Elon Musk က တစ်ရက်လျှင် ၈ နာရီ လမ်းလျှောက်ပေးမည့်သူများကို လစာ ဒေါ်လာ ၆၅၀၀ ကျော်ဖြင့် အလုပ်ခေါ်ယူလျက်ရှိ

Elon Musk က တစ်ရက်လျှင် ၈ နာရီ လမ်းလျှောက်ပေးမည့်သူများကို လစာ ဒေါ်လာ ၆၅၀၀ ကျော်ဖြင့် အလုပ်ခေါ်ယူလျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
30 Aug 2024 12:15 pm တွင် တင်ခဲ့သည်
764 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

Elon Musk ဦးဆောင်နေသော အထင်ကရအဖြစ်ဆုံး ကုမ္ပဏီများတွင် Tesla လည်း အပါအဝင်ဖြစ်သည်။

Tesla သည် တီထွင်ဆန်းသစ်မှုများဖြင့် ကားလောကကို တော်လှန်ပြောင်းလဲပစ်ရန် ရည်မှန်းခဲ့သော ကုမ္ပဏီကြီး ဖြစ်သည်။

Tesla ထုတ်ကားများ၏ ရိုက်ခတ်မှုမှာ မယုံနိုင်အောင်ကြီးမားသည်။

Tesla Cybertruck တွင်သာမက Tesla ၏ ဒီဇိုင်းကို inspire ယူထားသော gaming PC တို့ပင် တွေ့လာရ သည်။

သို့သော် Tesla ၏ တီထွင်ဆန်းသစ်မှုအရှိဆုံး နယ်ပယ်မှာ စက်ရုပ်များဖြစ်သည်။

မကြာသေးမီ လများအတွင်း Tesla ၏ စက်ရုပ်များအပေါ် လူအများအာရုံစိုက်လာကြသည်။

လူအသွင်ရှိသော စက်ရုပ်များသည် အလုပ်သမားဈေးကွက်ကို တော်လှန်ပြောင်းလဲပစ်နိုင်မည်ဟု ယုံကြည် ကြောင်း Elon Musk က ပြီးခဲ့သော ရက်သတ္တပတ် အတန်ကြာက ပြောခဲ့ဖူးသည်။

ယင်းနောက်ပိုင်းကတည်းက Tesla သည် စက်ရုပ်များ ထုတ်လုပ်ရေးအတွက် ကြိုးပမ်းနေခဲ့ပြီး အဆိုပါစက်ရုပ် များကို လေ့ကျင့်ပေးမည့်သူများ ငှားရမ်းလာခြင်း ဖြစ်သည်။

TechSpot တွင် မကြာသေးမီက ဖော်ပြခဲ့သော ဆောင်းပါးတစ်ပုဒ်အရ စက်ရုပ်များကို လေ့ကျင့်ပေးမည့် အလုပ် ဝင်ရောက်လုပ်ကိုင်လိုသူများမှာ တစ်နာရီလျှင် ၄၆ ဒေါ်လာခန့် ရရှိမည်ဟု ဆိုသည်။

ထိုအလုပ်နေရာ လုပ်ကိုင်မည့်သူတို့သည် လှုပ်ရှားမှု ဖမ်းယူသည့် နည်းပညာပါသော အင်္ကျီများ ဝတ်ဆင်ရမည်ဖြစ်ပြီး virtual reality ခေါင်းစွပ်များလည်း တပ်ဆင်ထားရမည်ဖြစ်သည်။

3DGAMES ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ Elon Musk သည် လူသားအသွင်ရှိ စက်ရုပ်များ ကဏ္ဍအပေါ် အပြည့်အဝ ယုံကြည်ရည်မှန်းထားပြီး နောင်တစ်နေ့တွင် ကမ္ဘာပေါ်ရှိ လူသားတစ်ဦးစီတိုင်း၏ နေရာတွင် စက်ရုပ်တစ်ရုပ်စီဖြစ်လာမည်ဟု ၎င်းက ဟောကိန်းထုတ်သည်။

ယခုလုပ်ငန်းနယ်ပယ်သည် Tesla ၏ တန်ဖိုးကို ၂၇ ဘီလီယံအထိ ရှိလာစေဖွယ်ရှိသည်။

Tesla က ယခုနှစ်အတွင်း စက်ရုပ် အကန့်အသတ်ပမာဏတစ်ခုဖြင့် ထုတ်လုပ်ရန်နှင့် လာမည့် ၂၀၂၆ ခုနှစ်တွင် အလုံးအရင်း ထုတ်လုပ်သွားရန် ရည်မှန်းထားသည်။

