အလုပ်ကြိုးစားမှုအပြင် ဖောက်သည်တို့က သစ္စာရှိရှိ တစိုက်မတ်မတ် အားပေးကြမှုများကြောင့်ဖြစ်ကြောင်း ပြောသည်။

ရှန်းသည် မနက်တိုင်းစောစာထလေ့ရှိပြီး မနက် ၉ နာရီခန့်တွင် ရောင်းချမည့်ပစ္စည်းတို့ကို စတင်ပြင်ဆင် ကြောင်း၊ ညနေ ၄ နာရီခန့်တွင် ဆိုင်စထွက်ကြောင်း၊ ဈေးရောင်းမည့်နေရာရှိရာသို့ ၁၃ ကီလိုမီတာခန့် သွားရကြောင်း၊ ထိုနေရာတွင် ကြက်ကြော်ကို တစ်ညလုံးရောင်းချပြီး မနက် ၃ နာရီခန့်မှ အိမ်ပြန်ရောက် ကြောင်း မိခင်ကြီးက ပြောပြသည်။

ယခုအခါ ရှန်း၏ ရည်မှန်းချက်မှာ လျှပ်စစ် ၃ ဘီးယာဉ်တစ်ခု ဝယ်ရန် ငွေစုဆောင်းရန်ဖြစ်သည်ဟု ဆိုသည်။

“သူက ဝီရိယ အရမ်းကောင်းတယ်။ ကျွန်မက သူ့ကို အလုပ်အပေါ် အရမ်းမစွဲလမ်းစေချင်ဘူး” ဟု တိန့်က SCMP သို့ ပြောသည်။

မိခင်ကြီးက အပြင်လောက၏ ခက်ခဲကြမ်းတမ်းပုံကို သိစေလိုပြီး ကျောင်းစာကြိုးစားစေလိုသောကြောင့် စမ်းသပ်ဈေးရောင်းခိုင်းခဲ့သော်လည်း လုပ်ငန်းအောင်မြင်မှုများကြောင့် ဆန့်ကျင်ဘက်ရလဒ်ကိုသာ ဦးတည်စေခဲ့ပြီး ရှန်းမှာ ကျောင်းထွက်ခဲ့သည်။

ပညာရေးကို ကျောမခိုင်းရန် မိခင်ကြီးက အကြိမ်ကြိမ်နားချခဲ့သော်လည်း ရှန်းမှာ ယတိပြတ်ဆုံးဖြတ်ထားပြီး ဖြစ်သည်။

 

(မိခင်ကြီးက ပညာရေးကို ကျောမခိုင်းရန် အကြိမ်ကြိမ်ဖျောင်းဖျခဲ့သော်လည်း ကနဦး အလုပ်အောင်မြင်မှု များကြောင့် ရှန်းတစ်ယောက် ကျောင်းထွက်လိုက်သည်။ ဓာတ်ပုံ-QQ.com)

 

“၁၇ နှစ်သား ကလေးတစ်ယောက်မှာ လွတ်လပ်တဲ့အတွေးအခေါ်တွေ ရှိခဲ့တယ်။

မိဘအနေနဲ့ကတော့ ပံ့ပိုးပေးဖို့ပဲ ရှိပါတော့တယ်” ဟု တိန့်က ပြောသည်။

“သူ လိုလားတဲ့ဘဝမှာ မရှင်သန်ရဘူးဆိုရင် ပျော်ရွှင်နိုင်လိမ့်မှာ မဟုတ်ပါဘူး။ သားအတွက် ကျွန်မအဓိက အလေးထားတာကတော့ ကျန်းမာ ပျော်ရွှင်ဖို့ပါပဲ။ ဥပဒေနဲ့ မလွတ်ကင်းတာတွေ မလုပ်ဖို့ပဲ ဆုံးမပဲ့ပြင် ပေးရတော့မှာပါ” ဟု တိန့်က ဆက်လက်ပြောကြားသည်။

ယခုဖြစ်ရပ်သည် တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် ထိပ်တန်းသတင်းတစ်ရပ် ဖြစ်ခဲ့သည်။

Weibo လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “စာသင်ကျောင်းက ဘဝဖြတ်သန်းရမယ့် တစ်ခုတည်းသော လမ်းကြောင်း မဟုတ်ပါဘူး။ လူတစ်ယောက်က စာသင်ဖို့ စိတ်မဝင်စားဘူးဆိုရင် ဘဝရပ်တည်နိုင်ဖို့ တစ်ခုခုမှာ ထူးချွန်တာကလည်း တန်ဖိုးရှိတဲ့ ရွေးချယ်မှုပါပဲ” ဟု မှတ်ချက်ပြုသည်။

