မြောက်ကိုရီးယားသို့ အကြိမ်ပေါင်း ၁၈၀ ကျော် သွားရောက်လည်ပတ်ခဲ့သူက မြောက်ကိုရီးယားတွင် ပြဿနာမတက်ဘဲ လည်ပတ်နိုင်မည့်နည်းကို အကြံပြုပြောကြား

မြောက်ကိုရီးယားသို့ အကြိမ်ပေါင်း ၁၈၀ ကျော် သွားရောက်လည်ပတ်ခဲ့သူက မြောက်ကိုရီးယားတွင် ပြဿနာမတက်ဘဲ လည်ပတ်နိုင်မည့်နည်းကို အကြံပြုပြောကြား - Property Knowledge in Myanmar from iMyanmarHouse.com
28 Aug 2024 1:31 pm တွင် တင်ခဲ့သည်
729 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

[မှတ်ချက်။ Koryo Tours အမည်ရှိ ခရီးသွားအေဂျင်စီ၏ မန်နေဂျာ ဆိုင်မန် ကပ်ကရဲလ် (Simon Cockerell) ပြောပြသော အချက်အလက်များကို Hannah Abraham က အက်ဆေးအဖြစ် ပြန်လည်ရေးသားထားမှုကို မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုခြင်းဖြစ်ပါသည်]

ကျွန်တော် မြောက်ကိုရီးယားကို ပထမဆုံးအကြိမ် သွားခဲ့တုန်းက ဘာတွေတွေ့ကြုံရမယ်ဆိုတာ သိတယ်လို့ ထင်ခဲ့ပါတယ်။

အဲဒီအချိန်က ကျွန်တော် ပေကျင်းမှာ နေနေတာပါ။ မြောက်ကိုရီးယားနဲ့ဆို သိပ်မဝေးလှပါဘူး။

မြောက်ကိုရီးယားဟာ တရုတ်ပြည်နဲ့ နည်းနည်းတူပြီး ရုရှားနဲ့လည်း နည်းနည်းတူလိမ့်မယ်လို့ ကျွန်တော် မှန်းဆခဲ့တယ်။

ဒါပေမယ့် လက်တွေ့ကတော့ ကိုယ်ပိုင်သီးခြားနေရာတစ်ခုပါပဲ။

အဲဒီနောက်ပိုင်း ဆယ်စုနှစ် ၂ ခုတာအတွင် မြောက်ကိုရီးယားကို ကမ္ဘာလှည့်ခရီးသွား အစီအစဉ်နဲ့ အကြိမ် ၁၈၀ ကျော် အလည်အပတ်ရောက်ရှိခဲ့ပါတယ်။

အနောက်တိုင်းသားတွေထဲမှာ အကြိမ်ရေ အများဆုံး ဖြစ်ကြောင်းဖြစ်နိုင်ပါတယ်။

(ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ ဆိုင်မန် ကပ်ကရဲလ် မြောက်ကိုရီးယားသို့ ပထမဆုံး ရောက်ရှိခဲ့သော ၂၀၀၂ ခုနှစ်အတွင်းက ပြုံယမ်းမြို့တော်တွင် မြောက်ကိုရီးယား လမ်းညွန်နှင့်အတူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်အီဆွန်း၏ ရုပ်တုရှေ့တွင် တွေ့ရပုံ။ ဓာတ်ပုံ-Simon Cockerell)

 

မြောက်ကိုရီးယားဟာ ကမ္ဘာလှည့်ခရီးသည်တွေ ဝင်ရောက်ခွင့် ၅ နှစ်လောက် ပိတ်ပင်ထားခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ တစိတ်တပိုင်း ပြန်လည်ဖွင့်လှစ်ပေးလာပါတယ်။

ကျွန်တော်ဟာ နှစ်ပေါင်းများစွာကာလအတွင်း ကမ္ဘာလှည့်ခရီးသည် ရာပေါင်းများစွာကို မြောက်ကိုရီးယားတခွင့် လိုက်လံ ပို့ဆောင်ပေးခဲ့ပါတယ်။

သင့်အနေဖြင့် မြောက်ကိုရီးယားကို လည်ပတ်ဖို့ တွေးတောထားတယ်ဆိုရင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ အောက်မှာ ဖော်ပြပေးထားပါတယ်။