စက်ရုပ်များအား လေ့ကျင့်ပေးမည့်အလုပ် ဝင်ရောက်လျှောက်ထားလိုသူများအတွက် စည်းကမ်းချက် သတ်မှတ်ထားမှုများ ရှိသည်။

လျှောက်ထားသူများ လိုအပ်သော သတ်မှတ်ချက်များအနက် တစ်ခုမှာ အရပ်အမြင့် ၁ ဒသမ ၇ မီတာ (၅ ပေ ၅ လက်မ) မှ ၁ ဒသမ ၈၀ မီတာ (၅ ပေ ၉ လက်မ) ကြားရှိသူများ ဖြစ်ရမည်ဟု ဆိုသည်။

လှုပ်ရှားမှု ဖမ်းယူသည့် ဝတ်စုံများနှင့် ကိုက်ညီစေရန် ထိုအရပ်အမြင့် သတ်မှတ်ချက် ထားရှိခြင်း ဖြစ်သည်။

ထိုအလုပ်မှာ အမြဲကိုယ်ကာယ လှုပ်ရှားမှုများ ရှိမည့်အလုပ်ဖြစ်ပြီး ထိုင်ခြင်း၊ ဝပ်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ လှည့်ထွက်ခြင်း အစရှိသည်တို့ တနေကုန် လုပ်ဆောင်နေရမည် ဖြစ်သည်။

နေ့ဆိုင်း၊ ညဆိုင်း အမျိုးမျိုး ဆင်းနိုင်ရမည့်အပြင် လိုအပ်ပါက ရုံးပိတ်ရက်များတွင်ပါ အချိန်ပိုဆင်းရမည်ဟု ဆိုသည်။

ထိုအလုပ်အတွက် တစ်လလျှင် ကန်ဒေါ်လာ ၆၅၀၀ ခန့် ရရှိနိုင်ရာ စိတ်ဝင်စားသူ များပြားနေကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Elon Musk offers salaries of over $6,500 for walking 8 hours a day, you must meet these demanding requirements (tododisca)

 

[Zawgyi]

Elon Musk က တစ္ရက္လွ်င္ ၈ နာရီ လမ္းေလွ်ာက္ေပးမည့္သူမ်ားကို လစာ ေဒၚလာ ၆၅၀၀ ေက်ာ္ျဖင့္ အလုပ္ေခၚယူလ်က္ရွိ

Elon Musk ဦးေဆာင္ေနေသာ အထင္ကရအျဖစ္ဆံုး ကုမၸဏီမ်ားတြင္ Tesla လည္း အပါအဝင္ျဖစ္သည္။

Tesla သည္ တီထြင္ဆန္းသစ္မႈမ်ားျဖင့္ ကားေလာကကို ေတာ္လွန္ေျပာင္းလဲပစ္ရန္ ရည္မွန္းခဲ့ေသာ ကုမၸဏီၾကီး ျဖစ္သည္။

Tesla ထုတ္ကားမ်ား၏ ရိုက္ခတ္မႈမွာ မယံုႏိုင္ေအာင္ၾကီးမားသည္။

Tesla Cybertruck တြင္သာမက Tesla ၏ ဒီဇိုင္းကို inspire ယူထားေသာ gaming PC တို႔ပင္ ေတြ႔လာရ သည္။

သို႔ေသာ္ Tesla ၏ တီထြင္ဆန္းသစ္မႈအရွိဆံုး နယ္ပယ္မွာ စက္ရုပ္မ်ားျဖစ္သည္။

မၾကာေသးမီ လမ်ားအတြင္း Tesla ၏ စက္ရုပ္မ်ားအေပၚ လူအမ်ားအာရံုစိုက္လာၾကသည္။

လူအသြင္ရွိေသာ စက္ရုပ္မ်ားသည္ အလုပ္သမားေစ်းကြက္ကို ေတာ္လွန္ေျပာင္းလဲပစ္ႏိုင္မည္ဟု ယံုၾကည္ ေၾကာင္း Elon Musk က ျပီးခဲ့ေသာ ရက္သတၱပတ္ အတန္ၾကာက ေျပာခဲ့ဖူးသည္။

ယင္းေနာက္ပိုင္းကတည္းက Tesla သည္ စက္ရုပ္မ်ား ထုတ္လုပ္ေရးအတြက္ ၾကိဳးပမ္းေနခဲ့ျပီး အဆိုပါစက္ရုပ္ မ်ားကို ေလ့က်င့္ေပးမည့္သူမ်ား ငွားရမ္းလာျခင္း ျဖစ္သည္။

