တရုတ်ပြည်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် အားလုံးနီးပါး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သဲတုများ အသုံးပြုကာ ဆောက်လုပ်လျက်ရှိ

တရုတ်ပြည်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် အားလုံးနီးပါး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် သဲတုများ အသုံးပြုကာ ဆောက်လုပ်လျက်ရှိ - Property Knowledge in Myanmar from iMyanmarHouse.com
27 Aug 2024 10:34 am တွင် တင်ခဲ့သည်
499 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကမ္ဘာကြီးတွင် သဲများ လျော့ပါးကုန်ခန်းလာလျက်ရှိနေသည်။

နှစ်စဉ် သဲနှင့် ကျောက်စရစ် တန်ချိန် ၅၀ ဘီလီယံခန့် ထုတ်ယူနေကြပြီး အများစုမှာ ဆောက်လုပ်ရေးလုပ်ငန်း များတွင် အသုံးပြုကြခြင်း ဖြစ်သည်။

ထိုအခြေအနေတွင် ပြဿနာ ၂ ရပ်ရှိနေသည်။

ပထမတစ်ချက်မှာ ထိုသို့ ထာဝရ ထုတ်ယူနိုင်မည် မဟုတ်ခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ ကျွန်ုပ်တို့အနေဖြင့် ယခုပမာဏအတိုင်းသာ သဲများကို ဆက်လက်ထုတ်ယူနေမည်ဆိုပါက သဘာဝပတ်ဝန်းကျင်အတွက် ပြန်လည်ပြင်ဆင်၍ မရနိုင်သော ထိခိုက်မှုဖြင့် အဆုံးသတ်ရတော့မည် ဖြစ်သည်။

ဥပမာဆိုရလျှင် ပင်လယ်များ၊ မြစ်များနှင့် ကမ်းခြေများမှ သဲများ အလွန်အကျွံ နည်းပါးသွားပါက ကြီးမားသော ရေကြီးရေလျှံမှုများ ဖြစ်လာမည့်အပြင် ရေပြင်ဂေဟစနစ် ထိခိုက်မှုများ ဖြစ်လာစေမည် ဖြစ်သည်။

ထိုအခြေအနေမှာ ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများနှင့် အခြေခံအဆောက်အအုံတို့အတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်။

မြေအောက်ရေကြော ရောက်သည်အထိ သဲထုတ်လုပ်မှုများကြောင့် လူသားများ၊ ကုန်းနေသတ္တဝါများနှင့် စိုက်ပျိုးရေးလုပ်ငန်းတို့အတွက် ရေရရှိမှု ထိခိုက်လာစေနိုင်သည်။

တရုတ်ပြည်တွင်မူ သဲထုတ်ယူနေမှု ပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခု တွေ့ထားကြသည်။

ကျောက်တုံးများကို ကြိတ်ခွဲခြင်းအားဖြင့်လည်းကောင်း၊ မိုင်းတွင်းများမှ ထွက်ရှိလာသော စွန့်ပစ် ကျောက်ခဲ၊ မြေစာများမှလည်းကောင်း သဲတုကို ထုတ်လုပ်ရယူနေကြသည်။

အဆိုပါ ရိုးစင်းသော နည်းလမ်းဖြင့် ကြီးမားလှသော ဆောက်လုပ်ရေးစီမံကိန်းကြီးများကို အရှိန်နှေးမသွားစေဘဲ သဘာဝသဲများအပေါ် မှီခိုနေရမှု ကြီးမားစွာ လျှော့ချနိုင်လာကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၄၀ အတွင်း တရုတ်ပြည်သည် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ စီးပွားရေး စူပါ ပါဝါနိုင်ငံအဖြစ် ပြောင်းလဲလာနေခဲ့ပြီး လျင်မြန်သော မြို့ပြအသွင်ကူးပြောင်းမှုများမှာ ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အခန်းကဏ္ဍတစ်ခု ဖြစ်ခဲ့သည်။