 

((အပြောအဆို ဆင်ခြင်ပါ))

မြောက်ကိုရီးယားမှာ လမ်းညွှန်တွေ ဒေသခံတွေနဲ့ ထိတွေ့ဆက်ဆံရတာဟာ ဂြိုဟ်သားတွေနဲ့ ဆက်ဆံရတာ မဟုတ်ပါ။

မြောက်ကိုရီးယားကို ရောက်ရင် ကျွန်တော်အကြိုက်ဆုံးက သူတို့နဲ့ ထိတွေ့ဆက်ဆံရတာပါပဲ။

မြောက်ကိုရီးယားမှာ ပြည်သူတွေနဲ့ ထိတွေ့စကားပြောဖို့ ခွင့်ပြုချက်ရတယ်ဆိုရင် စကားပြော ဆင်ခြင်ဖို့ လိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်တွေကို ချီးကျူးစကားပြောနေဖို့ မလိုပေမယ့် ကင်ဂျုံအန်ကို တိုက်ရိုက်ဝေဖန်တာမျိုးတော့ လုံးဝမလုပ်မိပါစေနဲ့။

ခင်ဗျားက သူတို့ကို “ဒီမှာ ဟေ့လူတွေ…ခင်ဗျားတို့ခေါင်းဆောင်တွေအကြောင်း ကျုပ်အမှန်အတိုင်း ပြောပြမယ်။ တကယ်တော့ သူတို့ဟာ တော်တော်ကြောက်ဖို့ကောင်းတယ်” လို့ သွားပြောမယ်ဆိုရင် သူတို့အတွက် အတော်ဒုက္ခတွေ့ဖို့ ရှိပါတယ်။

 

[ဆိုင်မန် (ဝဲစွန်) ၊ ဂျာမနီအဆိုတော် Joss Stone (အလယ်ဗဟို) နှင့် မြောက်ကိုရီးယားလမ်းညွှန်များကို ပြုံယမ်းလေဆိပ်တွင် တွေ့ရပုံ။ ဓာတ်ပုံ-Simon Cockerell]

 

((ဘာသာရေးအကြောင်း လုံးဝမပြောပါနဲ့))

မြောက်ကိုရီးယားတွင် နိုင်ငံခြားသားများ ဖမ်းဆီးခံရမှု အများဆုံးမှာ ဘာသာရေးအကြောင်း ပြောဆိုမှုကြောင့် ဖြစ်သည်။

မြောက်ကိုရီးယားရောက် နိုင်ငံခြားသားများသည် သမ္မာကျမ်းစာအုပ်များ ချန်ရစ်ထားခြင်းကြောင့်လည်းကောင်း၊ ဘာသာရေးစာရွက်များ ဝေငှခြင်းကြောင့်လည်းကောင်း ပြဿနာတက်ကြရသည်။

 

((တားမြစ်ထားသောပစ္စည်းများယူဆောင်လာခြင်း))

တောင်ကိုရီးယားယဉ်ကျေးမှုနှင့် စပ်လျဉ်းသော ရုပ်ရှင်ခွေများ၊ K-Pop သီချင်းခွေများကို မြောက်ကိုရီးယားသို့ ယူမလာဘဲ ထားခဲ့သင့်သည်။

အခြားတားမြစ်ပစ္စည်းများမှာ ဘာသာရေးနှင့် ပတ်သက်သောအရာများ၊ မြောက်ကိုရီးယားအကြောင်း အခြားနိုင်ငံ တွင် ထုတ်ဝေထားသည့်အရာများ (စာပေ၊ လမ်းညွှန်စာအုပ်များ၊ ဗွီဒီယိုများ အစရှိသဖြင့်) ဖြစ်သည်။

 

((တောင်ကိုရီးယားနှင့် နှိုင်းယှဉ်ပြောဆိုခြင်း မပြုလုပ်ပါနှင့်))

မြောက်ကိုရီးယားသို့ လည်ပတ်သူကမ္ဘာလှည့်ခရီးသည်အများစုမှာ တောင်ကိုရီးယားသို့လည်း ရောက်ဖူးကြ သူများ ဖြစ်သည်။

