အိမ်သာဆေးသမား ဘဝမှ ဗြိတိန်၏ ကန်ဒေါ်လာ ၄၃၂ သန်းတန်ကြေးရှိ ထိပ်တန်း Luxury ဖိနပ်၊ လက်ကိုင်အိတ်နှင့် accessories ကုမ္ပဏီကြီး Kurt Geiger ၏ စီအီးအိုဖြစ်လာသူ
အိမ်သာဆေးသမား ဘဝမှ ဗြိတိန်၏ ကန်ဒေါ်လာ ၄၃၂ သန်းတန်ကြေးရှိ ထိပ်တန်း Luxury ဖိနပ်၊ လက်ကိုင်အိတ်နှင့် accessories ကုမ္ပဏီကြီး Kurt Geiger ၏ စီအီးအိုဖြစ်လာသူ - Property Knowledge in Myanmar from iMyanmarHouse.com
20 Sep 2024 10:32 am တွင် တင်ခဲ့သည်
626 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ကျောင်းစာမေးပွဲများ ကျရှုံးခဲ့ပြီးနောက် ခမ်းနားခြင်းကင်းမဲ့သော ဘဝလမ်းကို စတင်လျှောက်လှမ်းခဲ့သူ နီးလ် ကလစ်ဖို့ဒ် (Neil Clifford) တစ်ယောက် အိမ်သာသန့်ရှင်းရေးသမား၊ ရေနံဆီ လိုက်လံပို့ဆောင်ပေးသူ ဘဝများ ဖြင့် စတင်ဖြတ်သန်းခဲ့သည်။
ထိုသို့ အခြေခံအလုပ်များ လုပ်ကိုင်နေရသော်လည်း ကလစ်ဖို့ဒ်က ယခုအလုပ်များမှာ မိမိအား အောင်မြင်မှု ဆီသို့ မရောက်မီလုပ်ကိုင်နေရခြင်းသာဖြစ်ကြောင်း အခိုင်အမာယုံကြည်ထားခဲ့သည်။
ထိုအချိန်က လူအများက ကလစ်ဖို့ဒ်မှာ လက်တွေ့ဘဝမှ ကင်းလွတ်ပြီး စိတ်ကူးယဉ်နေခြင်းသာဖြစ်ကြောင်း မှတ်ယူခဲ့ကြသည်။
၁၉၈၃ ခုနှစ်တွင် ကလစ်ဖို့ဒ် ကျောင်းထွက်လိုက်၏။
ကျောင်းတွင် ဘာသာရပ်အားလုံး စာမေးပွဲကျပြိး ပြောပစရာ ထူးချွန်မှုဟူ၍ ပန်းချီဘက်တွင်သာ ရှိခဲ့သည်။
ယင်းနောက် Fiat ကားအရောင်းပြခန်းတွင် အိမ်သာဆေးသမားအဖြစ် အချိန်ပိုင်းလုပ်ကိုင်ကာ ဝင်ငွေရှာခဲ့၏။
သို့သော် တစ်နှစ်ခန့်အကြာတွင် ဗြိတိန်ဖက်ရှင်ကုမ္ပဏီ Topshop တည်ထောင်သူ Ralph Halpern ထံတွင် လက်ထောက်အရောင်းသမားအဖြစ် ဝင်ရောက်လုပ်ကိုင်ကာ ဖက်ရှင်လောကသို့ စတင်ခြေချမိသည်။
“ရှက်စရာကောင်းတဲ့ စာမေးပွဲရလဒ်ကြောင့် ဘာလုပ်ရမယ်မှန်း မသိတော့တဲ့ အခြေအနေမျိုး ရင်ဆိုင်ရပေမယ့် ဒါကြောင့် ကျွန်တော့်ဘဝ ပျက်စီးလိမ့်မှာမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို အားပေးခဲ့ပါတယ်” ဟု ကလစ်ဖို့ဒ်က ပြောသည်။
အရောင်းအကူအဖြစ် လုပ်ကိုင်ပြီးတစ်နှစ်မျှပင် မကြာသေးချိန်တွင် လန်ဒန်တွင် ဆိုင်တစ်ခုကို ကြီးကြပ်ခွင့် ရလာသည်။
ထိုအချိန်တွင် အသက် ၁၉ နှစ်အရွယ်သာရှိသေးသည်။
ဆိုင်မှ ပစ္စည်းများခိုးနေသော ဝန်ထမ်းတို့ကို အလုပ်ထုတ်ခဲ့ရပြီး ထိုသို့လုပ်ဆောင်မှုမှာ ဆိုင်အတွက် အပြောင်းအလဲတစ်ရပ်ဖြစ်လာစေခဲ့သည်။
ယင်းနောက်ပိုင်း ၁၈ လတာကာလအတွင်း ကလစ်ဖို့ဒ်သည် ကုမ္ပဏီတွင် ရာထူးအဆင့်ဆင့်တက်ခဲ့ပြီး Burton ၏ အကြီးမားဆုံး ဆိုင်ကို အုပ်ချုပ်ခွင့်ရလာခဲ့သည်။
ထိုအချိန်တွင် ကလစ်ဖို့ဒ်မှာ အသက် ၂၁ နှစ်အရွယ်သာရှိသေးပြီး ကုမ္ပဏီတစ်ခုလုံးတွင် အသက်အငယ်ဆုံး မန်နေဂျာတစ်ဦး ဖြစ်လာခဲ့သည်။
ယခုအချိန်တွင်မူ ကလစ်ဖို့ဒ်သည် နှစ်စဉ်ဝင်ငွေ ပေါင် သန်း ၃၃၀ (ကနဒေါ်လာ ၄၃၂ သန်း) ရှိသော ဖက်ရှင်ထိပ်သီး Kurt Geiger ကုမ္ပဏီကို ပဲ့ကိုင်လျက်ရှိသည်။
ကလစ်ဖို့ဒ် ရာထူးလျင်မြန်စွာတက်ခဲ့ရခြင်းတွင် မည်သည့် လျှို့ဝှက်ချက်များ ရှိနေသနည်း။
“ကိုယ့်ရဲ့သူဌေးကို ထက်မြက်အောင် အမြဲကြိုးစားပေးနေရမယ်” ဟု ကလစ်ဖို့ဒ်က ပြောသည်။
ကလစ်ဖို့ဒ်၏ အတွင်းစိတ်တွင်မူ သူဌေးကြီးတစ်ယောက်ဖြစ်လိုစိတ် အမြဲရှိနေခဲ့သည်။
အောက်ခြေအလုပ်များ လုပ်ကိုင်နေရသည့် အချိန်ကတည်းကပင် ထိုစိတ်က ကလစ်ဖို့ဒ်အား မောင်းနှင်အား ပေးနေခဲ့ခြင်း ဖြစ်သည်။
အိမ်သာဆေးသည်ဖြစ်စေ၊ ရေနံဆီပို့သည်ဖြစ်စေ၊ စီအီးအိုတာဝန်ထမ်းဆောင်သည်ဖြစ်စေ အလုပ်အပေါ် အကောင်းမြင်ကြောင်း၊ ငွေကိုသာ မကြည့်ကြောင်း ကလစ်ဖို့ဒ်က ပြောသည်။
“ကျွန်တော် အမြဲတမ်း အနိုင်ရချင်ပါတယ်” ဟု ကလစ်ဖို့ဒ်က ဆိုသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Kurt Geiger’s CEO went from cleaning toilets to running a $432 million fashion brand—he says he got promoted by making his boss look brilliant (finance)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
Golden City Condo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service