“သမားရိုးကျ ကျားမိခင်..တွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် တိန့်က စာသင်ဖို့ပဲ ဖိအားမပေးဘဲ သားဖြစ်သူရဲ့ အတွေးစိတ်ကူးတွေကို လေးစားမှုထားတာ တွေ့ရပါတယ်။” ဟု အခြားတစ်ဦးက မှတ်ချက်ပြုသည်။

တရုတ်ပြည်တွင် ကျားမိခင်…ဝံပုလွေဖခင်ဟူသော စကားများ ရှိသည်။

သားသမီးများ ကျောင်းစာကို အပြင်းအထန် လေ့လာဆည်းပူးကြစေရန်အတွက် စည်းကမ်း အလွန်တင်းကြပ် သော မိဘများကို ရည်ညွှန်းခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: China mum aims to teach son lesson, makes him work at snack stall, he earns US$1,400 in 10 days (scmp) Photo Credit-QQ.com

 

[Zawgyi]

ဘဝေအာင္ျမင္မႈက ပညာေရးအေပၚ အေျခခံသလား (သို႔မဟုတ္) တရုတ္ျပည္တြင္ ေက်ာင္းမတက္လိုေသာ သားျဖစ္သူကို လက္ေတြ႔ဘဝ၏ ခက္ခဲၾကမ္းတမ္းပံု သိေစလိုေသာေၾကာင့္ လမ္းေဘးတြင္ ေစ်းေရာင္းခိုင္းရာ ၁၀ ရက္ အတြင္း ယြမ္ ၁၀၀၀၀ (ကန္ေဒၚလာ ၁၄၀၀) ရခဲ့ျပီးေနာက္ ေက်ာင္းထြက္သြားသည့္ျဖစ္ရပ္

တရုတ္ျပည္အေရွ႕ပိုင္းတြင္ ေစ်းေရာင္းသည့္အလုပ္ စတင္လုပ္ကိုင္ၾကည့္ေသာ ဆယ္ေက်ာ္သက္လူငယ္ တစ္ဦးသည္ ၁၀ ရက္အတြင္း ယြမ္ ၁၀၀၀၀ (ကန္ေဒၚလာ ၁၄၀၀) ရခဲ့ျပီးေနာက္ ေက်ာင္းထြက္လိုက္ေၾကာင္း South China Morning Post (SCMP) သတင္းတစ္ရပ္တြင္ ေဖာ္ျပသည္။

လက္ေတြ႔ဘဝ၏ ခက္ခဲၾကမ္းတမ္းသည့္ စိန္ေခၚမႈမ်ားကို သားျဖစ္သူ သိလာေစရန္အတြက္ မိခင္က စမ္းသပ္ ေစ်းေရာင္းခိုင္းခဲ့ျခင္း ျဖစ္သည္။

လူငယ္၏ အမည္မွာ ရွန္းဟုသာသိရျပီး မိခင္၏ အမည္မွာ မိသားစုမ်ဳိးရိုးအမည္ တိန္႔ (Deng) ဟုသာ သိရသည္။

တိန္႔က SCMP သတင္းဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ေျပာျပသည္မွာ အသက္ ၁၇ ႏွစ္အရြယ္ရွိ သားျဖစ္သူ သည္ အခ်က္အျပဳတ္ပညာႏွင့္ အသက္ေမြးဝမ္းေက်ာင္း ေက်ာင္းတစ္ခုတြင္ တက္ေရာက္ေနသူျဖစ္ျပီး ေက်ာင္းတြင္ အဆင့္မ်ား က်ဆင္းလာေနေသာေၾကာင့္ မိမိအေနျဖင့္ လက္ေတြ႔ဘဝကို သိေစရန္ ေစ်းေရာင္း ခိုင္းခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။

ေက်ာင္းစာ ညံ့ေနသည့္အေပၚ မိခင္ျဖစ္သူက သားကို ဆူပူသည့္အခါ သားျဖစ္သူ ရွန္းကေျပာသည္မွာ ၎အေနျဖင့္ ေက်ာင္းမတက္ခ်င္ေတာ့ေၾကာင္း၊ ေက်ာင္းစာသင္ရျခင္းမွာ အဓိပၸာယ္မရွိေၾကာင္း ေျပာသည္ဟု ဆိုသည္။