ထို့ကြောင့် မြောက်ကိုရီးယားသို့ ရောက်ရှိလာချိန်တွင် “ကျွန်တော် တောင်ကိုရီးယားမှာတုန်းက ဘယ်လို ဖြတ်သန်းခဲ့တယ်ဆိုတာ ပြောပြမယ်” ဟု ပြောလိုကြသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားကို နှိုင်းယှဉ်ပြောသည်မှာ ပြဿနာမရှိ။

ပြဿနာမှာ တောင်ကိုရီးယားမှာ ပိုကောင်းကြောင်း ပြောဆိုခြင်း ဖြစ်သည်။

 

(မြောက်ကိုရီးယားတွင် ၂၀၀၂ ခုနှစ်က ကျင်းပခဲ့သော Arirang Mass Games တွင် ကပြဖျော်ဖြေနေကြပုံ။ အဆိုပါ ပွဲတော်ကို နှစ်အနည်းငယ်ကြာတိုင်း ကျင်းပလေ့ရှိပြီး အကသမား ၁၀၀၀၀၀ ပါဝင်တင်ဆက်လေ့ ရှိသည်။ ဓာတ်ပုံ-Simon Cockerell)

 

(မြောက်ကိုရီးယားနိုင်ငံ၏ နေရာဒေသ ၉၀ ရာခိုင်နှုန်းခန့်မှာ သွားလာခွင့်မရှိသော နေရာများဖြစ်ပြီး တစ်ယောက်တည်း လျှောက်မသွားပါနှင့်)

မြောက်ကိုရီးယားတွင် မီးတောင်ကျောက် ချောက်ကမ်းပါးများနှင့် လှပသောကမ်းခြေများ အပါအဝင် အခြား သာယာလှပသော နေရာများစွာရှိသော်လည်း ကမ္ဘာလှည့်ခရီးသည်များ ယနေ့တိုုင် လည်ပတ်ခွင့် မရှိချေ။

တိုင်းပြည်၏ ၉၀ ရာခိုင်နှုန်းမှာ ကမ္ဘာလှည့်ခရီးသည်များအတွက် ဥပဒေအရအပြင် သယ်ယူပို့ဆောင်ရေး ကဏ္ဍအရပါ သွားရောက်လည်ပတ်နိုင်မည် မဟုတ်ချေ။

တိုင်းပြည် ဆင်းရဲသောကြောင့် လည်ပတ်ခွင့်ပြုထားသော နေရာများမှတပါး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်စေမည့် အခြေခံအဆောက်အအုံ နည်းပါးသည်။

နိုင်ငံတဝန်း စစ်အခြေစိုက်စခန်းများနှင့် စစ်ရေးလှုပ်ရှားမှုများရှိနေရာ သွားလာလည်ပတ်ခွင့် ပိတ်ပင်ထားသော နေရာများ များပြားလှသည်။

ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ဧည့်လမ်းညွှန်နှင့်သာ အမြဲအတူရှိနေရန်၊ တစ်ဦးတည်းသွားလာခြင်း လုံးဝမလုပ်ရန် အကြံပြုလိုပါသည်။

 

(မြောက်ကိုရီးယားသို့ အကြိမ် ၁၈၀ ကျော် ရောက်ရှိခဲ့သူ ဆိုင်မန်၏ ဗီဇာနှင့် ပတ်စ်ပို့။ ဓာတ်ပုံ-Simon Cockerell)

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I've been to North Korea more than 180 times. Here's how tourists can stay out of trouble. (businessinsider) Photo Credit- Simon Cockerell

 

[Zawgyi]

ေျမာက္ကိုရီးယားသို႔ အၾကိမ္ေပါင္း ၁၈၀ ေက်ာ္ သြားေရာက္လည္ပတ္ခဲ့သူက ေျမာက္ကိုရီးယားတြင္ ျပႆနာမတက္ဘဲ လည္ပတ္ႏိုင္မည့္နည္းကို အၾကံျပဳေျပာၾကား

[မွတ္ခ်က္။ Koryo Tours အမည္ရွိ ခရီးသြားေအဂ်င္စီ၏ မန္ေနဂ်ာ ဆိုင္မန္ ကပ္ကရဲလ္ (Simon Cockerell) ေျပာျပေသာ အခ်က္အလက္မ်ားကို Hannah Abraham က အက္ေဆးအျဖစ္ ျပန္လည္ေရးသားထားမႈကို ျမန္မာဘာသာသို႔ ဆီေလ်ာ္ေအာင္ ျပန္ဆိုျခင္းျဖစ္ပါသည္]

