ဂိတ်ဖောင်ဒေးရှင်းတွင် ဘီလ်ဂိတ်ကို ဝန်ထမ်းအားလုံး ကြောက်ရပြီး အစည်းအဝေးကျင်းပပုံမှာ ရှင်ဘုရင်အား ဖူးမြော်ရပုံနှင့် အလားတူနေဟုဆို
ဂိတ်ဖောင်ဒေးရှင်းတွင် ဘီလ်ဂိတ်ကို ဝန်ထမ်းအားလုံး ကြောက်ရပြီး အစည်းအဝေးကျင်းပပုံမှာ ရှင်ဘုရင်အား ဖူးမြော်ရပုံနှင့် အလားတူနေဟုဆို - Property Knowledge in Myanmar from iMyanmarHouse.com
27 Aug 2024 10:16 am တွင် တင်ခဲ့သည်
622 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ဘီလ်ဂိတ်သည် သမိုင်းတလျှောက် အလေးစားခံရဆုံး စီးပွားရေးလုပ်ငန်းရှင်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
ဘီလ်ဂိတ်သည် Paul Allen နှင့်အတူ မိုက္ကရိုဆော့ဖ်ကို တည်ထောင်ခဲ့ပြီး ယခုအခါ ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၁ ထရီလီယံ ရှိနေပြီ ဖြစ်သည်။
မိုက္ကရိုဆော့ဖ်ကို ထူထောင်နေစဉ်ကာလအတွင်း ဘီလ်ဂိတ်သည် အားလပ်ရက်အပန်းဖြေခြင်းများ မရှိခဲ့ဘဲ ရုံးပိတ်ရက်များတွင်ပါ အလုပ်လုပ်လေ့ရှိသည်။
ထိုသို့ ပြင်းထန်သည့်အလုပ်ကြိုးစားမှုမှာ သူနှင့် ဇနီးဟောင်း Melinda Gates နှင့် ပူးတွဲတည်ထောင်ခဲ့သော ပရဟိတဖောင်ဒေးရှင်းအထိ ပါလာကြောင်း စာရေးဆရာ Anupreeta Das ရေးသားသော Billionaire, Nerd, Savior, King: Bill Gates and His Quest to Shape Our World စာအုပ်တွင် ဖော်ပြသည်။
Das သည် နယူးယောက်တိုင်းမ် သတင်းဌာနမှ ဘဏ္ဍာရေးဆိုင်ရာ အယ်ဒီတာတစ်ဦးလည်း ဖြစ်သည်။
Gates Foundation ကို ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ အချက်အလက်များ အရ ဘီလ်ဂိတ်လှူဒါန်း မတည်ခဲ့မှု ကန်ဒေါ်လာ ၇၅ ဒသမ ၂ ဘီလီယံရှိသည်။
Melinda Gates သည် ယခုနှစ်မေလတွင် ဂိတ်ဖောင်ဒေးရှင်းမှ နှုတ်ထွက်ခဲ့ပြီး သူမဘာသာ လှူဒါန်းမှုများ ပြုလုပ်ရန် ကန်ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံ ရရှိခဲ့သည်။
Das ၏ စာအုပ်တွင် ဖော်ပြချက်အရ ဂိတ်ဖောင်ဒေးရှင်းတွင် အလုပ်လုပ်ရခြင်းမှာ ဖိအားများကြောင်း၊ ဝန်ထမ်း များမှာ ဘီလ်ဂိတ်ကို ကြောက်လန့်နေကြရသည်ဟု ဆိုသည်။
ဘီလ်ဂိတ်နှင့် ပတ်သက်ပြီး အများစုတွေ့ကြုံရင်ဆိုင်ရသည်မှာ ကြောက်ရွံ့မှုဖြစ်ကြောင်း Das က ရေးသား ဖော်ပြသည်။
၎င်းအတွက် အလုပ်လုပ်ပေးနေသူများမှာ ရင်းမြစ်အကြောင်းရပ်အများအပြားကြောင့် ဘီလ်ဂိတ်ကို ကြောက်ရွံ့ ကြခြင်းဖြစ်ကြောင်း၊ သူ၏ ဖောင်ဒေးရှင်းမှာ အခြားရှယ်ယာရှင် (သို့မဟုတ်) Stakeholder များ မပါဘဲ ဖွဲ့စည်း ထားသည့်အချက်မှသည် ဘီလ်ဂိတ်၏ ထက်မြက်မှုနှင့် နာမည်ကြီးမှု၊ မိုက္ကရိုဆော့ဖ်တွင် သူ၏ အထက်စီးဆန် သော အပြုအမှုတို့အထိ အခြေခံအကြောင်းများ ပါဝင်ကြောင်း Das က ရေးသားဖော်ပြသည်။