TechSpot တြင္ မၾကာေသးမီက ေဖာ္ျပခဲ့ေသာ ေဆာင္းပါးတစ္ပုဒ္အရ စက္ရုပ္မ်ားကို ေလ့က်င့္ေပးမည့္ အလုပ္ ဝင္ေရာက္လုပ္ကိုင္လိုသူမ်ားမွာ တစ္နာရီလွ်င္ ၄၆ ေဒၚလာခန္႔ ရရွိမည္ဟု ဆိုသည္။

ထိုအလုပ္ေနရာ လုပ္ကိုင္မည့္သူတို႔သည္ လႈပ္ရွားမႈ ဖမ္းယူသည့္ နည္းပညာပါေသာ အကၤ်ီမ်ား ဝတ္ဆင္ရမည္ျဖစ္ျပီး virtual reality ေခါင္းစြပ္မ်ားလည္း တပ္ဆင္ထားရမည္ျဖစ္သည္။

3DGAMES ဝက္ဘ္ဆိုက္တြင္ ေဖာ္ျပခ်က္အရ Elon Musk သည္ လူသားအသြင္ရွိ စက္ရုပ္မ်ား က႑အေပၚ အျပည့္အဝ ယံုၾကည္ရည္မွန္းထားျပီး ေနာင္တစ္ေန႔တြင္ ကမၻာေပၚရွိ လူသားတစ္ဦးစီတိုင္း၏ ေနရာတြင္ စက္ရုပ္တစ္ရုပ္စီျဖစ္လာမည္ဟု ၎က ေဟာကိန္းထုတ္သည္။

ယခုလုပ္ငန္းနယ္ပယ္သည္ Tesla ၏ တန္ဖုိးကို ၂၇ ဘီလီယံအထိ ရွိလာေစဖြယ္ရွိသည္။

Tesla က ယခုႏွစ္အတြင္း စက္ရုပ္ အကန္႔အသတ္ပမာဏတစ္ခုျဖင့္ ထုတ္လုပ္ရန္ႏွင့္ လာမည့္ ၂၀၂၆ ခုႏွစ္တြင္ အလံုးအရင္း ထုတ္လုပ္သြားရန္ ရည္မွန္းထားသည္။

စက္ရုပ္မ်ားအား ေလ့က်င့္ေပးမည့္အလုပ္ ဝင္ေရာက္ေလွ်ာက္ထားလိုသူမ်ားအတြက္ စည္းကမ္းခ်က္ သတ္မွတ္ထားမႈမ်ား ရွိသည္။

ေလွ်ာက္ထားသူမ်ား လိုအပ္ေသာ သတ္မွတ္ခ်က္မ်ားအနက္ တစ္ခုမွာ အရပ္အျမင့္ ၁ ဒသမ ၇ မီတာ (၅ ေပ ၅ လက္မ) မွ ၁ ဒသမ ၈၀ မီတာ (၅ ေပ ၉ လက္မ) ၾကားရွိသူမ်ား ျဖစ္ရမည္ဟု ဆိုသည္။

လႈပ္ရွားမႈ ဖမ္းယူသည့္ ဝတ္စံုမ်ားႏွင့္ ကိုက္ညီေစရန္ ထိုအရပ္အျမင့္ သတ္မွတ္ခ်က္ ထားရွိျခင္း ျဖစ္သည္။

ထိုအလုပ္မွာ အျမဲကိုယ္ကာယ လႈပ္ရွားမႈမ်ား ရွိမည့္အလုပ္ျဖစ္ျပီး ထိုင္ျခင္း၊ ဝပ္ျခင္း၊ မတ္တပ္ရပ္ျခင္း၊ လွည့္ထြက္ျခင္း အစရွိသည္တို႔ တေနကုန္ လုပ္ေဆာင္ေနရမည္ ျဖစ္သည္။

ေန႔ဆိုင္း၊ ညဆိုင္း အမ်ဳိးမ်ဳိး ဆင္းႏိုင္ရမည့္အျပင္ လိုအပ္ပါက ရံုးပိတ္ရက္မ်ားတြင္ပါ အခ်ိန္ပိုဆင္းရမည္ဟု ဆိုသည္။

ထိုအလုပ္အတြက္ တစ္လလွ်င္ ကန္ေဒၚလာ ၆၅၀၀ ခန္႔ ရရွိႏိုင္ရာ စိတ္ဝင္စားသူ မ်ားျပားေနေၾကာင္း သိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Elon Musk offers salaries of over $6,500 for walking 8 hours a day, you must meet these demanding requirements (tododisca)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
Magical World
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service