ကၽြန္ေတာ္ ေျမာက္ကိုရီးယားကို ပထမဆံုးအၾကိမ္ သြားခဲ့တုန္းက ဘာေတြေတြ႔ၾကံဳရမယ္ဆိုတာ သိတယ္လို႔ ထင္ခဲ့ပါတယ္။

အဲဒီအခ်ိန္က ကၽြန္ေတာ္ ေပက်င္းမွာ ေနေနတာပါ။ ေျမာက္ကိုရီးယားနဲ႔ဆို သိပ္မေဝးလွပါဘူး။

ေျမာက္ကိုရီးယားဟာ တရုတ္ျပည္နဲ႔ နည္းနည္းတူျပီး ရုရွားနဲ႔လည္း နည္းနည္းတူလိမ့္မယ္လို႔ ကၽြန္ေတာ္ မွန္းဆခဲ့တယ္။

ဒါေပမယ့္ လက္ေတြ႔ကေတာ့ ကိုယ္ပိုင္သီးျခားေနရာတစ္ခုပါပဲ။

အဲဒီေနာက္ပိုင္း ဆယ္စုႏွစ္ ၂ ခုတာအတြင္ ေျမာက္ကိုရီးယားကို ကမၻာလွည့္ခရီးသြား အစီအစဥ္နဲ႔ အၾကိမ္ ၁၈၀ ေက်ာ္ အလည္အပတ္ေရာက္ရွိခဲ့ပါတယ္။

အေနာက္တိုင္းသားေတြထဲမွာ အၾကိမ္ေရ အမ်ားဆံုး ျဖစ္ေၾကာင္းျဖစ္ႏိုင္ပါတယ္။

(ကမၻာလွည့္ခရီးသြားလုပ္ငန္းလုပ္ကိုင္သူ ဆိုင္မန္ ကပ္ကရဲလ္ ေျမာက္ကိုရီးယားသို႔ ပထမဆံုး ေရာက္ရွိခဲ့ေသာ ၂၀၀၂ ခုႏွစ္အတြင္းက ျပံဳယမ္းျမိဳ႕ေတာ္တြင္ ေျမာက္ကိုရီးယား လမ္းညြန္ႏွင့္အတူ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္အီဆြန္း၏ ရုပ္တုေရွ႕တြင္ ေတြ႔ရပံု။ ဓာတ္ပံု-Simon Cockerell)

ေျမာက္ကိုရီးယားဟာ ကမၻာလွည့္ခရီးသည္ေတြ ဝင္ေရာက္ခြင့္ ၅ ႏွစ္ေလာက္ ပိတ္ပင္ထားခဲ့ျပီး ၂၀၂၄ ခုႏွစ္အတြင္းမွာ တစိတ္တပိုင္း ျပန္လည္ဖြင့္လွစ္ေပးလာပါတယ္။

ကၽြန္ေတာ္ဟာ ႏွစ္ေပါင္းမ်ားစြာကာလအတြင္း ကမၻာလွည့္ခရီးသည္ ရာေပါင္းမ်ားစြာကို ေျမာက္ကိုရီးယားတခြင့္ လိုက္လံ ပို႔ေဆာင္ေပးခဲ့ပါတယ္။

သင့္အေနျဖင့္ ေျမာက္ကိုရီးယားကို လည္ပတ္ဖို႔ ေတြးေတာထားတယ္ဆိုရင္ ဘယ္လိုေနထိုင္ရမယ္ဆိုတာ ေအာက္မွာ ေဖာ္ျပေပးထားပါတယ္။

((အေျပာအဆို ဆင္ျခင္ပါ))

ေျမာက္ကိုရီးယားမွာ လမ္းညႊန္ေတြ ေဒသခံေတြနဲ႔ ထိေတြ႔ဆက္ဆံရတာဟာ ျဂိဳဟ္သားေတြနဲ႔ ဆက္ဆံရတာ မဟုတ္ပါ။

