ဘဏ်သူဌေးသားဘဝမှ မဒရပ်မြို့ရှိ တဲလေးတစ်လုံးတွင် ပူဖောင်းအရုပ်များထုတ်လုပ်ကာ လမ်းတကာလှည့် အရုပ်ရောင်းရသူဘဝသို့ ရောက်ခဲ့ပြီးနောက် ရူပီး ၅၇၃၈၃ ကုဋေတန်ကြေးရှိ ကုမ္ပဏီပိုင်ရှင်ဖြစ်လာသူ အိန္ဒိယလုပ်ငန်းရှင်ကြီး မေမင်း မတ်ပလိုင်၏ အံ့ဖွယ်ဘဝခရီး

ဘဏ်သူဌေးသားဘဝမှ မဒရပ်မြို့ရှိ တဲလေးတစ်လုံးတွင် ပူဖောင်းအရုပ်များထုတ်လုပ်ကာ လမ်းတကာလှည့် အရုပ်ရောင်းရသူဘဝသို့ ရောက်ခဲ့ပြီးနောက် ရူပီး ၅၇၃၈၃ ကုဋေတန်ကြေးရှိ ကုမ္ပဏီပိုင်ရှင်ဖြစ်လာသူ အိန္ဒိယလုပ်ငန်းရှင်ကြီး မေမင်း မတ်ပလိုင်၏ အံ့ဖွယ်ဘဝခရီး - Property Knowledge in Myanmar from iMyanmarHouse.com
18 Sep 2024 10:45 am တွင် တင်ခဲ့သည်
940 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

မေမင်း မတ်ပလိုင် (Kandathil Mammen Mappillai) (တမီလ် အသံထွက်အားဖြင့် မိုင်းမင်း မတ်ပီလိန်) (မွေး ၁၉၂၂- ကွယ်လွန် ၂၀၀၃) သည် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ၊ စက်မှုလုပ်ငန်းရှင်ကြီးဖြစ်ပြီး အိန္ဒိယ၏ အကြီးမားဆုံး တာယာထုတ်လုပ်သည့် ကုမ္ပဏီ MRF ကို တည်ထောင်ခဲ့သူ ဖြစ်သည်။

မေမင်း မတ်ပလိုင်ကို အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်၊ မဒရပ်မြို့ (ယနေ့ခေတ်အမည်-ချင်းနိုင်မြို့) တွင် ၁၉၂၂ ခုနှစ်၌ မွေးဖွားပြီး မိဘများမှာ ဆီးရီးယားလူမျိုး ခရစ်ယာန်များ ဖြစ်ကြကာ မတ်ပလိုင်မှာ အငယ်ဆုံးသား ဖြစ်သည်။

ဖခင်မှာ ဘဏ်တစ်ခုနှင့် သတင်းစာတိုက်တစ်ခု ပိုင်ဆိုင်သော သူဌေးကြီးဖြစ်သော်လည်း သီရုဝိသမ်ကူရ် အမည်ရှိ တိုင်းပြည်မှ ရှင်ဘုရင်၏ ဖမ်းဆီးခံရကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရမှုနှင့်အတူ မိသားစု၏ ပိုင်ဆိုင်သမျှအရာအားလုံး သိမ်းယူခံခဲ့ရသောကြောင့် မတ်ပလိုင်တို့ မိသားစုမှာ ဆင်းရဲမွဲတေသွားခဲ့သည်။

(( မှတ်ချက်။ သီရုဝိသမ်ကူရ်တိုင်းပြည်ဟူသည်မှာ ရှေးယခင်က အိန္ဒိယတွင် တည်ရှိခဲ့သော တိုင်းနိုင်ငံတစ်ခုဖြစ်ကာ ၁၇၂၉ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ တည်ရှိရပ်တည်ခဲ့သည်။ သီရုဝိသမ်ကူရ် တိုင်းပြည်၏ တည်နေရာမှာ ယနေ့ခေတ် အိန္ဒိယနိုင်ငံ၊ ကီရာလာပြည်နယ်တောင်ပိုင်းနှင့် တမီလ်နာဒူး ပြည်နယ် တောင်ပိုင်း ဒေသများဖြစ်သည်။))