ဘီလ်ဂိတ်၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ ရုံးဖြစ်သော Gates Ventures ကမူ ဂိတ်ဖောင်ဒေးရှင်းနှင့် စပ်လျဉ်းပြီး Das ၏ ပုံဖော်ရေးသားမှုများကို ပယ်ချထားသည်။
“စာရေးသူထံကို မစ္စတာဂိတ်ရဲ့ရုံးက အကြိမ်ကြိမ် ထောက်ပံ့ပေးပို့ထားတဲ့ အချက်အလက်အမှန် စာရွက်စာတမ်းတွေကို လစ်လျူရှုပြီး ဒုတိယလူ၊ တတိယလူ ‘ကြား’ စကားတွေကိုပဲ အခြေခံပြီး ရေးခဲ့တာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အုတ်အော်သောင်းတင်းဖြစ်စေမယ့် စွပ်စွဲချက်တွေ၊ လုံးဝမှားယွင်းနေတဲ့ အချက်အလက်တွေ ပါဝင်နေပါတယ်” ဟု Gates Ventures ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က Fortune သတင်းဌာနသို့ ပြောသည်။
((ဂိတ်ဖောင်ဒေးရှင်းတွင် အလုပ်လုပ်ရပုံ))
ဘီလ်ဂိတ်သည် စီမံကိန်းများ၊ ဘတ်ဂျက်များနှင့် မဟာဗျူဟာများကို ပြန်လည်သုံးသပ်ရန်အတွက် Gate Foundation မှ အမှုဆောင်များ၊ ဝန်ထမ်းများနှင့် ပြုလုပ်သည့်အစည်းအဝေးများမှာ ရှင်ဘုရင်တစ်ပါးကို မူးမတ်တို့က ဖူးမြှော်ရပုံနှင့် တူကြောင်း၊ ဝန်ထမ်းဟောင်းတစ်ဦးက အဆိုပါအစည်းအဝေးများမှာ ဟာသဆန်နေ ကြောင်း ပြောသည်ဟု Das ၏ စာအုပ်တွင် ဖော်ပြသည်။
အစည်းအဝေးများကို ထိုင်ခုံနေရာ ကြိုတင်သတ်မှတ်ထားပြီး ခန်းမကြီးတစ်ခုတွင် ပြုလုပ်လေ့ရှိကြောင်း Das က ရေးသားဖော်ပြသည်။
“အစည်းအဝေးခန်းထဲမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေကိုလည်း တင်းတင်းကျပ်ကျပ် သတ်မှတ်ထားပါတယ်။ အစည်းအဝေးအများအပြား ပါဝင်ခဲ့တဲ့ အဆင့်မြင့်အမှုဆောင်တစ်ဦးပြောတာက ရှင်ဘုရင်တစ်ပါးကို ဖူးမြော်ရသလို ခံစားရတယ်လို့ ပြောပါတယ်။ ဘီလ်ဂိတ်က လူဝီ ၁၆ ဧကရာဇ်ဖြစ်ပြီး ဝန်ထမ်းတွေက နန်းတွင်းသူ နန်းတွင်းသားတွေလို ဗာဆိုင်းနန်းတော်ထဲ ဘုရင်ရှေ့မှာ ဝပ်တွားခစားရင်း ဘုရင်ရဲ့ မျက်နှာသာပေးမှုကို မျှော်လင့်နေရသလိုမျိုးပါပဲ” ဟု Das က ရေးသားဖော်ပြသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Bill Gates ‘terrified’ employees at his foundation, book claims, where meetings felt like a king holding court (fortune)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
imyanmarmarket
Magical World
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service