မြေငှားဂရန်သက်တမ်းတိုး ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

မြေငှားဂရန်သက်တမ်းတိုး ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
22 Sep 2024 11:38 am တွင် တင်ခဲ့သည်
465 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

လူနေထိုင်ရန်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက်ဖြစ်စေ အစိုးရထံတွင် လိုင်စင်မြေ၊ ပါမစ်မြေ၊ စကွာတာမြေတို့အား မြေငှားစာချုပ် ဂရန်လျှောက်ထားခြင်း ပြုနိုင်ပါသည်။ မြေငှားဂရန်များရရှိပြီး သောအခါတွင် မြေငှားဂရန်မှာ နှစ်ကာလအပိုင်းအခြားဖြင့် ထုတ်ပေးသောကြောင့် သတ်မှတ်ကာလ မကုန်ဆုံးခင် (၃)လအလိုတွင် သက်တမ်းတိုးခြင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

ထိုသို့သက်တမ်းတိုးဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ စာရွက်စာတမ်းများပါဝင်၍ စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနတွင် လျှောက်ထားမှုပြုရမည်ဖြစ်ပါသည်။

- သက်တမ်းတိုးမည့်မြေ၏ မြေငှားစာချုပ်ဂရန် မူရင်း၊

- လျှောက်ထားသည့်မြေ၏ မှတ်ပုံတင်စာချုပ်စာတမ်းများ

- လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ

- မြေငှားခကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခ နောက်ဆုံးပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူ မူရင်းတို့ ပူးတွဲ တင်ပြရန်လိုပါသည်။

မြေငှားစာချုပ်အား သက်တမ်းတိုးလျှောက်ထားရာတွင် မြေငှားဂရန်အား အမည်ပေါက်ပိုင်ဆိုင်သူ၊မှတ်ပုံတင် စာချုပ်စာတမ်းဖြင့် လွှဲပြောင်းဆက်ခံသူ၊ တရားရုံးက ထုတ်ပေးသည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရောင်းကြောင်း လက်မှတ်စာရရှိသူတို့မှ မြေကွက်အား သက်တမ်းတိုးဆောင်ရွက်နိုင်ပါသည်။

ဌာနမှ အထက်ဖော်ပြပါ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများအား မူရင်းများနှင့် တိုက်ဆိုင်ပြီး မိတ္တူကို စီစစ်လက်ခံပေးပါသည်။‌ မြေစာရင်းနှင့် ကိုက်ညီမှုရှိမရှိ စီစစ်ပြီးသည့်အခါတွင်လဲ (၁၄)ရက်အတွင်း ကန့်ကွက်ရန်ရှိမရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကြေငြာခြင်းပြုစေမည်ဖြစ်ပါသည်။ သက်တမ်းကုန်လွန်နေသော ဂရန်မြေဖြစ်ပါက မူရင်းပြန်လည်အပ်နှံခြင်း လျှောက်ထားသူမှပြုရ မည်ဖြစ်ကာ သတ်မှတ်ဒဏ်ကြေးအားလဲ ထမ်းဆောင်ရမည်ဖြစ်ပါသည်။

မြေငှားဂရန် ပျောက်ဆုံးကာ ဂရန်သက်တမ်းဆောင်ရွက်လိုကြောင်း အမည်ပေါက်၊ မှတ်ပုံတင် စာချုပ်စာတမ်းဖြင့် လွှဲပြောင်းဆက်ခံသူ၊ တရားရုံးက ထုတ်ပေးသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းရောင်းကြောင်း လက်မှတ်စာရသူတို့မှ တင်ပြလာပါက ဌာနမှ အမှန်တကယ် ဂရန်ထုတ်ပေးခဲ့ခြင်း ရှိမရှိ မြို့မြေစာရင်းနှင့် စာရင်းတိုက်ဆိုင် စစ်ဆေးပေးမည် ဖြစ်ပါသည်။