မိခင္ၾကီး တိန္႔က က်ဲ႕က်န္းျပည္နယ္ (Zhejiang)၊ က်ားရွီးန္ (Jiaxing) ျမိဳ႕တြင္ လမ္းေဘးဆိုင္ေလးျဖင့္ ၾကက္ေၾကာ္ေရာင္းေနသည္မွာ ၃ ႏွစ္ေက်ာ္ရွိခဲ့ျပီ။

သားျဖစ္သူကို လက္ေတြ႔ဘဝ၏ စိန္ေခၚမႈ အရွိတရားမ်ားႏွင့္ ထိေတြ႔ေစမည္ဆိုပါက ပညာေရးတြင္ ၾကိဳးၾကိဳးစားစားရွိလာေစရန္ လံႈ႔ေဆာ္ေပးႏိုင္မည္ဟု မိခင္ၾကီး တိန္႔က ယူဆခဲ့သည္။

“သူက ေက်ာင္းပညာေရးရဲ႕ စိန္ေခၚမႈေတြနဲ႔ ရင္မဆိုင္ခ်င္ဘူး။ ဒါေၾကာင့္ ကၽြန္မက လက္ေတြ႔ဘဝရဲ႕ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ၾကည့္ခိုင္းတာပါ။ ေငြရွာရတာ မလြယ္ပါဘူး” ဟု တိန္႔က ေျပာသည္။

သို႔ႏွင့္ မိခင္ၾကီး၏ ၾကီးၾကပ္လမ္းညႊန္မႈျဖင့္ ရွန္းက ဘက္ထရီစက္ဘီးတစ္စီးကို မုန္႔ဆိုင္ငယ္တစ္ခုအျဖစ္ ျပင္ဆင္စီစဥ္ခဲ့သည္။

(မိခင္ၾကီးတိန္႔၏ လမ္းညႊန္မႈျဖင့္ ရွန္းက ဘက္ထရီစက္ဘီး မုန္႔ဆိုင္ေလး ေဆာက္လုပ္ခဲ့သည္။ ဓာတ္ပံု-QQ)

ရွန္းသည္ ၁၀ ရက္တာအတြင္း ယြမ္ ၁၀၀၀၀ အထိ ရရွိခဲ့သည္ဟုဆိုသည္။

တိန္႔က ေျပာသည္မွာ သားျဖစ္သူ ေစ်းေရာင္းရာတြင္ ေအာင္ျမင္မႈရရွိျခင္းမွာ အလုပ္ၾကိဳးစားမႈအျပင္ ေဖာက္သည္တို႔က သစၥာရွိရွိ တစိုက္မတ္မတ္ အားေပးၾကမႈမ်ားေၾကာင့္ျဖစ္ေၾကာင္း ေျပာသည္။

ရွန္းသည္ မနက္တိုင္းေစာစာထေလ့ရွိျပီး မနက္ ၉ နာရီခန္႔တြင္ ေရာင္းခ်မည့္ပစၥည္းတို႔ကို စတင္ျပင္ဆင္ ေၾကာင္း၊ ညေန ၄ နာရီခန္႔တြင္ ဆိုင္စထြက္ေၾကာင္း၊ ေစ်းေရာင္းမည့္ေနရာရွိရာသို႔ ၁၃ ကီလိုမီတာခန္႔ သြားရေၾကာင္း၊ ထိုေနရာတြင္ ၾကက္ေၾကာ္ကို တစ္ညလံုးေရာင္းခ်ျပီး မနက္ ၃ နာရီခန္႔မွ အိမ္ျပန္ေရာက္ ေၾကာင္း မိခင္ၾကီးက ေျပာျပသည္။

ယခုအခါ ရွန္း၏ ရည္မွန္းခ်က္မွာ လွ်ပ္စစ္ ၃ ဘီးယာဥ္တစ္ခု ဝယ္ရန္ ေငြစုေဆာင္းရန္ျဖစ္သည္ဟု ဆိုသည္။

“သူက ဝီရိယ အရမ္းေကာင္းတယ္။ ကၽြန္မက သူ႔ကို အလုပ္အေပၚ အရမ္းမစြဲလမ္းေစခ်င္ဘူး” ဟု တိန္႔က SCMP သို႔ ေျပာသည္။