ထိုသို့ မိသားစု ကံဆိုးမိုးမှောင်ကျချိန်တွင် မေမင်း မတ်ပလိုင်မှာ မဒရပ် ခရစ်ယာန်ကောလိပ်တွင် ကျောင်းတက် နေစဉ်ကာလဖြစ်၏။

နေစရာအိမ်ပင် မရှိတော့သောကြောင့် စိန့်သောမတ်စ် ခန်းမ၏ ကြမ်းပြင်၌ အိပ်ခဲ့ရသည်။

ထိပ်တန်းအလွှာမှ သူဌေးသားတစ်ဦးအဖို့ အလွန်ကြေကွဲဖွယ် အခြေအနေပင်။

ထိုသို့ ပြောင်းလဲမှု မြန်ဆန်လှသော လောကဓံ၏ ရိုက်ပုတ်မှုကို မေမင်း မတ်ပလိုင် ကြံ့ကြံ့ခိုင် ကျော်လွှား နိုင်ခဲ့သည်။

၁၉၄၆ ခုနှစ်တွင် မတ်ပလိုင်သည် မဒရပ်မြို့စွန် (ယနေ့ခေတ် ချင်းနိုင်) ရှိ တဲငယ်လေးတစ်လုံးတွင် ကစားစရာ ပူဖောင်းရုပ်များ ထုတ်လုပ်သည့်လုပ်ငန်းငယ်တစ်ခုဖြင့် စက်မှုလုပ်ငန်းနယ်သို့ စတင်ဝင်ရောက်ခဲ့၏။

ထိုအရုပ်များကို ကိုယ်တိုင်ထုတ်လုပ်ကာ လမ်းတကာတွင် ကိုယ်တိုင်လှည့််လည်ရောင်းချခဲ့ရသည်။

ထိုအချိန်ကမူ လမ်းပေါ်မှ အရုပ်သည်လူငယ်တစ်ဦးသည် နောင်အခါတွင် ကမ္ဘာ့ထိပ်တန်း တာယာကုမ္ပဏီကြီး ၏ ပိုင်ရှင်ဖြစ်လာလိမ့်မည်ဟု မည်သူမှ ထင်ခဲ့မည် မဟုတ်ချေ။

၁၉၅၂ ခုနှစ်သို့ ရောက်သောအခါ မတ်ပလိုင် သတင်းတစ်ခု ကြားသိလာသည်။

ထိုသတင်းမှာ သူ၏ ဘဝလမ်းကြောင်း ပြောင်းလဲစေမည့် သတင်းဖြစ်နေသည်ကို ထိုစဉ်က မတွေးမိခဲ့။

အိန္ဒိယရှိ retreading plant တစ်ခုထံ နိုင်ငံခြားကုမ္ပဏီတစ်ခုက ရာဘာတင်သွင်းပေးနေသည့် သတင်း ဖြစ်သည်။

Retreading ဟူသည်မှာ တာယာဟောင်းများကို ပြန်လည်အသုံးပြုနိုင်စေရန် ပြုလုပ်ခြင်းဖြစ်ပြီး Tread ဟူသည်မှာမူ တာယာတို့၏ အပေါ်ဆုံး အလွှာ၊ လမ်းနှင့် ထိတွေ့ရသည့်အပိုင်းကို ခေါ်သည်။

ထိုအလုပ်ကို မိမိလည်း လုပ်၍ရနိုင်ကြောင်း မတ်ပလိုင်တွေးမိသည်။

သို့နှင့် မတ်ပလိုင်လည်း ပူဖောင်းရုပ် ထုတ်လုပ်ရောင်းချရာမှ ရရှိလာသောငွေများကို ထိုအလုပ်တွင် ပုံအော ရင်းနှီးခဲ့၏။

အလွန်အန္တရာယ်များသည့် စွန့်စားမှုဖြစ်သော်လည်း အလုပ်ဖြစ်ခဲ့ပါသည်။

၄ နှစ်တာအတွင်း သူ၏ ကုမ္ပဏီ MRF မှာ ဈေးကွက်ဝေစု ၅၀ ရာခိုင်နှုန်းအထိ ရရှိလာခဲ့သည်။

အိန္ဒိယဈေးကွက်မှ နိုင်ငံခြားကုမ္ပဏီများစွာ ထွက်ခွာသွားကြမှုကြောင့် MRF မှာ ထိုအခြေအနေအထိ အောင်မြင်ခဲ့ခြင်းလည်း ဖြစ်သည်။