မြေစာရင်း၊ မြို့မြေစာရင်းများနှင့် ကိုက်ညီပါက ဂရန်ပျောက် သက်တမ်းတိုးရန်အတွက် အမှန်တကယ် ဂရန်ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံချက်၊ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်တို့အပြင် ပျောက်ဆုံးခြင်းအတွက် လျှောက်ထားသူကိုယ်တိုင်မှ ကျမ်းကျိန်လွှာနှင့် ကိုယ်တိုင်ရေး ဝန်ခံချက်တို့ တင်ပြပေးနိုင်ရပါမည်။

ဌာနမှ မြေကွက်အား ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်း ဂရန်ပျောက်မူရင်းခွဲ လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ကန့်ကွက်ရှိမရှိ သတင်းစာကြေညာခြင်းတို့ ဆောင်ရွက်စေပြီး ကန့်ကွက်ခြင်း တစ်စုံတစ်ရာမပေါ်ပေါက်ပါကအထူးကပ်တံဆိပ် ခေါင်းကပ်စေကာ ဂရန်မူရင်းခွဲတစ်စောင်ထုတ်ပေးနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ေျမငွားဂရန္သက္တမ္းတိုး ေဆာင္႐ြက္ျခင္းအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါသည္။

လူေနထိုင္ရန္ျဖစ္ေစ၊ စီးပြားေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္အတြက္ျဖစ္ေစ အစိုးရထံတြင္ လိုင္စင္ေျမ၊ ပါမစ္ေျမ၊ စကြာတာေျမတို႔အား ေျမငွားစာခ်ဳပ္ ဂရန္ေလွ်ာက္ထားျခင္း ျပဳႏိုင္ပါသည္။ ေျမငွားဂရန္မ်ားရ႐ွိၿပီး ေသာအခါတြင္ ေျမငွားဂရန္မွာ ႏွစ္ကာလအပိုင္းအျခားျဖင့္ ထုတ္ေပးေသာေၾကာင့္ သတ္မွတ္ကာလ မကုန္ဆုံးခင္ (၃)လအလိုတြင္ သက္တမ္းတိုးျခင္း ေဆာင္႐ြက္ရမည္ ျဖစ္ပါသည္။

ထိုသို႔သက္တမ္းတိုးေဆာင္႐ြက္ရာတြင္ ေအာက္ေဖာ္ျပပါ စာ႐ြက္စာတမ္းမ်ားပါဝင္၍ စည္ပင္သာယာေရး ေကာ္မတီ၊ ၿမိဳ႕ျပႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနတြင္ ေလွ်ာက္ထားမႈျပဳရမည္ျဖစ္ပါသည္။

- သက္တမ္းတိုးမည့္ေျမ၏ ေျမငွားစာခ်ဳပ္ဂရန္ မူရင္း၊

- ေလွ်ာက္ထားသည့္ေျမ၏ မွတ္ပုံတင္စာခ်ဳပ္စာတမ္းမ်ား

- ေလွ်ာက္ထားသူ၏ မွတ္ပုံတင္မိတၱဴ

- ေျမငွားခေႂကြးက်န္ ကင္း႐ွင္းေၾကာင္း ေထာက္ခံခ်က္ (သို႔) ေျမငွားခ ေနာက္ဆုံးေပးေဆာင္ၿပီးေၾကာင္း ေျပစာမိတၱဴ မူရင္းတို႔ ပူးတြဲ တင္ျပရန္လိုပါသည္။

ေျမငွားစာခ်ဳပ္အား သက္တမ္းတိုးေလွ်ာက္ထားရာတြင္ ေျမငွားဂရန္အား အမည္ေပါက္ပိုင္ဆိုင္သူ၊မွတ္ပုံတင္ စာခ်ဳပ္စာတမ္းျဖင့္ လႊဲေျပာင္းဆက္ခံသူ၊ တရား႐ုံးက ထုတ္ေပးသည့္ မေ႐ႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းေရာင္းေၾကာင္း လက္မွတ္စာရ႐ွိသူတို႔မွ ေျမကြက္အား သက္တမ္းတိုးေဆာင္႐ြက္ႏိုင္ပါသည္။