ေျမာက္ကိုရီးယားကို ေရာက္ရင္ ကၽြန္ေတာ္အၾကိဳက္ဆံုးက သူတို႔နဲ႔ ထိေတြ႔ဆက္ဆံရတာပါပဲ။

ေျမာက္ကိုရီးယားမွာ ျပည္သူေတြနဲ႔ ထိေတြ႔စကားေျပာဖုိ႔ ခြင့္ျပဳခ်က္ရတယ္ဆိုရင္ စကားေျပာ ဆင္ျခင္ဖုိ႔ လိုပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ေတြကို ခ်ီးက်ဴးစကားေျပာေနဖို႔ မလိုေပမယ့္ ကင္ဂ်ံဳအန္ကို တိုက္ရိုက္ေဝဖန္တာမ်ဳိးေတာ့ လံုးဝမလုပ္မိပါေစနဲ႔။

ခင္ဗ်ားက သူတို႔ကို “ဒီမွာ ေဟ့လူေတြ…ခင္ဗ်ားတို႔ေခါင္းေဆာင္ေတြအေၾကာင္း က်ဳပ္အမွန္အတုိင္း ေျပာျပမယ္။ တကယ္ေတာ့ သူတို႔ဟာ ေတာ္ေတာ္ေၾကာက္ဖို႔ေကာင္းတယ္” လို႔ သြားေျပာမယ္ဆိုရင္ သူတို႔အတြက္ အေတာ္ဒုကၡေတြ႔ဖို႔ ရွိပါတယ္။

[ဆိုင္မန္ (ဝဲစြန္) ၊ ဂ်ာမနီအဆိုေတာ္ Joss Stone (အလယ္ဗဟို) ႏွင့္ ေျမာက္ကိုရီးယားလမ္းညႊန္မ်ားကို ျပံဳယမ္းေလဆိပ္တြင္ ေတြ႔ရပံု။ ဓာတ္ပံု-Simon Cockerell]

((ဘာသာေရးအေၾကာင္း လံုးဝမေျပာပါနဲ႔))

ေျမာက္ကိုရီးယားတြင္ ႏိုင္ငံျခားသားမ်ား ဖမ္းဆီးခံရမႈ အမ်ားဆံုးမွာ ဘာသာေရးအေၾကာင္း ေျပာဆိုမႈေၾကာင့္ ျဖစ္သည္။

ေျမာက္ကိုရီးယားေရာက္ ႏိုင္ငံျခားသားမ်ားသည္ သမၼာက်မ္းစာအုပ္မ်ား ခ်န္ရစ္ထားျခင္းေၾကာင့္လည္းေကာင္း၊ ဘာသာေရးစာရြက္မ်ား ေဝငွျခင္းေၾကာင့္လည္းေကာင္း ျပႆနာတက္ၾကရသည္။

((တားျမစ္ထားေသာပစၥည္းမ်ားယူေဆာင္လာျခင္း))

ေတာင္ကိုရီးယားယဥ္ေက်းမႈႏွင့္ စပ္လ်ဥ္းေသာ ရုပ္ရွင္ေခြမ်ား၊ K-Pop သီခ်င္းေခြမ်ားကို ေျမာက္ကိုရီးယားသို႔ ယူမလာဘဲ ထားခဲ့သင့္သည္။

အျခားတားျမစ္ပစၥည္းမ်ားမွာ ဘာသာေရးႏွင့္ ပတ္သက္ေသာအရာမ်ား၊ ေျမာက္ကိုရီးယားအေၾကာင္း အျခားႏိုင္ငံ တြင္ ထုတ္ေဝထားသည့္အရာမ်ား (စာေပ၊ လမ္းညႊန္စာအုပ္မ်ား၊ ဗြီဒီယိုမ်ား အစရွိသျဖင့္) ျဖစ္သည္။

((ေတာင္ကိုရီးယားႏွင့္ ႏႈိင္းယွဥ္ေျပာဆိုျခင္း မျပဳလုပ္ပါႏွင့္))

ေျမာက္ကိုရီးယားသို႔ လည္ပတ္သူကမၻာလွည့္ခရီးသည္အမ်ားစုမွာ ေတာင္ကိုရီးယားသို႔လည္း ေရာက္ဖူးၾက သူမ်ား ျဖစ္သည္။