သို့သော် မြန်ဆန်လှသော မြို့ပြအသွင်ပြောင်းလဲမှု လုပ်ငန်းစဉ်များကြောင့် သဲအပါအဝင် သဘာဝ ဆောက်လုပ်ရေး ကုန်ကြမ်းများ ကြီးမားစွာ ကုန်ခမ်းလာသည်။

အချို့သော သတင်းများအရ အထိန်းအချုပ်မရှိ သဲထုတ်ယူမှု၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေမှုနှင့် ရေတိုက်စားမှုတို့ကြောင့် တရုတ်ပြည်ရှိ စိုက်ပျိုးမြေ ၄၀ ရာခိုင်နှုန်းကျော်မှာ မြေသြဇာညံ့ဖျင်းသွားကြောင်း ဖော်ပြသည်။

တရုတ်ပြည်သည် သဘာဝ သဲအရင်းအမြစ်များစွာ တဖြေးဖြေးကုန်ခမ်းလာနေသည်ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်သတိပြုမိခဲ့ခြင်း ဖြစ်သည်။

ယင်းနောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းသုံး သဲဈေးမှာ အလွန်မြင့်တက်လာသည်။ ထို့ကြောင့် တရုတ်အစိုးရက သဲထုတ်ယူမှုများကို ထိန်းသိမ်းနိုင်ရန်အတွက် တရားမဝင် သဲထုတ်ယူမှုများကို အရေးယူခြင်းများ စတင်ပြုလုပ်လာသည်။

ထိုသို့ အရေးယူမှုများကြောင့် သဲဈေးမှာ ပိုမိုမြင့်တက်လာရာ ဆောက်လုပ်ရေး လောကသားတို့မှာ တန်ဖိုးသင့် အလှည့်အပြောင်းတစ်ခုကို ရှာဖွေလာကြသည်။

ထိုအခါ သဲတုဟုခေါ်ကြသော ဖန်တီးထုတ်လုပ်ထားသည့် သဲများ စတင်အသုံးပြုလာကြတော့သည်။

သဲတု ထုတ်လုပ်သည့် နည်းလမ်းမှာ ကျောက်တုံးများ (သို့မဟုတ်) သတ္တုတွင်းနှင့် ကျောက်မိုင်းများမှ စွန့်ပစ် ကျောက်ခဲ မြေစာများကို စက်ယန္တရားများ အသုံးပြုပြီး ကြိတ်ခွဲ ဆန်ကာချပြီး သဘာဝသဲနှင့် တူညီသည့် အမှုန်များ ရရှိအောင် ထုတ်လုပ်ခြင်း ဖြစ်သည်။

ထိုလုပ်ငန်းစဉ်တွင် မြစ်ချောင်းများနှင့် ကမ်းခြေများမှ သဘာဝသဲများ တူးဖော်ခြင်း ၊ ထုတ်ယူခြင်းများ မပါဝင်ဘဲ ကုန်ကျစရိတ်ပိုမိုသက်သာသည့်အပြင် ဂေဟဗေဒအတွက် ထိခိုက်စေမှု နည်းပါးသွားသည်။

တရုတ်ပြည်တွင် သဘာဝသဲ ထုတ်ယူသုံးစွဲမှု အများဆုံးနှစ်မှာ ၂၀၁၀ ပြည့်နှစ်ဖြစ်သည်။

သို့သော် ၂၀၁၁ ခုနှစ်တွင်မူ သဲတု သုံးစွဲမှု ပမာဏမှာ သဘာဝသဲ သုံးစွဲမှု ထက်ပိုမိုများပြားလာပြီး ဆောက်လုပ်ရေး လုပ်ငန်းများတွင် အဓိက အသုံးပြုသော သဲအမျိုးအစား ဖြစ်လာခဲ့သည်။

ယင်းနောက်ပိုင်း နှစ်ကာလများတွင် နှစ်စဉ် သဲတုထုတ်လုပ်မှု ၁၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