မတ်ပလိုင်မှ ထိုမျှဖြင့် ရပ်မနေ။

တာယာထုတ်လုပ်ရေး လုပ်ငန်းနယ်ပယ်သို့ပါ ခြေချရန် ဆုံးဖြတ်ခဲ့သည်။

သို့နှင့် ၁၉၆၁ ခုနှစ်တွင် တာယာစက်ရုံတစ်ခု စတင်တည်ထောင်ခဲ့သည်။

သို့သော် နည်းပညာပိုင်း အခက်အခဲများကြောင့် MRF သည် အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သော Mansfield Tire & Rubber ကုမ္ပဏီနှင့် မိတ်ဘက်ပူးပေါင်းလုပ်ဆောင်ခဲ့ရ၏။

ထိုနှစ်အတွင်းတွင်ပင် မဒရပ်စကော့ဈေးကွက်တွင် ရှယ်ယာစတင်ရောင်းချကာ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့သည်။

၁၉၆၃ ခုနှစ်တွင်ကား MRF သည် အိန္ဒိယတွင် လူတိုင်းသိသည့် အမည်နာမတစ်ခု ဖြစ်လာခဲ့ပြီ။

ယနေ့ကာလတွင် MRF ၏ ရှယ်ယာတစ်စုတန်ကြေးမှာ ၁၀၂၅၃၄ ဒသမ ၁၅ ရူပီး ရှိနေပြီ ဖြစ်သည်။

MRF ၏ ဝင်ငွေမှာ ရူပီး ၂၃၀၀၈ ကုဋေ ရှိသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ အချက်အလက်များအရ MRF ကုမ္ပဏီ၏ တန်ကြေးမှာ ရူပီး ၄၃၄ ဘီလီယံ ရှိသည်။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Here is a glimpse into the success story of KM Mammen Mappillai (news18, zeenews, wikipedia, yourstory, jagran)

 

[Zawgyi]

ဘဏ္သူေဌးသားဘဝမွ မဒရပ္ျမိဳ႕ရွိ တဲေလးတစ္လံုးတြင္ ပူေဖာင္းအရုပ္မ်ားထုတ္လုပ္ကာ လမ္းတကာလွည့္ အရုပ္ေရာင္းရသူဘဝသို႔ ေရာက္ခဲ့ျပီးေနာက္ ရူပီး ၅၇၃၈၃ ကုေဋတန္ေၾကးရွိ ကုမၸဏီပိုင္ရွင္ျဖစ္လာသူ အိႏိၵယလုပ္ငန္းရွင္ၾကီး ေမမင္း မတ္ပလိုင္၏ အံ့ဖြယ္ဘဝခရီး

ေမမင္း မတ္ပလိုင္ (Kandathil Mammen Mappillai) (တမီလ္ အသံထြက္အားျဖင့္ မိုင္းမင္း မတ္ပီလိန္) (ေမြး ၁၉၂၂- ကြယ္လြန္ ၂၀၀၃) သည္ အိႏိၵယစီးပြားေရးလုပ္ငန္းရွင္ ၊ စက္မႈလုပ္ငန္းရွင္ၾကီးျဖစ္ျပီး အိႏိၵယ၏ အၾကီးမားဆံုး တာယာထုတ္လုပ္သည့္ ကုမၸဏီ MRF ကို တည္ေထာင္ခဲ့သူ ျဖစ္သည္။

ေမမင္း မတ္ပလိုင္ကို အိႏိၵယႏိုင္ငံ၊ ကီရာလာျပည္နယ္၊ မဒရပ္ျမိဳ႕ (ယေန႔ေခတ္အမည္-ခ်င္းႏိုင္ျမိဳ႕) တြင္ ၁၉၂၂ ခုႏွစ္၌ ေမြးဖြားျပီး မိဘမ်ားမွာ ဆီးရီးယားလူမ်ဳိး ခရစ္ယာန္မ်ား ျဖစ္ၾကကာ မတ္ပလိုင္မွာ အငယ္ဆံုးသား ျဖစ္သည္။