ဌာနမွ အထက္ေဖာ္ျပပါ ပိုင္ဆိုင္မႈအေထာက္အထား စာ႐ြက္စာတမ္းမ်ားအား မူရင္းမ်ားႏွင့္ တိုက္ဆိုင္ၿပီး မိတၱဴကို စီစစ္လက္ခံေပးပါသည္။‌ ေျမစာရင္းႏွင့္ ကိုက္ညီမႈ႐ွိမ႐ွိ စီစစ္ၿပီးသည့္အခါတြင္လဲ (၁၄)ရက္အတြင္း ကန္႔ကြက္ရန္႐ွိမ႐ွိ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံးႏွင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ ေၾကျငာျခင္းျပဳေစမည္ျဖစ္ပါသည္။ သက္တမ္းကုန္လြန္ေနေသာ ဂရန္ေျမျဖစ္ပါက မူရင္းျပန္လည္အပ္ႏွံျခင္း ေလွ်ာက္ထားသူမွျပဳရ မည္ျဖစ္ကာ သတ္မွတ္ဒဏ္ေၾကးအားလဲ ထမ္းေဆာင္ရမည္ျဖစ္ပါသည္။

ေျမငွားဂရန္ ေပ်ာက္ဆုံးကာ ဂရန္သက္တမ္းေဆာင္႐ြက္လိုေၾကာင္း အမည္ေပါက္၊ မွတ္ပုံတင္ စာခ်ဳပ္စာတမ္းျဖင့္ လႊဲေျပာင္းဆက္ခံသူ၊ တရား႐ုံးက ထုတ္ေပးေသာ မေ႐ႊ႕မေျပာင္းႏိုင္သည့္ ပစၥည္းေရာင္းေၾကာင္း လက္မွတ္စာရသူတို႔မွ တင္ျပလာပါက ဌာနမွ အမွန္တကယ္ ဂရန္ထုတ္ေပးခဲ့ျခင္း ႐ွိမ႐ွိ ၿမိဳ႕ေျမစာရင္းႏွင့္ စာရင္းတိုက္ဆိုင္ စစ္ေဆးေပးမည္ ျဖစ္ပါသည္။

ေျမစာရင္း၊ ၿမိဳ႕ေျမစာရင္းမ်ားႏွင့္ ကိုက္ညီပါက ဂရန္ေပ်ာက္ သက္တမ္းတိုးရန္အတြက္ အမွန္တကယ္ ဂရန္ေပ်ာက္ဆုံးေၾကာင္း ရဲစခန္းေထာက္ခံခ်က္၊ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ေထာက္ခံခ်က္တို႔အျပင္ ေပ်ာက္ဆုံးျခင္းအတြက္ ေလွ်ာက္ထားသူကိုယ္တိုင္မွ က်မ္းက်ိန္လႊာႏွင့္ ကိုယ္တိုင္ေရး ဝန္ခံခ်က္တို႔ တင္ျပေပးႏိုင္ရပါမည္။

ဌာနမွ ေျမကြက္အား ကြင္းဆင္းတိုင္းတာစစ္ေဆးျခင္း ဂရန္ေပ်ာက္မူရင္းခြဲ ေလွ်ာက္ထားျခင္းႏွင့္ စပ္လ်ဥ္း၍ ကန္႔ကြက္႐ွိမ႐ွိ သတင္းစာေၾကညာျခင္းတို႔ ေဆာင္႐ြက္ေစၿပီး ကန္႔ကြက္ျခင္း တစ္စုံတစ္ရာမေပၚေပါက္ပါကအထူးကပ္တံဆိပ္ ေခါင္းကပ္ေစကာ ဂရန္မူရင္းခြဲတစ္ေစာင္ထုတ္ေပးႏိုင္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service