၂၀၂၀ ပြည့်နှစ်သို့ ရောက်သောအခါ သဘာဝသဲ အသုံးပြုမှုမှာ ကြီးမားစွာ ကျဆင်းသွားခဲ့ပြီး တရုတ် တစ်နိုင်ငံလုံး ဆောက်လုပ်ရေးလုပ်ငန်းများ၏ ၂၁ ရာခိုင်နှုန်းသာ သဘာဝသဲကို အသုံးပြုတော့ရာ ၈၀ ရာခိုင်နှုန်းခန့်အထိ အသုံးပြုမှု ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: New study says China uses 80% artificial sand. Here’s why that’s a big deal (zmescience)

 

[Zawgyi]

တရုတ္ျပည္ရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္ အားလံုးနီးပါး သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းသည့္အေနျဖင့္ သဲတုမ်ား အသံုးျပဳကာ ေဆာက္လုပ္လ်က္ရွိ

ကမၻာၾကီးတြင္ သဲမ်ား ေလ်ာ့ပါးကုန္ခန္းလာလ်က္ရွိေနသည္။

ႏွစ္စဥ္ သဲႏွင့္ ေက်ာက္စရစ္ တန္ခ်ိန္ ၅၀ ဘီလီယံခန္႔ ထုတ္ယူေနၾကျပီး အမ်ားစုမွာ ေဆာက္လုပ္ေရးလုပ္ငန္း မ်ားတြင္ အသံုးျပဳၾကျခင္း ျဖစ္သည္။

ထိုအေျခအေနတြင္ ျပႆနာ ၂ ရပ္ရွိေနသည္။

ပထမတစ္ခ်က္မွာ ထိုသို႔ ထာဝရ ထုတ္ယူႏိုင္မည္ မဟုတ္ျခင္း ျဖစ္သည္။

ဒုတိယအခ်က္မွာ ကၽြႏု္ပ္တို႔အေနျဖင့္ ယခုပမာဏအတိုင္းသာ သဲမ်ားကို ဆက္လက္ထုတ္ယူေနမည္ဆိုပါက သဘာဝပတ္ဝန္းက်င္အတြက္ ျပန္လည္ျပင္ဆင္၍ မရႏိုင္ေသာ ထိခိုက္မႈျဖင့္ အဆံုးသတ္ရေတာ့မည္ ျဖစ္သည္။

ဥပမာဆိုရလွ်င္ ပင္လယ္မ်ား၊ ျမစ္မ်ားႏွင့္ ကမ္းေျခမ်ားမွ သဲမ်ား အလြန္အကၽြံ နည္းပါးသြားပါက ၾကီးမားေသာ ေရၾကီးေရလွ်ံမႈမ်ား ျဖစ္လာမည့္အျပင္ ေရျပင္ေဂဟစနစ္ ထိခိုက္မႈမ်ား ျဖစ္လာေစမည္ ျဖစ္သည္။

ထိုအေျခအေနမွာ ကမ္းရိုးတန္းေဒသတြင္ ေနထိုင္သူမ်ားႏွင့္ အေျခခံအေဆာက္အအံုတို႔အတြက္ ျခိမ္းေျခာက္မႈ ျဖစ္လာႏိုင္သည္။

ေျမေအာက္ေရေၾကာ ေရာက္သည္အထိ သဲထုတ္လုပ္မႈမ်ားေၾကာင့္ လူသားမ်ား၊ ကုန္းေနသတၱဝါမ်ားႏွင့္ စိုက္ပ်ဳိးေရးလုပ္ငန္းတို႔အတြက္ ေရရရွိမႈ ထိခိုက္လာေစႏိုင္သည္။

တရုတ္ျပည္တြင္မူ သဲထုတ္ယူေနမႈ ျပႆနာကို ေျဖရွင္းရန္ နည္းလမ္းတစ္ခု ေတြ႔ထားၾကသည္။

ေက်ာက္တံုးမ်ားကို ၾကိတ္ခြဲျခင္းအားျဖင့္လည္းေကာင္း၊ မိုင္းတြင္းမ်ားမွ ထြက္ရွိလာေသာ စြန္႔ပစ္ ေက်ာက္ခဲ၊ ေျမစာမ်ားမွလည္းေကာင္း သဲတုကို ထုတ္လုပ္ရယူေနၾကသည္။