ဖခင္မွာ ဘဏ္တစ္ခုႏွင့္ သတင္းစာတိုက္တစ္ခု ပိုင္ဆိုင္ေသာ သူေဌးၾကီးျဖစ္ေသာ္လည္း သီရုဝိသမ္ကူရ္ အမည္ရွိ တိုင္းျပည္မွ ရွင္ဘုရင္၏ ဖမ္းဆီးခံရကာ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံရမႈႏွင့္အတူ မိသားစု၏ ပိုင္ဆိုင္သမွ်အရာအားလံုး သိမ္းယူခံခဲ့ရေသာေၾကာင့္ မတ္ပလိုင္တို႔ မိသားစုမွာ ဆင္းရဲမြဲေတသြားခဲ့သည္။

(( မွတ္ခ်က္။ သီရုဝိသမ္ကူရ္တိုင္းျပည္ဟူသည္မွာ ေရွးယခင္က အိႏိၵယတြင္ တည္ရွိခဲ့ေသာ တိုင္းႏိုင္ငံတစ္ခုျဖစ္ကာ ၁၇၂၉ ခုႏွစ္မွ ၁၉၄၉ ခုႏွစ္အထိ တည္ရွိရပ္တည္ခဲ့သည္။ သီရုဝိသမ္ကူရ္ တိုင္းျပည္၏ တည္ေနရာမွာ ယေန႔ေခတ္ အိႏိၵယႏိုင္ငံ၊ ကီရာလာျပည္နယ္ေတာင္ပိုင္းႏွင့္ တမီလ္နာဒူး ျပည္နယ္ ေတာင္ပိုင္း ေဒသမ်ားျဖစ္သည္။))

ထိုသို႔ မိသားစု ကံဆိုးမိုးေမွာင္က်ခ်ိန္တြင္ ေမမင္း မတ္ပလိုင္မွာ မဒရပ္ ခရစ္ယာန္ေကာလိပ္တြင္ ေက်ာင္းတက္ ေနစဥ္ကာလျဖစ္၏။

ေနစရာအိမ္ပင္ မရွိေတာ့ေသာေၾကာင့္ စိန္႔ေသာမတ္စ္ ခန္းမ၏ ၾကမ္းျပင္၌ အိပ္ခဲ့ရသည္။

ထိပ္တန္းအလႊာမွ သူေဌးသားတစ္ဦးအဖို႔ အလြန္ေၾကကဲြဖြယ္ အေျခအေနပင္။

ထိုသို႔ ေျပာင္းလဲမႈ ျမန္ဆန္လွေသာ ေလာကဓံ၏ ရိုက္ပုတ္မႈကို ေမမင္း မတ္ပလိုင္ ၾကံ႕ၾကံ႕ခိုင္ ေက်ာ္လႊား ႏိုင္ခဲ့သည္။

၁၉၄၆ ခုႏွစ္တြင္ မတ္ပလိုင္သည္ မဒရပ္ျမိဳ႕စြန္ (ယေန႔ေခတ္ ခ်င္းႏိုင္) ရွိ တဲငယ္ေလးတစ္လံုးတြင္ ကစားစရာ ပူေဖာင္းရုပ္မ်ား ထုတ္လုပ္သည့္လုပ္ငန္းငယ္တစ္ခုျဖင့္ စက္မႈလုပ္ငန္းနယ္သို႔ စတင္ဝင္ေရာက္ခဲ့၏။

ထိုအရုပ္မ်ားကို ကိုယ္တိုင္ထုတ္လုပ္ကာ လမ္းတကာတြင္ ကိုယ္တိုင္လွည့္္လည္ေရာင္းခ်ခဲ့ရသည္။

ထိုအခ်ိန္ကမူ လမ္းေပၚမွ အရုပ္သည္လူငယ္တစ္ဦးသည္ ေနာင္အခါတြင္ ကမၻာ့ထိပ္တန္း တာယာကုမၸဏီၾကီး ၏ ပိုင္ရွင္ျဖစ္လာလိမ့္မည္ဟု မည္သူမွ ထင္ခဲ့မည္ မဟုတ္ေခ်။

၁၉၅၂ ခုႏွစ္သို႔ ေရာက္ေသာအခါ မတ္ပလိုင္ သတင္းတစ္ခု ၾကားသိလာသည္။

ထိုသတင္းမွာ သူ၏ ဘဝလမ္းေၾကာင္း ေျပာင္းလဲေစမည့္ သတင္းျဖစ္ေနသည္ကို ထိုစဥ္က မေတြးမိခဲ့။