ထို႔ေၾကာင့္ ေျမာက္ကိုရီးယားသို႔ ေရာက္ရွိလာခ်ိန္တြင္ “ကၽြန္ေတာ္ ေတာင္ကိုရီးယားမွာတုန္းက ဘယ္လို ျဖတ္သန္းခဲ့တယ္ဆိုတာ ေျပာျပမယ္” ဟု ေျပာလိုၾကသည္။

ေျမာက္ကိုရီးယားႏွင့္ ေတာင္ကိုရီးယားကို ႏႈိင္းယွဥ္ေျပာသည္မွာ ျပႆနာမရွိ။

ျပႆနာမွာ ေတာင္ကိုရီးယားမွာ ပိုေကာင္းေၾကာင္း ေျပာဆိုျခင္း ျဖစ္သည္။

(ေျမာက္ကိုရီးယားတြင္ ၂၀၀၂ ခုႏွစ္က က်င္းပခဲ့ေသာ Arirang Mass Games တြင္ ကျပေဖ်ာ္ေျဖေနၾကပံု။ အဆိုပါ ပြဲေတာ္ကို ႏွစ္အနည္းငယ္ၾကာတိုင္း က်င္းပေလ့ရွိျပီး အကသမား ၁၀၀၀၀၀ ပါဝင္တင္ဆက္ေလ့ ရွိသည္။ ဓာတ္ပံု-Simon Cockerell)

(ေျမာက္ကိုရီးယားႏိုင္ငံ၏ ေနရာေဒသ ၉၀ ရာခိုင္ႏႈန္းခန္႔မွာ သြားလာခြင့္မရွိေသာ ေနရာမ်ားျဖစ္ျပီး တစ္ေယာက္တည္း ေလွ်ာက္မသြားပါႏွင့္)

ေျမာက္ကိုရီးယားတြင္ မီးေတာင္ေက်ာက္ ေခ်ာက္ကမ္းပါးမ်ားႏွင့္ လွပေသာကမ္းေျခမ်ား အပါအဝင္ အျခား သာယာလွပေသာ ေနရာမ်ားစြာရွိေသာ္လည္း ကမၻာလွည့္ခရီးသည္မ်ား ယေန႔တုိုင္ လည္ပတ္ခြင့္ မရွိေခ်။

တိုင္းျပည္၏ ၉၀ ရာခိုင္ႏႈန္းမွာ ကမၻာလွည့္ခရီးသည္မ်ားအတြက္ ဥပေဒအရအျပင္ သယ္ယူပို႔ေဆာင္ေရး က႑အရပါ သြားေရာက္လည္ပတ္ႏိုင္မည္ မဟုတ္ေခ်။

တိုင္းျပည္ ဆင္းရဲေသာေၾကာင့္ လည္ပတ္ခြင့္ျပဳထားေသာ ေနရာမ်ားမွတပါး ကမၻာလွည့္ခရီးသြားလုပ္ငန္းကို အေထာက္အကူျဖစ္ေစမည့္ အေျခခံအေဆာက္အအံု နည္းပါးသည္။

ႏိုင္ငံတဝန္း စစ္အေျခစိုက္စခန္းမ်ားႏွင့္ စစ္ေရးလႈပ္ရွားမႈမ်ားရွိေနရာ သြားလာလည္ပတ္ခြင့္ ပိတ္ပင္ထားေသာ ေနရာမ်ား မ်ားျပားလွသည္။

ကမၻာလွည့္ခရီးသြားမ်ားအေနျဖင့္ ဧည့္လမ္းညြႊန္ႏွင့္သာ အျမဲအတူရွိေနရန္၊ တစ္ဦးတည္းသြားလာျခင္း လံုးဝမလုပ္ရန္ အၾကံျပဳလုိပါသည္။

(ေျမာက္ကိုရီးယားသို႔ အၾကိမ္ ၁၈၀ ေက်ာ္ ေရာက္ရွိခဲ့သူ ဆိုင္မန္၏ ဗီဇာႏွင့္ ပတ္စ္ပို႔။ ဓာတ္ပံု-Simon Cockerell)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I've been to North Korea more than 180 times. Here's how tourists can stay out of trouble. (businessinsider) Photo Credit- Simon Cockerell

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service