အဆိုပါ ရိုးစင္းေသာ နည္းလမ္းျဖင့္ ၾကီးမားလွေသာ ေဆာက္လုပ္ေရးစီမံကိန္းၾကီးမ်ားကို အရွိန္ေႏွးမသြားေစဘဲ သဘာဝသဲမ်ားအေပၚ မွီခိုေနရမႈ ၾကီးမားစြာ ေလွ်ာ့ခ်ႏိုင္လာၾကသည္။

လြန္ခဲ့ေသာ ႏွစ္ေပါင္း ၄၀ အတြင္း တရုတ္ျပည္သည္ ဖြံ႔ျဖိဳးဆဲႏိုင္ငံအျဖစ္မွ စီးပြားေရး စူပါ ပါဝါႏိုင္ငံအျဖစ္ ေျပာင္းလဲလာေနခဲ့ျပီး လ်င္ျမန္ေသာ ျမိဳ႕ျပအသြင္ကူးေျပာင္းမႈမ်ားမွာ ဖြံ႔ျဖိဳးတိုးတက္မႈတြင္ အေရးပါေသာ အခန္းက႑တစ္ခု ျဖစ္ခဲ့သည္။

သို႔ေသာ္ ျမန္ဆန္လွေသာ ျမိဳ႕ျပအသြင္ေျပာင္းလဲမႈ လုပ္ငန္းစဥ္မ်ားေၾကာင့္ သဲအပါအဝင္ သဘာဝ ေဆာက္လုပ္ေရး ကုန္ၾကမ္းမ်ား ၾကီးမားစြာ ကုန္ခမ္းလာသည္။

အခ်ဳိ႕ေသာ သတင္းမ်ားအရ အထိန္းအခ်ဳပ္မရွိ သဲထုတ္ယူမႈ၊ သဘာဝပတ္ဝန္းက်င္ ညစ္ညမ္းေစမႈႏွင့္ ေရတိုက္စားမႈတို႔ေၾကာင့္ တရုတ္ျပည္ရွိ စိုက္ပ်ဳိးေျမ ၄၀ ရာခိုင္ႏႈန္းေက်ာ္မွာ ေျမၾသဇာညံ့ဖ်င္းသြားေၾကာင္း ေဖာ္ျပသည္။

တရုတ္ျပည္သည္ သဘာဝ သဲအရင္းအျမစ္မ်ားစြာ တေျဖးေျဖးကုန္ခမ္းလာေနသည္ကို ၂၀၁၀ ျပည့္ႏွစ္တြင္ စတင္သတိျပဳမိခဲ့ျခင္း ျဖစ္သည္။

ယင္းေနာက္ပိုင္း ေဆာက္လုပ္ေရးလုပ္ငန္းသံုး သဲေစ်းမွာ အလြန္ျမင့္တက္လာသည္။ ထို႔ေၾကာင့္ တရုတ္အစိုးရက သဲထုတ္ယူမႈမ်ားကို ထိန္းသိမ္းႏိုင္ရန္အတြက္ တရားမဝင္ သဲထုတ္ယူမႈမ်ားကို အေရးယူျခင္းမ်ား စတင္ျပဳလုပ္လာသည္။

ထိုသို႔ အေရးယူမႈမ်ားေၾကာင့္ သဲေစ်းမွာ ပိုမိုျမင့္တက္လာရာ ေဆာက္လုပ္ေရး ေလာကသားတို႔မွာ တန္ဖုိးသင့္ အလွည့့္အေျပာင္းတစ္ခုကို ရွာေဖြလာၾကသည္။