မိခင္ၾကီးက အျပင္ေလာက၏ ခက္ခဲၾကမ္းတမ္းပံုကို သိေစလိုျပီး ေက်ာင္းစာၾကိဳးစားေစလိုေသာေၾကာင့္ စမ္းသပ္ေစ်းေရာင္းခိုင္းခဲ့ေသာ္လည္း လုပ္ငန္းေအာင္ျမင္မႈမ်ားေၾကာင့္ ဆန္႔က်င္ဘက္ရလဒ္ကိုသာ ဦးတည္ေစခဲ့ျပီး ရွန္းမွာ ေက်ာင္းထြက္ခဲ့သည္။

ပညာေရးကို ေက်ာမခိုင္းရန္ မိခင္ၾကီးက အၾကိမ္ၾကိမ္နားခ်ခဲ့ေသာ္လည္း ရွန္းမွာ ယတိျပတ္ဆံုးျဖတ္ထားျပီး ျဖစ္သည္။

(မိခင္ၾကီးက ပညာေရးကို ေက်ာမခိုင္းရန္ အၾကိမ္ၾကိမ္ေဖ်ာင္းဖ်ခဲ့ေသာ္လည္း ကနဦး အလုပ္ေအာင္ျမင္မႈ မ်ားေၾကာင့္ ရွန္းတစ္ေယာက္ ေက်ာင္းထြက္လုိက္သည္။ ဓာတ္ပံု-QQ.com)

“၁၇ ႏွစ္သား ကေလးတစ္ေယာက္မွာ လြတ္လပ္တဲ့အေတြးအေခၚေတြ ရွိခဲ့တယ္။ မိဘအေနနဲ႔ကေတာ့ ပံ့ပိုးေပးဖို႔ပဲ ရွိပါေတာ့တယ္” ဟု တိန္႔က ေျပာသည္။

“သူ လိုလားတဲ့ဘဝမွာ မရွင္သန္ရဘူးဆိုရင္ ေပ်ာ္ရႊင္ႏိုင္လိမ့္မွာ မဟုတ္ပါဘူး။ သားအတြက္ ကၽြန္မအဓိက အေလးထားတာကေတာ့ က်န္းမာ ေပ်ာ္ရႊင္ဖုိ႔ပါပဲ။ ဥပေဒနဲ႔ မလြတ္ကင္းတာေတြ မလုပ္ဖို႔ပဲ ဆံုးမပဲ့ျပင္ ေပးရေတာ့မွာပါ” ဟု တိန္႔က ဆက္လက္ေျပာၾကားသည္။

ယခုျဖစ္ရပ္သည္ တရုတ္ျပည္မၾကီး လူမႈကြန္ရက္တြင္ ထိပ္တန္းသတင္းတစ္ရပ္ ျဖစ္ခဲ့သည္။

Weibo လူမႈကြန္ရက္သံုးစြဲသူတစ္ဦးက “စာသင္ေက်ာင္းက ဘဝျဖတ္သန္းရမယ့္ တစ္ခုတည္းေသာ လမ္းေၾကာင္း မဟုတ္ပါဘူး။ လူတစ္ေယာက္က စာသင္ဖုိ႔ စိတ္မဝင္စားဘူးဆိုရင္ ဘဝရပ္တည္ႏိုင္ဖို႔ တစ္ခုခုမွာ ထူးခၽြန္တာကလည္း တန္ဖိုးရွိတဲ့ ေရြးခ်ယ္မႈပါပဲ” ဟု မွတ္ခ်က္ျပဳသည္။

“သမားရိုးက် က်ားမိခင္..ေတြနဲ႔ ယွဥ္ၾကည့္မယ္ဆိုရင္ တိန္႔က စာသင္ဖို႔ပဲ ဖိအားမေပးဘဲ သားျဖစ္သူရဲ႕ အေတြးစိတ္ကူးေတြကို ေလးစားမႈထားတာ ေတြ႔ရပါတယ္။” ဟု အျခားတစ္ဦးက မွတ္ခ်က္ျပဳသည္။

တရုတ္ျပည္တြင္ က်ားမိခင္…ဝံပုေလြဖခင္ဟူေသာ စကားမ်ား ရွိသည္။

သားသမီးမ်ား ေက်ာင္းစာကို အျပင္းအထန္ ေလ့လာဆည္းပူးၾကေစရန္အတြက္ စည္းကမ္း အလြန္တင္းၾကပ္ ေသာ မိဘမ်ားကို ရည္ညႊန္းျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: China mum aims to teach son lesson, makes him work at snack stall, he earns US$1,400 in 10 days (scmp) Photo Credit-QQ.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service