အိႏိၵယရွိ retreading plant တစ္ခုထံ ႏိုင္ငံျခားကုမၸဏီတစ္ခုက ရာဘာတင္သြင္းေပးေနသည့္ သတင္း ျဖစ္သည္။

Retreading ဟူသည္မွာ တာယာေဟာင္းမ်ားကို ျပန္လည္အသံုးျပဳႏိုင္ေစရန္ ျပဳလုပ္ျခင္းျဖစ္ျပီး Tread ဟူသည္မွာမူ တာယာတို႔၏ အေပၚဆံုး အလြႊာ၊ လမ္းႏွင့္ ထိေတြ႔ရသည့္အပိုင္းကို ေခၚသည္။

ထိုအလုပ္ကို မိမိလည္း လုပ္၍ရႏိုင္ေၾကာင္း မတ္ပလိုင္ေတြးမိသည္။

သို႔ႏွင့္ မတ္ပလိုင္လည္း ပူေဖာင္းရုပ္ ထုတ္လုပ္ေရာင္းခ်ရာမွ ရရွိလာေသာေငြမ်ားကို ထုိအလုပ္တြင္ ပံုေအာ ရင္းႏွီးခဲ့၏။

အလြန္အႏၱရာယ္မ်ားသည့္ စြန္႔စားမႈျဖစ္ေသာ္လည္း အလုပ္ျဖစ္ခဲ့ပါသည္။

၄ ႏွစ္တာအတြင္း သူ၏ ကုမၸဏီ MRF မွာ ေစ်းကြက္ေဝစု ၅၀ ရာခိုင္ႏႈန္းအထိ ရရွိလာခဲ့သည္။

အိႏိၵယေစ်းကြက္မွ ႏိုင္ငံျခားကုမၸဏီမ်ားစြာ ထြက္ခြာသြားၾကမႈေၾကာင့္ MRF မွာ ထိုအေျခအေနအထိ ေအာင္ျမင္ခဲ့ျခင္းလည္း ျဖစ္သည္။

မတ္ပလိုင္မွ ထိုမွ်ျဖင့္ ရပ္မေန။

တာယာထုတ္လုပ္ေရး လုပ္ငန္းနယ္ပယ္သို႔ပါ ေျခခ်ရန္ ဆံုးျဖတ္ခဲ့သည္။

သို႔ႏွင့္ ၁၉၆၁ ခုႏွစ္တြင္ တာယာစက္ရံုတစ္ခု စတင္တည္ေထာင္ခဲ့သည္။

သို႔ေသာ္ နည္းပညာပိုင္း အခက္အခဲမ်ားေၾကာင့္ MRF သည္ အေမရိကန္ကုမၸဏီတစ္ခုျဖစ္ေသာ Mansfield Tire & Rubber ကုမၸဏီႏွင့္ မိတ္ဘက္ပူးေပါင္းလုပ္ေဆာင္ခဲ့ရ၏။

ထိုႏွစ္အတြင္းတြင္ပင္ မဒရပ္စေကာ့ေစ်းကြက္တြင္ ရွယ္ယာစတင္ေရာင္းခ်ကာ အမ်ားပိုင္ကုမၸဏီအျဖစ္ ေျပာင္းလဲခဲ့သည္။

၁၉၆၃ ခုႏွစ္တြင္ကား MRF သည္ အိႏိၵယတြင္ လူတိုင္းသိသည့္ အမည္နာမတစ္ခု ျဖစ္လာခဲ့ျပီ။

ယေန႔ကာလတြင္ MRF ၏ ရွယ္ယာတစ္စုတန္ေၾကးမွာ ၁၀၂၅၃၄ ဒသမ ၁၅ ရူပီး ရွိေနျပီ ျဖစ္သည္။

MRF ၏ ဝင္ေငြမွာ ရူပီး ၂၃၀၀၈ ကုေဋ ရွိသည္။

၂၀၂၃ ခုႏွစ္၊ ဇူလိုင္လ ၃၀ ရက္ေန႔ အခ်က္အလက္မ်ားအရ MRF ကုမၸဏီ၏ တန္ေၾကးမွာ ရူပီး ၄၃၄ ဘီလီယံ ရွိသည္။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Here is a glimpse into the success story of KM Mammen Mappillai (news18, zeenews, wikipedia, yourstory, jagran)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service