ထိုအခါ သဲတုဟုေခၚၾကေသာ ဖန္တီးထုတ္လုပ္ထားသည့္ သဲမ်ား စတင္အသံုးျပဳလာၾကေတာ့သည္။

သဲတု ထုတ္လုပ္သည့္ နည္းလမ္းမွာ ေက်ာက္တံုးမ်ား (သို႔မဟုတ္) သတၱဳတြင္းႏွင့္ ေက်ာက္မိုင္းမ်ားမွ စြန္႔ပစ္ ေက်ာက္ခဲ ေျမစာမ်ားကို စက္ယႏၱရားမ်ား အသံုးျပဳျပီး ၾကိတ္ခြဲ ဆန္ကာခ်ျပီး သဘာဝသဲႏွင့္ တူညီသည့္ အမႈန္မ်ား ရရွိေအာင္ ထုတ္လုပ္ျခင္း ျဖစ္သည္။

ထိုလုပ္ငန္းစဥ္တြင္ ျမစ္ေခ်ာင္းမ်ားႏွင့္ ကမ္းေျခမ်ားမွ သဘာဝသဲမ်ား တူးေဖာ္ျခင္း ၊ ထုတ္ယူျခင္းမ်ား မပါဝင္ဘဲ ကုန္က်စရိတ္ပိုမိုသက္သာသည့္အျပင္ ေဂဟေဗဒအတြက္ ထိခိုက္ေစမႈ နည္းပါးသြားသည္။

တရုတ္ျပည္တြင္ သဘာဝသဲ ထုတ္ယူသံုးစြဲမႈ အမ်ားဆံုးႏွစ္မွာ ၂၀၁၀ ျပည့္ႏွစ္ျဖစ္သည္။

သို႔ေသာ္ ၂၀၁၁ ခုႏွစ္တြင္မူ သဲတု သံုးစြဲမႈ ပမာဏမွာ သဘာဝသဲ သံုးစြဲမႈ ထက္ပိုမိုမ်ားျပားလာျပီး ေဆာက္လုပ္ေရး လုပ္ငန္းမ်ားတြင္ အဓိက အသံုးျပဳေသာ သဲအမ်ဳိးအစား ျဖစ္လာခဲ့သည္။

ယင္းေနာက္ပိုင္း ႏွစ္ကာလမ်ားတြင္ ႏွစ္စဥ္ သဲတုထုတ္လုပ္မႈ ၁၃ ရာခုိင္ႏႈန္း တိုးတက္လာခဲ့သည္။

၂၀၂၀ ျပည့္ႏွစ္သို႔ ေရာက္ေသာအခါ သဘာဝသဲ အသံုးျပဳမႈမွာ ၾကီးမားစြာ က်ဆင္းသြားခဲ့ျပီး တရုတ္ တစ္ႏိုင္ငံလံုး ေဆာက္လုပ္ေရးလုပ္ငန္းမ်ား၏ ၂၁ ရာခုိင္ႏႈန္းသာ သဘာဝသဲကို အသံုးျပဳေတာ့ရာ ၈၀ ရာခုိင္ႏႈန္းခန္႔အထိ အသံုးျပဳမႈ က်ဆင္းသြားခဲ့ျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: New study says China uses 80% artificial sand. Here’s why that’s a big deal (zmescience)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
သဘာ၀အုန်းစိမ်းရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေနဲ့ မသောက်သင့်တဲ့ သူများ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ထူးထူးခြားခြား နေမဝင်တဲ့ နိုင်ငံ (၆) နိုင်ငံ
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ငလျင်နှင့် သဘာဝဘေးအန္တရာယ်များအား ကြံကြံခံနိုင်အောင် ဆောက်လုပ်ထားသည့် ဂျပန်နိုင်ငံရှိ Seikan ပင်လယ်ရေအောက်တံတား...
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
ကာလစည်းကမ်းသတ်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေနှင့်အသုံးချမှုများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
အံ့ချီးကုန်နိုင်ဖွယ်ရာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထူးခြားသော David Beckham ဘုရားကျောင်း
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ
သိထားသင့်တဲ့ "ကျင်း"တွက်နည်းများ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service